လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာန ကတိကဝတ်ပြုခဲ့သည့် ကြယ်ပွင့်ပြမေးခွန်းနှင့် အဖြေများစာရင်း

ဒုတိယအကြိမ်စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် အထူးအစည်းအဝေး(၁/၂၀၁၆)တွင် လွှတ်တော်ကိုယ်စားလှယ်များမှပေးပို့လာသော ကြယ်ပွင့်ပြမေးခွန်းများအပေါ် ဖြေကြားချက်များ

ဖြေကြားသည့်ဌာန                     –   လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာန

မေးမြန်းသည့်လွှတ်တော်အမတ် −    ဒေါ်သန့်ဝေကျော်၊ အမှတ်(၁)မဲဆန္ဒနယ် ကလေးမြို့နယ်

[symple_accordion][symple_accordion_section title=”အကြောင်းအရာ”]

ကျွန်မ၏မဲဆန္ဒနယ်ဖြစ်သောကလေးမြို့နယ်သည် ၂၀၁၅ ခုနှစ်၊ ဇူလိုင်လတွင် ထူးကဲရေကြီးရေလျှံဖြစ်ခဲ့သည်မှာ အားလုံးသိကြားကြပြီးဖြစ်ပါသည်။ ၂၀၁၅ ခုနှစ် ရေကြီး ရေလျှံမှု၏နောက်ဆက်တွဲအဖြစ်ကလေးဒေသတွင်တောင် ကျချောင်းများရေလမ်းကြောင်းပြောင်းလွှဲခြင်း၊ လယ်ယာ မြေများထွန်ယက်စိုက်ပျိုးမှုခက်ခဲခြင်းများဖြင့် ပြန်လည် ထူထောင်ရေးကာလ မပြည့်စုံနိုင်သေးချိန်တွင် ၂၀၁၆ ခုနှစ်၊ ဇူလိုင်လဆန်းတွင် ထပ်မံ၍မိုးသည်းထန်စွာရွာသွန်း မှုကြောင့်ရေကြီးနစ်မြုပ်ပျက်စီးသွားခဲ့သော တံတားများ၊ လမ်းများရှိပါသည်။ ၎င်းတို့အနက် လတ်တလောမဖြစ် မနေ လုပ်ဆောင်ရမည့်လုပ်ငန်းများရှိပါသည်။

ကလေးမြို့နယ် မြောက်ပိုင်းတွင်(၁) ဆည်တော်ဦး၊ အောင်မြင်သာလမ်းပေါ်ရှိတံတား(၁)စင်း(၂)၎င်းတံတာနှင့်အတူ အောင်မြင်သာရွာသို့ ရေတိုက်စားမှုမှ ကာကွယ်ရန် ကျောက်စီမြေထိန်းနံရံ တည်ဆောက်ရန်လိုအပ်ခြင်း၊ ၎င်း တံတားအား နေ့စဉ်ကလေးနယ်အနောက်မြောက်ကျေးရွာ များမှ ဖြတ်သန်းသူပျမ်းမျှလူဦးရေ(၃၇၅၀၀)ဦးနှင့်အကျိုး ပြုအိမ်ခြေ(၆၂၅၂)အိမ်ခန့်မှီခိုနေကြရပါသည်။

[/symple_accordion_section][symple_accordion_section title=”ဖြေကြားချက်”] ကလေးမြို့နယ်၊  အောင်မြင်သာကျေးရွာ ရေကြီး ရေလျှံမှုကာကွယ်ရေးဆောင်ရွက်ပေးနိုင်ရန် အသေးစိတ် တိုင်းတာရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီးဆောင်ရွက် ရန်လိုအပ်သော သောင်တူးလုပ်ငန်းအလျား (၄၅၀၀) မီတာနှင့် ကျောက်စီမြေထိန်းနံရံ အလျား(၂၀၀၀)ပေ တည်ဆောက်ပေးရန်အတွက် ခန့်မှန်းကုန်ကျစရိတ်ကျပ် (၁၁၀၅.၀၀)သန်းအား စစ်ကိုင်းတိုင်းဒေသကြီးအစိုးရ အဖွဲ့၏(၂၀၁၇-၂၀၁၈) ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း ရန်ပုံငွေတွင် တင်ပြတောင်းခံထားပြီး ဖြစ်ပါကြောင်း ဖြေကြားအပ်ပါသည်။ [/symple_accordion_section][/symple_accordion]

 

ဖြေကြားသည့်ဌာန                     –   လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာန

မေးမြန်းသည့်လွှတ်တော်အမတ် −    ဒေါ်သန့်ဝေကျော်၊ အမှတ်(၁)မဲဆန္ဒနယ် ကလေးမြို့နယ်

[symple_accordion][symple_accordion_section title=”အကြောင်းအရာ”]

ကလေးနယ်တောင်ပိုင်းတွင် ဇင်းကလင်းရွာမှ စတင်၍ ပေါက်ခုံရွာ၊ ရေလဲဦးရွာ၊ မြစ်သာမြစ်တစ်ဖက်ကမ်း ကင်မွန်းခြုံ ရွာသို့ ဖောက်လုပ်ထားသောလမ်းပေါ်တွင် ရေကြီးချိန်တွင် ကားလမ်းအား ရေထိုးဖောက်ကျော်ကျခဲ့သဖြင့် ခရီးသွားများ အခက်အခဲဖြင့် ရပ်ဆိုင်းနေ ရာသည့်နေရာ(၂)နေရာရှိပါသည်။

 

(၁)ဇင်းကလင်းမှပေါက်ခုံသို့ အသွား ရွာအဝင် တံ တား (၁)စင်းနှင့် ကျောက်စီမြေထိန်းနံရံတည် ဆောက်ရန်လိုအပ်ခြင်း၊

(၂)ရေလဲဦးမှ မြစ်တစ်ဖက်ကမ်း  ကင်မွန်းခြုံရွာ ချင်းဆက်လမ်းပေါ်တွင် တံတားထိုးရန် လို အပ်ခြင်းနှင့် ၎င်းလမ်းပေါ်သို့ နေ့စဉ်ပျမ်းမျှ အကျိုးပြုကျေးရွာအိမ်ခြေ(၁၉၈၂)အိမ်မှ ပျမ်းမျှ လူဦးရေ(၇၉၀၄)ဦး နေ့စဉ်ဖြတ်သန်းသွားလာ ရသည့် လမ်းဖြစ်ပါသည်။
၎င်းတံတားများအား လက်ရှိတွင် ယာယီသွားလာနိုင်ရန် ခရိုင်စီမံခန့်ခွဲမှုကော်မတီ၏ကြီးကြပ်မှုဖြင့် ဆောင်ရွက်ထားရှိပြီး ၎င်းတံတားများနှင့် ကျောက်စီမြေထိန်းနံရံများအား အမြန်ဆုံးအသစ်ပြန်လည် တည်ဆောက်နိုင်ရေးအတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနမှ မည်သို့ဆောင်ရွက်ပေးမည်ကိုသိရှိ လိုပါကြောင်း

[/symple_accordion_section][symple_accordion_section title=”ဖြေကြားချက်”] ကလေးမြို့နယ်၊ ဇင်းကလင်းကျေးရွာကမ်းပြို ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန်ကွင်းဆင်းတိုင်းတာရေးလုပ်ငန်းများဆောင်ရွက်ခဲ့ပြီး လိုအပ်သော ကျောက်စီကမ်းထိန်းနံရံ အလျား (၁၄၀၀)ပေ တည်ဆောက်ရေးလုပ်ငန်းအတွက် ခန့်မှန်းကုန်ကျစရိတ် ကျပ်(၂၂၈.၀၀)သန်းအား စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့(၂၀၁၇-၂၀၁၈) ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းရန်ပုံငွေတွင် တင် ပြတောင်းခံထားပြီးဖြစ်ပါကြောင်းဖြေကြားအပ်ပါ သည်။ [/symple_accordion_section][/symple_accordion]

 

ဖြေကြားသည့်ဌာန                     –   လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာန

မေးမြန်းသည့်လွှတ်တော်အမတ် −    ဒေါ်နှင်းခိုင်စိုး၊ အမှတ်(၁)မဲဆန္ဒနယ် ဒီပဲယင်းမြို့နယ်

[symple_accordion][symple_accordion_section title=”အကြောင်းအရာ”]

ကျွန်မကတော့ မူးမြစ်ကမ်းပါးပြိုတိုက်စားခြင်းကြောင့် မြေထိန်း နံရံများလိုအပ်မှုအခြေအနေနဲ့ပတ်သက်ပြီး တင်ပြဆွေး နွေးသွားမှာ ဖြစ်ပါတယ်။

ဒီပဲယင်းမြို့နယ်၊နများကျေးရွာအုပ်စု၊ မူးရိုးကုန်းကျေးရွာ မြေကမ်းပါးပြိုတိုက်စားခြင်းအခြေအနေကို ယခုလက်ရှိ ဝန်ကြီး လဲ ကြည့်ရှုပြီးဖြစ်သလို ယခင်အစိုးရလက်ထက်ကတည်းကတင် ပြတောင်းဆိုထားပါတယ်။ ကမ်းပြိုမှုဟာ ၂၀၁၅ ခုနှစ်ကအိမ်ခြေ (၈)လုံးဖျက်ခဲ့ရပြီးအိမ်ထောင်စု(၁၉)စုပြောင်းရွှေ့ခဲ့ရပါတယ်။အလှူရှင်များနဲ့ဌာနရဲ့ကူညီပံ့ပိုးမှုဖြင့် ရွှေ့ပြောင်းခဲ့ပေမယ့် ပြည်သူ တို့ရဲ့စားဝတ်နေရေး၊ ကလေးကျန်းမာရေး၊ ပညာရေးတို့ကြောင့် မိမိတို့ကျေးရွာမှာပဲနေထိုင်မှသာ အဆင်ပြေတယ်လို့ဆိုပါတယ်။

သို့ပါ၍ သဘာဝဘေးဒဏ်ဆိုသည်မှာ ကြိုတင်တွက်ချက် ခန့်မှန်းရခက်သလို ကျေးရွာနေပြည်သူလူထုမှာလည်း ထပ်မံ ပြောင်းရွှေ့လိုသောဆန္ဒလဲမရှိပဲစိုးရွံ့နေကြပါတယ်။နှစ်စဉ်နှစ်တိုင်း ထိုကဲ့သို့ကမ်းပါးပြိုသည့် အန္တရာယ်ကြုံတွေ့နေရသည့်အတွက် ကျေးရွာနေပြည်သူတို့မှာ အသက်အိုးအိမ်လုံခြုံမှုရှိစေရန် တိုင်း ဒေသကြီးအစိုးရအဖွဲ့အနေဖြင့် မည်ကဲ့သို့သော စည်းကမ်းဖြင့် ကူညီဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း မိဘပြည်သူများ ကိုယ်စားတင်ပြဆွေးနွေးအပ်ပါတယ်။

[/symple_accordion_section][symple_accordion_section title=”ဖြေကြားချက်”] ဒီပဲယင်းမြို့နယ်၊နများကျေးရွာအုပ်စု၊မူးရိုး ကုန်းကျေးရွာ ကမ်းပြိုကာကွယ်ရေးလုပ်ငန်း များဆောင်ရွက်ပေးနိုင်ရန် အသေးစိတ် (တိုင်း တာရေးလုပ်ငန်းများဆောင်ရွက်ခဲ့ပြီး)ကျောက်စီ မြေထိန်းနံရံ  အလျား(၁၂၀၀)ပေ တည်ဆောက် ခြင်းလုပ်ငန်းအတွက် ခန့်မှန်းကုန်ကျစရိတ်ကျပ် (၃၅၀)သန်းအား (၂၀၁၇-၂၀၁၈)ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ငွေလုံးငွေရင်းရန်ပုံ ငွေတွင် တင်ပြတောင်းခံထားပြီး ဖြစ်ပါကြောင်း ဖြေကြားအပ်ပါသည်။[/symple_accordion_section][/symple_accordion]

 

ဖြေကြားသည့်ဌာန                     –   လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာန

မေးမြန်းသည့်လွှတ်တော်အမတ် −    ဦးအောင်သန်းကျော်၊ အမှတ်(၁)မဲဆန္ဒနယ် ကလေးဝမြို့နယ်

[symple_accordion][symple_accordion_section title=”အကြောင်းအရာ”]လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏၂၀၁၆-၂၀၁၇ ခုနှစ်ဆောင်ရွက်ဆဲ လုပ်ငန်းစီမံကိန်းများအထဲမှာ (၆၆)ကေဗွီ ရာဇဂြိုလ်−ကလေး -ကလေးဝဓာတ်အားလိုင်း(၉၇)မိုင်နှင့်ခွဲရုံများတည်ဆောက်ရန် ကျပ်သန်းပေါင်း(၂၉၇.၄၂၅)သန်း ခွင့်ပြုချက် ကျထားခဲ့ပြီး ဖြစ်ပါသည်။ အဆိုပါ စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းရှိ/မရှိ၊ဆောင်ရွက်နေခြင်းမရှိသေးပါကမည် ကဲ့သို့သော အကြောင်းအရာများကြောင့် မဆောင်ရွက်နိုင် သေးကြောင်းနှင့် ကလေးဝမြို့နယ်သို့ မည်သည့်အချိန် ကာလတွင် (၂၄)နာရီလျှပ်စစ်ဓာတ်အားပို့လွှတ်ဖြန့်ဖြူးပေး သွားနိုင်မည်ကို သိရှိလိုခြင်းနှင့် စပ်လျဉ်းသည့် မေးခွန်း။

[/symple_accordion_section][symple_accordion_section title=”ဖြေကြားချက်”] အဆိုပါလုပ်ငန်းစီမံကိန်းကို ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေး နှစ်တွင် တင်ဒါခေါ်ယူ လုပ်ကိုင်ခွင့် ပြုခဲ့ပါတယ်။ ရာဇဂြိုလ်-ကလေး-ကလေးဝ(၉၇)မိုင်၊ရာဇဂြိုလ်-မော်လိုက်(၂၇)မိုင်၊ ကလေးဝ၆၆/၁၁ (၅)အမ်ဗွီအေ နှင့်မော်လိုက်(၁၀)အမ်ဗွီအေဖြစ်ပါတယ်။ လက်ရှိတွင် လမ်းကြောင်း သတ်မှတ်ခြင်းနှင့် တိုင်စိုက်ထူရန် လျာထားနေရာများသတ်မှတ်ပြီးစီး၍ သက်ဆိုင်ရာ ကုမ္ပဏီမှ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနသို့ စစ်ဆေး အတည်ပြုနိုင်ရန် တင်ပြထားသဖြင့် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ မြေပြင်ကွင်းဆင်း စစ်ဆေး ပြီးဖြစ်ပါတယ်။ တည်ဆောက်ရေးပြီးစီးရမည့် ကာလမှာ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်ဖြစ်သဖြင့်  ယင်းကာလတွင် ဓာတ်အားရရှိမည်ဖြစ်ကြောင်း ဖြေကြား အပ်ပါသည်။ [/symple_accordion_section][/symple_accordion]

 

ဖြေကြားသည့်ဌာန                     –   လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာန

မေးမြန်းသည့်လွှတ်တော်အမတ် −    ဦးမောင်မောင်ဝင်း၊ အမှတ်(၁)မဲဆန္ဒနယ် ဝက်လက်မြို့နယ်

[symple_accordion][symple_accordion_section title=”အကြောင်းအရာ”] ကျွန်တော်တို့ဝက်လက်မြို့နယ်သည်(၅)မဂ္ဂါဝပ်ဓာတ်အားခွဲရုံရှိ ပြီးမြို့နယ်အတွင်းလျှပ်စစ်သွယ်တန်းမှုများကိုကျေးလက်နှင့်လျှပ်စစ်ပူးပေါင်းကာဆောင်ရွက်ခဲ့ကြပါသည်။သက်ဆိုင်ရာကျေးရွာများမှလည်း အလှူငွေများကောက်ခံပြီးပူးပေါင်း ဆောင်ရွက်ခဲ့ကြပါသည်။ ယခုအခါ ကျေးရွာများတွင် လျှပ်စစ် မီးလင်းနေပါသော်လည်းသက်ဆိုင်ရာကော်မတီမှ စာရင်းရှင်း လင်းမှုမရှိဘဲ ကျန်မီးလင်းလိုသော အိမ်များအပေါ် (၅)သိန်း၊ (၇)သိန်းပေးမှမီးလင်းရမည့်အခြေအနေ ဖြစ်ပေါ်လျက်ရှိပါ သည်။ အချို့ရွာများသည် ကျေးလက်သို့ပြန်ဆပ်ရန် ကြွေး ကျန် ငွေများရှိနေပြီး အချို့ရွာများမှမီးရံပုံငွေမှငွေများ ပိုလျှံနေ သော ရွာလည်းရှိပါသည်။ သို့ရာတွင်ကြွေးကျန်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ မီးသွယ်တန်းပြီး ရွာများတွင် လျှပ်စစ်မီးသွယ် လိုပါလျက် အဆမတန် ငွေကြေးတောင်းခံနေသူများ၊ ငွေများ အလွဲသုံးစားမှုများအပေါ်မည်သို့စစ်ဆေးဆောင်ရွက်ပေးမည်။လျှပ်စစ်မီးသွယ်တန်းပြီးရွာများမှကျန်မီးလင်းလိုသောအိမ်များအတွက်မည်သို့ ကူညီဆောင်ရွက်ပေးမည်ကို သိရှိလိုသည့် အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဆောင်ရွက်ပေးနိုင်မည့် အစီအမံများကို သိရှိလိုပါကြောင်း မီးလင်းလိုသော ပြည်သူ များနှင့် ငွေကြေးအလိမ်ခံနေရသော ပြည်သူများကိုယ်စား မေးမြန်းပါမည်။

[/symple_accordion_section][symple_accordion_section title=”ဖြေကြားချက်”] မီးလင်းရေးကော်မတီများ၏ငွေစာရင်းများ စိစစ်ရှင်းလင်းရန် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ (၂၀-၇-၂၀၁၆)ရက်စွဲပါစာအမှတ်၊ ၁/၂-၂၁၃(၀၀၅)/ ဦး၆ ဖြင့် မြို့နယ်စီမံခန့်ခွဲမှုကော်မတီ၊ ဥက္ကဋ္ဌခေါင်း ဆောင်သောအဖွဲ့ဝင်(၅)ဦးပါမြို့နယ်လျှပ်စစ်မီးလင်း ရေးကော်မတီ စိစစ်ရေးအဖွဲ့ဖြင့်အဖွဲ့ဖွဲ့ စိစစ်ရှင်း လင်းနိုင်ရေး ညွှန်ကြားထားရှိ ဆောင်ရွက်လျှက်ရှိ ပါတယ်။ လျှပ်စစ်မီးရရှိရန်ကျန်အိမ်ခြေများအများ နည်းတူဓာတ်အားရရှိရေးအတွက်ကိုယ့်အားကိုယ်ကိုးဆောင်ရွက်ရာတွင် ကုန်ကျခဲ့သည့်တည်ဆောက် စရိတ်ရှင်းတမ်းများ စိစစ်စေမည်ဖြစ်ပြီး ထိုက်သင့် သည့်ထည့်ဝင်ကြေးများဖြစ်စေရန်ညှိနှိုင်းဆောင်ရွက်မည်ဖြစ်ကြောင်း ဖြေကြားအပ်ပါသည်။ [/symple_accordion_section][/symple_accordion]

 

ဖြေကြားသည့်ဌာန                     –   လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာန

မေးမြန်းသည့်လွှတ်တော်အမတ် −    ဦးဝင်းမြင့် (ခ) ဦးဝင်းမြင့်ခင်၊ အမှတ်(၁)မဲဆန္ဒနယ် ချောင်းဦးမြို့နယ်

[symple_accordion][symple_accordion_section title=”အကြောင်းအရာ”]

ချောင်းဦးမြို့နယ်မှ နွယ်ခွေကျေးရွာသို့ လျှပ်စစ်မီး(၁၁) ကေဗွီလိုင်း(၂.၅)မိုင် သွယ်တန်းပေးပါက နွယ်ခွေကျေးရွာ၊ ချောင်းမကျေးရွာ၊ အိုင်နီကျေးရွာ၊ ကျောက်တန်းကျေးရွာ ကျေးရွာ(၄)ရွာမီးလင်းနိုင်မည်ဖြစ်ပါသဖြင့်သွယ်တန်းပေးရန်အစီအစဉ် ရှိ/မရှိနှင့် သွယ်တန်းပေးပါက မည်သည့် အချိန်တွင် သွယ်တန်းပေးမည်ကိုသိလိုပါကြောင်း။

ချောင်းဦးမြို့နယ်အတွင်း လျှပ်စစ်မီး(၁၁)ကေဗွီလိုင်း (၂.၅)မိုင်ချောင်းဦးမှ နွယ်ခွေကျေးရွာအထိ သွယ်တန်းပေး ပါက နွယ်ခွေကျေးရွာ၊ ချောင်းမကျေးရွာ၊ အိုင်နီကျေးရွာ၊ ကျောက်တန်းကျေးရွာ၊ ကျေးရွာ(၄)ရွာတို့ လျှပ်စစ်မီးရရှိ မည်ဖြစ်ပါသည်။ ၄င်းကျေးရွာများသည် တစ်ရွာနှင့်တစ်ရွာ မိန်း၁၁ကေဗွီလိုင်းများသွယ်တန်းထားသည့်အပြင်ရွာတွင်းလိုင်းများ ထရန်စဖော်မာများပါ တည်ဆောက်ပြီးဖြစ်ပါ သည်။ နွယ်ခွေကျေးရွာများတွင် ရွာတွင်းလိုင်းနှင့်‌ ၂၀၀ ကေဗွီအေတစ်လုံးတည်ဆောက်ထားသည့်အတွက် အိမ်ခြေ (၂၆၃)အိမ်အား လျှပ်စစ်မီးရရှိမည်ဖြစ်ပါသည်။ ချောင်းမ ကျေးရွာတွင် ရွာတွင်းလိုင်းနှင့် (၁၀၀)ကေဗွီအေ တစ်လုံး တည်ဆောက် ထားသည့်အတွက် အိမ်ခြေ(၁၄၅)အိမ်အားလျှပ်စစ်မီးရရှိမည်ဖြစ်ပါသည်။အိုင်နီကျေးရွာတွင်ရွာတွင်းလိုင်းနှင့်၅၀ကေဗွီအေထရန်စဖော်မာ(၁)လုံး တည်ဆောက် ထားသည့်အတွက် အိမ်ခြေ(၂၈)အိမ်အား လျှပ်စစ်မီးရရှိ မည်ဖြစ်ပါသည်။ကျောက်တန်းကျေးရွာတွင် ရွာတွင်းလိုင်း နှင့်‌၁၀၀ကေဗွီအေတစ်လုံးတည်ဆောက်ထားသည့်အတွက် အိမ်ခြေ(၂၄)အိမ်အား လျှပ်စစ်မီးရရှိမည်ဖြစ်ပါသည်။

၁၁ကေဗွီလိုင်းနှင့် ‌ထရန်စဖော်မာများအား ကျေးလက် ဖွံ့ဖြိုးရေးရန်ပုံငွေဖြင့်‌ တည်ဆောက်ထားပြီး ရွာတွင်းမီးလိုင်း များမှာကျေးရွာမှစုပေါင်းအားဖြင့်‌ ကိုယ်ထူကိုယ်ထတည် ဆောက်ထားကြပါသည်။ သို့ဖြစ်ပါ၍ ဆက်ရန်ကျန်ရှိသော ၁၁ကေဗွီလိုင်း(၂.၅)မိုင်အား ဆက်သွယ်ပေးပါကကျေးရွာ (၄)ရွာလျှပ်စစ်မီးလင်းမည်ဖြစ်၍ ချောင်းဦးမြို့နယ်အတွင်း ကျေးရွာ(၄)ရွာရှိ အိမ်ခြေ(၄၆၀)အားလျှပ်စစ်မီးလင်းနိုင် မည်ဖြစ်ပါသောကြောင့် (၂.၅)မိုင်အား သွယ်တန်းပေးပါ ရန် အစီအစဉ်ရှိ/မရှိနှင့်‌ မည်သည့်အချိန်တွင် သွယ်တန်း ပေးမည်ကိုသိလိုပါကြောင်း။

[/symple_accordion_section][symple_accordion_section title=”ဖြေကြားချက်”] ချောင်းဦးမြို့နယ်၊ နွယ်ခွေ၊ ချောင်းမ၊ အိုင်နီ၊ ကျောက်တန်းကျေးရွာ(၄)ရွာဓာတ်အားရရှိရေးအတွက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၊ ကမ္ဘာ့ဘဏ် ချေးငွေNEPအစီအစဉ် Phase II ၁၁ ကေဗွီ ဓာတ်အားလိုင်း (၂)မိုင်အထက် (၅)မိုင်အတွင်း ကျေးရွာများစာရင်းတွင် ထည့်သွင်းလျာထားပြီး ဖြစ်ပါကြောင်း ဖြေကြားအပ်ပါသည်။[/symple_accordion_section][/symple_accordion]

 

ဖြေကြားသည့်ဌာန                     –   လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာန

မေးမြန်းသည့်လွှတ်တော်အမတ် −    ဦးဝင်းမြင့် (ခ) ဦးဝင်းမြင့်ခင်၊ အမှတ်(၁)မဲဆန္ဒနယ် ချောင်းဦးမြို့နယ်

[symple_accordion][symple_accordion_section title=”အကြောင်းအရာ”] ချောင်းဦးမြို့နယ် တစ်မြို့နယ်လုံးအတွက် လျှပ်စစ်မီး ၃၃/၁၁ကေဗွီ၊(၅)အမ်ဗွီအေအစား၃၃/၁၁ကေဗွီ၊(၁၀) အမ်ဗွီ အေဓာတ်အားခွဲရုံတိုးချဲ့ပေးနိုင်ခြင်း ရှိ/မရှိနှင့်‌ မည်သည့် အချိန်တွင်တိုးချဲ့ပေးမည်ကိုသိလိုပါကြောင်း။ချောင်းဦးမြို့၊ ၂၀၀၉ ခုနှစ်တွင် ၃၃/၁၁ကေဗွီ၊ (၂.၅)အမ်ဗွီအေ ဓာတ်အား ခွဲရုံမှ(၅)အမ်ဗွီအေဓာတ်အားခွဲရုံအဖြစ်တိုးချဲ့တည်ဆောက်ခဲ့ပါသည်။၄င်းတိုးချဲ့တည်ဆောက်စဉ်က၁၁ကေဗွီ လိုင်းမိုင် (၂၈)မိုင်၊မြို့ပေါ်ထရန်စဖော်မာ(၅)လုံး (၁၀၆၀) ကေဗွီအေ၊ ကျေးရွာ(၁၂)ရွာ၊ထရန်စဖော်မာ(၂)လုံး၊ (၅၀၀) ကေဗွီအေ၊ မြစ်ရေတင်(၃)ခု၊(၁၁၆၀)ကေဗွီအေစုစုပေါင်းထရန်စဖော်မာ(၁၀)လုံး၊(၂၇၂၀)ကေဗွီအေတို့ရှိခဲ့ပါသည်။ ယခုအခါ ၁၁ကေဗွီလိုင်း၊ လိုင်းမိုင်(၇၆.၅)အထိ တိုးချဲ့လျှက်ရှိပါ သည်။ မြို့ပေါ်ထရန်စဖော်မာမှ (၁၀)လုံး၊ (၂၀၃၅) ကေဗွီအေအထိ တိုးတက်လျှက်ရှိပါသည်။ ချောင်းဦးမြို့နယ် အတွင်းရှိ ကျေးရွာများမှလည်း(၆၅)ရွာအထိ မီးလင်းပြီး ထရန်စဖော်မာ (၃၆)လုံး၊(၇၃၅၆)ကေဗွီအေအထိတိုးတက် လျှက်ရှိပါသည်။

မြစ်ရေတင်လုပ်ငန်းမှာလည်း (၈)ခုအထိရှိပြီး (၂၇၆၀) ကေဗွီအေအထိတိုးတက်လျှက်ရှိပါသည်။စုစုပေါင်းတင်ပြရသော ထရန်စဖော်မာ(၅၄)လုံး၊ (၁၂၁၆၀)ကေဗွီအေအထိ တိုးတက်လျှက်ရှိပါသည်။တိုးတက်မှုများအားအကျဉ်းချုပ် နှိုင်းယှဉ်ပြရလျှင် ၁၁ကေဗွီလိုင်းမိုင်ယခင်(၂၈)မိုင်မှ ယခု(၇၆.၅)မိုင်၊တိုးတက်မှု(၄၈.၅%)၊မြို့ပေါ်ထရန်စဖော်မာ ယခင်(၅)လုံး၊ ယခု(၁၀)လုံး၊ တိုးတက်မှု (၅)လုံး၊ မီးလင်းပြီးသော ကျေးရွာများယခင်(၁၂)ရွာ၊ ယခု(၆၅)ရွာ၊ တိုးတက်မှု(၅၃)ရွာ၊မြစ်ရေတင်များယခင်(၃)ခု၊ ယခု(၇)ခု၊ တိုးတက်မှု(၄)ခုဖြစ်ပါသည်။သို့ဖြစ်ပါ၍လျှပ်စစ်မီး အစဉ် တိုးတက်သုံးစွဲလျှက်ရှိပါသောကြောင့် ချောင်းဦးမြို့နယ် တစ်နယ်လုံးအတွက် လျှပ်စစ်မီး(၃၃/၁၁)ကေဗွီ၊ (၅)အမ် ဗွီအေအစား ၃၃/၁၁ ကေဗွီ၊ (၁၀) အမ်ဗွီအေ ဓာတ်အားခွဲရုံ တိုးချဲ့တည်ဆောက်ပေးနိုင်ခြင်းရှိ/မရှိနှင့် ‌မည်သည့် အချိန် တွင် တိုးချဲ့တည်ဆောက်ပေးမည်ကို သိရှိလိုပါကြောင်း။

[/symple_accordion_section][symple_accordion_section title=”ဖြေကြားချက်”] ချောင်းဦးမြို့ပေါ်ရပ်ကွက်များနှင့်‌ ချောင်းဦး မြို့နယ်ရှိ ကျေးရွာများ၊ မြစ်ရေတင်လုပ်ငန်းများ အား ဓာတ်အားဖြန့်ဖြူးပေးနေသည့် ၃၃/၁၁ ကေဗွီ၊ (၅)အမ်ဗွီအေ ချောင်းဦးဓာတ်အားခွဲရုံအား ဝန်အားပြည့်မီစွာ သုံးစွဲနိုင်ရေးအတွက် ၃၃/၁၁ ကေဗွီ(၅)အမ်ဗွီအေမှ၃၃/၁၁ကေဗွီ(၁၀)အေဗွီအေသို့ အင်အားတိုးမြှင့်‌တည်ဆောက်ခြင်းလုပ်ငန်း အား ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် ADB ချေးငွေဖြင့်ဆောင်ရွက်မည့် PhaseIIအစီအစဉ် တွင်ထည့်သွင်းလျာထားပြီးဖြစ်ပါကြောင်းဖြေကြားအပ်ပါသည်။[/symple_accordion_section][/symple_accordion]

 

ဖြေကြားသည့်ဌာန                     –   လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာန

မေးမြန်းသည့်လွှတ်တော်အမတ် −    ဦးသိန်းလှိုင်ဝင်း၊ အမှတ်(၂)မဲဆန္ဒနယ် ခန္တီးမြို့နယ်

[symple_accordion][symple_accordion_section title=”အကြောင်းအရာ”]

ခန္တီးမြို့သည် မုံရွာမြို့နှင့် ရေလမ်း (၄၅၄)မိုင် ကွာဝေး ပါသည်။ လမ်းပန်းဆက်သွယ်ရေးတွင် ခရီးမိုင်ကွာဝေးပြီး သွားလာရေး ခက်ခဲပါသည်။ ယခုလောလောဆယ်မှာ မုံရွာမြို့ကို ရေကြောင်းဖြင့် သွားလိုလျှင် ခန္တီး-ဟုမ္မလင်း အမြန်ယာဉ်စီးပြီး ဟုမ္မလင်းရောက်လျှင် ဟုမ္မလင်း-မုံရွာ အမြန်ယာဉ်ကို ပြောင်းစီးရပါသည်။ထို့အတူ မုံရွာမြို့မှ ခန္တီးမြို့သို့လာလျှင်လည်းဟုမ္မလင်းမှာညအိပ်ပြီးဟုမ္မလင်း -ခန္တီးအမြန်ယာဉ်ကိုပြောင်းစီးရပါတယ်။

ခရီးစဉ်ဟာတိုက်ရိုက်ပြေးဆွဲသည့် အမြန်ယာဉ်မရှိ တဲ့အတွက်ဟုမ္မလင်းမြို့မှာ တစ်ညအိပ်ရပ်နားပြီးမှ ခရီး ဆက်ရသည့်အတွက် အချိန်ကြန့်ကြာခြင်း၊ ကုန်ပစ္စည်း များတဆင့် ပြောင်းရွှေ့ရသည့်အတွက် ကုန်ကျစရိတ်များ ပြားခြင်း၊ ကုန်ကျစရိတ်များသည့်အတွက် ဒေသခံပြည်သူ များကုန်ဈေးနှုန်းကြီးမြင့်နေရခြင်း၊ကုန်ပစ္စည်းများပျက်စီး ဆုံးရှုံးမှုရှိခြင်း၊ မုံရွာမြို့သို့ ကျောင်းသွားတက်နေရသော ကျောင်းသူ/သားများ အမြန်ယာဉ်ပေါ်တွင် ညအိပ်ရသဖြင့် လုံခြုံမှုမရှိခြင်းစသည့် ဆိုးကျိုးများကြုံတွေ့နေရပါသည်။ ဒါကြောင့်မို့ လည်းခန္တီးဒေသခံပြည်သူများ၊ ဝန်ထမ်းများစုပေါင်းလက်မှတ်ရေးထိုးပြီး တိုင်းဒေသကြီးအစိုးရထံ ခန္တီး – မုံရွာ တိုက်ရိုက်အမြန်ယာဉ် ပြေးဆွဲခွင့်ပြုပါရန်    (၂၃-၈-၂၀၁၆)နေ့စွဲဖြင့် တင်ပြပြီးဖြစ်ပါသည်။

ခန္တီး-မုံရွာ တိုက်ရိုက်အမြန်ယာဉ် ပြေးဆွဲပါက ခရီး သွားပြည်သူများ ၊ဝန်ထမ်းများ၊ ကျောင်းသူ/ သားများ သက်တောင့်သက်သာဖြင့် ခရီးသွားနိုင်ခြင်း၊ ခရီးစရိတ် သက်သာခြင်း၊ ကုန်ပစ္စည်းများ ပျက်စီးပျောက်ဆုံးမှုမရှိ ခြင်း၊ကုန်ဈေးနှုန်းလျော့ကျခြင်းစသည့် အကျိုးကျေးဇူး များခံစားရမှာဖြစ်ပါသည်။ ထို့အတူအမြန်ယာဉ်လိုင်းများ ပြေးဆွဲခြင်းဖြင့် နိုင်ငံတော်အတွက် ဝင်ငွေတိုးမည်ဖြစ်ပါ သည်။

သို့ဖြစ်ပါ၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ အနေဖြင့်    ခန္တီး-မုံရွာတိုက်ရိုက် အမြန်ယာဉ်လိုင်းများ အမြန်ဆုံး ပြေးဆွဲခွင့်ပြုပေးရန်နှင့် ခွင့်ပြုမည်ဆိုပါက မည်သည့် ကာလ၊ မည်သည့်ရက်တွင် ခွင့်ပြုပေးမည်ကိုသိရှိလိုပါ ကြောင်း။

[/symple_accordion_section][symple_accordion_section title=”ဖြေကြားချက်”]

မုံရွာ-ခန္တီး တိုက်ရိုက်ခရီးသည်တင်ရေယာဉ် ပြေး ဆွဲနိုင်ရန်အတွက် ခန္တီးဒေသခံပြည်သူများ၊ ဝန်ထမ်း များ၏ တင်ပြချက်ကို တိုင်းဒေသကြီးအစိုးရအဖွဲ့မှ လက်ခံ ရရှိပြီးဖြစ်ပါသည်။

ယခင် မုံရွာ – ခန္တီး တိုက်ရိုက်ပြေးဆွဲခဲ့ကြသည့် အေးငြိမ်းချမ်းသာ ရေယာဉ်အသင်း နှင့် ( MGRG +ငွေဇင်ဦး + ရွှေနဒီ+ မိုးဇင်ယော် ) ( ၃ ) သင်းပေါင်း ရေယာဉ်အသင်းများမှပြန်လည်ပြေးဆွဲရန်ရေကြောင်း ပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှစီစစ်ပြီးတိုင်းဒေသ ကြီးအစိုးရအဖွဲ့သို့ တင်ပြထားဆဲဖြစ်ကြောင်း နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထပ်မံစီစစ်၍ အမြန်ဆုံး ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည် ဖြေ ကြားအပ်ပါသည်။ [/symple_accordion_section][/symple_accordion]

 

ဖြေကြားသည့်ဌာန                     –   လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာန

မေးမြန်းသည့်လွှတ်တော်အမတ် −    ဒေါ်ခင်နှင်းရီ၊ အမှတ်(၁)မဲဆန္ဒနယ် ယင်းမာပင်မြို့နယ်

[symple_accordion][symple_accordion_section title=”အကြောင်းအရာ”] စစ်ကိုင်းတိုင်းဒေသကြီး၊ယင်းမာပင်ခရိုင်၊ ယင်းမာပင် မြို့နယ် စုန်းချောင်းအုပ်စု၊ ကွေ့ချောင်းရွာ အနောက်ဘက် မုံရွာ-ယာကြီး-ကလေးဝလမ်း၊ မိုင်တိုင် (၄/၅၂)(၄/၆)များ တွင်လမ်း၏တစ်ဖက်တစ်ချက်မှာရိုးကူးချောင်းရှိပါသည်။ ၎င်းချောင်းသည် မိုးရွာချိန်တွင် စည်လောင်တောင်ပေါ်မှ တောင်ကျရေများ တလဟောစီးဆင်းလာမှုကြောင့် ခရီး သွားပြည်သူများ ရေကျချိန်တွင် စောင့်ဆိုင်းသွားလာနေ ရပါသည်။ ၎င်း မုံရွာ-ယာကြီး-ကလေးလမ်းကို BOT စနစ်ဖြင့် သန်းကုဋေအောင်ကုမ္ပဏီမှ တာဝန်ယူထားသည် ဟုသိရှိရပါသည်။ သို့ဖြစ်ပါ၍ မိုးရာသီအချိန်တိုင်း ချောင်း ရေလျှံမှုကြောင့် ခရီးသွားပြည်သူများ အခက်အခဲမျိုးစုံဖြင့် ကြုံတွေ့နေရပါသည်။ ထို့ကြောင့် ၎င်းနေရာတွင် ချောင်း ဖြတ်ကူးတံတား တည်ဆောက်ပေးနိုင်ရေး အစီအစဉ် ရှိ/မရှိ  သိရှိလိုပါကြောင်း။

[/symple_accordion_section][symple_accordion_section title=”ဖြေကြားချက်”]

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ် စုန်းချောင်းအုပ်စု၊ ကွေ့ချောင်းရွာ အနောက်ဘက် မုံရွာ-ယာကြီး-ကလေးဝလမ်း၊ မိုင် (၀/၀)မှ (၄၀/၀)အထိ မုံရွာအုပ်စုဆောက်လုပ်ရေး ကုမ္ပဏီမှ BOT စနစ်ဖြင့် ဆောင်ရွက်လျှက်ရှိပါ သည်။

မုံရွာ-ယာကြီး-ကလေး၀လမ်း မိုင်တိုင်(၄/၅)နှင့် (၄/၆)ကြားတွင် ချောင်းကူးတံတားတည်ဆောက်နိုင် ရန်အတွက် မုံရွာအုပ်စုဆောက်လုပ်ရေး ကုမ္ပဏီမှ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်စီမံချက်တွင် ရေးဆွဲထား ရှိပါ ကြောင်း ဖြေကြားအပ်ပါသည်။[/symple_accordion_section][/symple_accordion]

 

ဖြေကြားသည့်ဌာန                     –   လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာန

မေးမြန်းသည့်လွှတ်တော်အမတ် −    ဦးကျော်ဌေးလွင်၊ အမှတ်(၂)မဲဆန္ဒနယ် ဟုမ္မလင်းမြို့နယ်

[symple_accordion][symple_accordion_section title=”အကြောင်းအရာ”] ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာ ရေးနှစ်အထိ (၃)နှစ်စီမံကိန်းဖြင့် ဟုမ္မလင်းမြို့နယ် အတွင်း International Power Generation Public Company L.tdမှ တာဝန်ယူ ဆောက်လုပ်နေသော နမ့်မာလုံချောင်း အသေးစားရေအားလျှပ်စစ်စီမံကိန်းအား တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ရံပုံငွေကျပ်သိန်း(၆၀၀၀၀) ဖြင့်ဆောင်ရွက် လျက်ရှိရာ ပထမအကြိမ်ထုတ်ယူငွေအဖြစ် ငွေကျပ်သိန်း (၆၀၀၀၀)အား ထုတ်ပေးခဲ့ပြီးဖြစ်ကြောင်း သိရှိရပြီး၊ ယခု အခါထပ်မံ၍နောက်ထပ်ငွေထုတ်ယူခွင့်ပြုရန် ကုမ္ပဏီမှ မြို့နယ်စီမံခန့်ခွဲမှုကော်မတီသို့ တင်ပြမှုနှင့် ပတ်သက်၍ နောက်ထပ်ငွေ ထုတ်ယူခွင့်ပြုရန် တင်ပြမှုနှင့် ပတ်သက်၍ ဟုမ္မလင်းမြို့နယ် အရည်အသွေးစစ်ဆေးရေးအဖွဲ့ဝင်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ဥက္ကဌဦးအောင်ကျော်၏တင်ပြချက်အရ မြို့နယ်စီမံခန့်ခွဲမှုကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်း အဝေးတွင် ကုမ္ပဏီမှ ငွေထုတ်ယူခွင့်နှင့် ပတ်သက်ပြီး မထောက်ခံနိုင်သဖြင့် ဆိုင်းငံ့ထားရန် ဆုံးဖြတ်ခဲ့ကြောင်း သိရှိရပါသည်။ နမ့်မာလုံချောင်းအသေးစားရေအားလျှပ်စစ် စီမံကိန်းသည် ဟုမ္မလင်းမြို့နှင့် မိုင်(၂၀)ခန့်ကွာဝေးပြီး အနီးဆုံးကျေးရွာများဖြစ်သော  နောင်ပိုအောင်နှင့်   မာလုံကျေးရွာများနှင့်လည်း (၁၀)မိုင်ခန့်ကွာဝေးကာ ဟုမ္မလင်းမြို့နှင့် အနီးနားရှိ ပတ်ဝန်းကျင်ကျေးရွာများသို့ လျှပ်စစ်ဓာတ်အား ပို့လွှတ်ဖြန့်ဖြူးရန်အတွက် တပ်ဆင်ထားသည့် စက်အင်အားမှာ (၆၀၀)ကီလိုဝပ်သာ ထုတ်လုပ်နိုင်မည်ဖြစ်ပါသဖြင့် ဒေသခံ ပြည်သူများအတွက်အကျိုးဖြစ်ထွန်းနိုင်မှု နည်းပါးခြင်းနွေရာသီ တွင် ရေရှားပါးပါက လျှပ်စစ်ဓာတ်အား အပြည့်အဝမရှိနိုင်ခြင်း စီမံကိန်းနေရာသည် ချောင်း(၃)ချောင်းဆုံရာ နေရာဖြစ်သဖြင့် တာတမံကြံ့ခိုင်မှုအားနည်းခြင်း စာချုပ်ချုပ်ဆိုစဉ် ကကျေးရွာ များသို့အသိပေးရှင်းပြအကြောင်းကြားမှုမရှိခြင်း၊ တာတမံပိတ် ပါ ကမာလုံကြိုးဝိုင်းအတွင်း ဧကထောင်ပေါင်းများစွာနစ်မြုပ် ၍သဘာဝပတ်ဝန်း ကျင်ပျက်စီးနိုင်ခြင်း၊ တောသူ/တောင်သူ တို့၏ မှိုရှာမျှစ်ရှာ၊ ထင်းခုတ်အားကိုးရာ ပျက်စီး၍ ကျွဲ/နွား စားကျက်များပျောက်ဆုံးနိုင်ခြင်း၊ ဆက်လက် ဆောင်ရွက်မည်ဆိုပါကနိုင်ငံတော်အစိုးရ၏ ဘတ်ဂျတ်ဆုံးရှုံးမှုများ ဖြစ်ပေါ် လာနိုင်ပြီးကုမ္ပဏီအတွက်သာ အကျိုးဖြစ်ထွန်းစေမည်ဖြစ်ခြင်း များကြောင့်အဆိုပါလုပ်ငန်းအာဆက်လက်လုပ်ကိုင်ခွင့်မပြု သင့်ပါကြောင်းနှင့် ရေအားလျှပ်စစ်စီမံကိန်းနှင့် ပတ်သက်၍ ပတ်ဝန်းကျင်ကျေးရွာများအားကြိုတင်အသိပေးရှင်းလင်းမှုမရှိ ခြင်း၊ရေအားလျှပ်စစ်အတွက် တာတမံပိတ်ဆို့မှုပြုလုပ်ခဲ့ပါက ဒေသအတွက်ကောင်းကျိုးဆိုးကျိုးတွက်ချက်မှု EIA/SIA မရှိခြင်းတို့ကြောင့် မိုးလင်း၊ သဖန်းကုန်း၊ မာလုံ၊ မှော်စိန်၊ တုံခံ၊ ဟဲခမ်းကျေးရွာများရှိ ဒေသခံများမှ ဆန္ဒပြရန် စီစဉ်မည်ဖြစ် ကြောင်းကြားသိရသဖြင့် (၁၁.၉.၂၀၁၆)ရက်စွဲဖြင့် တိုင်းဒေသ ကြီးအစိုးရအဖွဲ့သို့မိမိအနေဖြင့်တင်ပြခဲ့ပြီးဖြစ်ပါသည်။

အထက်ပါနမ့်မာလုံရေအားလျှပ်စစ်စီမံကိန်းနှင့်ပတ်သက်ပြီး တိုင်း ဒေသကြီးအစိုးရအဖွဲ့မှ စစ်ဆေးခဲ့သည့် (၂၄.၈.၂၀၁၆)ရက်နေ့တွင် မြေပြင်ကွင်းဆင်း၍ စစ်ဆေးခဲ့ပြီးမာလုံကျေးရွာဒေသခံ များနှင့် မာလုံကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနေအိမ်တွင် တွေ့ဆုံ ဆွေးနွေးခဲ့ရာဆက်လက်အကောင်အထည်မဖော်ရန်နှင့်ဒေသအတွက်လည်းအမှန်တကယ် အကျိုးပြုမည်မဟုတ်ကြောင်း ဖျက် သိမ်းသင့်ကြောင်းဒေသခံများမှ မိမိထံ တင်ပြခဲ့ကြပါသည်။

ဟုမ္မလင်းမြို့နယ်၊ မာလုံကျေးရွာ၊ IPG  ကုမ္ပဏီမှ နမ့်မာလုံ ချောင်း အသေးစားရေအားလျှပ်စစ် စီမံကိန်းနှင့်စပ်လျဉ်း၍ တိုင်းဒေသကြီးအစိုးရအဖွဲ့မှဆက်လက်ဆောင်ရွက်ရန်အစီအစဉ် ရှိ/မရှိ၊ အဆိုပါစီမံကိန်းနှင့်ပတ်သက်၍ မည်သို့ဆက်လက် ဆောင်ရွက်မည်ကို သိရှိလိုပါကြောင်း။

[/symple_accordion_section][symple_accordion_section title=”ဖြေကြားချက်”]     ဟုမ္မလင်းမြို့နယ်၊ နန့်မာလုံချောင်း အသေးစား ရေအား လျှပ်စစ်စီမံကိန်းမှာ ဒေသခံများ၏ သဘော ထားတင်ပြချက်အရလည်းကောင်း၊သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရန်လိုအပ်ချက်ရှိကြောင်း စိစစ်တွေ့ ရှိရသဖြင့်လည်းကောင်း၊ အဆိုပါစီမံကိန်းမှ ရရှိမည့် အကျိုးအမြတ်နှင့် ကုန်ကျစရိတ်မှာ မျှတမှုမရှိခြင်း ကြောင့်လည်းကောင်း (၂၉-၉-၂၀၁၆) ရက်နေ့တွင် ကျင်းပပြုလုပ်သော စစ်ကိုင်းတိုင်းဒေသကြီး အစိုးရ အဖွဲ့ Cabinet အစည်းအဝေးအမှတ်စဉ်(၁၄/၂၀၁၆)၊ ဆုံးဖြတ်ချက်အပိုဒ် (၂၈)အရ စီမံကိန်းကို ကုမ္ပဏီနှင့် ညှိနှိုင်း၍ ရပ်ဆိုင်းထားပါကြောင်းဖြေကြားအပ်ပါ သည်။ [/symple_accordion_section][/symple_accordion]

 

ဖြေကြားသည့်ဌာန                     –   လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာန

မေးမြန်းသည့်လွှတ်တော်အမတ် −    ဦးသန်းလှိုင်၊ အမှတ်(၂)မဲဆန္ဒနယ် ပင်လည်ဘူးမြို့နယ်

[symple_accordion][symple_accordion_section title=”အကြောင်းအရာ”]

ကသာခရိုင်၊ပင်လည်ဘူးမြို့နယ်မှာ အမျိုးသား လျှပ်စစ် ဓာတ်အားရရှိရေးစီမံချက် NEP ဖြင့် ဆောင်ရွက်နိုင်သော ကျေးရွာပေါင်း(၄၆)ရွာရှိပါ လျှက်(၂၁)ရွာသာ ဆောင်ရွက်မည်ဟုသိရှိရပါသည်။

၂၀၃၀မတိုင်မှီ မြန်မာ့နိုင်ငံရှိ ပြည်သူတိုင်းလျှပ်စစ် မီးသုံးစွဲရန် အတိုးမဲ့ချေးငွေ ဒေါ်လာသန်း(၄၀၀) ချေးပေးရန် ကမ္ဘာ့ဘဏ်၏ ဒါရိုက်တာဘုတ်အဖွဲ့က (၁၇.၉.၂၀၁၅)နေ့တွင် အတည်ပြုကြောင်း သတင်း ထုတ်ပြန်ခဲ့ပါတယ်။တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အား ရရှိရေးစီမံကိန်း (National Electrificatiion Plan)ကို ကမ္ဘာ့ဘဏ်အနေဖြင့် ဒေါ်လာ(၂)သန်း အကုန်အကျခံပြီး ရေးဆွဲထားကြောင်းသိရပါတယ်။

၄င်းစီမံကိန်းဖြင့် အိမ်ထောင်စုပေါင်း (၁.၂)သန်း၊ ပြည်သူပေါင်း(၆.၂)သန်းခန့် အကျိုးကျေးဇူးရရှိရန် ရည်မှန်းထားကြောင်း၊ လျှပ်စစ်မီးရရှိခြင်းကြောင့် ဖြစ်ပေါ်လာမည့်အကျိုးအမြတ်ကို ပြည်သူများလျင် လျင်မြန်မြန်ရရှိနိုင်ရန် ရည်ရွယ်ကြောင်း၊ လျှပ်စစ်မီး ရရှိလျှင်ဆင်းရဲနွမ်းပါးမှုတိုက်ဖျက်ရေး ဆောင်ရွက်ရာဖော်ပြထားကြောင်းသိရှိရပါတယ်။မည်သူတစ်ဦးတစ် ယောက်မဆို လျှပ်စစ်မီးမရှိသေးတဲ့ နေရာမှာ မနေလိုကြ ပါဘူး။ တစ်ရက်စောပြီးလင်းနိုင်ဘို့ အခွင့်အရေးရှိလျှင် လင်းချင်ကြပါတယ်။ အခွင့်အရေးရပလျှင်(PhaseI) ပထမအစီအစဉ်အတွင်း အကောင်အထည်ဖော်ရန်မပါ ရှိသော ကျေးရွာပေါင်း(၂၅)ရွာမှကျေးလက်နေပြည်သူ များ ကများစွာမကျေမနပ် ဖြစ်နေကြပါတယ်။

သို့ဖြစ်ပါ၍ ကသာခရိုင်၊ပင်လည်ဘူးမြို့နယ် ဓာတ် အားခွဲရုံ (၁၁)မိုင်အတွင်း ၁၁ကေဗွီလိုင်းနှင့် (၂)မိုင် အတွင်းရှိ အမျိုးသားလျှပ်စစ်ဓာတ်အားရရှိ ရေးစီမံချက် ဖြင့် ဆောင်ရွက်နိုင်သော ကျေးရွာ(၄၆) ရွာရှိပါလျှက် ကျေးရွာ(၂၁)ရွာသာ ဆောင်ရွက်မည် ဟု သိရှိရပါတယ်။ ကျန်ရှိသော ကျေးရွာ(၂၅)ရွာ (ကျေးရွာစာရင်းအားပူးတွဲ ပေးပါသည်)သည်။ မည်သည့်အတွက်ကြောင့် ကျန်ခဲ့ပါ သလဲ။ ၄င်းကျန်ခဲ့ သော ကျေးရွာများအား (Phase 1)ပထမအစီအစဉ် တွင်အကောင်အထည်ဖော်ရန် အစီ အစဉ် ရှိ/မရှိ သိလိုပါသည်။ အစီအစဉ်ရှိခဲ့ပါက မည်သည့် အချိန်တွင် စတင်ဆောင်ရွက်ပြီး အစီအစဉ် မရှိခဲ့ပါက မည်သည့်အတွက်ကြောင့်မရှိခြင်းကိုသိရှိလိုပါကြောင်း။

[/symple_accordion_section][symple_accordion_section title=”ဖြေကြားချက်”] ကသာခရိုင်၊ပင်လည်ဘူးမြို့နယ်ရှိ ကျေးရွာများ ဓာတ်အား ရရှိရေးအတွက် ကမ္ဘာ့ဘဏ်ချေးငွေ NEP PhaseI အစီအစဉ်ဖြင့် ကျေးရွာ(၂၁)ရွာအား ထည့်သွင်း လျာထား ခဲ့ပါသည်။ ကျွန်းပင်သာ၊ လက်ဆည်ကန်၊ တပ်ကုန်း၊ ကုန်းကြီး၊ နန်းလုံကား၊ ရွာသစ်ကုန်း၊ ရောင်းနီ၊ သာစည်၊ အင်္ကျီလက်၊ ပုဇဉ်းကုန်း၊ကင်းပန်း၊ တောင်နီ၊ ကံကုန်း၊ ကျေးပင်၊ ယင်းသာ၊ မျက်နီကျင်း၊ တောင်ဘီ၊ မြသီတာ၊ ကြို့ကုန်း၊ ပင်းသာကြီး၊ အိုးမြေကုန်း၊ ပိန္နဲကုန်း၊ သာစည်ကျေးရွာ (၂၃)ရွာမှာ ကိုယ့်အားကိုယ်ကိုးအစီအစဉ်ဖြင့် ၁၁ကေဗွီဓာတ်အား လိုင်းများ တည်ဆောက်ပြီးဖြစ်ခြင်း၊ အောင်းပင်ကျေး ရွာသို့ ၁၁ကေဗွီဓာတ်အားလိုင်းအား  ကျေးရွာချင်းဆက် လမ်းမှ တိုင်းတာခဲ့ပါသဖြင့် (၂)မိုင် အထက်တွင်ရှိခြင်း နှင့် နတ်ကြီးကုန်းကျေးရွာမှာ ကွင်းဆင်းတိုင်းတာစဉ် က မြသီတာကျေးရွာမှ ကိုးယောက်-ကြိုးကြာဝန်း – သစ်ထိပ် – နတ်ကြီးကုန်း ကျေးရွာသို့ လမ်းကြောင်း အတိုင်း အစဉ်လိုက်တိုင်းတာခဲ့၍ (၂)မိုင် အထက်တွင် ရှိခြင်းတို့ကြောင့်  NEP Phase I   ကျေးရွာများစာရင်းတင်ပြစဉ်က ကျန်ရှိခဲ့ခြင်းဖြစ်ပါသည်။  ၄င်း ကျေးရွာ (၂၅)ရွာအတွက်   NEP Phase II  တွင် ထည့်သွင်း လျာထားပြီးဖြစ်ပါကြောင်း ဖြေကြား အပ်ပါသည်။[/symple_accordion_section][/symple_accordion]