လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာန ကတိကဝတ်ပြုခဲ့သည့် ကြယ်ပွင့်မပြမေးခွန်းနှင့် အဖြေများစာရင်း

ဒုတိယအကြိမ်စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် တတိယပုံမှန်အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ်များမှ
ပေးပို့လာသော ကြယ်ပွင့်မပြမေးခွန်းအပေါ် ဖြေကြားချက်များ

ဖြေကြားသည့်ဌာန                     –   လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာန

မေးမြန်းသည့်လွှတ်တော်အမတ် −   ဦးမြင့်ထွေး၊ အမှတ်(၂)မဲဆန္ဒနယ် ရေဦးမြို့နယ်

[symple_accordion][symple_accordion_section title=”အကြောင်းအရာ”] ရွှေဘိုခရိုင် ရေဦးမြို့ မူးမြစ်ကူးတံတား ဖြတ်သန်းခကောက်ခံရေး လုပ်ငန်းကို မြန်မာ့မီးရထားမှ တာဝန်ယူလေလံတင်ပြီး လုပ်ငန်းရှင်များကို တရားဝင်ခွင့်ပြုထားဆဲဖြစ်ပါသည်။ သို့သော်အစိုးရသစ်လက်ထက်မှ စတင်၍ ဆင်းရဲသော နိုင်ငံသူ/သားများအတွက် သက်သာချောင်ချိရေး ဖြစ်စေရန် မေတ္တာရှေ့ထားပြီး ယခင်လေလံပေးထားသော စစ်ကိုင်းတိုင်း ဒေသကြီးအတွင်းတွင် လေလံတန်ဘိုး ကျပ်သိန်း(၃ဝဝ)နှင့်အောက် လေလံလုပ်ငန်းပေါင်း (၂ဝ)၊ ဂိတ်အရေအတွက် (၃၉)ခုကို လုံးဝ ဖျက်သိမ်းပေးခဲ့ပါသည်။ ထို့နောက်အချို့သော တံတားကြီး (လေလံ တန်ဘိုးကျပ်သိန်း-၃ဝဝနှင့်အထက်) ဖြတ်ကူးခထဲမှ အခြေခံနိုင်ငံသားများ အဓိကအသုံးပြုနေသော မော်တော်ဆိုင်ကယ် ဖြတ်ကူးခကို တရားဝင် ဖြေလျှော့ပေးခဲ့ပါသည်။ ဥပမာ – ချင်းတွင်းမြစ်ကူး တံတားသည် ဆိုင်းဘုတ်ထောင်၍ မော်တော်ဆိုင်ကယ် ဖြတ်ကူးခကို အခမဲ့ခွင့်ပြု ထားပါသည်။

ဖြေလျှော့ပေးသော တံတားဖျက်ကူးခ လေလံလုပ်ငန်းထဲတွင် ရေဦးမြို့နယ်နှင့် ခင်ဦးမြို့နယ်ကြားရှိ ဖြတ်ကူးခသည်မပါဝင်ပါ။ သို့ဖြစ် ပါ၍ ဖွွံ့ဖြိုးမှုအားနည်းသော ရေဦးမြို့နယ်နှင့်ခင်ဦးမြို့နယ်များရှိ တောင်သူ လယ်သမားများ၊ နိုင်ငံသားများကို မေတ္တာရှေ့ထားပြီး မူးမြစ်ကူးတံတား ဖြတ်သန်းခများထဲမှ မော်တော်ဆိုင်ကယ်ယာဉ်အမျိုးအစားကို တံတားဖြတ်ကူးခ ကင်းလွတ်ခွင့်ပြုပေးပါရန် စီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း၊

ထိုအပြင် မူးတံတားသည် ၂၂၅ဝပေရှည်ပြီး မီးရထားလမ်းကို အဓိကထား၍ တည်ဆောက်ထားပြီး ကားနှင့်မော်တော်ဆိုင်ကယ် လမ်းကို တွဲလျှက်အသုံးပြုနေရသော ပုံစံဖြစ်ပါသည်။ ယခုအခါ ထိုတံတား၏ ကြမ်းခင်းသည်ပေါက်ပြဲလျက်ရှိပြီး ပြုပြင်ဆောင်ရွက် ထိန်းသိမ်းပေးရန် အမြန်လိုအပ်လျက်ရှိသောကြောင့် ပြုပြင်ဆောင်ရွက် ပေးရန် အစီအစဉ်ရှိ/မရှိ၊ ပြုပြင်ဆောင်ရွက်ပေးရန် အစီအစဉ်ရှိပါက မည်သည့်အချိန်တွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း။

[/symple_accordion_section][symple_accordion_section title=”ဖြေကြားချက်”] (၁) စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ၁၂.၉.၂ဝ၁၅ရက်စွဲပါ စာအမှတ်၊၂/၃-၂ဝ၇(၇၆၉)/ဦး၆ စာဖြင့်ခွင့်ပြုချက်အရ မူးမြစ်ကူး တံတား ဖြတ်သန်းခအား အိတ်ဖွင့် တင်ဒါခေါ်ယူ၍ မြန်မာ့မီးရထား နှင့် မူးတံတားအသုံးပြုခကောက်ခံခြင်းလုပ်ငန်းလုပ်ကိုင်ခွင့်ရရှိသူ တို့သည် တစ်နှစ်လျှင် ငွေကျပ်သိန်းပေါင်း (၂၂၁၃)သိန်းဖြင့် တင်ဒါ အောင်မြင်သဖြင့် ၂ဝ၁၈ခုနှစ်၊ စက်တင်ဘာလ၊ (၃ဝ)ရက် နေ့အထိ လုပ်ငန်းလိုင်စင်အား၂၉.၉.၂ဝ၁၅ ရက်နေ့တွင် စာချုပ်ချုပ်ဆို လက်မှတ်ရေးထိုး၍ ၂ဝ၁၅ခုနှစ်၊ အောက်တိုဘာလ၊ (၁)ရက်နေ့မှ စတင်၍ လုပ်ငန်းခွင့်ပြု ဆောင်ရွက်လျက်ရှိပါသည်။

(၂) အဆိုပါစာချုပ် အပိုဒ်(၅)၊ အပိုဒ်ခွဲ(ဌ)၌ ယာဉ်အမျိုးအစားနှင့် တံတားဖြတ်သန်းခနှုန်းထားဖော်ပြပါရှိရာမော် တော်ဆိုင်ကယ်၊ ယာဉ် အမျိုးအစား၏ တံတားဖြတ်သန်းခနှုန်းမှာ (၅ဝ)ကျပ်သာ ဖြစ်ခြင်းနှင့် မူးမြစ်ကူးတံတားအပါအဝင် ပြည်နယ်နှင့်တိုင်းအသီးသီးရှိ မြန်မာ့ မီးရထားပိုင်တံတား(၈)စင်းတွင်လည်း မော်တော်ဆိုင်ကယ် ဖြတ်သန်း ခြင်းအတွက် တံတားအဆင့်အတန်းအလိုက် ကောက်ခံဆောင်ရွက် လျက်ရှိပါသဖြင့် ရွှေဘိုခရိုင်၊ရေဦးမြို့၊မူးမြစ်ကူးတံတားတွင် မော်တော် ဆိုင်ကယ် ဖြတ်သန်းခ ကောက်ခံရေးလုပ်ငန်းကိုမြန်မာ့မီးရထားမှ တံတားဖြတ်ကူးခကင်းလွတ်ခွင့်ပြုပေးနိုင်ခြင်းမရှိပါကြောင်း၊

မူးတံတား၏ကြမ်းခင်းများ ချို့ယွင်းပျက်စီးမှုများအား ၂ဝ၁၅-၂ဝ၁၆ဘဏ္ဍာနှစ်တွင် ကတ္တရာဖာထေးခြင်း လုပ်ငန်း များဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်းနှင့် ယခုနှစ် မိုးရာသီတွင် ပြုပြင်ပါကပြန်လည်ပျက်စီးလွယ်သောကြောင့်မိုးရာသီကုန်ဆုံး ပါက ၂ဝ၁၆-၂ဝ၁၇(ျွန)တွင် ရန်ပုံငွေရရှိရေးဆောင်ရွက်မည် ဖြစ်ပြီး ရန်ပုံငွေရရှိမှုအပေါ် မူတည်၍ ပြန်လည်ပြင်ဆင်ပေးနိုင် မည်ဖြစ်ပါကြောင်း ဖြေကြားအပ်ပါသည်။
[/symple_accordion_section][/symple_accordion]

 

ဖြေကြားသည့်ဌာန                     –   လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာန

မေးမြန်းသည့်လွှတ်တော်အမတ် −   ဦးမြင့်ထွေး၊ အမှတ်(၂)မဲဆန္ဒနယ် ရေဦးမြို့နယ်

[symple_accordion][symple_accordion_section title=”အကြောင်းအရာ”] ရေဦးမြို့နယ် ထန်းကြီးကျေးရွာအုပ်စုနှင့် မြို့ကြီးကျေးရွာအုပ်စု အတွင်းရှိ တောင်သူလယ်သမားများ အဓိကအားထား၍ စိုက်ပျိုးရေ သောက်သုံးနေသော DY-4 မိုင်နား-၃ ရှိ  Faw-7-8-9 များ ပြုပြင် ထိန်းသိမ်းပေးရန်နှင့် ၄င်း ဖောများမှခွဲထွက်သော လက်ဝဲ၊လက်ယာ ရေယူပြွန်များ တိုးချဲ့တပ်ဆင်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် တောင်သူ များက မိမိအစီအစဉ်ဖြင့် နှစ်စဉ်ပြုပြင်တည်ဆောက်ပြီး လယ်ဧကများစွာ  အဓိကအားထားနေရာသော ” လက်ခံသည့်ဆည် ” ကို အမြဲတမ်း အားကိုး ပြုနိုင်ရန်အတွက် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် တောင်သူလယ်သမားများ၏ ဘဝတိုးတက်မြင့်မားစေရန် ပြုပြင် တည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိ ၊ ပြုပြင်တည်ဆောက်ပေးမည် ဆိုပါက မည်သည့်အချိန်နှင့် မည်သို့ ပြင်ဆင်မည်ကို သိရှိလိုကြောင်း။

[/symple_accordion_section][symple_accordion_section title=”ဖြေကြားချက်”] DY(4)MR-3 ရှိ Fall 7-8-9 များပြုပြင်ခြင်းနှင့် ၎င်း Fall များမှ ခွဲထွက်သော လက်ဝဲလက်ယာရေယူပြွန်များတိုးချဲ့တပ်ဆင်ခြင်း
အတွက်ခန့်မှန်းကုန်ကျငွေ(၂၁)သန်းရှိမည်ဖြစ်ပါသည်။၂ဝ၁၆ခုနှစ်၊ဒီဇင်ဘာလ သဖန်းဆိပ်ဆည်ရေရပ်နားသည့် အချိန်တွင် ပြုပြင်နိုင်ရေးစီစဉ်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းတင်ပြအပ်ပါသည်။ရေဦးမြို့နယ်၊ ထန်းကြီးကျေးရွာအုပ်စုနှင့် မြို့ကြီးကျေးရွာအုပ်စုအတွင်းရှိ ကိုယ်ထူကိုယ်ထ လက်ခံသည့်ဆည်အားပြန်လည်
ပြုပြင်မည်ဆိုပါက မြေကြီးကျင်းပေါင်း(၁၂၅ဝ)ကျင်းအတွက် ခန့်မှန်းကုန်ကျငွေ(၂ဝ)ကျပ်သန်းနှင့်အဆောက်အအုံဆောက်လုပ်ခြင်းအတွက်ခန့်မှန်းကုန်ကျငွေ(၅)သန်း၊ စုစုပေါင်းခန့်မှန်းကုန်ကျငွေ(၂၅)သန်းကုန်ကျမည်ဖြစ်ပါသည်။ အဆိုပါလုပ်ငန်းသည် ၂ဝ၁၆-၂ဝ၁၇ တိုင်းဒေသကြီးမူလခွင့်ပြုရန်ပုံငွေ (BE)တွင် ပါဝင်ခြင်းမရှိပါသဖြင့် ၂ဝ၁၆-၂ဝ၁၇တိုင်းဒေသကြီးဖြည့်စွက်ရန်ပုံငွေ (RE)တွင်ရရှိရေးဆောင်ရွက်မည်ဖြစ်ပြီး ရန်ပုံငွေရရှိပါကဆောင်ရွက်ပေး သွားမည်ဖြစ်ပါကြောင်း ဖြေကြားအပ်ပါသည်။
[/symple_accordion_section][/symple_accordion]

 

ဖြေကြားသည့်ဌာန                     –   လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာန

မေးမြန်းသည့်လွှတ်တော်အမတ် −   ဒေါ်စုမြတ်ထက်၊ အမှတ်(၂)မဲဆန္ဒနယ် စစ်ကိုင်းမြို့နယ်

[symple_accordion][symple_accordion_section title=”အကြောင်းအရာ”] စစ်ကိုင်းမြို့နယ် ဆားတောင်စံပြကျေးရွာ၏ လျှပ်စစ်မီးလင်းရေး လုပ်ငန်းကို ၁၉၉ဝခုနှစ်တွင် စတင်ဆောင်ရွက်ခဲ့ပြီး လျှပ်စစ်မီးနှင့် သက်ဆိုင်သော ကုန်ကျစရိတ်အားလုံးကို ကျေးရွာမှ ကိုယ်ထူကိုယ်ထ တာဝန်ယူခဲ့ရပါသည်။ ထိုမျှသာမက လျှပ်စစ်မီးစတင်ရရှိပြီးအချိန်မှ ယနေ့အချိန်ထိ ဓါတ်အားဆုံးရှုံးမှုများကိုလည်း ကျေးရွာမှ တာဝန်ယူခဲ့ ရပါသည်။၄င်းအပြင် လျှပ်စစ်ပစ္စည်းများလဲလှယ် သစ်ပင်များခုတ်ခြင်းနှင့် အခြားလျှပ်စစ်လုပ်ငန်းဆိုင်ရာ ကုန်ကျစရိတ်အားလုံးကိုလည်း ကျေးရွာ လူထုမှ တာဝန်ယူခဲ့ရပါသည်။

လျှပ်စစ်မီးကိစ္စအဝဝကို ကျေးရွာမှ (၂၅)နှစ်ကျော် တာဝန်ယူ ခဲ့ရာတွင် ကျေးရွာလျှပ်စစ်မီးလင်းရေးကော်မတီ အဆက်ဆက် ဖွဲ့စည်း ခဲ့ပြီး ကျေးရွာလူထုထံမှ ငွေကောက်ခံဆောင်ရွက်ခဲ့ရပါသည်။ လျှပ်စစ်မီး ကြိုးများ၊ မီးတိုင်များ၊ ကြွေသီးများစသည်တို့ လဲလှယ်ရန် ကျေးရွာမှ ငွေကောက်ခံ၍ ပြင်ဆင်ထိန်းသိမ်းမှုများ ပြုလုပ်ခဲ့ရသလို ဓါတ်အား ဆုံးရှုံးမှုများအတွက် မြန်မာလျှပ်စစ်ဓါတ်အားလုပ်ငန်းမှ တွက်ချက် ကောက်ခံသော စီတီမီတာကြေးကိုလည်း နှစ်ပေါင်းများစွာ ပေးသွင်းခဲ့ ရပါသည်။ ယခုအချိန်တွင် မီတာလုံးရေ (၁၅၄၃)အတွက် စီတီမီတာကြေး သိန်း(၂ဝဝ)ကျော်အထိ လစဉ်ပေးသွင်းနေရပါသည်။

မြန်မာ့လျှပ်စစ်ဓါတ်အား လုပ်ငန်းသည် ဌာနတာဝန်များကိုကျေးရွာမီးလင်းရေးကော်မတီများကို ဖွဲ့စည်းဆောင်ရွက်စေခဲ့ပါသည်။ ထိုသို့လျှပ်စစ်မီးကိစ္စများအတွက် မီတာဖတ်၊မီတာကောက်လုပ်ငန်းများ ဆောင်ရွက်ရန် ဝန်ထမ်းများကိုလည်း ကျေးရွာမှ ခန့်ထားရပါသည်။ ကျေးရွာမီးလင်းရေးကော်မတီမှ ဝန်ထမ်းလစာနှင့် လျှပ်စစ်မီးထိန်းသိမ်းမှု ကုန်ကျစရိတ် ကျပ်(၂)သိန်းကျော်မှ ကျပ်(၉)သိန်းကျော်အထိ လစဉ် ကုန်ကျနေပါသည်။ မီးလင်းရေးကော်မတီသည် အထက်ပါကုန်ကျစရိတ် များနှင့် စီတီမီတာကြေးပေးသွင်းရန်အတွက် လျှပ်စစ်မီး သုံးစွဲသူများထံမှ တစ်လလျှင် ကျပ်(၈ဝဝ)မှ ကျပ်(၁ဝဝဝ)အထိ ကောက်ခံနေရပါသည်။

၂ဝ၁၆ခုနှစ်၊ ဇွန်လတွင် ကျေးရွာလူထုနှင့် မီးကော်မတီသို့ အချင်းများပြဿနာဖြစ်ပြီး မီးကော်မတီ နှုတ်ထွက်သွားရပါသည်။ယာယီ တာဝန်ယူနေသည် ကျေးရွာအုပ်ချုပ်ရေးမှူးမှ သတ်မှတ်မီတာကြေးအပြင် မီးတာတစ်လုံးလျှင် (၁ဝဝဝ)ကျပ်၊ လုပ်ငန်းရှင်တစ်ဦးလျှင် (၂ဝဝဝ)ကျပ်၊ (၄ဝဝဝ)ကျပ်၊(၈ဝဝဝ)ကျပ်ကောက်ခံလျက်ရှိနေသည်ဟု သိရှိရသည့် အတွက် ကျေးရွာလူထုအပေါ် ဝန်ထုတ်ဝန်ပိုးဖြစ်နေသော စီတီမီတာကြေး ကောက်ခံနေခြင်းအား ဖျက်သိမ်းပေးပါရန် အစီအစဉ် ရှိ/မရှိ သိရှိလိုပါကြောင်း။

[/symple_accordion_section][symple_accordion_section title=”ဖြေကြားချက်”] ဆားတောင်ကျေးရွာသည် ယခင်စစ်ကိုင်းမြို့နယ် လက် အောက် (၁၉၉၄)ခုနှစ်မှ စတင်၍ ၃၃ (၂၁.၄)မိုင် ၃၃/ဝ.၄ ကေဗွီ၊ ၃၁၅ ကေဗွီအေ ထရန်စဖော်မာနှင့် ၂ဝဝ ကေဗွီအေ ထရန်စဖော်မာ(၂)လုံး တပ်ဆင်တည်ဆောက်၍ ကိုယ်ထူကိုယ်ထ မီးလင်းခဲ့ပါသည်။ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ ဓာတ်အားဖြန့်ဖြူး ရေးကိစ္စရပ်များအား လျှင်မြန်ချောမွေ့စေရေးအတွက် မြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံးအား (၂ဝ၁၂) ခုနှစ်တွင် ဆားတောင် ကျေးရွာ၌ ဖွင့်လှစ်ဆောင်ရွက်ခဲ့ပါသည်။

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေနှင့် စည်ပင်သာယာ နယ်နိမိတ်အတွင်းပါဝင်မှုမရှိသောကျေးရွာများနှင့် မြို့နယ် နိမိတ် အတွင်း ပါဝင်ခြင်းမရှိသော ကျေးရွာများအား ကျေးရွာမီးလင်းရေး မူဖြင့်သာ ဆောင်ရွက်လျှက်ရှိသဖြင့် လက်ရှိ စီတီမီတာခြားနားယူနစ် (၁ဝ%)ထက်ပိုမိုခြင်းအတွက်ကောက်ခံပေးသွင်းမှုအားတိုင်းဒေသကြီး
အစိုးရအနေနှင့် ပယ်ဖျက်ပေးနိုင်မည်မဟုတ်ဘဲ နိုင်ငံတစ်ဝှမ်းလုံး တစ်ပြေးညီဖြစ်စေရန် ပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်ပြ ဆောင်ရွက်ရမည့်ကိစ္စဖြစ်သည်။

ယခုလက်ရှိ ဆားတောင်(၃၃)ကေဗွီ ဓာတ်အားလိုင်း ထိန်းသိမ်းပြုပြင်ခြင်း (ကြွေသီးများ လဲလှယ်ခြင်း၊ သစ်ပင် သစ်ကိုင်းများရှင်းလင်းခြင်း) စသည်တို့အား တိုင်းလျှပ်စစ်ဓာတ်အားဖြန့်ဖြူး လုပ်ငန်းဌာနမှ ဆောင်ရွက်လျှက်ရှိပါသည်။

ဆားတောင်ကျေးရွာတွင် ၃၃/၁၁ကေဗွီ၊ ၅ အမ်ဗွီအေ ဓာတ်အားခွဲရုံအား(၂ဝ၁၄)ခုနှစ်တွင် တည်ဆောက်ပေးခဲ့ပြီး ကျေးရွာတွင်း လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးအတွက် ၃၃/ဝ.၄ ကေဗွီထရန်စဖော်မာများအား ၁၁/ဝ.၄ ကေဗွီ ထရန်စဖော်မာ များဖြင့် အစားထိုးလဲလှယ်ခြင်းကိုလည်း ဆောင်ရွက်ပေးပြီးဖြစ် ပါကြောင်း တိုင်းဒေသကြီးဝန်ကြီးအနေနှင့် စီတီမီတာ ခြားနား ယူနစ်များ မှန်ကန်စွာကောက်ခံနိုင်ရေးအတွက် ကြီးကြပ်ဆောင်ရွက် ပေးသွားမည်ဖြစ်ပါကြောင်း ဖြေကြားအပ်ပါသည်။

[/symple_accordion_section][/symple_accordion]

 

 

ဖြေကြားသည့်ဌာန                     –   လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာန

မေးမြန်းသည့်လွှတ်တော်အမတ် −   ဦးမောင်မောင်ဝင်း၊ အမှတ်(၁)မဲဆန္ဒနယ် ဝက်လက်မြို့နယ်

[symple_accordion][symple_accordion_section title=”အကြောင်းအရာ”] ကျွန်တော်တို့မြို့သည် မြို့နယ်မှ မန္တလေး-မြစ်ကြီးနား ရထားလမ်းဖြတ်သောမြို့ဖြစ်ပါသည်။ ၄င်းရထားလမ်းပေါ်တွင် ရွာသာကြီး-ဝက်လက်-ရှိမ်းမကား ကားလမ်းနှင့် လှတော-ဝက်လက်-သစ်ဆိမ့်ကြီး ကားလမ်းသည် သံလမ်းကို ဖြတ်ကျော်ရသောအခါ (၁ဝ)ခန့်ရှိ ရထားလမ်းကူးရှိပါသည်။ မြို့တည်စကပင် တည်ဆောက် ထားခြင်းဖြစ်ပါသည်။

ယခုအခါ တိုးပွားလာသော မြို့လူဦးရေယာဉ်များနှင့် ကျောင်းသား(၂ဝဝဝ)နီးပါးတစ်ပြိုင်နက်ထဲလိုလိုဖြတ်သန်းသွား နေရပါသဖြင့် အန္တရာယ်များလှပါသည်။

သို့ပါ၍ ၄င်းသံလမ်းကူးအား အန္တရာယ်ကင်းစွာ သွားလာနိုင်ရေးအတွက် မြန်မာ့မီးရထားမှ မည်သို့ဖြည့်ဆီးဆောင်ရွက်ပေးမည် မည်သည့်ရက်တွင်ပြီးအောင်ဆောင်ရွက်ပေးမည်ကိုသိရှိလိုကြောင်းး

[/symple_accordion_section][symple_accordion_section title=”ဖြေကြားချက်”] ဝက်လက်ဘူတာအနီး သံလမ်းကိုဖြတ်ကျော်သည့်ရထား လမ်းကူးရှိပါသည်။ ၄င်းနေရာရှိ ကားလမ်းအကျယ် သည် (၁၂’)သာရှိ၍ ရထားလမ်းကူး အကျယ်ကိုလည်း (၁၂’)အကျယ်သာ ဆောင်ရွက်ထားရှိခြင်းဖြစ်ပါသည်။ ကားလမ်းအကျယ်ရှိသ၍သာ ရထားလမ်းကူး လုပ်ပေးထားရှိခြင်းဖြစ်ပါသည်။

သို့ဖြစ်ပါ၍ ၄င်းသံလမ်းကူးတွင် ခရီးသွားပြည်သူများ အန္တရာယ်ကင်းစွာ သွားလာနိုင်ရေးအတွက် ကားလမ်းအကျယ် ကို တိုးချဲ့ဆောင်ရွက်ပေးရေးနှင့် ကားလမ်းအကျယ် အတိုင်း လိုအပ်သည့် ရထားလမ်းကူးကိုလည်းအချိန်မှီ ဆောင်ရွက် တပ်ဆင်ပေးရေး သက်ဆိုင်ရာဌာနများမှာ ဆောင်ရွက်စေမည် ဖြစ်ပါကြောင်း ဖြေကြားအပ်ပါသည်။
[/symple_accordion_section][/symple_accordion]

 

 

ဖြေကြားသည့်ဌာန                     –   လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာန

မေးမြန်းသည့်လွှတ်တော်အမတ် −   ဦးမောင်မောင်ဝင်း၊ အမှတ်(၁)မဲဆန္ဒနယ် ဝက်လက်မြို့နယ်

[symple_accordion][symple_accordion_section title=”အကြောင်းအရာ”] ကျွန်တော်တို့မြို့နယ်သည် (၃၃)ကေဗွီဓာတ်အားလိုင်းနှင့် (၅) မဂ္ဂါဝပ်ဓာတ်အားခွဲရုံရှိပါ သည်။ ၄င်းဓာတ်အားခွဲရုံမှ (၁၁)ဓာတ်အား လိုင်းဖြင့် မြို့နယ်အတွင်းရှိ ကျေးရွာများအား လျှပ်စစ်သွယ်တန်း လျှက်ရှိပါသည်။ ယခုအခါ (၁၁)ဓာတ်အားလိုင်းနှင့် (၂)မိုင်အတွင်းရှိ ကျေးရွာများအား လျှပ်စစ်သွယ်တန်းရန် ဆက်လက်ဆောင်ရွက်လျှက် ရှိပါသည်။

ယခင်က ကျေးရွာမီးလင်းရေးအတွက် ကျေးလက်ဒေသဖွံ့ဖြိုးရေး ဦးစီးဌာနမှ ဦးဆောင်၍ ကျေးရွာမီးလင်းရေးကော်မတီကို ဖွဲ့စည်း ဆောင်ရွက်ခဲ့ကြပါသည်။ ကျေးရွာများ မီးလင်းသော်လည်း ရွာသူ ရွာသားများ၏ ထည့်ဝင်ငွေနှင့် နိုင်ငံတော်မှ ထောက်ပံ့ငွေများအပေါ်တွင် စာရင်းအင်းများရှင်းလင်းမှု မရှိသောကြောင့် မီးရသောရွာရှိ ကျေးလက်နေ ပြည်သူအများစုမှာ အိမ်တိုင်းမီးလင်းရန် အခက်အခဲဖြစ်ပေါ် လျှက်ရှိ ပါသည်။

အကြောင်းမှာ ကော်မတီ၏မီးလင်းရေးရန်ပုံငွေ ကောက်ခံမှု များကြောင့် ကျန်အိမ်များ မီးလင်းနိုင်မှုမရှိကြောင်းတွေ့ရပါသည်။ ရွာသူ၊ ရွာသားများအနေဖြင့်လည်း မီးလင်းရေးကော်မတီ၏လုပ်ရပ် အပေါ် ကျေနပ်မှုမရှိပါသဖြင့် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ငွေကြေး အလွဲသုံးစား ပြုလုပ်ထားကြသော ကျေးရွာမီးလင်းရေးကော်မတီများအား စုံစမ်း စစ်ဆေးအရေးယူဆောင်ရွက်ပေးနိုင်ခြင်းရှိ/မရှိ သိရှိလိုပါ ကြောင်းနှင့် မီးလင်းရန်လိုအပ်လျှက်ရှိသောပြည်သူများအပေါ် မည်သို့ကူညီ ဆောင်ရွက်ပေးနိုင်မည်ကို သိရှိလိုကြောင်း။

[/symple_accordion_section][symple_accordion_section title=”ဖြေကြားချက်”] တိုင်းဒေသကြီးအစိုးရအဖွဲ့၏(၂ဝ.၇.၂ဝ၁၆) ရက်စွဲပါ စာအမှတ်၊၁/၂-၁၂၃(ဝဝ၅) ဦး၆ဖြင့်သက်ဆိုင်ရာမြို့နယ်အလိုက် မြို့နယ်စီမံခန့်ခွဲရေးကော်မတီဥက္ကဌ၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ၊ မြို့နယ်စာရင်းစစ်အရာရှိ၊ မြို့နယ်သမဝါယမဦးစီးမှူး၊ မြို့နယ် စီမံကိန်းဦးစီးမှူးတို့ ပါဝင်သော စုံစမ်းစစ်ဆေးရေးအဖွဲ့များ ဖွဲ့စည်း၍ မီးလင်းရေးကော်မတီများ၏ ကုန်ကျစရိတ်ငွေစာရင်း ရှင်းတမ်း များအားစစ်ဆေးဆောင်ရွက်ရန်ညွှန်ကြားထားပြီးဖြစ်ပါ ကြောင်းနှင့် စစ်ဆေးတင်ပြချက်များအပေါ် မူတည်၍ အရေးယူ နိုင်ရေး ဆက်လက်သွားမည်ဖြစ်ကြောင်း ဖြေကြားအပ်ပါသည်။ တိုင်းဒေသကြီးအစိုးရအဖွဲ့၏(၂ဝ.၇.၂ဝ၁၆) ရက်စွဲပါ စာအမှတ်၊၁/၂-၁၂၃(ဝဝ၅) ဦး၆ဖြင့်သက်ဆိုင်ရာမြို့နယ်အလိုက် မြို့နယ်စီမံခန့်ခွဲရေးကော်မတီဥက္ကဌ၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ၊ မြို့နယ်စာရင်းစစ်အရာရှိ၊ မြို့နယ်သမဝါယမဦးစီးမှူး၊ မြို့နယ် စီမံကိန်းဦးစီးမှူးတို့ ပါဝင်သော စုံစမ်းစစ်ဆေးရေးအဖွဲ့များ ဖွဲ့စည်း၍ မီးလင်းရေးကော်မတီများ၏ ကုန်ကျစရိတ်ငွေစာရင်း ရှင်းတမ်း များအားစစ်ဆေးဆောင်ရွက်ရန်ညွှန်ကြားထားပြီးဖြစ်ပါ ကြောင်းနှင့် စစ်ဆေးတင်ပြချက်များအပေါ် မူတည်၍ အရေးယူ နိုင်ရေး ဆက်လက်သွားမည်ဖြစ်ကြောင်း ဖြေကြားအပ်ပါသည်။

[/symple_accordion_section][/symple_accordion]

 

ဖြေကြားသည့်ဌာန                     –   လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာန

မေးမြန်းသည့်လွှတ်တော်အမတ် −   ဦးမောင်မောင်ဝင်း၊ အမှတ်(၁)မဲဆန္ဒနယ် ဝက်လက်မြို့နယ်

[symple_accordion][symple_accordion_section title=”အကြောင်းအရာ”]

ကျွန်တော်တို့မြို့နယ်တွင် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ လက်ထက်က ကျွန်တော်တို့ စာသင်နေသောကျောင်းကို ပါတီရုံးခန်း ဆောက်ခြင်းနှင့် မြို့နယ်လူထုထံမှ အလှူခံ၍ မြို့နယ်ခန်းမ တည်ဆောက် ခဲ့ကြပါသည်။မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီပျက်သုဉ်းပြီးနောက် အမွေဆက်ခံခဲ့သော တစည ပါတီသည် အမိုးအကာအရံများ မရှိတော့သည့်အခါ ၄င်းတို့ပါတီပိုင်ဆိုင်မှုမရှိဘဲ အမိုးအကာများ ကောင်းသော မြို့နယ်ခန်းမကိုသာ ၄င်းတို့ပါတီနှင့် သက်ဆိုင်ပြီး မြို့နယ်ခန်းမအား ငှားရမ်းခယူ၍ အသုံးပြုခွင့်ပေးထားပါသည်။

ပျက်စီးယိုယွင်းနေသော ယခင်ရုံးခန်းအဆောက်အဦးမှာ အိုးအိမ်မှ ပိုင်ဆိုင်သည်ဟုသိရ ပါသည်။ သို့ဆိုလျှင် ပျက်စီးနေသော အဆောက်အဦးနှင့် မြေနေရာအား မူလပိုင်ရှင်ဖြစ်သည့် အာယုဂဏန အဘယစေတီတော်ပိုင်အဖြစ်ပြန်လည်ပေးလှူနိုင်ခြင်းရှိ/မရှိ သိရှိ လိုပါသည်။မပေးနိုင်ပါက အဘယ့်ကြောင့်ပြန်လည် မပေးနိုင်ကြောင်း သိရှိလိုပါသည်။

ယခင်အလုပ်သမားအစည်းအရုံးပိုင်ဟုဆိုသော သာသနာ့ နယ်မြေပေါ်တွင် တည်ဆောက် ထားသည့် သွပ်မိုးနံကပ်(၃x၃)ခန်း ပတ်လည်အဆောက်အဦးမှာ ယနေ့မည်သူပိုင်ဆိုင်၍ မည်သူမှ ထိန်းသိမ်းစောင့်ရှောက်ထားသည်ကိုလည်း သိရှိလိုပါကြောင်း။

[/symple_accordion_section][symple_accordion_section title=”ဖြေကြားချက်”]

၁။ စစ်ကိုင်းတိုင်းဒေသကြီး ၊ ဝက်လက်မြို့ နယ်ရှိ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီရုံးသည် ယခင်မြန်မာ့ဆိုရှယ်လစ် လမ်းစဉ် ပါတီရုံးအား အမွေခံယူပြီး ဆက်လက်ရပ်တည်ဖွင့်လှစ်ထားသော ရုံးမြေနှင့်အဆောက်အဦးဖြစ်ပါသည်။

၂။ အိုးအိမ်ဦးစီးဌာန၏ ၁၉၈၂ ခုနှစ် ၊ မေလ(၁ဝ)ရက် ၊ စာအမှတ် အခရ/လခ/အအုံ (၁ဝ၁၉)စာပါ လမ်းစဉ်ပါတီ ဗဟိုကော်မတီဌာန ချုပ်၏ လမ်းညွှန်ချက်အရ ပါတီပိုင် အဆောက်အအုံများကို ပြင်ဆင် ထိန်းသိမ်းခြင်းနှင့် ပြုပြင်ခြင်းများပြုလုပ်နိုင်ရန်အတွက် ဆောက်လုပ်ရေး ဝန်ကြီးဌာန ၊ အိုးအိမ်ဦးစီးဌာနသို့ အပြီးအပိုင် လွှဲပြောင်းပေးအပ် ခဲ့ပြီးဖြစ်ပါသည်။

၃။ ဝက်လက်မြို့နယ်ရှိ အဆောက်အဦများအား ပြန်လည် လွှဲပြောင်းပေးနိုင်ရေး တစညပါတီမှ တောင်းခံလာမှုအပေါ် လွှဲပြောင်း ပေးအပ်ခြင်းမပြုနိုင်သေးကြောင်း မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီး ဌာန(ရုံးချုပ်)၏ (၂၄.၁ဝ.၂ဝ၁၂) ရက်စွဲပါ စာအ မှတ်၊နပတ/မအ/ အခရ(နယ်)/ထွေ၂ဝ၁၂ (၄ဝ၅) ဖြင့် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရ အဖွဲ့သို့ အကြောင်း ပြန်ကြားပြီးဖြစ်ပါသည်။

၄။ သို့ပါ၍ ပျက်စီးယိုယွင်းနေသောအဆောက်အဦးမှာ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ လက်ရှိ ပိုင်ဆိုင်လျက်ရှိပြီး မြို့နယ်ရုံးခန်းအား တစည ပါတီမှ အငှားချလုပ်ကိုင် လျက်ရှိကြောင်း၊ ပျက်စီးနေသော အဆောက်အဦနှင့် မြေနေရာသည် ယခင်အမှတ်(၂) အခြေခံပညာကျောင်းမြေနေရာဖြစ်ပါကြောင်းနှင့် ယခင်အလုပ်သမား အစည်းအရုံး ပိုင် သာသနာ့နယ်မြေပေါ်တွင် တည်ဆောက်ထားသည့် သွပ်မိုးနံကပ်(၃x၃) အခန်းပတ်လည် အဆောက်အဦမှာ အိုးအိမ်မှ လက်ရှိပိုင်ဆိုင်လျက်ရှိသော်လည်းတစညပါတီမှ ထိန်းသိမ်း စောင့်ရှောက်ထားပါသည်။

၅။ ယခုအခါ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနသည် မြို့ပြများဖွံ့ဖြိုးတိုးတက်ရေးနှင့် လူနေမှုအဆင့်မြင့်မားရေးအတွက် ဝန်ထမ်းအိမ်ရာများ ၊ တန်ဖိုးသင့်အိမ်ရာများ ၊ တန်ဖိုးနည်းအိမ်ရာများ၊ ပြည်သူ့အငှားအိမ်ရာများ ၊အကောင်အထည်ဖော်ဆောင်ရွက် လျက် ရှိရာ မြေအခက်အခဲကြောင့် နိုင်ငံတော်အစိုးရမှ စီမံခန့်ခွဲနိုင်သော မြေနေရာများတွင် အဓိကဆောင်ရွက်လျက်ရှိပါသဖြင့် နိုင်ငံတော် အစိုးရ ကိုယ်စားထိန်းသိမ်းထားသည့် မြေနှင့်အဆောက်အဦများ ပြန်လည်လွှဲပြောင်းခြင်း မပြုနိုင်သေးကြောင်း ဖြေကြားအပ်ပါသည်။

[/symple_accordion_section][/symple_accordion]

 

ဖြေကြားသည့်ဌာန                     –   လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာန

မေးမြန်းသည့်လွှတ်တော်အမတ် −   ဦးဗိုလ်သိန်း၊ အမှတ်(၁)မဲဆန္ဒနယ် မော်လိုက်မြို့နယ်

[symple_accordion][symple_accordion_section title=”အကြောင်းအရာ”]

မော်လိုက်ခရိုင်၊ မော်လိုက်မြို့နယ်အတွင်း ချင်းတွင်းမြစ်ရေ တိုက်စားမှုကြောင့် ကမ်းပြိုကျနေသော လောင်းကောင်းကျေးရွာ၊ ညောင်ဝန်း ကျေးရွာနှင့် ကြာအင်းကျေးရွာအား မြေထိန်းနံရံ ပြုလုပ်ပေးရန် အစီအစဉ်ရှိ/မရှိ၊ အကယ်၍ရှိပါက ဘယ်နှစ်ခုနှစ်တွင်ပြုလုပ်ပေးမည်ကို သိလိုကြောင်း။

[/symple_accordion_section][symple_accordion_section title=”ဖြေကြားချက်”] မော်လိုက်ခရိုင်၊မော်လိုက်မြို့နယ်အတွင်းချင်းတွင်း မြစ်ကမ်း ဘေးရှိ လောင်းကောင်းကျေးရွာ၊ ညောင်ပင်ဝန်းကျေးရွာနှင့် ကြာအင်း ကျေးရွာများ ချင်းတွင်းမြစ်ရေတိုက်စားမှုအခြေအနေများအား မြစ်ရေပြန်လည်ကျဆင်းချိန်တွင် ကွင်းဆင်းတိုင်းတာစစ်ဆေးပြီး ဆောင်ရွက်သင့်သည့် အစီအမံများရေးဆွဲကာ ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်တွင် ရန်ပုံငွေရရှိရေး လျာထားဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ဖြေကြားအပ်ပါသည်။
[/symple_accordion_section][/symple_accordion]

 

ဖြေကြားသည့်ဌာန                     –   လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာန

မေးမြန်းသည့်လွှတ်တော်အမတ် −   ဦးထန်ခိုဟောက်၊ အမှတ်(၂)မဲဆန္ဒနယ် တမူးမြို့နယ်

[symple_accordion][symple_accordion_section title=”အကြောင်းအရာ”] တမူးခရိုင်၊ ခမ်းပါတ်မြို့၊ ကနန်းကျေးရွာသည် အိမ်ခြေ(၁၃ဝဝ) ရှိပါသည်။ ၂ဝ၁၅ ခုနှစ်၊ ဇူလိုင်လ ရေကြီးရေလျှံဖြစ်ပွားရာ ကနန်းရွာ၏ ကမ်းပါးရေတိုက်စားရာအိမ်ခြေ(၁၂၁)အိမ်ပါသွားခဲ့ပါသည်။ ဤအိမ်မြေ နေရာများသည် သဲကျောက်ပြင်ဖြစ်သွားလျက်ရှိပါသည်။ နောက်ထပ် ရေကြီးရေလျှံဖြစ်လာပါက ကမ်းပါးဆက်တိုက်စားပြီး ကနန်းကျေးရွာ ပျက်စီးမည့်အခြေအနေသို့ရောက်ပါသည်။ ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာရေးနှစ် တွင်ကနန်းချောင်းရေကာကွယ်မှုလုပ်ငန်းအတွက်(၁၈၂)သန်း ပြည်ထောင်စုအစိုးရအဖွဲ့မှ ဆောင်ရွက်ရန်ညွှန်ကြားထားသော်လည်း ရံပုံငွေမရှိသေးပါ၍ဆောင်ရွက်ပေးခြင်းမရှိခဲ့ချေ။ ဤသို့ ရေထိန်း နံရံကာခြင်း၊ ရေကာတာဆောက်လုပ်ခြင်းမပြုလုပ်ပါက အမြဲစိုးရိမ်နေရ သည့် အခြေအနေရှိပါသည်။ ကနန်း ကျေးရွာအနေဖြင့် ရေကာတာ အတွက် ကော်မတီဖွဲ့၍ အလှူခံရာကျပ်(၂ဝဝ)သိန်းရရှိပြီး ကိုယ်ထူ ကိုယ်ထ နှင့် ရေကာတာ တည်ဆောက်ဆောင်ရွက်သော်လည်း ၂ဝ၁၆ ခုနှစ်၊ ဇွန်လရေကြီးရေလျှံ ဖြစ်ခဲ့ရာ အရာမရောက်ဖြစ်ခဲ့ပါသည်။

ရေထိန်းနံရံရေကာတာလုပ်ရမည့်အရှည်မှာ ပေ(၇၈၈ဝ)ပေ (၁.၅)မိုင်နီးပါးရှည်လျားပြီး ကိုယ်ထူကိုယ်ထနှင့်ဆောင်ရွက်နိုင်ခြင်း လုံးဝမဖြစ်နိုင်ခြင်းကိုလည်းတင်ပြလိုပါသည်။ ကနန်းချောင်းသည် ကနန်း ကျေးရွာထက်အမြင့်တွင်ရှိသော ချောင်းရေဖြစ်သဖြင့် ရေကြီးရေလျှံဖြစ်လာပါက ကျေးရွာပြည်သူများစိုးရိမ်ကြောက်လန့်ပြီး မိမိတို့အိမ်တွင် မအိပ်ရဲသည့်အခြေအနေထိရောက်ရှိနေပါသည်။ သို့ဖြစ်ပါ၍ ရေထိန်းနံရံနှင့် ရေကာတာအတွက်လုပ်ကိုင်ဆောင်ရွက်ပေးမည်ကို  အစီအစဉ် ရှိ/မရှိ သိရှိလိုပါကြောင်း။

[/symple_accordion_section][symple_accordion_section title=”ဖြေကြားချက်”]

တမူးခရိုင်၊ ခမ်းပါတ်မြို့၊ ကနန်ကျေးရွာ ကမ်းပြိုကာကွယ် ရေးအတွက် ရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ ကွင်းဆင်းတိုင်းတာ စစ်ဆေးပြီး ဆောင်ရွက်သင့်သည့် အစီအမံများရေးဆွဲပြီး ဖြစ်ပါ သည်။သံခြင်းအခြေပြုကျောက်စီမြေထိန်းနံရံ (၉၈၄)ပေ တည်ဆောက် ခြင်းအတွက် ကျပ်(၁၈၂.ဝဝ)သန်းကို စစ်ကိုင်းတိုင်းဒေသကြီးအစိုးရ အဖွဲ့၏ ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာရေးနှစ် (BE)တွင် ပါဝင်ခြင်းမရှိပါ၍ ဖြည့်စွက်ငွေလုံးငွေရင်းရန်ပုံငွေရရှိရေးဆောင်ရွက်သွားမည်ဖြစ်ပါသည်။

ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ (၂ဝ၁၆) ခုနှစ်၊ဇွန်လအတွင်း ကနန်ကျေးရွာတောင်သူများ၏ စိုက်ဧက (၂ဝဝဝ)သို့ ရေပေးဝေသည့်ယောက်ပီးဆည်တူးမြောင်း ပြုပြင်ပေး ခဲ့ပါသည်။ကနန်ချောင်း(နမ့်ပါလောချောင်း)ရေတိုက်စားမှုကြောင့် ယောက်ပီးဆည်မြောင်းဘောင်သည် အလျားပေ(၂ဝဝဝ) ခန့်ပြတ်ပါ သွားပါသည်။၎င်းတူးမြောင်းအပိုင်းကိုအမြင့်(၆)ပေထိပ်ဝ အကျယ် ပေ (၄ဝ)ရှိ မြေသားတာဘောင်ပြန်ဖို့ပေးခဲ့ပြီး မြောင်းဘောင် အလျား ပေ(၁၆ဝ)ကိုကျောက်ရိုးစီပေးခြင်းဆောင်ရွက်ခဲ့ပါသည်။၎င်းတူးမြောင်း မြေသားဘောင်ပေ(၂ဝဝဝ)မှ ကနန်ကျေးရွာကိုလည်း အထိုက်အလျောက် ချောင်းရေတိုက်စားမှုမှကာကွယ်ပေးမည်ဖြစ်ပါကြောင်း ဖြေကြားအပ်ပါသည်။

[/symple_accordion_section][/symple_accordion]

 

ဖြေကြားသည့်ဌာန                     –   လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာန

မေးမြန်းသည့်လွှတ်တော်အမတ် −   ဦးသောင်းမြင့်၊ အမှတ်(၁)မဲဆန္ဒနယ် တမူးမြို့နယ်

[symple_accordion][symple_accordion_section title=”အကြောင်းအရာ”] မြင်းမူမြို့နယ်၊ မူးဝရွာထောင်ကျေးရွာအုပ်စု၊ မူးဝကျေးရွာသည် အိမ်ခြေ(၇၅)၊ လူဦးရေ (၃၉ဝ)ခန့်ရှိသော ကျေးရွာတစ်ရွာဖြစ်ပါတယ်။ မူးဝကျေးရွာသည် မူးမြစ်ကမ်းနှင့် ပေ(၁ဝဝဝ)ခန့် နယ်နိမိတ်ဆက်စပ် လျှက်ရှိပါတယ်။ နှစ်စဉ်မူးမြစ်ရေမြင့်တက်ပြီး ရေကြီးရေလျှံမှုဖြစ်ချိန်တွင် မူးမြစ်ကမ်းပြိုပြီး အိမ်များရွှေ့ပြောင်းခဲ့ရပါသည်။ မူးဝကျေးရွာ ဒေသခံ များမှ ကမ်းပြိုမှုကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်ပေးရန် မျှော်လင့် လျှက် ရှိကြပါတယ်။

သို့ဖြစ်ပါ၍ မူးမြစ်ကမ်းပြိုမှုကာကွယ်ရေးလုပ်ငန်းဆောင်ရွက် ပေးရန်အစီအစဉ်ရှိ/မရှိနှင့် အစီအစဉ်ရှိပါကမည်သည့် အချိန်ကာလတွင် ဆောင်ရွက်ပေးမည်ကိုသိရှိလိုပါကြောင်း။

[/symple_accordion_section][symple_accordion_section title=”ဖြေကြားချက်”] မြင်းမူမြို့နယ်၊ မူးဝရွာထောင်ကျေးရွာအုပ်စု၊ မူးဝကျေးရွာ တွင် တည်ထားကိုးကွယ်သော လောကမာရဇိန်စေတီတော်အနီး မူးမြစ်ကမ်းပြိုကာကွယ်ရေးအတွက် ရေအရင်းအမြစ်နှင့်မြစ်ချောင်း များ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရ အဖွဲ့ငွေလုံးငွေရင်းရန်ပုံငွေဖြင့် (၂ဝ၁၃-၂ဝ၁၄) ဘဏ္ဍာရေးနှစ်တွင် ကျောက်စီ မြေထိန်းနံရံ အလျား (၁၃၆)ပေအား အောက်ပါလုပ်ငန်း များဆောင်ရွက်ပေးခဲ့ပါသည်-
– (၂ဝ၁၄-၂ဝ၁၅) ဘဏ္ဍာရေးနှစ်တွင် Stone Gabion       Box နံရံအလျား (၁ဝ၄)ပေ
– (၂ဝ၁၅-၂ဝ၁၆) ဘဏ္ဍာရေးနှစ်တွင် Stone Gabion       Box နံရံနှင့် ကျောက်စီမြေထိန်းနံရံအလျား (၇၅)ပေ
– (၂ဝ၁၆-၂ဝ၁၇) ဘဏ္ဍာရေးနှစ် (ရက်တစ်ရာ)တွင် Stone Gabion       Box နှင့် ကျောက်စီထောက်များ တည်ဆောက်ခြင်း အလျား(၇၅)ပေ
အထက်ပါလုပ်ငန်းများ ဆောင်ရွက်ခြင်းဖြင့် မူးဝကျေးရွာ၊ လောကမာ ရဇိန်စေတီတော်အနီး မူးမြစ်ရေတိုက်စားခြင်းအား ကာကွယ်ပေးခဲ့ပါသည်။

မေးခွန်းတွင်ဖော်ပြပါရှိသောနေရာများသည် လောကမာရ ဇိန်စေတီတော်၏ အထက်ဘက် မူးဝကျေးရွာကမ်းပါးရှိနေရာများ ဖြစ်ပါသည်။ အဆိုပါနေရာများ ကမ်းပြိုကာကွယ်ရေးအတွက် အကြိုအင်ဂျင်နီယာတိုင်းတာရေး လုပ်ငန်းများကို ၂ဝ၁၆ခုနှစ်၊ ဇူလိုင်လအတွင်း ဆောင်ရွက်ခဲ့ပြီးဖြစ်ပါသည်။ တိုင်းတာရေး အချက်အလက်များကို အခြေခံ၍ ရေလမ်းမြေပုံများ၊ ဖြတ်ပိုင်းပုံ များ ရေးဆွဲဆောင်ရွက်လျက်ရှိပြီး ရရှိသောမြေပုံများ၊ ဖြတ်ပိုင်းပုံ များအပေါ်တွင် သင့်လျော်သော ကမ်းပြိုကာကွယ်ရေးအစီအမံ များ ရေးဆွဲတွက်ချက်ဆောင်ရွက်မည်ဖြစ်ကြောင်းနှင့်ရန်ပုံငွေရရှိမှု အပေါ် တွင် မူတည်၍ ကမ်းပြိုကာကွယ်ရေးအစီအမံများဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဖြေကြားအပ်ပါသည်။
[/symple_accordion_section][/symple_accordion]

 

ဖြေကြားသည့်ဌာန                     –   လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာန

မေးမြန်းသည့်လွှတ်တော်အမတ် −   ဒေါ်စုမြတ်ထက်၊ အမှတ်(၂)မဲဆန္ဒနယ် စစ်ကိုင်းမြို့နယ်

[symple_accordion][symple_accordion_section title=”အကြောင်းအရာ”]

စစ်ကိုင်းမြို့နယ်၊ ကိုင်းပြင်၊ ဥယျာဉ်၊ မြင်းဆည်၊ မြင်းသာကျေးရွာ များ ကမ်းပြိုသည့်ကိစ္စအား တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် မည်သို့ စီမံဆောင်ရွက်ပေးသွားမည်ကို သိရှိလိုကြောင်း၊
စစ်ကိုင်းမြို့နယ်၊ ကိုင်းပြင်၊ ဥယျာဉ်၊ မြင်းဆည်၊ မြင်းသာကျေးရွာ များ၌ ယခုဧရာဝတီမြစ်ရေကြီးချိန်ကာလများတွင် ရေတိုက်စားမှုကြောင့် အလျားပေ(၃ဝဝဝ)ကျော် ပေ(၄ဝဝဝ)ခန့်တွင် အနံပေ(၂ဝ)ခန့် ကမ်းပါး ပြိုသည့်အတွက် (၄)ခန်းပတ်လည်(၂)ထပ် သွပ်မိုးထရံကာနေအိမ် အပါ အဝင် နေအိမ်(၁ဝ)လုံးမှာ ၎င်းတို့နှင့်နီးစပ်ရာဆွေမျိုးများ၏နေအိမ်သို့ ရွှေ့ပြောင်းခဲ့ကြရပြီးဖြစ်ပါသည်။နှစ်စဉ်နှစ်တိုင်း ထိုကဲ့သို့ကမ်းပြိုသည့် အန္တရာယ်ကြုံတွေ့ခံစားနေရသည့်အတွက် ကျေးရွာနေပြည်သူတို့၏ အသက်အိုးအိမ်စည်းစိမ်လုံခြုံမှုရှိစေရန် တိုင်းဒေသကြီးအစိုးရအဖွဲ့ အနေဖြင့် မည်ကဲ့သို့သောနည်းလမ်းဖြင့် ကူညီဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း။

[/symple_accordion_section][symple_accordion_section title=”ဖြေကြားချက်”] စစ်ကိုင်းမြို့နယ် ကိုင်းပြင်၊ ဥယျာဉ်၊ မြင်းဆည်၊ မြင်းသာ ကျေးရွာများသည် ဧရာဝတီမြစ်ကမ်းတွင်တည်ရှိပြီး ရွာခြေတွင် ရေနက်ကြောင်းကပ်လျက် စီးဆင်းခြင်းကြောင့် ရွာကမ်းပါးမြေများမှာ ရေတိုက်စားမှုဒဏ်ကို ခံနိုင်ရည်ရှိသော မြေအမျိုးအစားများ ဖြစ်သော်လည်း အချိန်ကာလကြာမြင့်စွာ ရေတိုက်စားမှုကြောင့် ကမ်းပြိုရခြင်းဖြစ်ပါသည်။
ဖော်ပြပါကျေးရွာများကမ်းပြိုကာကွယ်ရေးအတွက် ယခုနှစ်ဧရာဝတီမြစ်ရေကျချိန်တွင် ကွင်းဆင်းတိုင်းတာရေး လုပ်ငန်းများဆောင်ရွက်ပြီးရရှိသော အချက်အလက်များကို အခြေခံ၍ တွက်ချက်ပြီး ဆောင်ရွက်သင့်သည့်အစီအမံများကို ရေးဆွဲဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဖြေကြားအပ်ပါသည်။
[/symple_accordion_section][/symple_accordion]

 

ဖြေကြားသည့်ဌာန                     –   လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာန

မေးမြန်းသည့်လွှတ်တော်အမတ် −   ဦးခင်မောင်ထွန်း၊ အမှတ်(၂)မဲဆန္ဒနယ် ဖောင်းပြင်မြို့နယ်

[symple_accordion][symple_accordion_section title=”အကြောင်းအရာ”] ဖောင်းပြင်မြို့နယ်၊ မောက်ပလင်းအုပ်စု၊ ဟဲနိမ့်ကျေးရွာသည် အိမ်ခြေ(၁၄၅)အိမ်၊ လူဦးရေ(၉၈၈)ဦးရှိကျေးရွာဖြစ်ပါသည်။ ၂ဝ၁၅ ခုနှစ်မှ စတင်၍ချင်းတွင်းမြစ်ရေတိုက်စားမှုကြောင့် စပါးကျည်(၂)လုံး၊ လူနေအိမ်(၁)လုံးပြောင်းရွှေ့ဖျက်သိမ်းခဲ့ရပါသည်။ ၂ဝ၁၆ ခုနှစ်၊ ဇူလိုင်လအတွင်း မြစ်ရေကြီးမှုကြောင့် လူနေအိမ်(၁)လုံးပြောင်းရွှေ့ခြင်းနှင့် မြစ်ကမ်းပါးအနီးလူနေအိမ်(၂ဝ)လုံးခန့်သည် မြစ်ကမ်းပါးနှင့်(၁ဝ)ပေ၊ (၂ဝ)ခန့်အကွာတွင်ရှိနေပါသည်။

မောက်ပလင်းအုပ်စု၊ ကွမ်းတောရွာသည်လည်း အိမ်ခြေ(၂၂၃) အိမ်၊ လူဦးရေ(၁၂ဝ၁)ဦး နေထိုင်လျက်ရှိပါသည်။ ၂ဝ၁၄ မှ ၂ဝ၁၆ ခုနှစ် အတွင်း မြစ်ကမ်းပါးပြိုမှုကြောင့် လူနေအိမ်(၇)လုံး ပြောင်းရွှေ့ဖျက်သိမ်းမှု ရှိခဲ့ပါသည်။
ရေအောက်တောင်းအုပ်စု၊ ရေအောက်တောင်းကျေးရွာသည် မြစ်၏အောက်ဖက်ရွာဟောင်းရှိပါသည်။ ၄င်းရွာဟောင်းသည် ၁၉၇၆ ခုနှစ်၊ ဇူလိုင်လ(၈)ရက်မှ (၁၉)ရက်နေ့ထိ ရေကြီးမှု ကြောင့် ရွာပျက်၍ ရွာသစ်နေရာသို့ ပြောင်းရွှေ့ရသောကျေးရွာဖြစ်ပါသည်။ အိမ်ခြေ(၂၉ဝ) အိမ်၊ လူဦးရေ (၁၈၄၄)ဦးရှိရွာကြီးဖြစ်ပါသည်။ ယခုအခါ ရဲစခန်းအနီးနှင့် ရွာဦးထိပ် မြစ်ကမ်းပါးများသည် ပြိုကျလျှက်ရှိနေပါသည်။

ချင်းတွင်းမြစ်အရှေ့ဘက်ကမ်း ကရားအုပ်စု၊ ကရားရွာသည် အိမ်ခြေ (၂၈၁)အိမ်၊ လူဦးရေ (၁၈၆၃)ဦးရှိပြီး သာသနိက အဆောက်အဦး(၅)ခု အထက(ခွဲ)ကျောင်းဆောင်(၃)ခု၊ ကျေးလက် ကျန်းမာရေး  ဌာနအဆောက်အဦး(၃)ခု၊ စာကြည့်တိုက်(၁)ခု၊ အုပ်ချုပ်ရေးမှူးရုံး(၁)ခုရှိသောရွာကြီးဖြစ်ပါသည်။ ယခုအခါမြစ်ရေ တိုက်စားမှုကြောင့် လူနေအိမ်နှင့် (၅)ပေခန့်အကွာ မြစ်ကမ်းပါးနှင့်နီးနေ ပါသည်။ အထက်ဖော်ပြပါကျေးရွာ(၄)ရွာတွင် လက်ရှိလူနေအိမ်အချို့ ပြောင်းရွှေ့ရသောရွာနှင့် နောက်ထပ် ဖျက်သိမ်းရသော အိမ်များရှိသည့် ရွာရှိနေခြင်းကြောင့် လူမှုစီးပွားဘဝများထပ်မံဆုံးရှုံးမှုမရှိစေရန် မြစ်ကမ်း ပါးမြေထိန်းနံရံများပြုလုပ်ကာကွယ်မှုပေးပါရန်နှင့် မြစ်ကမ်းပါးမြေထိန်း နံရံများပြုလုပ်ပေးမည်ဆိုပါက မည်သည့်အချိန် မည်သည့်ဘဏ္ဍာရေးနှစ် တွင် ပြုလုပ်ပေးမည်ကို သိရှိလိုပါကြောင်း။

[/symple_accordion_section][symple_accordion_section title=”ဖြေကြားချက်”] ဖောင်းပြင်မြို့နယ်၊ မောက်ပလင်းအုပ်စု၊ ဟဲနိမ့်ကျေးရွာ၊ ကွမ်းတာကျေးရွာ၊ရေအောက်တောင်းအုပ်စု၊ ရေအောက်တောင်းကျေးရွာ၊ ချင်းတွင်းမြစ်အရှေ့ဘက်ကမ်း ကရားအုပ်စု၊ ကရားရွာမှာ ကမ်းပြိုခြင်း ဖြစ်စဉ်များနှင့်ပတ်သက်၍ ချင်းတွင်း မြစ်ရေများ ချိန်ကာလများတွင် ပုံမှန်အားဖြင့် ဖြစ်ပေါ်တတ် သော ကမ်းပြိုမှုဖြစ်စဉ်များဖြစ်ပါသည်။

ဖော်ပြပါကျေးရွာများ ကမ်းပြိုကာကွယ်ရေးအတွက် ဆောင်ရွက်သင့်သည့် အစီအမံများရေးဆွဲနိုင်ရန် လိုအပ်သော ကွင်းဆင်းတိုင်းတာရေးလုပ်ငန်းများကို ယခုနှစ် ချင်းတွင်းမြစ်ရေ ကျချိန်တွင် ဆောင်ရွက်ပြီး ရရှိလာသော အချက်အလက်များကို အခြေပြု၍ ကမ်းပြိုကာကွယ်ရေး စီမံချက်များရေးဆွဲ တွက်ချက်ပြီး ရန်ပုံငွေရရှိရေးဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းနှင့် ရန်ပုံငွေရရှိမှု အပေါ် မူတည်၍ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ဖြေကြားအပ်ပါသည်။
[/symple_accordion_section][/symple_accordion]