လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာန ကတိကဝတ်ပြုခဲ့သည့် ကြယ်ပွင့်ပြမေးခွန်းနှင့် အဖြေများစာရင်း

ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် တတိယပုံမှန်အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ်များမှ
ပေးပို့လာသော ကြယ်ပွင့်ပြမေးခွန်းအပေါ် ဖြေကြားချက်များ

ဖြေကြားသည့်ဌာန                     –   လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာန

မေးမြန်းသည့်လွှတ်တော်အမတ် −   ဦးစိုးဝင်းထွန်း၊ အမှတ်(၂)မဲဆန္ဒနယ် ဝက်လက်မြို့နယ်

[symple_accordion][symple_accordion_section title=”အကြောင်းအရာ”] အုန်းတောခွဲရုံ (၃၃)ကေဗီဓါတ်အားလိုင်းသည် ဆားတောင်၊ ဝက်လက်၊ အရာတော်၊ ရွှေဘို များအပါအဝင်အခြားမြို့များသို့လည်း လျှပ်စစ်ဓါတ်အားဖြန့်ဖြူးခွဲဝေနေသည်ဟုသိရပါသည်။ ထိုသို့ခွဲဝေ ရာတွင် အုန်းတော-ဆားတောင်သည် (၂၁)မိုင်၊ ဆားတောင်-ဝက်လက် သည်(၂၂)မိုင်၊ ရွာသာကြီး (ဝက်လက်)-အရာတော်(၁၈)မိုင်၊ ဝက်လက်-ရွှေဘိုသည်(၂၂)မိုင်စသည်ဖြင့် မိုင်အလျားရှည်စွာ လျှပ်စစ် ဓါတ်အား ဖြန့်ဖြူးခွဲဝေပေးနေပါသည်။

ယခုအခါ နိုင်ငံဖွံ့ဖြိုးလာမှုနှင့်အတူ ကျေးရွာနှင့်မြို့များ ပါမကျန် လျှပ်စစ်ဓါတ်အား ခွဲဝေ ဖြန့်ဖြူးနေမှုများရှည်လျားစွာ လျှပ်စစ် ဓါတ်အားလိုင်းများလျောက်လှမ်းနေရမှုများကြောင့် ယခင်ကလို ဗို့အား ပြည့်ဝစွာ မရရှိခြင်းသည် သိသာစွာဖြစ်ပေါ်လာခဲ့ပါသည်။ လျှပ်စစ် စွမ်း အင်သည် ယနေ့လိုဖွံ့ဖြိုးတိုးတက်နေသောခေတ်ကြီးတွင် အရေး ပါသော အခန်းကဏ္ဍမှ ပါဝင်နေပါသည်။ ယခုကဲ့သို့ လျှပ်စစ် ဗို့အား ပြည့်ဝစွာမရရှိခြင်းကြောင့် ပါဝါမီတာဖြင့် အသုံးပြုနေသော ဆန်စက် ကြီးများ၊ ဆီစက်ကြီးများနှင့် အခြားစက်မှုက@များတွင် များစွာအခက် အခဲကြုံတွေ့နေရပါသည်။

သို့ဖြစ်ပါ၍ လျှပ်စစ်ဗို့အားပြည့်မီစွာရရှိနိုင်ရန် အုန်းတော(၃၃) ကေဗီဓါတ်အားခွဲရုံကဲ့သို့ ဓါတ်အားခွဲရုံတစ်ရုံ ရွှေဘိုမြို့နှင့် အနီး တစ်ဝိုက်တွင်တည်ဆောက်ပေးနိုင်ရန် အစီအစဉ်ရှိ/မရှိ နှင့် အစီအစဉ် ရှိပါက မည်သည့်အချိန်၊ မည်သည့်နေရာတွင် အကောင်အထည်ဖော် ဆောင်ရွက်မည်ကို သိရှိလို ပါကြောင်း။
[/symple_accordion_section][symple_accordion_section title=”ဖြေကြားချက်”] ၂၃ဝကေဗွီ အုန်းတောပင်မ ဓာတ်အားခွဲရုံမှ၃၃ကေဗွီ ဓာတ်အားလိုင်းဖြင့် ဆားတောင်၊ ဝက်လက်၊ အရာတော်၊ ရွှေဘိုမြို့ များသို့ စုစုပေါင်း(၃၃)ကေဗွီလိုင်း မိုင်(၉၈.၅၅) မိုင်ဖြင့် ဓာတ်အား ဖြန့်ဖြူးပေးထားလျှက်ရှိပါသည်။
ဆားတောင်၊ ဝက်လက်၊ အရာတော်၊ ရွှေဘိုမြို့ပေါ် ရပ်ကွက်၊ ကျေးရွာများနှင့် စက်မှုလုပ်ငန်းများတွင် ဗို့အားပြည့်ဝစွာဖြင့် ဓာတ်အားဖြန့်ဖြူးပေးနိုင်ရန်အတွက် ရွှေဘို-မြစ်ကြီးနားဗျူဟာ လမ်းအနီးတွင် အုန်းတောပင်မဓာတ်အားခွဲရုံမှ (၂၃ဝ)ကေဗွီလိုင်း (၉ဝ)မိုင်တည်ဆောက်ခြင်း၊ (၂၃ဝ/၃၃/၁၁)ကေဗွီ (၂x၅ဝ)အမ်ဗွီအေ ရွှေဘိုဓာတ်အား ခွဲရုံအား ပြည်ထောင်စုရံပုံငွေဖြင့် UREC ကုမ္ပဏီသို့အပ်နှံပြီး ၂ဝ၁၉ခုနှစ် အတွင်းအပြီး တည်ဆောက်ရန် လျာထားပြီး ဖြစ်ပါသည်။

၄င်းအပြင် ဓာတ်အားစနစ်ပိုမိုကောင်းမွန်စေရန် ၃၃ ကေဗွီ အုန်းတော-ဆားတောင်လိုင်းပေါ်မှ ဝက်လက်မြို့နယ် စိုင်နိုင်ကွေ့ ကျေးရွာသို့ ၃၃ ကေဗွီလိုင်း ဝ.၂မိုင် တည် ဆောက်ခြင်းနှင့် ၃၃/၁၁ ကေဗွီ(၅)အမ်ဗွီအေဓာတ်အားခွဲရုံ တည်ဆောက်ခြင်းတို့အား JICA Phase II  အစီအစဉ်ဖြင့် ၂ဝ၁၇-၂ဝ၁၈ခုနှစ်တွင် ဆောင်ရွက်သွားရန် လျာထားပြီးဖြစ်ပါကြောင်း ဖြေကြားအပ်ပါသည်။
[/symple_accordion_section][/symple_accordion]

 

ဖြေကြားသည့်ဌာန                     –   လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာန

မေးမြန်းသည့်လွှတ်တော်အမတ် −   ဒေါ်နီလာလွင်၊ အမှတ်(၂)မဲဆန္ဒနယ်  မြင်းမူမြို့နယ်

[symple_accordion][symple_accordion_section title=”အကြောင်းအရာ”] စစ်ကိုင်းတိုင်းဒေသကြီး၊ မြင်းမူမြို့နယ်၊ ကျွဲရိုက်ကျေးရွာအုပ်စု၊ လက္ကပင် ရွာသည် မြို့နယ်၏တောင်ဘက်ခြမ်း ဧရာဝတီမြစ်ဘေးတွင် တည်ရှိပြီး အိမ်ခြေ(၂၉၂)၊ အိမ်ထောင်စု(၂၉၇)၊ လူဦးရေ (၁၄ဝ၄)ရှိပြီး ဆည်မြောင်း ဦးစီးဌာနမှ တည်ဆောက်ထားသည့် လက္ကပင်တာဘောင်၏ ကြားတွင် တည်ရှိပါသည်။

မြင်းမူမြို့နယ်နှင့် မြောင်မြို့နယ်တို့မှာ မြစ်ကမ်းဘေးကျေးရွာများ ဖြစ်သည့်အတွက် မိုးရာသီ ရေကြီးချိန်တွင် ကမ်းပါးပြိုကျမှု၊ ရေတိုက်စားမှု မှာ မြစ်ကမ်းတစ်လျှောက်ကျေးရွာများ နှစ်စဉ်ကြုံတွေ့နေရပါသည်။ (၃-၇-၂ဝ၁၆)ရက်နေ့တွင် မြစ်ရေတိုက်စားမှုကြောင့် လက္ကပင်ကျေးရွာ ကမ်းနားဘက်တွင်(၁ဝဝ ပေ ၂ဝ ပေ)နှင့် (၁၅ဝ ပေ ၃ဝ ပေ)ခန့် (၂)နေရာ မြစ်ကမ်း ပြိုကျမှုဖြစ်ခဲ့ပြီးကမ်းနားနှင့်နီးကပ်သည့် သက်ကယ်မိုး၊ ထရံကာနေအိမ်(၅)လုံးအား အန္တရာယ်မဖြစ်စေရန်ကြိုတင် ရွှေ့ပြောင်း နေထိုင်ရပါသည်။

ဧရာဝတီမြစ်ကမ်းဘေး၌တည်ရှိသော မြင်းမူမြို့နယ်၊ မြောင် မြို့နယ်တို့မှ မြစ်ကမ်းဘေး၌ တည်ရှိသော ကျေးရွာများအား ကမ်းပါးပြိုမှု ကာကွယ်ရေးအစီအစဉ်ဖြင့် ရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှကျွမ်းကျင်သူများစေလွှတ်၍ မြစ်ကမ်းထိန်းသိမ်း ခြင်း လုပ်ငန်းများဆောင်ရွက်ပေးရန်လိုအပ်ပါကြောင်း တင်ပြအပ်ပါသည်။

သို့ဖြစ်ပါ၍ အစိုးရအဖွဲ့သည် ဧရာဝတီမြစ်ကမ်းတစ်လျှောက်ရှိ မြင်းမူမြို့နယ်၊ မြောင်မြို့နယ်အတွင်းရှိ မြစ်ကမ်းဘေးနေထိုင်သော ကျေးရွာများမှာ မြစ်ရေတိုက်စားခြင်းကြောင့် ပျက်စီးသွားသော ကမ်းပါး များနှင့်ရေစီးကြောင်းကြောင့်ပျက်စီးနိုင်သော ကမ်းပါးပြိုမှုများကို ထိန်းသိမ်း နိုင်ရန် မြေထိန်းနံရံများ ရေကာတာများဆောက်လုပ်ပေးရန် အစီ အစဉ်ရှိ/မရှိ အစီအစဉ်ရှိပါက မည်သည့်အချိန်ကာလတွင် မည်ကဲ့သို့ ဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း။

[/symple_accordion_section][symple_accordion_section title=”ဖြေကြားချက်”] စစ်ကိုင်းတိုင်းဒေသကြီး၊ မြင်းမူမြို့နယ်၊ ကျွဲရိုက်ကျေးရွာ အုပ်စု၊ လက္ကပင်ရွာ ကမ်းပြိုကာကွယ်ရေးအတွက် ရှင်ပင်ချမ်းသာ စေတီတော် အနီးတွင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ (၂ဝ၁၄-၂ဝ၁၅) ဘဏ္ဍာရေးနှစ်ရန်ပုံငွေဖြင့် ကျောက်စီမြေထိန်း တမံအလျား (၂၇၅)ပေ တည်ဆောက်ပေးခဲ့ပါသည်။ ကျောက်စီ မြေထိန်းတမံများ တည်ဆောက်ပေးခဲ့ခြင်း၊ လက္ကပင်ရွာ ရှင်ပင်ချမ်းသာရ စေတီတော် အနီးတွင် ဧရာဝတီမြစ် ကမ်းပြိုမှုကို လုံလောက်စွာ ကာကွယ်ပေးနိုင်ခဲ့ ပါသည်။
ရှင်ပင်ချမ်းသာရစေတီတော်၏ အထက်ဘက် လက္ကပင်ကျေးရွာ ကမ်းပါးတစ်လျှောက် ကမ်းထိန်းလုပ်ငန်း မဆောင်ရွက်ရသေးသော အလျား (၇ဝဝ)ပေခန့် နေရာများ ကမ်းပြိုကာကွယ်ရေး အတွက် လိုအပ်သော ကမ်းပြိုကာကွယ်ရေးအစီအမံများ ဆောင်ရွက်ပေးနိုင်ရန် အကြိုအင်ဂျင်နီယာတိုင်းတာရေး လုပ်ငန်းများကို လာမည့် ဧရာဝတီ မြစ်ရေနည်းချိန်တွင် ဆောင်ရွက်ပြီး သင့်လျော်သော ကမ်းပြိုကာကွယ်ရေး အစီအမံများ ရေးဆွဲတွက်ချက်ပြီး ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း နှင့် ရန်ပုံငွေရရှိမှု အပေါ်မူတည်၍ ကမ်းပြို ကာကွယ်ရေး အစီအမံ များ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဖြေကြားအပ်ပါသည်။
[/symple_accordion_section][/symple_accordion]

 

ဖြေကြားသည့်ဌာန                     –   လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာန

မေးမြန်းသည့်လွှတ်တော်အမတ် −   ဦးလှိုင်မြင့်၊ အမှတ်(၂)မဲဆန္ဒနယ် မော်လိုက်မြို့နယ်

[symple_accordion][symple_accordion_section title=”အကြောင်းအရာ”] မော်လိုက်မြို့နယ်၊ လောသာကျေးရွာအုပ်စု၊ အင်းတော်ကျေးရွာ ဒေသတွင်လက်ရှိလုပ်ကိုင်လျက်ရှိသော အင်းတော်သမအသင်း ရေနံတွင်းများသည် မြန်မာနိုင်ငံလွတ်လပ်ရေးမရမီ အဂင်္လိပ်ကိုလိုနီ ခေတ် ကတည်းက အစဉ်အဆက်တည်ရှိလာခဲ့သော ရေနံတွင်းများဖြစ်ပါသည်။

၁၉၆၂ ခုနှစ်တွင် အဆိုပါရေနံတွင်းများသည် ပြည်သူပိုင်ဖြစ်လာ ခဲ့ပြီးသည့်နောက်ပိုင်း ကာလများတွင်မြန်မာနိုင်ငံ၏တစ်ခုတည်းသော အင်းတော်ရေနံမြေကုန်ထုတ်လုပ်မှုသမဝါယမအသင်းဖြစ်လာခဲ့ပါသည်။ ခေတ်အဆက်ဆက်တည်ရှိလာခဲ့သော အဆိုပါရေနံတွင်း များသည် ဒေသခံပြည်သူများနှင့် အထက်ချင်းတွင်းဒေသတခွင်ရှိ မြို့နယ် ပြည်သူများကို အထိုက်အလျောက်အကျိုးဖြစ်ထွန်းစေခဲ့ပါသည်။ ရေနံနှင့် ရေနံချေးကို ပြည်သူအများဝယ်ယူသုံးစွဲခွင့်ရရှိခဲ့ကြပါသည်။

(နဝတ)အစိုးရခေတ်နှောင်းပိုင်းကာလတွင်(မယက)မှ ရေနံကို ခွဲတမ်းစနစ်ဖြင့်ချုပ်ကိုင် ဆောင်ရွက်ခဲ့ပါသည်။ ထိုခေတ်ကာလမှသည် ယနေ့ထက်တိုင် ပွင့်လင်းမြင်သာမှုအားနည်းသဖြင့် အင်းတော်ရေနံတွင်း များမှ တစ်ရက်လျှင် ရေနံဂါလံအတိအကျမည်မျှထွက်ရှိသည်ကိုပင် ဒေသခံပြည်သူလူထုအနေဖြင့် အသိရခက်သည့်အခြေအနေဖြစ်ပါသည်။ သည့်နောက်ပိုင်းတွင် ရေနံခွဲတမ်းစနစ်ပျက်သွားခဲ့ပြီး ရေနံမြေကို ကမကထပြုသော အင်းတော်သမအသင်း ဥက္ကဋ္ဌ၊အုပ်ချုပ်ရေးဆိုင်ရာ ပုဂ္ဂိုလ်အချို့နှင့်မြို့နယ်တွင်ငွေကြေးသြဇာရှိသူ လူတစ်စုကသာ လွှမ်းမိုး ချုပ်ကိုင်၍ လုပ်ကိုင်လျက်ရှိကြပါသည်။

ဒေသထွက်ရေနံနှင့် ရေနံချေးကို ဒေသခံပြည်သူများဝယ်ယူသုံးစွဲ ခွင့်မရကြတော့သည်မှာ နှစ်ကာလအတော်ကြာမြင့်ခဲ့ပြီဖြစ်ကြောင်း အများအသိပင်ဖြစ်ပါသည်။ ဒေသခံပြည်သူအများလုံးဝအကျိုးခံစားခွင့် မရကြသော်လည်း လက်ချိုးရေတွက်၍ရသော လူနည်းစုကသာ အင်းတော်ရေနံမြေတစ်ခုလုံး၏ရေနံတွင်းများကိုအမှီပြု၍ ကြီးပွားချမ်းသာ လျက်ရှိနေကြပါသည်။

ဒီမိုကရေစီစနစ်ကျင့်သုံး၍ ဆင်းရဲသားလျော့နည်းပပျောက်ရေး လုပ်ဆောင်နေသောယနေ့ခေတ်ကာလတွင်အဆိုပါအင်းတော်သမရေနံ ကုန်ထုတ်လုပ်ငန်းကိုပြန်လည်ဆန်းစစ်၍ခေတ်နှင့်အညီပြုပြင်ပြောင်းလဲခြင်း မပြုလုပ်နိုင်ခဲ့ပါလျှင် နယ်မြေဒေသ၏လူနည်းစု(လူတစ်စု)နှင့် လူများစု အကြား ဆင်းရဲချမ်းသာကွာဟမှုကိုဆထက်ထမ်းပိုး တိုး၍မြှင့်တင်ပေး နေဘိ သကဲ့သို့ဖြစ်မည်မှာ သေအချာပင်ဖြစ်ပါသည်။

ပထမအကြိမ်စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် ယခင် အစိုးရအဖွဲ့သက်တမ်းအတွင်း (၂-၂-၂ဝ၁၂)နေ့ တိုင်းဒေသကြီး ဃဘေငညနအ အစည်းအဝေးအမှတ်စဉ်(၃/၁၂)၊ ဆုံးဖြတ်ချက်(၁၉) အရ အင်းတော် ရေနံမြေဒေသ၏ တွင်းတိမ်တူးဖော်ခွင့် လုပ်ကွက်များအား မြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့ (သို့မဟုတ်)မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းသို့ချပေးရန် ဆုံးဖြတ်ခဲ့ကြောင်းသိရှိရပါသည်။သို့ဖြစ်ပါ၍ ယခုလက်ရှိအစိုးရအသစ်အနေဖြင့်အင်းတော်ရေနံမြေဒေသနှင့် ပတ်သက်ပြီး-
(က) ခေတ်မှီနည်းစနစ်/ကရိယာများဖြင့် ရေနံတိုးချဲ့ထုတ်လုပ် နိုင်ရေး၊
(ခ) ရေနံလုပ်ငန်းမှ နိုင်ငံတော်၏အခွန်ဘဏ္ဍာငွေတိုးမြှင့် ရရှိလာစေရေး၊
(ဂ) ရေနံလုပ်ငန်းမှ မော်လိုက်ခရိုင်နှင့် မြို့နယ်ဒေသအတွက် ထိရောက်သော ဒေသဖွံ့ဖြိုးမှု အထောက်အကူများ ရရှိစေရေးတို့အတွက် လက်ရှိ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအနေဖြင့် မည်ကဲ့သို့စီမံဆောင်ရွက်သွားရန် ရည်ရွယ်ချက်/ အစီအစဉ်များရှိထားပါကြောင်း သိရှိလိုပါကြောင်း။

[/symple_accordion_section][symple_accordion_section title=”ဖြေကြားချက်”]

မော်လိုက်မြို့နယ်အင်းတော်ကျေးရွာဒေသတွင် ရေမဲရတနာ စက်မှုကုန်ထုတ်သမအသင်းနှင့် ချင်းတွင်းအောင်ရေနံကုန်ထုတ် သမအသင်းတို့မှ ရေနံစိမ်းများ ထုတ်ယူလျှက်ရှိပါသည်။၂ဝ၁၆ ခုနှစ် ဧပြီ၊ မေ၊ ဇွန်၊ ဇူလိုင် လေးလ အတွင်း ရွှေမဲရတနာကုန်ထုတ်သမ အသင်းမှ (၁၆၇၉၆)ဂါလန် နှင့် ချင်းတွင်းအောင်ရေနံ ကုန်ထုတ်သမ အသင်းမှ (၁၃၆၇ဝ)ဂါလန် ထုတ်ယူရရှိပါသည်။

ချင်းတွင်းအောင်ရေနံကုန်ထုတ်အသင်းမှ (၂ဝ၁၅-၂ဝ၁၆) ဘ@ာနှစ်အတွင်း ဝင်ငွေခွန် (၂၉၇၄၄၂)ကျပ်နှင့် ကုန်သွယ်ခွန် (၅၉၈၁၂၂)ကျပ်၊ ရွှေမဲရတနာ သမအသင်းမှ ကုန်သွယ်ခွန်(၇၈၄၆၄ဝ) ကျပ်နှင့် ဝင်ငွေခွန်(၃၄၅ဝ၉၅)ကျပ် ပေးသွင်း ထားပြီးဖြစ်ပါသည်။

သို့ဖြစ်ပါ၍ ယခုလက်ရှိအစိုးရသစ်အနေဖြင့် အင်းတော် ရေနံမြေဒေသနှင့် ပတ်သက်ပြီး-
(က) ခေတ်မှီနည်းစနစ်/ ကိရိယာများဖြင့် ရေနံတိုးချဲ့ ထုတ်လုပ်နိုင်ရေးအတွက်အသင်းအဖွဲ့များ၊ လုပ်ငန်းရှင် များမှ တင်ပြလာပါက ခေတ်မှီတူးဖော်ရေး စက် ကိရိယာများရရှိနိုင်ရေးအတွက် သက်ဆိုင်ရာဝန်ကြီး ဌာနသို့ ဆက်သွယ်၍ ကျွမ်းကျင်ပညာရှင်များ၏ အကူအညီ တောင်းခံပေးသွားမည်ဖြစ်ကြောင်း။

(ခ) ရေနံလုပ်ငန်းမှ နိုင်ငံတော်အခွန်ဘ@ာငွေ တိုးမြ§င့် ရရှိစေရေးအတွက်ဒေသဆိုင်ရာ ပြည်တွင်းအခွန် များဦးစီးဌာနနှင့် လုပ်ငန်းရှင် အသင်းအဖွဲ့များဖြင့် ပေါင်းစပ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ရေနံတွင်းအသစ်ဖော်လိုသူများတင်ပြလာပါ ကလည်း သက်ဆိုင်ရာ အဖွဲ့အစည်းအသီးသီး၏ ထောက်ခံ ချက်၊ ခွင့်ပြုချက်၊ စည်းမျဉ်း စည်းကမ်းများနှင့်အညီ ရေနံတူးဖော်ခွင့်များခွင့်ပြုပေးသွားမည် ဖြစ်ကြောင်း၊
(ဂ) ရေနံလုပ်ငန်းမှ မော်လိုက်ခရိုင်နှင့် မြို့နယ်ဒေသများ အတွက် လိုအပ်သော ဒေသဖွံ့ဖြိုးရေးအထောက် အကူများ ရရှိစေရေးအတွက် လိုအပ်လာပါက သက်ဆိုင်ရာလုပ်ငန်းရှင်များ၊ အသင်းအဖွဲ့များဖြင့် ပေါင်းစပ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊
ဒေသခံပြည်သူများမှ အမှန်သုံးစွဲရန်လိုအပ်သော ရေနံစိမ်းနှင့်ရေနံဂျီးများဝယ်ယူလိုပါက သက်ဆိုင်ရာ သမအသင်းများနှင့် ñှိနှိုင်း၍ ဝယ်ယူခွင့်ရရှိရေး ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ဖြေကြားအပ်ပါသည်။

[/symple_accordion_section][/symple_accordion]

 

ဖြေကြားသည့်ဌာန                     –   လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာန

မေးမြန်းသည့်လွှတ်တော်အမတ် −   ဦးထန်ခိုဟောက်၊ အမှတ်(၂)မဲဆန္ဒနယ် တမူးမြို့နယ်

[symple_accordion][symple_accordion_section title=”အကြောင်းအရာ”] တမူးခရိုင်၊ ခမ်းပါတ်မြို့၊ အမှတ်(၁)နှင့် အမှတ်(၂)ကြားရှိ ခမ်းပါတ်ချောင်း သည် ၂ဝ၁၅ ခုနှစ်၊ ဇူလိုင်လ ရေကြီးရေလျှံဖြစ်ခဲ့ရာ ရပ်ကွက်ကမ်းပါးများ တိုက်စားခဲ့ရာ (၂၉)အိမ်မှာ ရေတိုက်စားမှုခံရပြီး ပြောင်းရွှေ့နေထိုင်ခဲ့ ရပါသည်။၂ဝ၁၆-၂ဝ၁၇ဘ@ာရေးနှစ်တွင် ခမ်းပါတ်ချောင်း ရေတိုက်စားမှုကာကွယ်ရေးလုပ်ငန်းအတွက်(၇၅)သန်း ပြည်ထောင်စု အစိုးရအဖွဲ့မှဆောင်ရွက်ရန် ညွှန်ကြားထားသော်လည်း ရံပုံငွေမရှိသေး ဖြစ်ပါ၍ လုပ်ဆောင်ခြင်းမရှိခဲ့ချေ။ ဤသို့ရေကြီးရေလျှံဖြစ်ခဲ့မည်ဆိုလျှင် ရပ်ကွက်အခြေအနေမှာ ရေတိုက်စားမှုခံရ၍ ရပ်ကွက်ပျက်စီးသွား နိုင်မည်ဖြစ်ပါသည်။သို့ဖြစ်ပါ၍ ခမ်းပါတ်ချောင်းရေအားရေတိုက်စားမှုမှာ အစိုးရအနေဖြင့် ရေထိန်းနံရံ၊ ရေကာတာတည်ဆောက်ကာကွယ်ပေး စေလိုပါသည်။ရေထိန်းနံရံကာကွယ်ရန်အရှည်မှာ ပေ(၂၉ဝဝ)ပေ ရှည်လျားပါသည်။ထို့ကြောင့် ရေတိုက်စားမှုမှကာကွယ်ရန် ရေထိန်းနံရံနှင့် ရေကာတာဖြင့် ကာကွယ်ပေးရန်လုပ်ကိုင်ဆောင်ရွက် ပေးမည်ကို အစီအစဉ် ရှိ/မရှိ သိရှိလိုပါကြောင်း။

[/symple_accordion_section][symple_accordion_section title=”ဖြေကြားချက်”] တမူးခရိုင်၊ ခမ်းပါတ်မြို့၊ အမှတ်(၁)နှင့် အမှတ်(၂)ကြားရှိ ခမ်းပါတ်ချောင်းရေတိုက်စားမှု အခြေအနေအား ရေအရင်းအမြစ် နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊စစ်ကိုင်းတိုင်းဒေသကြီးရုံး မှ ကွင်းဆင်းတိုင်းတာစစ်ဆေးပြီး ဆောင်ရွက်သင့်သည့် အစီအမံ များရေးဆွဲပြီး ဖြစ်ပါသည်။ မျောတိုင်တန်းသဲအိတ်ခံ ကျောက်စီ ရေကာ အလျား (၉၂ဝ)ပေ တည်ဆောက်ခြင်းလုပ်ငန်းအတွက် ကျပ်(၇၅) သန်းကို စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာရေးနှစ် ဖြည့်စွက်ငွေလုံးငွေရင်းရန်ပုံငွေရရှိရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ရန်ပုံငွေရရှိမှုအပေါ် မူတည်၍ လုပ်ငန်းများဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ဖြေကြား အပ်ပါသည်။
[/symple_accordion_section][/symple_accordion]

 

ဖြေကြားသည့်ဌာန                     –   လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာန

မေးမြန်းသည့်လွှတ်တော်အမတ် −   ဦးသောင်းမြင့်၊ အမှတ်(၁)မဲဆန္ဒနယ် မြင်းမူမြို့နယ်

[symple_accordion][symple_accordion_section title=”အကြောင်းအရာ”] မြင်းမူမြို့နယ်၊ နဘဲကြူးကျေးရွာသည် အိမ်ခြေ(၂ဝဝ)၊ လူဦးရေ (၁၁ဝဝ)ဦးခန့်ရှိပြီး မန္တလေး-မုံရွာကတ္တရာလမ်းမိုင်တိုင်အမှတ်(၄၂/၁)မှ (၂)မိုင်ခန့်ဝေးကွာသော ကျေးရွာတစ်ရွာဖြစ်ပါတယ်။

ကျေးရွာရှိဒေသခံပြည်သူများမှ လျှပ်စစ်မဟာဓာတ်အားလိုင်းနှင့် ချိတ်ဆက်၍လျှပ်စစ်မီးလင်းရေးအတွက် ကိုယ့်အားကိုယ်ကိုးဆောင်ရွက် ခဲ့ရာ ယခုအချိန်တွင် ကျေးရွာတွင်း(၄ဝဝ)ဗို့အားလိုင်း တည်ဆောက်ခြင်း လုပ်ငန်းပြီးစီးပြီးဖြစ်ပါတယ်။

အုန်းတောခွဲရုံမှ မြင်းမူမြို့သို့သွယ်တန်းထားသော (၃၃)KV ဓာတ်အားလိုင်းနှင့် ချိတ်ဆက်ရန်အတွက် ကျန်ရှိနေသော(၂)မိုင်ခန့် ရှည်လျားသည့်(၃၃)ုဠဓာတ်အားလိုင်းဆက်စပ်ပစ္စည်းများထရန်စဖော်မာ နှင့် ဆက်စပ်ပစ္စည်းတို့အား ပံ့ပိုးတည်ဆောက်ပေးရန် အစီအစဉ်ရှိ/ မရှိနှင့် အစီအစဉ်ရှိပါက မည်သည့်အချိန်ကာလတွင်ဆောင်ရွက် ပေးမည်ကို သိရှိလိုပါကြောင်း။

[/symple_accordion_section][symple_accordion_section title=”ဖြေကြားချက်”] လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ မူဝါဒအရ ကျေးရွာများ လျှပ်စစ်ဓာတ်အားရရှိရေးအတွက် နြဏ (အမျိုးသားလျှပ်စစ်ဓာတ် အားရရှိရေးစီမံကိန်း)ဖြင့် အဆင့်ဆင့်ဆောင်ရွက်လျှက်ရှိပါသည်။ နဘဲကြူးကျေးရွာဓာတ်အားရရှိရေးအတွက် (၂ဝ၁၆-၂ဝ၁၇) ဘ@ာရေးနှစ်၊ တိုင်းဒေသကြီးဘတ်ဂျက်ဖြင့် ဆောင်ရွက်မည့် (၁၁)ကေဗွီ ကံပြားကျေးရွာလိုင်း(၃.၂)မိုင်လိုင်းပေါ်မှ(၁၁)ကေဗွီလိုင်း (၄.၅)မိုင် တည်ဆောက်၍ ဓာတ်အားပေးနိုင်ရန် နြဏ (အမျိုးသား လျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း) ဒုတိယအဆင့်တွင် ထည့်သွင်း လျာထားပြီးပါ၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖြေကြားအပ် ပါသည်။
[/symple_accordion_section][/symple_accordion]

 

ဖြေကြားသည့်ဌာန                     –   လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာန

မေးမြန်းသည့်လွှတ်တော်အမတ် −   ဦးသိန်းလှိုင်ဝင်း၊ အမှတ်(၂)မဲဆန္ဒနယ် ခန္တီးမြို့နယ်

[symple_accordion][symple_accordion_section title=”အကြောင်းအရာ”]

ကျွန်တော်တို့ ခန္တီးမြို့ လျှပ်စစ်ဓါတ်အားပေးစက်ရုံတွင် ၅ဝဝ ုဠဗ ဓါတ်အားပေးစက် နှစ်လုံးနှင့် ၃ဝဝ ုဠဗ ဓါတ်အားပေးစက် တစ်လုံးရှိပါတယ်။ယခုလက်ရှိမြို့တွင်းဓါတ်အားပေးခြင်းကို ၅ဝဝ KVA ဓါတ်အားပေးစက်တစ်လုံးနှင့် မြို့တွင်းလျှပ်စစ်မီးပေးနေတာဖြစ်ပြီး တစ်ရက်လျှင် လျှပ်စစ်မီး ပေးချိန်မှာ(၃း၄၅)နာရီဖြစ်ပါတယ်။
လျှပ်စစ်မီးမောင်းချိန်တစ်ရက်ကို (၃း၄၅)နာရီဟာ ကျောင်းသား/ သူများအတွက် စာကြည့် ချိန် အလွန်နည်းသလိုမြို့သား/သူများ အတွက်လည်း လျှပ်စစ်အသုံးပြုနာရီ အလွန်နည်းပါတယ်။ ညနေ(၆းဝဝ) နာရီမီးပေးလျှင် ည(၉း၄၅)နာရီတွင် မှောင်အတိဖြစ်သွားပါတယ်။ လျှပ်စစ်မီးပေးချိန်(၆းဝဝ) နာရီ မောင်းပေးလျှင် ကျောင်းသား/သူများနှင့် မြို့သား/သူများအတွက် အဆင်ပြေမှာဖြစ်ပါတယ်။

ခန္တီးမြို့၏လက်ရှိ လျှပ်စစ်မီးသုံးစွဲသည့်အိမ်ထောင်စုပေါင်းမှာ (၉၈၅)ဦးရှိပြီး၊ မီးပေးရန်ကျန် အိမ်ထောင်စုမှာ(၆၆ဝ)အိမ်ရှိပါတယ်။ လက်ရှိမောင်းနေသည့် ၅ဝဝ KVA စက်တစ်လုံးတည်းနှင့် မနိုင်သဖြင့် လမ်းမီးအချို့နှင့် အိမ်ထောင်စု(၆၆ဝ)တို့အား မီးမပေးနိုင်ခြင်းဖြစ်သည် ဟုသိရပါသည်။ သို့ဖြစ်ပါ၍ ကျန်ရှိနေသော ၃ဝဝ KVA အင်ဂျင် သို့မဟုတ် ၅ဝဝ KVA အင်ဂျင်တစ်လုံးမောင်းပေးပါက လျှပ်စစ် ဓါတ်အားလုံလောက်အောင်ဖြန့်ဝေပေးနိုင်မှာဖြစ်ပါတယ်။ သို့ဖြစ်ပါ၍ လျှပ်စစ်စွမ်းအင်ဝန်ကြီး ဌာနအနေဖြင့် လက်ရှိမီးမောင်းချိန်(၃း၄၅)မှ (၆းဝဝ)နာရီထိတိုးမြှင့်ပေးနိုင်ပါရန်နှင့် လျှပ်စစ်ဓါတ်အား လုံလောက် စေရန်အတွက် နောက်ထပ်အင်ဂျင်တစ်လုံး မောင်းနှင်ပေးနိုင်ရန် မည်ကဲ့သို့ လုပ်ကိုင်ဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း။

[/symple_accordion_section][symple_accordion_section title=”ဖြေကြားချက်”] ခန္တီးမြို့တွင် ၃ဝဝ ကေဗွီအေ(Volvo) နှင့် ၅ဝဝ ကေဗွီအေ (Inmesol)စက်(၂)လုံးရှိပြီး ၅ဝဝ ကေဗွီအေစက်ဖြင့် မောင်းနှင် ဓာတ်အားပေးပြီး ၃ဝဝ ကေဗွီအေစက်အား ၅ဝဝ ကေဗွီအေ စက် ချို့ယွင်းပါက အရေးပေါ်ဓာတ်အားပေးနိုင်ရေး အရန် စက်အဖြစ် ထားရှိအသုံးပြုခဲ့ပါသည်။

၂ဝ၁၅ခုနှစ် (၁ဝ)တန်း စာမေးပွဲကာလအတွင်း ၅ဝဝ ကေဗွီအေ စက်ချို့ယွင်းခဲ့သဖြင့်ကလေးမြို့မှ ၅ဝဝ ကေဗွီအေ (Cummin)စက်အားအရေးပေါ်သယ်ယူပြောင်းလဲဓာတ်အားပေးခဲ့ရပါသည်။

လက်ရှိတွင်လည်း ၅ဝဝ ကေဗွီအေ(Inmeso)စက်မှာ ချို့ယွင်း လျှက်ရှိပြီး ပြင်ဆင်ရန် ကုမ္ပဏီနှင့် ချိတ်ဆက်ဆောင်ရွက်လျှက် ရှိပါသည်။ ယခုဓာတ်အားပေးစက်၏ ဆီစားနှုန်းမှာ တစ်နာရီ (၁ဝ) ဂါလံဖြစ်သဖြင့် ရရှိသည့် ဆီခွဲတမ်း (၂၂၃၂)ဂါလံဖြင့် လုံလောက်စေရန် အိမ်သုံးမီတာ(၉၄ဝ)လုံး လက်ရှိဝန်အား (၃၂ဝ)ကီလိုဝပ်အား ယခင်မောင်းနှင်ချိန်မှ (၁၅)မိနစ်လျော့ချ ဓာတ်အားပေးနေရခြင်း ဖြစ်ပါသည်။

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေနှင့် ဓာတ်အားစနစ် မရောက်မီ ဒီဇယ်စက်များဖြင့် မောင်းနှင့်ဓာတ်အားပေးရာတွင် ဒီဇယ်ဆီ ၁ ဂါလန်လျှင် ၁ဝ ယူနစ်သာထွက်ရှိသဖြင့် ဝင်ငွေနှင့် ကုန်ကျ စရိတ် မျှတခြင်းမရှိသောကြောင့် စက်သုံးဆီခွဲတမ်းနှင့် ဓာတ်အားပေး စက် ထပ်မံတိုးချဲ့တပ်ဆင်ပေးနိုင်ခြင်းမရှိပါ။

ယခင်တမူးမြို့နှင့် ယခုလက်ရှိ ဟုမ္မလင်းမြို့တို့တွင် လျှပ်စစ် ဓာတ်အားလုံလောက်စွာအသုံးပြုနိုင်ရန် လက်ရှိဌာနပိုင် စက်များနှင့် ရရှိသည့်စက်သုံးဆီခွဲတမ်းအားအသုံးပြု၍ မီးလင်းရေးကော်မတီ ဖွဲ့စည်း၍သော်လည်းကောင်း၊ပြင်ပလုပ်ငန်းရှင်များထံအပ်နှံ၍ သော်လည်းကောင်း ဓာတ်အား ဖြန့်ဖြူးခြင်း များဆောင်ရွက်သကဲ့သို့ ခန္တီးမြို့တွင်လည်း ဓာတ်အားပေးချိန် တိုးမြှင့်ရရှိရေးနှင့် မီတာထပ်မံ ချထားပေးနိုင်ရေးတို့အတွက် ဆောင်ရွက်နိုင်ပါသည်။
ခန္တီးမြို့နှင့် အနီးဝန်းကျင်ကျေးရွာများ လျှပ်စစ်ဓာတ်အား ရရှိရေးအတွက် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ဟုန်းနက် ရေအားလျှပ်စစ်စီမံကိန်းအားဆောင်ရွက်ရန်လျာထားပြီးဖြစ် သဖြင့်၂ဝ၁၆-၂ဝ၁၇ဘဏ္ဍာရေးနှစ်တွင်အခြေစိုက်စခန်း တည်ဆောက်ခြင်း၊သယ်ယူ ပို့ဆောင်ရေးအတွက်လမ်းအူကြောင်း ဖောက်လုပ်ခြင်းများစတင်ဆောင်ရွက်မည်ဖြစ်ပြီး စီမံကိန်းပြီးစီး ပါကလျှပ်စစ်ဓာတ်အားလုံလောက်စွာအသုံးပြုနိုင်မည်ဖြစ်ပါကြောင်း ဖြေကြားအပ်ပါသည်။[/symple_accordion_section][/symple_accordion]

 

ဖြေကြားသည့်ဌာန                     –   လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာန

မေးမြန်းသည့်လွှတ်တော်အမတ် −   ဦးခင်မောင်ထွန်း၊ အမှတ်(၂)မဲဆန္ဒနယ် ဖောင်းပြင်မြို့နယ်

[symple_accordion][symple_accordion_section title=”အကြောင်းအရာ”] ဖောင်းပြင်မြို့တွင် ရပ်ကွက်(၂)ခုရှိပါသည်။ နေ့စဉ်ညပိုင်း(၄)နာရီ မြန်မာ့လျှပ်စစ်လုပ်ငန်း မှ မိဘပြည်သူများအားဓါတ်အား ပေးမီးလင်းစေ လျှက်ရှိပါသည်။

အောင်ဆန်း(၁)နှင့်(၂)လမ်းများတွင် သစ်သားလျှပ်စစ်မီးတိုင် များအစား(၁-၁ဝ-၂ဝ၁၁) ကွန်ကရစ်မီးတိုင်(၃၇)တိုင်အစားထိုး ပြောင်းလဲခဲ့ပါသည်။ သို့ပါသော်လည်း ကျွန်းရွှေဝါရပ်ကွက်နှင့် အင်ကြင်းမြိုင်ရပ်ကွက်အတွင်းရှိ သစ်သားလျှပ်စစ်မီးတိုင်များသည် အချိန်ကြာမြင့်လာ၍ ဆွေးမြေ့လာနေပြီ ဖြစ်သည့်အပြင် မြစ်ရေကြီးပါက ရေနစ်မြုပ်ခြင်း လျှပ်စစ်အန္တရာယ်ဖြစ်နိုင်သောကြောင့် အဆင့်မြင့် ကွန်ကရစ် ဓါတ်မီးတိုင်များ အစားထိုးပေးပါရန်နှင့် ကွန်ကရစ်ဓါတ် မီးတိုင်များ အစားထိုးပြောင်းလဲပေးပါက မည်သည့်အချိန် မည်သည့် ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း။

[/symple_accordion_section][symple_accordion_section title=”ဖြေကြားချက်”] ဖောင်းပြင်မြို့တွင် လဲလှယ်ရန်သစ်သားတိုင်စုစုပေါင်း (၂၂ဝ) တိုင်ရှိပြီး ဖောင်းပြင်မြို့အတွက် (၂ဝ၁၁-၂ဝ၁၂) ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုရန်ပုံငွေဖြင့် အောင်ဆန်း(၁) နှင့် (၂) လမ်းများတွင် သစ်သားတိုင်(၃၇)တိုင်အား(၁ဝ)မီတာ ကွန်ကရစ်တိုင်များဖြင့် အစားထိုးလဲလှယ်ခဲ့ ပါသည်။
(၂ဝ၁၆-၂ဝ၁၇)ဘဏ္ဍာရေးနှစ်တွင်တိုင်းဒေသကြီးရန်ပုံငွေ ဖြင့် ကျွန်းရွှေဝါရပ်၊ ဗိုလ်အောင်ကျော်လမ်းနှင့် အင်းကြင်းမြိုင်ရပ်၊ အောင်ဆန်း(၃)နှင့် (၄)လမ်းတို့တွင် သစ်သားတိုင်(၆၂)တိုင်အား ကွန်ကရစ်တိုင်၊သံလက်တန်းများဖြင့် လဲလှယ်ခြင်းလုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်ပါသည်။

လဲလှယ်ရန်ကျန်ရှိသည့် သစ်သားတိုင်(၁၂၁)တိုင်အား နှစ် အလိုက် ရန်ပုံငွေတောင်းခံ၍ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ဖြေကြားအပ်ပါသည်။
[/symple_accordion_section][/symple_accordion]

ဖြေကြားသည့်ဌာန                     –   လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာန

မေးမြန်းသည့်လွှတ်တော်အမတ် −   ဦးဝဏ္ဏ၊ အမှတ်(၂)မဲဆန္ဒနယ် အရာတော်မြို့နယ်

[symple_accordion][symple_accordion_section title=”အကြောင်းအရာ”] စစ်ကိုင်းတိုင်းဒေသကြီး၊မုံရွာခရိုင်၊အရာတော်မြို့နယ်အတွင်းရှိ လမ်းပိုင်းတစ်ခုဖြစ်သော ဘုတလင်မှ အရာတော်မြို့နယ်ထဲရှိ ငွေတွင်းကုန်း ကျေးရွာသို့ ဆရာတော်ဥူးဥတ္တမသာရ ရှိစဉ်က ဖောက်လုပ်ခဲ့ပါသည်။ ငွေတွင်းကုန်းကျေးရွာမှ ရွှေတွင်းကုန်းကျေးရွာသို့ ဗောဓိတစ်ထောင် ဆရာတော်ရှိစဉ်က ဆက်၍ဖောက်လုပ်ရာ အုပ်ရှစ်ကြီးရွာထိဖြစ်ပါသည်။

ယခုအခါ မုံရွာ-သာစည်-နောင်ကြီးအိုင်-အုပ်ရှစ်ကြီး-ရွှေဘိုခရိုင် ချင်းဆက်လမ်းပေါ်ပေါက်လာပြီး ဘုတလင်-အရာတော်လမ်းလည်း ပေါ်ပေါက်ခဲ့ပါသည်။ဘုတလင်-အရာတော်လမ်းသည် ယခင် ဥူးဥတ္တမသာရလမ်းပေါ်ရှိ အိုင်လျားရွာမှ နောင်ကြီးအိုင်ရွာသို့ ၎င်းမှ တစ်ဆင့် နောင်ကြီးအိုင်-အရာတော်-ထီးဆောင်းလမ်းနှင့် ဆက်သွယ် ပါသည်။

ခရိုင်ချင်းဆက်လမ်းမှာ နောင်ကြီးအိုင်မှ ထန်းတောကုန်းသို့ဖြတ် ၍ ဖောက်လုပ်ထားသဖြင့် ယခင် ဥူးဥတ္တမသာရဆရာတော်ကြီး၊ဗောဓိ တစ်ထောင်ဆရာတော်ကြီးများ လက်ထက်က ဖောက်လုပ်ထားခဲ့သော ဘုတလင်-အုပ်ရှစ်ကြီးလမ်းပေါ်မှ အိုင်လျားရွာနှင့် ထန်းတောကုန်းရွာကြား လမ်း(၁)မိုင်(၆)ဖာလုံမှာ ဆောက်လုပ်ရေးလမ်းများကြားတွင် အမည်မ ပေါက်ပဲကျန်ခဲ့ပါသည်။

ရွာချင်းဆက်လမ်းအဖြစ် မြေလမ်းအဖြစ်သာရှိ နေခဲ့ ပါသည်။၎င်း(၁)မိုင် (၆)ဖာလုံအား ဆောက်လုပ်ရေးမှ တာဝန်ယူမည်ဆို ပါက ဘုတလင်-ရွှေဘိုလမ်းအဖြစ် တဆက်တစပ်တည်းဖြစ်ပေါ် လာမည်ဖြစ်သောကြောင့် ၎င်းလမ်းပိုင်းအား မြို့နယ်ချင်းဆက်လမ်းအဖြစ် ဆောက်လုပ်ရေးမှ တာဝန်ယူနိုင်မှုရှိ/မရှိ သိရှိလိုပါကြောင်း။

[/symple_accordion_section][symple_accordion_section title=”ဖြေကြားချက်”] မြင်းမူ-အရာတော်-နောင်ကြီးအိုင်-ဘုတလင်လမ်းပေါ်ရှိ အိုင်လျားကျေးရွာနှင့် မုံရွာ-သာစည်-နောင်ကြီးအိုင်-မူးကမ်း ကြီး-ဆိပ်ခွန်-ရွှေဘိုလမ်းပေါ်ရှိ ထန်းတောကုန်းကျေးရွာတို့ ဆက်သွယ် ထားသည့် အိုင်လျား-ထန်းတောကုန်းလမ်း (၁မိုင် ၆ဖာလုံ)အား ဆောက်လုပ်ရေးဝန်ကြီးဌာနပိုင်လမ်းအဖြစ် သိမ်းသွင်းဆောင်ရွက်ခွင့် ပြုပေးနိုင်ပါရန် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ပြည်ထောင်စု အစိုးရအဖွဲ့သို့ (၅.၁.၂ဝ၁၆)ရက်စွဲပါစာအမှတ်-၂/၃-၂ဝ၇ (ဝ၈၇)/ဦး ၆ ဖြင့် တင်ပြခဲ့သော်လည်း နောင်အစိုးရလက်ထက်မှ ဆောင်ရွက်ရန် ပြည်ထောင်စုအစိုးရအဖွဲ့မှ အကြောင်းပြန်ကြား ခဲ့ပါသည်။

ယခုအခါတွင် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ပြည်ထောင်စုအစိုးရအဖွဲ့သို့(၂၆.၇.၂ဝ၁၆)ရက်စွဲပါစာအမှတ်-၄/၇-၄ (၁၁)/(၈၂၇)လမ်း-တံတား ဖြင့် လမ်းဦးစီးဌာနပိုင် လမ်းအဖြစ် သိမ်းသွင်းဆောင်ရွက်နိုင်ရေး ထပ်မံတင်ပြထားပြီးဖြစ်ပါသဖြင့် ပြည်ထောင်စုအစိုးရအဖွဲ့မှ ဆောက်လုပ်ရေး ဝန်ကြီးဌာနသို့ သိမ်းသွင်းဆောင်ရွက်ရန် ညွှန်ကြားလာပါက ဆောက်လုပ်ရေး ဝန်ကြီးဌာနပိုင်လမ်းအဖြစ် သိမ်းသွင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဖြေကြားအပ်ပါသည်။
[/symple_accordion_section][/symple_accordion]

 

ဖြေကြားသည့်ဌာန                     –   လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာန

မေးမြန်းသည့်လွှတ်တော်အမတ် −   ဦးတင်စိုး၊ အမှတ်(၂)မဲဆန္ဒနယ် ကောလင်းမြို့နယ်

[symple_accordion][symple_accordion_section title=”အကြောင်းအရာ”] ကောလင်းမြို့နယ်သည် အနောက်မြောက်ဘက်တွင် မိုင်းသုံ တောင်နှင့် မှန်ကင်းတောင် အနောက်ဘက်တွင် လွယ်မောက်တောင်နှင့် နတ်တောင်၊ အရှေ့ဘက်တွင် မင်းဝံတောင်စသည့် တောင်စဉ် တောင်တန်းများဝန်းရံထားသည့်အတွင်းတွင်တည်ရှိပါသည်။ ကောလင်းမြို့နယ်အတွင်းသို့ ဝန်းသိုမြို့နယ်အတွင်းမှ မြစ်ဖျားခံ စီးဆင်းနေသော ဒေါင်းမြူး ချောင်းနှင့် နန်းလိုင်းချောင်တို့သည် ကောလင်း မြို့၏ မြောက်ဘက်(၇)မိုင်ခန့်အကွာတွင် ပေါင်းဆုံပြီး ကောလင်းမြို့အနီး အရှေ့ဘက်မှကပ်လျက်ဖြတ်သန်းစီးဆင်းလျက်ရှိပါသည်။ ထိုမှတဆင့် ဆက်လက်စီးဆင်းသွားရာ အရှေ့ဘက်ရှိ မင်းဝံတောင်မှ မြစ်ဖျားခံစီးဆင်း သော စင်လင်ချောင်းနှင့် ကောလင်းမြို့ တောင်ဘက်တွင် ပေါင်းဆုံ၍ စီးဆင်းကာ ဥန္နဲကျင်းကျေးရွာအနီးတွင် မူးမြစ်အတွင်းသို့စီးဝင်ပါသည်။ထို့အပြင် ကောလင်းမြို့၏အနောက်မြောက်ဘက်ရှိ တောင်တန်းမှ မြစ်ဖျားခံ၍ စီးဆင်းလာသော ခေါပြင်ချောင်းသည် ကောလင်းမြို့၏ အနောက်ဘက်မှ ကပ်လျက်စီးဆင်းလျက်ရှိပါသည်။

ဒေါင်းမြူချောင်း၏အရှည်မှာ စုစုပေါင်း(၉၂.၄၉)မိုင်ခန့်ရှိပြီး ဝန်းသိုမြို့ မြို့ဝင်အနီးတွင် ချောင်း၏အကျယ်မှာ(၂ဝဝ)ပေခန့်ရှိ သော်လည်း ကောလင်းမြို့၏ အရှေ့ဘက်မှ ဖြတ်သန်းစီးဆင်းရာတွင် ပျမ်းမျှ အကျယ်မှာ (၃ဝ)ပေခန့်သာရှိကြောင်း၊ ချောင်းတလျှောက်မှာ တိမ်ကောပြီး ရေလမ်းကြောင်းများ ပြောင်းလဲစီးဆင်းနေကြောင်း ဥက္ကံရွာ အရှေ့တွင် ချောင်းမှာပိတ်ဆို့နေကြောင်းသိရှိရပါသည်။ သို့ဖြစ်ပါ၍ မိုးရာသီကာလရေစီးဆင်းမှု့များပြားချိန်တွင်ကမ်းပါးပေါ်မှ လျှံကျခဲ့သဖြင့် ကောလင်းမြို့အပါအဝင်မြို့နယ်အတွင်းရှိ ကျေးရွာများနှင့် သီးနှံစိုက် ဧရိယာများရေကြီးနစ်မြုတ်မှု့ ဆန်စပါးကုန်သည်များနှင့် ဆန်စက်ပိုင်ရှင် များ၏ ဆန်စပါးများဆုံးရှုံးခြင်းနှင့်အတူ ရေကြီးနစ်မြုတ်မှု့ နောက်ဆက်တွဲ ဆိုးကြိုးအနေဖြင့် သွေးလွန်တုတ်ကွေးရောဂါဖြစ်ပေါ်မှု့ကြောင့် ကလေးငယ်များပါ သေဆုံးမှု့များကိုလည်း သိရှိရပါသည်။

သို့ဖြစ်ပါ၍ ကောလင်းမြို့နယ်အား ရေကြီးရေလျှံမှု့များ ဘေးအန္တရာယ်မှ ကာကွယ်နိုင်ရန် လုပ်ဆောင်ပေးနိုင်ခြင်းအစီအစဉ်ရှိ/မရှိ အကယ်၍လုပ်ဆောင်ပေးနိုင်မှု့အစီအစဉ်ရှိပါက တိုင်းဒေသကြီးအစိုးရ အဖွဲ့မှ ပြည်ထောင်စုအစိုးရအဖွဲ့နှင့် ချိတ်ဆက်၍ မည်သို့ဆောင်ရွက် ပေးပြီး မည်သည့်အချိန် ကာလအတွင်းလုပ်ကိုင်ဆောင်ရွက် ပေးမည်ကို သိရှိလိုပါကြောင်း။

[/symple_accordion_section][symple_accordion_section title=”ဖြေကြားချက်”] ကောလင်းမြို့နယ်နှင့် ဝန်းသိုမြို့နယ် ရေကြီးရေလျှံကာကွယ် ရေးအတွက် ၂ဝ၁၆ ခုနှစ် ပွင့်လင်းရာသီတွင် ကွင်းဆင်းတိုင်းတာ စစ်ဆေးပြီးဆောင်ရွက်သင့်သည့် အစီအမံများရေးဆွဲကာ ရန်ပုံငွေ ရရှိရေးဆောင်ရွက်သွားပါမည်။ ရန်ပုံငွေရရှိမှုအပေါ်မူတည်ပြီး ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ဖြေကြားအပ်ပါသည်။
[/symple_accordion_section][/symple_accordion]