လွှတ်တော်ဒုတိယဥက္ကဋ္ဌမှ အင်းတော်မြို့နယ်ထန်းတောကျေးရွာ ကမ်းထိန်းနံရံတည်ဆောက်ခြင်းနှင့် ကျေးရွာချင်းဆက်လမ်းဖောက်လုပ်နေမှုများအား သွားရောက်စစ်ဆေး

ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးဘိုးသန်းညွန့်သည် အင်းတော်မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ အဖွဲ့ဝင်များနှင့်အတူ (၁၉-၅-၂၀၂၀)ရက်နေ့ နံနက်(၉:၀၀)အချိန်တွင် အင်းတော်မြို့နယ် ထန်းတောကျေးရွာ ကမ်းထိန်းနံရံတည်ဆောက်ခြင်းနှင့် ကျောင်းကုန်းကျေးရွာ၊နယ်မြေမီးသတ်စခန်းဆောက်လုပ်နေသည့်လုပ်ငန်းများ၊အင်းတော်မြို့နယ်အတွင်းရှိရွှေဘို-မြစ်ကြီးနားလမ်း ကတ္တရာလမ်း၊ အင်းတော်မြို့နယ် မန်လည်တောင်၊ မန်လည်မြောက်၊ဆိပ်သာ၊ကျွဲကူး၊ရွှေငှက်ကျေးရွာတို့တွင်ကျေးရွာချင်းဆက်လမ်းဖောက်လုပ်နေသည်ကိုသွားရောက်စစ်ဆေးကြည့်ရှုခဲ့သည်။

1 3 4 5 6 7