လွှတ်တော်ဒုတိယဥက္ကဋ္ဌမှ မန်ကျည်းပင်၊ နတ်ရေတွင်၊ ပါအောကျေးရွာချင်းဆက်လမ်းဖောက်လုပ်နေမှုနှင့် မဲဇာကျေးရွာကွန်ကရစ်လမ်းခင်းနေမှုအား သွားရောက်စစ်ဆေး

ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးဘိုးသန်းညွန့်သည် အင်းတော် မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ အဖွဲ့ဝင်များနှင့်အတူ ယနေ့ နံနက် (၁၀:၃၀) အချိန်တွင် ပျဉ်ထောင်ကုန်းရွာနှင့် သစ်လှတောကျေးရွာတို့တွင် ပြည်သူများနှင့် တွေ့ဆုံခဲ့ပြီး အင်းတော်မြို့နယ် မန်ကျည်းပင်၊ နတ်ရေတွင်၊ ပါအောကျေးရွာချင်း ဆက်လမ်းဖောက်လုပ်နေမှုနှင့် မဲဇာကျေးရွာကွန်ကရစ်လမ်းခင်းနေမှုအား သွားရောက် စစ်ဆေးခဲ့သည်။

2 3 4 5 6 7 8