လွှတ်တော်ဒုတိယဥက္ကဋ္ဌသည် အင်းတော်မြို့နယ် စာတိုက်အဆောက်အဦအသစ်ဆောက်လုပ်မည့်မြေနေရာနှင့် (၂)ထပ်ဆေးရုံ အသစ်ဆောက်လုပ်မည့်မြေနေရာအား သွားရောက်ကြည့်ရှု

ဒုတိယ အကြိမ်စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဌဦးဘိုးသန်းညွန့်သည် (၁၅.၁.၂၀၂၀) ရက်နေ့နံနက်(၁၀:၀၀)နာရီ အချိန် အင်းတော်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်သည့် ကလေးသူငယ်အခွင့်ရေးဆိုင်ရာကာကွယ်ရေးဥပဒေနှင့်စပ်လျဉ်း၍ ရှင်းလင်း တင်ပြသည့်အခမ်းအနားသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဌ၊ ဌာနဆိုင်ရာများမှတာဝန်ရှိသူများနင့်အတူတက်ရောက်ခဲပါသည်။ ဆက်လက်ပြီး နံနက်(၁၁:၃၀)နာရီ အချိန်တွင် မြို့နယ်ထွေ/အုပ်ရုံးတွင် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွပ်ကျေးရွာအုပ်ချုပ်ရေးမူးများ လဝက်အစည်းအဝေးသို့တက်ရောက်ခဲ့ပါသည်။ ဆက်လက်ပြီး (၁၅:၀၀)နာရီတွင် အင်းတော်မြို့နယ် စာတိုက်အဆောက်အဉီ အသစ်ဆောက်လုပ်မည့်မြေနေရာအား သွားရောက်ကြည်ရှုခဲ့ပါသည်။ ဆက်လက်၍ အင်းတော်မြို့နယ်(၂)ထပ်ဆေးရုံ အသစ်ဆောက်လုပ်မည့်မြေနေရာအား ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဌ၊ ဌာနဆိုင်ရာများမှပဂ္ဂိုလ်များနှင့်အတူ သွားရောက်ကြည်ရှုရာ မြို့နယ်ဆရာဝန်ကြီးမှရှင်းလင်းတင်ပြချက်များကို ဝိုင်းဝန်းဆွေးနွေး အကြံပေးခဲကြသည်။

1 2 5 8 9 12 13 15 16 17