လွှတ်တော်ဒုတိယဥက္ကဋ္ဌသည် မာန်ဟဲအုပ်စု၊ မာန်ဟဲရွာလျှပ်စစ်မီးလင်းရေးကော်မတီပြဿနာအား ဌာနဆိုင်ရာများနှင့်အတူ ညှိနှိုင်းဖြေရှင်း

ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးဘိုးသန်းညွန့်သည် (၂၄.၁.၂၀၂၀) ရက်နေ့ နံနက်(၁၀:၃၀)အချိန်တွင် မာန်ဟဲအုပ်စု၊ မာန်ဟဲရွာလျှပ်စစ်မီးလင်းရေးကော်မတီပြဿနာအား အင်းတော်မြို၊ ဆောက်လုပ်ရေးဧည့်ရိပ်သာ၌ အင်းတော်မြို့နယ် အမှတ်(၂)တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာမှူး၊ မော်လူးမြို့အုပ်ချုပ်ရေးမှူးတို့နှင့်အတူ ညှိနှိုင်ဖြေရှင်းခဲ့သည်။

1 2