လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ဦးဘိုးသန်းညွန့်မှ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း၂၀၁၈-၂၀၁၉ဘဏ္ဏာနှစ်သစ္စာစီမံချက် နိုင်ငံသားစီစစ်ရေးကဒ်ပြည်သူများသို့ထုတ်ပေးနိုင်မှုနှင့်စွမ်းဆောင်ရည်ပြည့်ဝသည့်မြို့နယ်ဦးစီးမှူးရုံးများအားဆုချီးမြင့်ခြင်းအခမ်းအနားသို့တက်ရောက်

စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ဒုတယိဥက္ကဋ္ဌ၊ ဦးဘိုးသန်းညွှန့်သည် (၂၃-၅-၂၀၁၉)ရက်နေ့၊ မုံရွာမြို့၊ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်သည့်စစ်ကိုင်းတိုင်းဒေသကြီးအတွင်း၂၀၁၈-၂၀၁၉ဘဏ္ဏာနှစ်သစ္စာစီမံချက် နိုင်ငံသားစီစစ်ရေးကဒ်ပြည်သူများသို့ထုတ်ပေးနိနိုင်မှုနှင့်စွမ်းဆောင်ရည်ပြည့်ဝသည့်မြို့နယ်ဦးစီးမှူးရုံးများအားဆုချီးမြင့်ခြင်းအခမ်းအနားသို့တက်ရောက်ခဲ့ပါသည်။
အခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ၀န်ကြီးချုပ်ဒေါက်တာမြင့်နိုင်၊ လွှတ်တော်ဒုဥက္ကဋ္ဌ၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းလဝကဦးစီးမှူးနှင့်ဝန်ထမ်းများအသီးသီးတက်ရောက်ခဲ့ကြပြီး အဆိုပါအခမ်းအနားကို နံနက်(၀၈၀၀)နာရီအချိန်မှ(၀၉၀၀)နာရီအချိန်ထိ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရှိရပါသည်။