လွှတ်တော်ဥက္ကဋ္ဌသည် ကသာပညာရေးကောလိပ်တွင် တင်ဒါအောင်ကုမ္ပဏီများမှ ဆောင်ရွက်နေသောလုပ်ငန်းများအား ကြည့်ရှုစစ်ဆေး

စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌသည် (၁၂-၆-၂၀၂၀)ရက်နေ့၊ (၁၀:၀၀)နာရီအချိန်တွင် ကသာပညာရေး ကောလိပ်တွင် တင်ဒါအောင်ကုမ္ပဏီများမှ ဆောင်ရွက်နေသော လုပ်ငန်းများကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ တိုင်းဒေသကြီးလွတ်တော်ကိုယ်စားလှယ်၊ ခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများလိုက်ပါလျက် သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပါသည်။ ၎င်းနောက် ဥက္ကဋ္ဌနှင့် အဖွဲ့သည် COVID-19 ကာကွယ်ရေးအတွက် ပညာရေးကောလိပ်အဆောင်များတွင် Quarantine ထားရှိသော အခြေအနေကို မေးမြန်းကြည့်ရှုခဲ့ပါသည်။

2 3 4 5