လွှတ်တော်ဥက္ကဋ္ဌသည် ကသာမြို့နယ်၊ အင်းရွာအုပ်စုတွင်း ရေကြီးနစ်မြုပ်နေသော ဒေသများအား သွားရောက်ကြည့်ရှုပြီး အင်းရွာ မြို့မကျောင်းတိုက် ဆရာတော်တို့အားဝါဆိုသင်္ကန်နှင့် လှူဖွယ်ပစ္စည်းများလှူဒါန်း

ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌသည် (၂၇-၇-၂၀၂၀)ရက်နေ့၊ (၀၈:၀၀)နာရီ အချိန်တွင် ကသာမြို့နယ်၊ အင်းရွာအုပ်စုတွင်း ရေကြီးနစ်မြုပ်နေသော ဒေသများအား လှည့်လည်ကြည့်ရှုခဲ့ပြီး ဖုံကုန်းကျေးရွာ ငွေဘုံသာကျောင်းတိုက်ဆရာတော်နှင့် အင်းရွာ မြို့မကျောင်းတိုက် ဆရာတော်တို့အားဝါဆိုသင်္ကန်နှင့် လှူဖွယ်ပစ္စည်းများ လှူဒါန်းခဲ့ပါသည်။

1 2 3 5