လွှတ်တော်ဥက္ကဋ္ဌသည် ကသာမြို့နယ်၊ ကပ္ပလိပ်ရွာ၊ မူလွန်ကျောင်း စာသင်ဆောင် ဆောက်လုပ်နေမှုအား သွားရောက်စစ်ဆေး

စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌသည် (၇-၈-၂၀၂၀)ရက်နေ့ (၀၈:၃၀)နာရီအချိန်တွင် ကသာမြို့နယ်၊ ကပ္ပလိပ်ရွာ၊ မူလွန်ကျောင်း စာသင်ဆောင် ဆောက်လုပ်နေမှုအားလည်းကောင်း၊ နန့်လှိုင်ကျေးရွာ ဘုန်းတော်ကြီးကျောင်းအား န.တ.လ ဘတ်ဂျက်ဖြင့် ပြင်ထိန်းလုပ်ငန်း ဆောင်ရွက်နေမှုအားလည်းကောင်း တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးညီညီထွန်း၊ မြို့နယ်အုပ်ချုပ်ရေးမှုး၊ အရည်အသွေး စစ်ဆေးရေးအဖွဲ့များနှင့်အတူ သွားရောက် စစ်ဆေးခဲ့ပါသည်။

1 3 5 6