လွှတ်တော်ဥက္ကဋ္ဌသည် ဌာနဆိုင်ရာများနှင့်အတူ အစိုးရစက်မှုလက်မှုသိပ္ပံ (ကသာ) ရှိ ကျောင်းဆောင်နှင့် ဝန်ထမ်းအိမ်ရာဆောက်လုပ်နေမှုများအား ကြည့်ရှုစစ်ဆေး

စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌသည် (၅-၈-၂၀၂၀)ရက်နေ့၊ (၀၆:၀၀)နာရီအချိန်တွင် ကသာမြို့၊ သက်ပန်းပရိယတ္တိစာသင်တိုက်ရှိ ဝါဆိုသံဃာများအား အာရုံဆွမ်းဆပ်ကပ်ခြင်း၊ (၀၉:၀၀) နာရီအချိန်တွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးညီညီထွန်း၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် အရည်အသွေးစစ်ဆေးရေးအဖွဲ့၊ ဌာနဆိုင်ရာများနှင့်အတူ အစိုးရစက်မှုလက်မှုသိပ္ပံ (ကသာ) ရှိ ကျောင်းဆောင်နှင့် ဝန်ထမ်းအိမ်ရာဆောက်လုပ်နေမှုနှင့် ထပ်မံဆောက်လုပ်မည့် အဆောက်အဦမြေနေရာများအား စစ်ဆေးခြင်း၊ တန်ဖိုးနည်းဝန်ထမ်းအိမ်ရာအတွင်း ရေတွင်းတူးဖော်မှုအား စစ်ဆေးခြင်း၊ ကသာပြည်သူ့ဆေးရုံးတွင် တိုးချဲ့လူနာဆောင် ဆောက်လုပ်နေမှုအား ကြည့်ရှု စစ်ဆေးခြင်းတို့ ဆောင်ရွက်ခဲ့ပါသည်။

 

2 3 5 6 9 11 13 15