လွှတ်တော်ဥက္ကဋ္ဌသည် အင်းရွာ-ကျွန်းတောကုန်းတံတားပြင်ဆင်နိုင်ရန် ကျေးလက်လမ်းဦးစီးဌာန၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ ၊ ရပ်မိရပ်ဖများနှင့် ညှိနှိုင်း​ဆောင်ရွက်မှုများ ပြုလုပ်ခဲ့

စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌသည် (၇-၇-၂၀၂၀)ရက်နေ့၊ (၀၉:၀၀) နာရီအချိန်တွင် ဒိုးပင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးတွင် ကျေးရွာတာဝန်ခံများနှင့်တွေ့ဆုံ၍ ဒေသတွင်းအခက်အခဲများကို တင်ပြစေပြီး သက္ကယ်ကျင်းကျေးရွာ ရေကာတာဆောင်ရွက်မှုအတွက် အလှူငွေ ၁၀ သိန်းကျပ်အားထည့်ဝင်လှူဒါန်းခဲ့ပါသည်။ ထို့နောက် လွှတ်တော်ဥက္ကဋ္ဌသည် အင်းရွာ-ကျွန်းတောကုန်းတံတားပြင်ဆင်နိုင်ရန်အတွက် ကျေးလက်လမ်းဦးစီးဌာန၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ ၊ ရပ်မိရပ်ဖများနှင့် ညှိနှိုင်းဆောင်ရွက်မှုများ ပြုလုပ်ခဲ့သည်။

1 2 3