လွှတ်တော်ဥက္ကဋ္ဌသည် အရာတော်မြို့၊အခြေခံပညာအထက်တန်းကျောင်း၊ မုဒိတာစာကြည့်တိုက်ဖွင့်ပွဲသို့ တက်ရောက်

ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်၊ လွှတ်တော်ဥက္ကဋ္ဌ ဦးသန်းသည် ဒေသခံတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်အတူ    (၁၈- ၈-၂၀၁၉)  ရက်နေ့၊ နံနက်(၀၉:၀၀)နာရီချိန် အရာတော်မြို့၊ အခြေခံပညာအထက်တန်းကျောင်း၊ မုဒိတာစာကြည့်တိုက်ဖွင့်ပွဲအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး စာကြည့်တိုက်အတွင်း လှည့်လည်ကြည့်ရှုခဲ့ပါသည်။

ထို့ပြင် လွှတ်တော်ဥက္ကဋ္ဌနှင့်အဖွဲ့သည် အရာတော်မြို့နယ်၊ ဘောင်းကျကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌ ဒေသခံပြည်သူများနှင့်တွေ့ခဲ့ရာ ဒေသခံများတင်ပြသည့် ဒေသဖွ့ံဖြိုးရေးလုပ်ငန်းများအား ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။

ဆက်လက်၍ လွှတ်တော်ဥက္ကဋ္ဌနှင့်အဖွဲ့သည် နေ့လယ်(၁၃:၀၀)ချိန် နောင်ကြီးအိုင်ကျေးရွာ၊ ရွာဦးဘုန်းတော်ကြီးကျောင်း၊ သီလဝိသုဒ္ဓိဓမ္မာရုံ၌ ဒေသခံပြည်သူများနှင့်တွေ့ဆုံခဲ့ပြီး ဒေသခံများမှ တင်ပြခဲ့မှုအပေါ် ဌာနဆိုင်ရာများနှင့် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ပါသည်။

၂၀၁၉ ခုနှစ်၊ ဩဂုတ်လ ၁၈ ရက်

F4 F6 F7 ၤF5