လွှတ်တော်ဥက္ကဋ္ဌ၏ ချောင်းဦးမြို့နယ်သို့ ကွင်းဆင်းဆောင်ရွက်မှု

ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်၊ လွှတ်တော်ဥက္ကဋ္ဌ ဦးသန်းသည် ဒေသခံတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်အတူ (၁၆.၈.၂၀၁၉)ရက်နေ့ နံနက်(၉:၀၀)နာရီတွင် ချောင်းဦးမြို့နယ်၊ ဆူးလေကုန်းကျေးရွာသို့ သွားရောက်၍ ဒေသခံပြည်သူများနှင့်တွေ့ဆုံခဲ့ပြီး အမြင့်မြို့ဟောင်းရှိ ရွှေကြိုးရစ်ဘုရား၊ မံ ဘုရားများသို့ သွားရောက်ဖူးမြော်ခဲ့သည်။ထို့နောက် အမြင့်မြို့ဟောင်းစာကြည့်တိုက်သို့ သွားရောက်ခဲ့ပြီး သီပေါမင်းလက်ထက်က စာအုပ်အား လေ့လောကြည့်ရှုခဲ့သည်။ ဆက်လက်၍ လွှတ်တော်ဥက္ကဋ္ဌနှင့်အဖွဲ့သည် နေ့လည်(၁၃:၀၀)နာရီအချန်တွင် ချောင်းဦးမြို့နယ်၊ ယာကြီးကျေးရွာအုပ်စု၌ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ တင်ပြသည့် အခက်အခဲများအပေါ် ဌာနဆိုင်ရာများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ခဲ့သည်။
၂၀၁၉ ခုနှစ်၊ ဩဂုတ်လ ၁၇ ရက်

F2 F3 F4 F5