လွှတ်တော်ဥက္ကဋ္ဌ၏ အရာတော်မြို့နယ်သို့ ကွင်းဆင်းဆောင်ရွက်မှု

ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်၊ လွှတ်တော်ဥက္ကဋ္ဌ ဦးသန်းသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး၊ ဒေသခံတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊
မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့်အတူ (၁၇- ၈-၂၀၁၉)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီချိန် အရာတော်မြို့နယ်၊ ဝါးတန်းကျေးရွာအုပ်စု၊ ရွာရှည်ကျေးရွာ၊ ဇေယျသုခကျောင်းတိုက်ဓမ္မာရုံ၌ ဒေသခံ ပြည်သူများနှင့်တွေ့ဆုံခဲ့ရာ ဒေသခံများတင်ပြမှုအပေါ် ဌာနဆိုင်ရာများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပြီး ရွာရှည်ကျေးရွာ အခြေခံပညာမူလတန်းကျောင်းသို့သွားရောက် ကြည့်ရှု၍ လိုအပ်သည်များ လမ်းညွှန်မှားကြားခဲ့ပါသည်။

ဆက်လက်၍ လွှတ်တော်ဥက္ကဋ္ဌနှင့်အဖွဲ့သည် နေ့လယ်(၁၄:၃၀)ချိန် ရေယိုကျေးရွာဘုန်းတော်ကြီးကျောင်း၌ ဒေသခံများနှင့်တွေ့ဆုံခဲ့ပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအာညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ပါသည်။

၂၀၁၉ ခုနှစ်၊ ဩဂုတ်လ ၁၇ ရက်

F3 F5 ၤF2