လွှတ်တော်ဥက္ကဋ္ဌ ကွင်းဆင်းဆောင်ရွက်မှုအခြေအနေ

ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် လွှတ်တော်ဥက္ကဋ္ဌ ဦးသန်းသည် ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး၊ ဒေါ်မွှေးမွှေးခင်၊ ဟုမ္မလင်းမြို့နယ်မဲဆန္ဒနယ်အမှတ်(၁)မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဌေးလွင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများသည် ဟုမ္မလင်းမြို့၌ တည်ဆောက်လျက်ရှိသော ဝိဇ္ဇာ/သိပ္ပွံဘာသာရပ်သင် ကောလိပ်ကျောင်း ဆောက်လုပ်နေမှုအခြေအနေအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး နမ့်တောကျေးရွာအ.ထ.က ကျောင်း၊ အနော်ရထာခန်းမဆောင်၌ ဒေသခံပြည်သူများနှင့် တွေ့ဆုံခဲ့ရာ ဒေသ၏လိုအပ်ချက်များကို ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။ ထို့နောက် လွှတ်တော်ဥက္ကဋ္ဌနှင့်အဖွဲ့သည် နမ့်တော တိုက်နယ်ဆေးရုံ ဆောက်လုပ်နေမှုအားလည်းကောင်း၊ မီးသတ်ရုံးတည်ဆောက်နေမှုများလည်းကောင်း၊ ဆိုလာပေါင်းစက်ဖြင့် လျှပ်စစ်ဓာတ်အားပေးစက်ရုံ တည်ဆောက်မည့်မြေနေရာအားလည်းကောင်း၊ နမ့်တောကျေးရွာအဝင် တံတားတည်ဆောက်နေမှုတို့အားလည်းကောင်း လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များအား ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။

၂၀၁၉ခုနှစ်၊ ဩဂုတ်လ (၅)ရက်ch(2)ch(1)