လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးဘိုးသန်းညွန့်သည် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ အဖွဲ့ဝင်များနှင့်အတူ ကျောင်းများနှင့် ကျေးရွာများတွင်လိုအပ်သည့်နေရာများအတွက် အလှူငွေများ လှူဒါန်းပေးအပ်

ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးဘိုးသန်းညွန့်သည် ယနေ့ နံနက် (၀၉:၀၀) အချိန်တွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါတ်တာဒေါ်ပြုံး၊ အင်းတော်မြို့နယ် စီမံခန့်ခွဲမှုကော်မတီ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ အဖွဲ့ဝင်များနှင့်အတူ အခြေခံပညာ အထက်တန်းကျောင်း၊ အခြေခံပညာ မူလတန်းကျောင်းများနှင့် ကျေးရွာ များတွင်လိုအပ်သည့်နေရာများအတွက် အင်းတော်မြို့နယ် ပိန္နဲကုန်းကျေးရွာ (၁၀)သိန်းကျပ် ၊ လယ်ဇင်ကျေးရွာ(၁၀)သိန်းကျပ် ၊ ဆည်ရွာကျေးရွာ (၁၀)သိန်းကျပ်၊ နတ်မဟုတ်ကလေးကျေးရွာ (၈)သိန်းကျပ် နှင့် ပေပင်ကျေးရွာအား (၁၂)သိန်းကျပ် လှူဒါန်းခဲ့ပါသည်။

2 3 5 6