စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ ဦးသန်း သည် ၂၇.၁၀.၂၀၁၉ ရက်နေ့တွင် ဝန်သိုမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်ဝင်း၊ ဝန်သိုမြို့နယ်ရှိ တာဝန်ရှိသူများနှင့်အတူ ဝန်သိုမြို့နယ်တွင် ဖွင့်လှစ်သော မူးယစ်ဆေးဖြတ်ကုသရေးနှင့်ပြန်လည်ထူထောင်ရေး သင်တန်းဖွင်ပွဲသို့ တက်ရောက်ပြီး မူးယစ်ဆေး သုံးစွဲသူများအား မူးယစ်သားကောင်ဘဝမှလွတ်မြောက်ရေး အသိပညာပေး ဆွေးနွေးခဲ့သည်။ ယင်းအခမ်းအနား ကို လူမှုဝန်ထမ်း ၊ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး ဝန်ကြီးဌာန နှင့် တိုင်းဒေသကြီးအစိုးရ အဖွဲ့တို့ ပူးပေါင်းကျင်းပခဲ့ခြင်း ဖြစ်ပါသည်။