လွှတ်​တော်ဥက္ကဌ ဦးသန်းသည် အမျိုးသားလျှပ်စစ်ဓာတ်အား ရရှိရေးစီမံကိန်းဖြင့်ဆောင်ရွက်သည့် (၂၄) နာရီ လျှပ်စစ်ဓာတ်အားမီးဖွင့်ပွဲ အခမ်းအနား (ကျောက်ပေါက်ခုံ + အလယ်ခုံကျေးရွာ)အား တက်ရောက်ခဲ့

စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ ဦးသန်း သည် (၂၇.၁၀.၂၀၁၉ )ရက်နေ့ ကသာခရိုင်၊ ဝန်းသိုမြို့နယ် ၊ ကျောက်ပေါက်ခုံအုပ်စု၊ (ကျောက်ပေါက်ခုံ + အလယ်ခုံကျေးရွာ) ၌ ပြုလုပ်သည့် Phase 1 (NEP) အမျိုးသားလျှပ်စစ်ဓာတ်အား ရရှိရေးစီမံကိန်းဖြင့်ဆောင်ရွက်သည့် (၂၄) နာရီ လျှပ်စစ်ဓာတ်အား မီးဖွင့်ပွဲ အခမ်းအနားအား တက်ရောက်ဖွင့်လှစ်ခဲ့သည်။ ယင်းအခမ်းအနားသို့ ဒေသခံတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဇော်လင်းဦး ၊ ဒေါ်ခိုင်ခိုင်ဝင်း နှင့် ဝန်းသိုမြို့နယ်ရှိ တာဝန်ရှိသူများလည်း တက်ရောက်ခဲ့သည်။

IMG_20191027_181238 IMG_20191027_181317 received_531397844365515 received_2326367644139720