-ဝန်ကြီးဌာန ကတိကဝတ်ပြုခဲ့သည့် ကြယ်ပွင့်ပြမေးခွန်းနှင့် အဖြေများစာရင်း

ဒုတိယအကြိမ်စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးတွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များမှ ပေးပို့လာသော ကြယ်ပွင့်ပြမေးခွန်းများအားဖြေကြားချက်များ

ဖြေကြားသည့်ဌာန                     –   ——

မေးမြန်းသည့်လွှတ်တော်အမတ် −    ဦးရွှေဌေး၊ ကနီမဲဆန္ဒနယ် အမှတ်(၁)

[symple_accordion][symple_accordion_section title=”အကြောင်းအရာ”] ကနီမြို့နယ်အတွင်းချင်းတွင်းမြစ်၏အရှေ့ဘက်ကမ်း ကျော်ရွာအုပ်စုနှင့် ထူပေါက်ကျေးရွာအုပ်စုအကြားမှ ချင်းတွင်းမြစ် အတွင်းစီးဝင်သော ဖိုမဲချောင်း ရှိပါ သည်။ ၎င်းချောင်းကို ကျော်ရွာအုပ်စုအတွင်းစုစုပေါင်း အကျိုးပြုဧရိယာ(၅၈၇)ဧကကို ကာကွယ်ရန်အလျား (၆၂၇၀)ပေ၊ အကျယ်(၂၀)ပေ၊ အမြင့်(၆)ပေရှိတမံကို ၁၉၆၃ ခုနှစ်တွင် တည်ဆောက်ခဲ့ပါသည်။ ၎င်းတမံ သည် လွန်ခဲ့သော(၁၀)နှစ်ခန့်က ရေတိုက်စား ပျက်စီး ပြီး စိုက်ပျိုးမြေဧက(၂၃၀)သဲလွှမ်းပျက်စီးခဲ့ပါသည်။ စုစုပေါင်းအကျိုးပြုဧရိယာ(၅၈၇)ဧကကို အချိန်မီ ကာကွယ်နိုင်ရန် ၎င်းတမံအား ပြန်လည်တည်ဆောက် ပေးနိုင်ခြင်းရှိ/ မရှိသိရှိလိုကြောင်း၊

[/symple_accordion_section][symple_accordion_section title=”ဖြေကြားချက်”] ၎င်းတာတမံသည် မူလကရေဘေးကာကွယ်ရေးတာတမံဖြစ်ပြီး ယခု အခါ တာရိုးမှာချောင်းကြမ်းပြင်သဲနုံးပို့ချမှုနှင့် ရေတိုက်စားမှုကြောင့် ပျက်စီးလျှက်ရှိပြီးတာရိုးနေရာတွင် (၆)ပေခန့်သဲနုံးပို့ချလျှက်ရှိပါသည်။ အဆိုပါလုပ်ငန်းအား သက်ဆိုင်ရာဌာနမှ အသေးစိတ်ကွင်းဆင်းစူးစမ်း တိုင်းတာစေ၍ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီး ရန်ပုံငွေဖြင့် ပြန်လည်တည် ဆောက်ပေးနိုင်ရေး ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ဖြေကြားအပ်ပါသည်။[/symple_accordion_section][/symple_accordion]

 

ဖြေကြားသည့်ဌာန                     –   ——

မေးမြန်းသည့်လွှတ်တော်အမတ် −    ဦးရွှေဌေး၊ ကနီမဲဆန္ဒနယ် အမှတ်(၁)

[symple_accordion][symple_accordion_section title=”အကြောင်းအရာ”] စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့နယ် တွင်းကျေးရွာအုပ်စု တွင်းကျေးရွာနေ တောင်သူ(၂၁)ဦးပိုင်လယ်ယာမြေ(၃၄.၄၂) ဧကကို စက်မှု(၁)ဝန်ကြီးဌာန ဒေါက်တာမင်းသိန်း ၎င်း၏ သမီးဖြစ်သူ ဒေါ်နုနုဝင်း၏ ဂျွန်ကုမ္ပဏီနှင့် ဒေသခံအာဏာပိုင် များစုပေါင်း၍ (၁၀.၆.၂၀၀၇)ရက်နေ့တွင် စပီရူလိုင်းနား ထုတ်လုပ်ရန်စီမံကိန်းအတွက် ရည်ရွယ်၍သိမ်းဆည်းခဲ့ပါ သည်။ ယခုအခါ စီမံကိန်းပျက်ပြီး လည်းဖြစ်ပါသည်။ ၎င်း မြေယာများကို မူလပိုင်ရှင်များထံ ပြန်လည်ပေးအပ်ခြင်းကိစ္စ ကို မည်ကဲ့သို့ လုပ်ကိုင်ဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း၊

[/symple_accordion_section][symple_accordion_section title=”ဖြေကြားချက်”]

တောင်သူ(၂၁)ဦးပိုင် လယ်ယာမြေ(၃၄.၄၂)ဧကသည် ကနီမြို့နယ်၊ တွင်းကျေးရွာအုပ်စု၊ ကွင်းအမှတ်(၁၂၅၉-က)နှင့် (၁၂၆၀-ခ) အတွင်းရှိ တောင်သူပေါင်း(၂၁)ဦး၊ ဦးပိုင်ပေါင်း(၂၄)ခု၊ ဧရိယာ (၃၄.၄၂)ဧကရှိ ယာမြေများဖြစ်ပါသည်။ ယခုတောင်သူ(၂၁)ဦး သည် မြေသိမ်းဆည်းမှုမပြုခင်ကမူလဦးပိုင်ပေါက်တောင်သူများ ဖြစ်ပါသည်။ ၎င်းမြေ(၃၄.၄၂)ဧကကို ၂၀၀၇ ခုနှစ်တွင် အမှတ်(၁) စက်မှုဝန်ကြီးဌာနမှ အဏုဇီဝစိမ်းပြာရေညှိထုတ်လုပ်ရန်အတွက် တွင်းထဲကျေးရွာရှိ အိမ်ထောင်စုများအား ပြောင်းရွှေ့နေရာချထား ရန် သိမ်းဆည်းခဲ့ခြင်းဖြစ်ပါသည်။ သိမ်းဆည်းခဲ့သည့်ယာမြေများ အတွက် ယာမြေပထမတန်းစား(၁)ဧကလျှင် ငွေကျပ်(၄)သိန်းနှုန်း ဖြင့်လည်းကောင်း၊ ဒုတိယတန်းစား(၁)ဧကလျှင် ငွေကျပ်(၃)သိန်း နှုန်းဖြင့်လည်းကောင်း တောင်သူများသို့မြေယာလျော်ကြေးပေး ချေခဲ့ပြီးဖြစ်ကြောင်း စီစစ်တွေ့ရှိရပါသည်။

သိမ်းဆည်းယာမြေများကို တွင်းရွာသစ်မြေအဖြစ် အသုံးပြုရန် အတွက် တိုင်းအေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီမှ အသုံးပြုခွင့်ချမှတ်ပြီးဖြစ်ပါသည်။ ရွာမြေရွှေ့ပြောင်းချထားရန် အတွက်  မြေကွက်ပေါင်း(၁၅၀)ကွက် ရိုက်ခဲ့ပြီး ရွှေ့ပြောင်းတောင်သူအိမ်မြေကွက်(၁၄၃)ကွက်နှင့် NGO အခြားသုံးရန်(၇)ကွက် ချထား ပေးခဲ့ပါသည်။ လက်ရှိမြေအသုံးချမှုတွင် ပြောင်းရွှေ့အိမ် ဆောက်လုပ်နေသူ (၄၈)ဦးရှိပြီး ကျန်ယာမြေကွက်များတွင် လူနေ ထိုင်မှုမရှိဘဲ ခြံဝင်းကာထားမှုမရှိသော မြေကွက်ပေါင်း (၆၄)ကွက် ရှိကြောင်း စီစစ်တွေ့ရှိရပါသည်။

ကျေးရွာမြေနေရာသစ်ကို မူလတောင်သူများ၏ သဘောထားရယူ ၍ စနစ်တကျလယ်ယာမြေအခြားနည်းသုံးစွဲခွင့် လ/န (၃၉)အမှု တွဲဖွင့်လှစ်ကာ စစ်ကိုင်းတိုင်းအေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေး ကောင်စီ၏ (၈.၇.၂၀၀၈)ရက်စွဲပါစာအမှတ်၊ ၅/၄၁-၅(၃၅၄၂)/ဦး ၆ ဖြင့် လယ်ယာမြေအခြားနည်းသုံးစွဲခွင့်ကို ခွင့်ပြုမိန့်ချထား ပေးခဲ့ပြီးဖြစ်ပါသည်။

စက်မှုဝန်ကြီးဌာနမှ (၂၀၁၁-၂၀၁၂)ခုနှစ်အထိ နှစ်စဉ်အဏုဇီ၀ စိမ်းပြာရေညှိခြောက်ကို ထုတ်လုပ်ခဲ့ပြီး(၂၀၁၂-၂၀၁၃)ခုနှစ်မှ စတင်ကာ ဇွန်ဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီနှင့် စက်မှုဝန်ကြီးဌာန တို့မှ ဖက်စပ်လုပ်ငန်းကို(၁၀)နှစ်စာချုပ်ဖြင့်အကျိုးတူ ဆောင်ရွက် လျက်ရှိပြီး ယခုအခါတွင် အဏုဇီ၀စိမ်းပြာရေညှိ လုံး၀ ထုတ်လုပ်မှုမလုပ်ကိုင်တော့ပါကြောင်းဖြေကြားအပ်ပါသည်။ [/symple_accordion_section][/symple_accordion]

 

ဖြေကြားသည့်ဌာန                     –   ——

မေးမြန်းသည့်လွှတ်တော်အမတ် −    ဦးသောင်းမြင့်၊ မြင်းမူမဲဆန္ဒနယ် အမှတ်(၁)

[symple_accordion][symple_accordion_section title=”အကြောင်းအရာ”] မြင်းမူမြို့နယ်တွင် မန္တလေး-မြင်းမူ ကတ္တရာလမ်းမိုင်တိုင် အမှတ်(၄၃/၁)မှ ကန်ဖျားကျေးရွာ၊ ဂုံညှင်းဆိပ်ကျေးရွာ၊ အင်း မကျေးရွာနှင့် မူးမန္တလေးကျေးရွာများသို့ ဆက်သွယ်ဖောက် လုပ်ထားသော အရှည်(၁၀)မိုင်ခန့်ရှည်လျားသောလမ်းသည်ကျေးရွာအုပ်စု(၄)အုပ်စု၊ ကျေးရွာ(၇)ရွာရှိ အိမ်ထောင်စု (၁၅၂၀)စု၊ လူဦးရေ(၆၅၀၀)ခန့် မှီခိုအားထားအသုံးပြုသွား လာနေသော လမ်းဖြစ်ပါတယ်။ အဆိုပါလမ်းအား ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရန်ပုံငွေဖြင့် မန္တလေး-မြင်းမူကတ္တရာလမ်း မိုင်တိုင် အမှတ်(၄၃/၁)မှ စတင်၍ အ ရှည်(၅)မိုင် (၁.၈)ဖာလုံအား ကျောက်ချောလမ်းခင်းခြင်းဆောင်ရွက်ပြီးဖြစ်ပါသည်။ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် ကျောက်ချောလမ်း(၁)မိုင် ဂုံညှင်းဆိပ်ကျေးရွာအထိ ဆက်လက်ခင်းရန်နှင့် အောက်ခံ မြေသားကောင်းမွန်သော အင်းမရွာ-မူးမန္တလေးရွာလမ်းပိုင်း အား(၁.၄)မိုင် ဂျင်းကျောက်လမ်းခင်းရန် လုပ်ငန်းဆောင် ရွက်မည်ဖြစ်ကြောင်း သိရှိရပါတယ်။ ကျောက်ချောလမ်း ဆောင်ရွက်သည့် (၆)မိုင်(၁.၈)ဖာလုံ လမ်းပေါ်တွင် ရေကျော်(၁၀)ခုရှိပါတယ်။ ရေကျော်(၄)ခုအား တံတားများ တည် ဆောက်ပြီးသော်လည်း ကျန်ရှိသော ကွန်ကရစ် ရေကျော် (၆)ခုသည် ပျက်စီးယိုယွင်းလျက်ရှိပါတယ်။ ကျွန်တော်တင်ပြပါ အရှည်(၁၀)မိုင်ခန့်ရှည်သော ကျေးရွာချင်းဆက်လမ်းသည်  လမ်းကောင်းမွန်ပြီး ရာသီမရွေးသွားလာမှုအဆင်ပြေသော်လည်း ပျက်စီး ယိုယွင်းနေသော ရေကျော်များကြောင့် ဒေသခံများ သွားလာမှုအခက်အခဲများဖြစ်ပေါ်လျက်ရှိပါတယ်။

သို့ဖြစ်ပါ၍ အဆိုပါပျက်စီးနေသော ကွန်ကရစ် ရေကျော် (၆)ခုအား ပြုပြင်မွမ်းမံခြင်း သို့မဟုတ် ရေကျော်တံတားတည် ဆောက်ခြင်းလုပ်ငန်းဆောင် ရွက်ရန် အစီအစဉ်ရှိ/မရှိနှင့် အစီအစဉ်ရှိပါက မည် သည့်အချိန်ကာလတွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း။

[/symple_accordion_section][symple_accordion_section title=”ဖြေကြားချက်”]

မြင်းမူမြို့နယ်တွင် မန္တလေး-မြင်းမူကတ္တရာလမ်း မိုင်တိုင် အမှတ်(၄၃/၁)မှ ကံဖျား- ဂုံညှင်းဆိပ်- အင်းမ- မူးမန္တလေး ကျေးရွာများသို့ ဆက်သွယ်ဖောက်လုပ်ထားသော အရှည်(၁၁/၄) မိုင်ရှည်လျားသည့် ကျေးလက်လမ်းသည် ကျေးရွာအုပ်စု(၄) အုပ်စု၊ ကျေးရွာ(၇)ရွာရှိ အိမ်ခြေ(၁၄၁၅) အိမ်နှင့်လူဦးရေ (၆၅၁၀)ဦးတို့မှ မှီခိုအားထားအသုံးပြုသွားလာနေသောလမ်း ဖြစ်ပြီး ၂၀၁၅-၁၆ခု ဘဏ္ဍာရေးနှစ်တွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရန်ပုံငွေဖြင့် မန္တလေး-မြင်းမူ ကတ္တရာ လမ်းမှစ၍ အရှည်(၅/၁.၈)မိုင် ကျောက်ချောလမ်း ခင်းခြင်းအား ဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။ ဆက်လက်၍ ၂၀၁၆-၂၀၁၇ခု ဘဏ္ဍာရေးနှစ်တွင်ဂုံညှင်းဆိပ်ကျေးရွာအထိ ကျောက်ချောလမ်း (၁/၀)မိုင်ခင်းခြင်းလုပ်ငန်းနှင့် အင်းမ-မူးမန္တလေးလမ်းပိုင်းအား (၁/၄) မိုင်ဂျင်းကျောက်ခင်းခြင်းလုပ်ငန်းတို့အား ဆောင်ရွက် သွားမည်ဖြစ်ပါသည်။

၂၀၁၅-၂၀၁၆နှင့်၂၀၁၆-၂၀၁၇ခုဘဏ္ဍာရေးနှစ်တို့တွင် ဆောင်ရွက် သည့် ကျောက်ချောလမ်း (၆/၁.၈)မိုင်လမ်းပေါ်တွင် ရေကျော် (၁၀)ခုရှိရာရေကျော်(၄)ခုမှာကွန်ကရစ်တံတားများ တည်ဆောက်ပြီးဖြစ်ပြီး ကျန်ရေကျော်(၆)ခုအနက် (၁)ခုအား ၂၀၁၆-၂၀၁၇ခု ဘဏ္ဍာရေးနှစ်တွင် လုပ်ငန်းတန်ဖိုးငွေကျပ် (၈.၇၈)သန်းဖြင့် (၁၆’x ၁၀’x ၆’) ကျောက်ရိုးစီသံကူကွန် ကရစ်တံတားအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်ပေးသွားရန် လုပ်ငန်းပြောင်းဆောင်ရွက်ခွင့်ပြုမိန့်တင်ပြ ထားဆဲဖြစ်ပါသည်။ ကျန်ရေကျော်(၅)ခုအားသံကူကွန်ကရစ်တံတား များအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်ပေးရန်လိုအပ်မည်ဖြစ်ပြီး(၁၆’x ၁၂’x ၆’)သံကူကွန်ကရစ် တံတား(၁)စင်း လျှင်လုပ်ငန်းတန်ဖိုးငွေ (၁၀.၅)သန်းဖြင့်တံတား(၅)စင်းအတွက် ကျပ်(၅၂.၅)သန်းကုန်ကျမည် ဖြစ်ပါသည်။အဆိုပါတံတားလုပ်ငန်းများမှာ၂၀၁၆-၂၀၁၇ ခု ဘဏ္ဍာရေး နှစ်တွင် မပါရှိပါ။အဆိုပါလမ်းတံတားလုပ်ငန်းများမှာ ဆောင်ရွက်ပြီး ပါကကျေးရွာ(၇)ရွာ၊အိမ်ခြေ(၁၄၁၅)အိမ်နှင့် လူဦးရေ(၆၅၁၀)ဦးတို့အား အကျိုးပြုမည်ဖြစ်ပါကြောင်းဖြေကြားအပ်ပါသည်။ [/symple_accordion_section][/symple_accordion]

 

ဖြေကြားသည့်ဌာန                     –   ——

မေးမြန်းသည့်လွှတ်တော်အမတ် −    ဦးသောင်းမြင့်၊ မြင်းမူမဲဆန္ဒနယ် အမှတ်(၁)

[symple_accordion][symple_accordion_section title=”အကြောင်းအရာ”]

စစ်ကိုင်းမြို့မှ မုံရွာမြို့သို့ ဆက်သွယ်ထားသောကတ္တရာလမ်း သည် မြင်းမူမြို့ မြို့ရှောင်လမ်းအပါအဝင် (၇၃)မိုင် (၃)ဖာလုံ ရှည်လျားပြီး ၎င်းလမ်းအား ဆောက်လုပ်ရေးဝန်ကြီးဌာနမှ  B.O.T စနစ်ဖြင့် ရွှေတောင်ဖွံ့ဖြိုးတိုးတက်မှုကုမ္ပဏီအားလုပ် ငန်းဆောင်ရွက်ခွင့်ပြုပေးထားသောလမ်းဖြစ်ပါသည်။ အဆိုပါ လမ်းအား စစ်ကိုင်းမြို့မှ အုန်းတောကျေးရွာအထိ အရှည်(၁၅) မိုင်အား ကတ္တရာလမ်းအကျယ် (၄၈)ပေ ချဲ့ထွင်ခြင်းလုပ်ငန်း လုပ်ကိုင်လျက်ရှိပါသည်။

ယနေ့အချိန်ကာလတွင် စစ်ကိုင်း-မုံရွာကတ္တရာလမ်းအသုံးပြု သွားလာနေသော မော်တော်ယာဉ်များသည် ပြည်သူ့ဆောက် လုပ်ရေးလုပ်ငန်း၊ လမ်းဦးစီးဌာန၏ စာရင်းဇယားများအရ မြင်းမူ-မုံရွာခရီးစဉ် တစ်ရက်လျင် မော်တော်ယာဉ် (၃၁၈၀) စီး မြင်းမူ-စစ်ကိုင်းခရီးစဉ်တွင် တစ်ရက်လျင် (၂၇၇၀)စီး ဖြတ်သန်းသွားလာနေကြောင်းသိရှိရပါသည်။

သို့ဖြစ်ပါ၍ စစ်ကိုင်း-မုံရွာကတ္တရာလမ်း အသုံးပြုသွားလာ နေသော မော်တော်ယာဉ်အရေအတွက် များပြားလာပါသဖြင့် လမ်းဦးစီးဌာန၏ သတ်မှတ်ပြဌာန်းထားသော စည်းမျဉ်း၊စည်းကမ်း၊ ဉပဒေများနှင့်အညီ စစ်ကိုင်း-မုံရွာကတ္တရာလမ်း အားအုန်းတောကျေးရွာမှမုံရွာမြို့အထိ ကတ္တရာလမ်းအကျယ် (၂၄)ပေမှ (၄၈)ပေအထိ တိုးချဲ့ဆောင်ရွက်ရန် အစီအစဉ်ရှိ/မရှိ ဆောင်ရွက်ရန်ရှိပါက မည်သည့်အချိန်ကာလတွင် ဆောင်ရွက် ပေးမည်ကိုသိရှိလိုပါကြောင်းနှင့် မြင်းမူမြို့နယ်တွင် ၂၀၁၆ ခုနှစ်၊ ဧပြီ ၂၂ ရက်နေ့တွင် လေပြင်းတိုက်ခတ်မှုကြောင့် စစ်ကိုင်း-မုံရွာလမ်း ထီးဆောင်းကျေးရွာအနီး သစ်ပင်များ ပြိုလဲပြီး လမ်းပိတ်ဆို့မှုဖြစ်ပေါ်ကာ ယာဉ်သွားလာမှု ရပ်ဆိုင်း ခဲ့ရပါသည်။ လမ်းပိတ်ဆို့မှုအား မြင်းမူမြို့နယ်ဌာနဆိုင်ရာ များနှင့် မြတ်သုခလူမှုကူညီရေးအသင်းတို့မှ ရှင်းလင်းဆောင် ရွက်မှုကြောင့် တစ်နာရီခန့်အကြာ လမ်းပိတ်ဆို့မှုအား ရှင်းလင်းဆောင်ရွက်နိုင်ခဲ့ပါသည်။

သို့ဖြစ်ပါ၍ စစ်ကိုင်း-မုံရွာလမ်းအား B.O.Tစနစ်ဖြင့် ဆောင် ရွက်နေသော ရွှေတောင်ဖွံ့ဖြိုးတိုးတက်မှုကုမ္ပဏီမှ နောင်အချိန် တွင် သဘာဝဘေးဒဏ်ခံရပြီး လမ်းပိတ်ဆို့၍ ယာဉ်သွားလာ မှုရပ်ဆိုင်းမှုများဖြစ်ပေါ်လာပါက မည်ကဲ့သို့ စီမံဆောင်ရွက် ပေးမည်ကို သိရှိလိုပါကြောင်း။

[/symple_accordion_section][symple_accordion_section title=”ဖြေကြားချက်”] စစ်ကိုင်း-မုံရွာကတ္တရာလမ်းအား အုန်းတောကျေးရွာမှ မုံရွာမြို့ အထိ ကတ္တရာလမ်းအကျယ် (၂၄ပေ)မှ (၄၈ပေ)အထိ တိုးချဲ့ ဆောင်ရွက်ရန်အစီအစဉ် ရှိပါသည်။ ဆောင်ရွက်မည့်အချိန်ကာလ အား ၆/၂၀၁၈ လအပြီး ဆောင်ရွက်ရန်လျာထားပါသည်။ သဘာ၀ ဘေးဒဏ်ခံရပြီး လမ်းပိတ်ဆို့၍ ယာဉ်သွားလာမှုရပ်ဆိုင်မှုများ ဖြစ်ပေါ်လာပါကကုမ္ပဏီ၊သက်ဆိုင်ရာဌာနတို့နှင့်ညှိနှိုင်း၍ အချိန်နှင့်တပြေးညီ ယာဉ်သွားလာမှုများအဆင်ပြေချောမွေ့စေရေး စီမံဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်းဖြေကြားအပ်ပါသည်။ [/symple_accordion_section][/symple_accordion]

 

ဖြေကြားသည့်ဌာန                     –   ——

မေးမြန်းသည့်လွှတ်တော်အမတ် −    ဦးမြင့်ဦး၊ တန့်ဆည်မဲဆန္ဒနယ် အမှတ်(၂)

[symple_accordion][symple_accordion_section title=”အကြောင်းအရာ”] တန့်ဆည်မြို့ မြောက်ဘက်(၅)မိုင်ခန့်ဝေးသော နဘက်ကြီးကျေးရွာ အထိ(၁၁)ကေဗွီအေဓါတ်အားလိုင်းရောက်ရှိပြီး(၂၄)နာရီမီးရရှိနေပြီ ဖြစ်ပါသည်။ အဆိုပါ နဘက်ကြီးကျေးရွာမှ (၅) မိုင်ခန့်ကွာဝေးသော ရွာရှည်(မ)ကျေးရွာသည် ကျေးရွာကြီး(၁)ရွာ ဖြစ်ပြီး ကျေးရွာပေါင်း (၁၁)ရွာဖြင့် ဖွဲ့စည်းထားပါသည်။ ရွာရှည်(မ)ကျေးရွာတွင် (၁၆) ကုတင်ဆံ့တိုက်နယ်ဆေးရုံ(၁)ရုံ၊ အထက်တန်းကျောင်း(၁)ကျောင်း၊ အရံမီးသတ်စခန်းတို့လည်း တည်ရှိပါသည်။ နဘက်ကြီးကျေးရွာမှ ရွာရှည်ကျေးရွာသို့ ဝဲ/ယာကျေးရွာပေါင်း(၃၃)ရွာ၊ အိမ်ခြေပေါင်း (၂၅၆၄)အိမ်နှင့် ရွာရှည်အုပ်စု(၁၀)ရွာ၊ အိမ်ခြေပေါင်း(၁၉၀၄)အိမ်၊ စုစုပေါင်း (၄၄၆၈)အိမ်ရှိပါသည်။ (၂၄)နာရီ လျှပ်စစ်မီးလိုအပ်လျက် ရှိခြင်းကြောင့် နဘက်ကြီးကျေးရွာမှ ရွာရှည်(မ)ကျေးရွာသို့ (၁၁) ကေဗွီအေဓါတ်အားလိုင်း(၅)မိုင်ကို လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ရန်ပုံငွေဖြင့် သွယ်တန်းပေးပါက အိမ်ခြေပေါင်း(၄၄၆၈)အိမ် မီးလင်း နိုင်မည်ဖြစ်သောကြောင့် နဘက်ကြီးကျေးရွာမှ ရွာရှည်သို့ (၅)မိုင် အား (၁၁)ကေဗွီအေ ဓါတ်အားလိုင်းတည်ဆောက်ပေးရန်  အစီအစဉ်  ရှိ/မရှိ သိရှိလိုပါကြောင်းနှင့် အစီအစဉ်ရှိပါက မည်သည့် ဘဏ္ဍာနှစ် တွင် ဆောင်ရွက်မည်ကို သိရှိလိုပါကြောင်း။ [/symple_accordion_section][symple_accordion_section title=”Accordion 2″] တန့်ဆည်မြို့နယ်၊နဘက်ကြီးကျေးရွာမှရွာရှည်ကျေးရွာ သို့ လျှပ်စစ်ဓာတ်အားသွယ်တန်းရန်အတွက် (၁၁) ကေဗွီလိုင်း (၅)မိုင်၊ ၄၀၀ဗို့လိုင်း(၃.၈)မိုင်နှင့် ၁၁/၀.၄ ကေဗွီ (၂၀၀)ကေဗွီအေ ထရန်စဖော်မာ(၂)လုံး တည် ဆောက်ခြင်းလုပ်ငန်းအား ကမ္ဘာ့ ဘဏ်ချေးငွေ  NEP အစီအစဉ် Phase II (၂)မိုင်အထက် (၅)မိုင်အတွင်း ကျေးရွာများစာရင်းတွင် လျာထားတင်ပြပြီး ဖြစ်ပါ သည်။ NEP Phase 1 တွင်လျာထားသည့် ဓာတ်အားလိုင်း(၂)မိုင်အတွင်း ကျေးရွာ များအား (၂၀၁၆-၂၀၁၇)ဘဏ္ဍာရေးနှစ်နှင့် (၂၀၁၇-၂၀၁၈) ဘဏ္ဍာရေးနှစ်(၂)နှစ်ခွဲ၍ ဆောင်ရွက်ပေးမည်ဖြစ်ပါ ကြောင်းနှင့် ရွာရှည်ကျေးရွာ မီးလင်းရေးလုပ်ငန်းကို NEPအစီအစဉ်ဖြင့် (၂၀၁၈-၂၀၁၉) ဘဏ္ဍာရေးနှစ် အတွင်းမှ စတင်ဆောင်ရွက်မည်ဖြစ်ပါကြောင်းဖြေကြားအပ်ပါသည်။[/symple_accordion_section][/symple_accordion]

 

ဖြေကြားသည့်ဌာန                     –   ——

မေးမြန်းသည့်လွှတ်တော်အမတ် −    ဦးမြင့်ဦး၊ တန့်ဆည်မဲဆန္ဒနယ် အမှတ်(၂)

[symple_accordion][symple_accordion_section title=”အကြောင်းအရာ”] တန့်ဆည်မြို့နယ်အဆုံး ကျွန်းလှမြို့နယ်နှင့် ကပ် လျက်ရှိသည့်  ပုတီး-စည်းသာ-ထန်းကုန်းကြီး ကျေးရွာများတွင် ယခင် ကင်းတပ်ဆည်တည် ဆောက်စဉ်က မိမိတို့လုပ်ကိုင်နေသော လယ်ယာ မြေများသည် ဆည်ရေမြုပ်ဧရိယာထဲမှာပါသွား ပါသည်။ ဒါကြောင့်နိုင်ငံတော်မှ ပံ့ပိုးသည့် အနေ ဖြင့် ၎င်းကျေးရွာများ(၂၄)နာရီ မီးလင်းရေး အတွက် လျှပ်စစ်မီးတိုင်များစိုက်ထူပြီး မီးကြိုး သွယ်တန်းပြီးသည်မှာ (၂)နှစ်ခန့် ရှိနေပြီ ဖြစ်ပါ သည်။ ယခုတိုင်မီးမလင်းသေးပါ။ အဆိုပါ ကျေးရွာ မီးလင်းရေးအတွက် လျှပ်စစ်ဝန်ကြီး ဌာနနှင့် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့တို့ မည်သို့ပူးပေါင်း ဆောင်ရွက်မည်ကိုသိရှိလိုပါ ကြောင်း။

[/symple_accordion_section][symple_accordion_section title=”ဖြေကြားချက်”] တန့်ဆည်မြို့နယ်၊ ပုတီးကျေးရွာအတွက် ၁၁ကေဗွီလိုင်း (၃.၅)မိုင်၊ ၄၀၀ဗို့လိုင်း (၄.၅)မိုင်၊ ၁၁/၀.၄ကေဗွီ (၁၆၀) ကေဗွီအေ ထရန်စဖော်မာ (၂)လုံးနှင့် ထန်းကုန်းကြီးကျေးရွာအတွက် ၁၁ကေဗွီလိုင်း(၂.၅)မိုင်၊ ၄၀၀ ဗို့လိုင်း(၁)မိုင်နှင့် ၁၁/၀.၄ကေဗွီ(၁၆၀)ကေဗွီအေထရန်စဖော်မာ(၁)လုံးတည် ဆောက်ခြင်းအား(၂၀၁၄-၂၀၁၅)ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးရန်ပုံငွေဖြင့် ခွင့်ပြုဆောင်ရွက်ပေးခဲ့ပြီး၊စည်းသာကျေးရွာအတွက်၄၀၀ဗို့လိုင်း (၁)မိုင်နှင့် ၁၁/၀.၄ကေဗွီ (၂၀၀) ကေဗွီအေထရန်စဖော်မာ(၁)လုံး တည်ဆောက်ခြင်း အား(၂၀၁၅-၂၀၁၆)ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးရန်ပုံငွေဖြင့် ခွင့်ပြုဆောင် ရွက်ပေးခဲ့ပါသည်။ ၎င်းကျေးရွာများ ဓာတ်အားရရှိရေးအတွက် ကျွန်းလှ မြို့နယ်၊ ညောင်ကိုင်းကျေးရွာမှ ကိုယ်ထူကိုယ်ထ ဆောင်ရွက်ထားသည့် ၁၁ကေဗွီလိုင်းမှ ချိတ်ဆက်ရမည်ဖြစ်ပါသည်။ ညောင်ကိုင်းကျေးရွာမှ ဓာတ် အား လိုင်းသွယ်တန်းရာတွင် ကုန်ကျခဲ့သည့် စရိတ်များထည့်ဝင် ပေးမှသာ ချိတ်ဆက်ခွင့်လက်ခံနိုင်မည်ဖြစ်သဖြင့်ယခင်ကလည်းတိုင်းဒေသကြီးအစိုးရ၊ လျှပ်စစ်ဝန်ကြီးဌာနနှင့်လွှတ်တော်ကိုယ်စားလှယ်များအကြိမ်ကြိမ် ညှိနှိုင်းခဲ့သော်လည်း တစ်ဖက်မှတောင်းခံသည့်ပမာဏနှင့် တစ်ဖက်မှပေး နိုင်မည့်ပမာဏတို့အား ညှိနှိုင်းမရသဖြင့်ကြန့်ကြာနေရခြင်း ဖြစ်ပါ သည်။လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ မူဝါဒအရ တည်ဆောက်ပြီး ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံတို့ နှင့် စပ်လျဉ်း၍ ဝန်ကြီးဌာန၏ စီမံခန့်ခွဲမှုကို လိုက်နာရမည်ဖြစ်သော်လည်း တစ်ဖက်ကျေးရွာ၏ စိုက်ထုတ်ကုန်ကျမှုများအား တတ်စွမ်းသမျှအထောက်အပံ့ဖြစ်စေရန် ညှိနှိုင်းဆောင်ရွက်ခြင်းဖြစ်ပါကြောင်းနှင့်ချိတ်ဆက်ခွင့်ရရှိရေးအတွက် ထပ်မံညှိနှိုင်းဆောင်ရွက်မည်ဖြစ်ပါကြောင်း ဖြေကြားအပ်ပါသည်။ [/symple_accordion_section][/symple_accordion]

 

ဖြေကြားသည့်ဌာန                     –   ——

မေးမြန်းသည့်လွှတ်တော်အမတ် −    ဒေါ်နှင်းခိုင်စိုး၊ ဒီပဲယင်းမဲဆန္ဒနယ် အမှတ်(၁)

[symple_accordion][symple_accordion_section title=”အကြောင်းအရာ”] စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်၊ ဒိုင်နက်အုပ်စု၊ မြင်းတန့်ကျေးရွာနှင့် အင်ပင်ကျေးရွာတို့တွင်ရှိသော တောင်သူများပိုင်လယ်ယာမြေများကို ၁၉၉၅ -၁၉၉၆ ခုနှစ် တွင် အမှတ်(၁၀)လေ့ကျင့်ရေးတပ်(အရာတော်)၊ အမှတ်(၁၆) ခြေမြန်တပ်ရင်း(မုံရွာ)တို့မှ တပ်ရိက္ခာအတွက်ဟုဆိုကာ သိမ်း ယူခဲ့ပါသည်။ ၂၀၁၃ ခုနှစ်တွင် အမှတ်(၁၀)လေ့ကျင့်ရေးတပ် မှ လယ်ယာမြေစီမံခန့်ခွဲရေးအဖွဲ့ကို မြေဧရိယာ(၃၄၃.၂၂)ဧက အား ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့ပါသည်။ အမှတ်(၁၆)ခြေ မြန်တပ်ရင်း(မုံရွာ)မှ သိမ်းယူခဲ့သောမြေကို တရားဝင်ပြန် လည်စွန့်လွှတ်ခြင်း မရှိသော်လည်း ယခုအခါ တောင်သူများ ပြန်လည်လုပ်ကိုင်နေကြပြီဖြစ်ပါသည်။ သို့ရာတွင် မြို့နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့နှင့် မြေစာရင်းဦးစီးဌာနတို့၏ ကွင်းဆင်းစစ်ဆေးမှုအားနည်းသောကြောင့် ပုံစံ(၇)မရရှိခြင်း၊ ပုံစံ(၇)မှားယွင်းစွာထုတ်ပေးခြင်းနှင့် ပုံစံ(၇)လက်မှတ်ရရှိ သော်လည်း သီးစားများကသာဆက်လက်လုပ်ကိုင်နေခြင်း၊ ပုံစံ(၇)အပြည့်မရရှိခြင်း၊ ပုံစံ(၇)လည်းမရ၊ လုပ်ပိုင်ခွင့်လည်း မရရှိခြင်းတို့ဖြစ်ပွားခဲ့ပါသည်။ယခုအခါတွင် စိုက်ပျိုးရာသီရောက်လာသည်နှင့်အမျှ လယ်ပိုင်ခွင့်ရှိသော်လည်း ပုံစံ(၇) မရရှိခြင်းကြောင့် စိုက်ပျိုးစရိတ်ချေးငွေထုတ်ယူခွင့် မရရှိ ခြင်းနှင့် ပုံစံ(၇)ရရှိပြီးဖြစ်သော်လည်း လယ်လုပ်ခွင့်မရရှိဘဲ သီးစား များကသာဆက်လက်လုပ်ကိုင်နေခြင်းများကြောင့် မူလပိုင်ရှင်များနှင့် သီးစားလုပ်ကိုင်နေသူများအကြား ပဋိ ပက္ခများ ကြုံတွေ့နိုင်သည့်အနေအထား ရောက်ရှိနေပြီ ဖြစ်ပါသည်။ အထက်ပါပြဿနာများကို တာဝန်ရှိသူ မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့နှင့် မြေစာရင်းဦးစီး ဌာနတို့ထံ အကြိမ်ကြိမ် တင်ပြတိုင်တန်းခဲ့သော်လည်း ဖြေရှင်းဆောင်ရွက်ပေးခြင်း မရှိခဲ့ပါ။

သို့ပါ၍ တရားဉပဒေစိုးမိုးရေး အကောင်အထည်ပေါ် ပေါက်လာမှုကို ရှေးရှူပြီး မူလပိုင်ရှင်များသို့ လယ်မြေကို လက်ဝယ် အရောက်ပြန်လည်ပေးအပ်သွားရန် လိုအပ်နေ ပါသည်။ သို့ပါသောကြောင့် လိုအပ်သလိုကူညီဖြေရှင်း ပေးနိုင်ရန်နှင့် မည်သို့ လုပ်ကိုင်ဆောင်ရွက်ပေးနိုင်မည်ကို သိရှိလိုပါကြောင်း။

[/symple_accordion_section][symple_accordion_section title=”ဖြေကြားချက်”]

၂၀၁၃ ခုနှစ်တွင် အမှတ်(၁၀)လေ့ကျင့်ရေးတပ်မှ လယ်ယာမြေ စီမံခန့်ခွဲရေးအဖွဲ့သို့ (၃၄၃.၂၂)ဧကအား ပြန်လည်လွှဲပြောင်းပေး အပ်ခဲ့ခြင်းမဟုတ်ဘဲ သိမ်းဆည်းမြေများပြန်လည်စွန့်လွှတ်ခြင်း လုပ်ထုံးလုပ်နည်းနှင့်အညီအဆင့်ဆင့်ဖွဲ့စည်းထားရှိသော မြေအ သုံးချမှုစီမံခန့်ခွဲရေးကော်မတီသို့ အမှတ်(၁၀)လေ့ကျင့်ရေးတပ် မှ ပြန်လည်အပ်နှံရာတွင်တပ်မှလွှဲပြောင်းပေးသော စာရွက်စာတမ်း အထောက်အထားများအရ မူလတောင်သူ(၅၁)ဦးမှ တပ်သို့ လှူဒါန်းပေးအပ်ခဲ့ကြောင်းတွေ့ရှိရပြီး သက်ဆိုင်သည့်သူများမှ သက်ဆိုင်ကြောင်းအထောက်အထားနှင့်အတူပုံစံ(၃)ဖြင့် ရပ်မိ/ ရပ်ဖများနှင့် တောင်သူလယ်သမားကိုယ်စားလှယ်ပါဝင်ဖွဲ့စည်း ထားသော ကျေးရွာအုပ်စုမြေအသုံးချမှုစီမံခန့်ခွဲရေးကော်မတီသို့ လျှောက်ထားရာတွင် အခြေခံဖြစ်သောကျေးရွာအဖွဲ့မှ စီစစ် ထောက်ခံတင်ပြမှုအပေါ် အဆင့်ဆင့်စိစစ်၍ယာယီလုပ်ပိုင်ခွင့်ပြု လက်မှတ်ကို တိုင်းဒေသကြီးမြေအသုံးချမှုစီမံခန့်ခွဲရေးကော်မတီ မှ ထုတ်ပေးခဲ့ပါသည်။

ယင်းနောက်လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ်ထုတ်ပေးရေး အတွက်ဆက်လက်လျှောက်ထားမှုအားမြေစီမံခန့်ခွဲရေးအဖွဲ့မှစိစစ်၍ အပြိုင်လျှောက်ထားမှု၊ ကန့်ကွက်မှု များ၊ အငြင်းပွားမှုများရှိပါက ၂၀၁၂ ခုနှစ် လယ်ယာမြေဉပဒေနှင့် အညီအဆင့်ဆင့်စိစစ်၍ ခရိုင်လယ်ယာမြေစီမံခန့်ခွဲရေး အဖွဲ့၏ လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ်ပုံစံ(၇)ကို ထုတ်ပေးခဲ့ခြင်း ဖြစ်ပါသည်။

ယင်းကဲ့သို့ ပုံစံ(၇)ရရှိခြင်းအပေါ်ကျေနပ်မှုမရှိပါက တည်ဆဲ လယ်ယာမြေဉပဒေ၊ နည်းဉပဒေနှင့်အညီ ကျေးရွာအုပ်စုလယ်ယာ မြေစီမံခန့်ခွဲမှုအဖွဲ့သို့မူလမြေယာမှုခင်းဖွင့်လှစ်ရန်တင်ပြမှုရှိပါက ကျေးရွာအုပ်စုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့မှမူလမြေယာမှုခင်းစီရင်ဆုံးဖြတ်ပြီးမကျေနပ်သူမှမြို့နယ်၊ခရိုင်၊တိုင်းလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့အဆင့်ဆင့်သို့ သတ်မှတ်ကာလအတွင်း အယူခံဝင်ရောက် လာပါက တည်ဆဲလယ်ယာမြေဉပဒေ၊ နည်းဉပဒေများနှင့်အညီ စီရင်ဆုံးဖြတ်ပေးလျှက်ရှိပါသည်။

လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ်ပုံစံ(၇)ရရှိသော်လည်းသီးစား များဆက်လက်လုပ်ကိုင်နေခြင်းနှင့် ပတ်သက်၍ သက်ဆိုင် ရာမြေအသုံးချမှုစီမံခန့်ခွဲမှုကော်မတီအဆင့်ဆင့်နှင့် သက်ဆိုင်ရာ လယ်ယာမြေစီမံခန့်ခွဲမှုကော်မတီအဆင့်ဆင့်မှစိစစ်ပြီး လယ်ယာကျေးရွာအုပ်စု လယ်ယာမြေလုပ်ပိုင်ခွင့်ပြုပုံစံ(၇)ရရှိပြီးဖြစ်သော ဦးတင်ဦးမောင်၊ ဦးဖိုးတုတ်၊ ဦးဝင်း တို့၏ လယ်ယာမြေများတွင် သီးစားများမှဆက်လက်လုပ်ကိုင်နေသဖြင့် သက်ဆိုင်ရာမြေအသုံးချမှု စီမံခန့်ခွဲမှုကော်မတီမှ သက်ဆိုင်သူများသို့လုပ်ထုံး လုပ်နည်းများကို တွေ့ဆုံရှင်းလင်းဆွေးနွေးပြီးဖြစ်သကဲ့သို့ မြို့နယ်တရားရုံးတွင် တရားစွဲဆိုခဲ့ရာ ပြစ်ဒဏ်ချမှတ် ခဲ့ပြီးဖြစ်ပါကြောင်းနှင့် ဆက်လက်ကျူးလွန်ပါက တည်ဆဲဉပဒေနှင့်အညီသက်ဆိုင်ရာတရားရုံးတွင် လယ်ယာမြေလုပ်ပိုင်ခွင့်ရရှိ သူမှ တရားစွဲဆိုရမည်ဖြစ်ပါသည်။

သို့ပါ၍ စွန့်လွှတ်မြေအားလုံးကို တည်ဆဲဉပဒေ၊ နည်းဉပဒေများ နှင့်အညီ လယ်ယာမြေလုပ်ပိုင်ခွင့်ပုံစံ(၇)ပေးပြီးဖြစ်ပါကြောင်းနှင့် မြေအသုံးချမှုစီမံခန့်ခွဲ ရေးကော်မတီအဆင့်ဆင့်နှင့် လယ်ယာမြေစီမံခန့်ခွဲရေးကော်မတီ အဆင့်ဆင့် သည် ဉပဒေ၊ နည်းဉပဒေ၊လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်လျှက် ရှိပါကြောင်း ဖြေကြားအပ်ပါသည်။[/symple_accordion_section][/symple_accordion]

 

ဖြေကြားသည့်ဌာန                     –   ——

မေးမြန်းသည့်လွှတ်တော်အမတ် −    ဦးခင်မောင်ထွန်း၊ ဖောင်းပြင်မဲဆန္ဒနယ် အမှတ်(၂)

[symple_accordion][symple_accordion_section title=”အကြောင်းအရာ”] ဖောင်းပြင်မြို့နယ် ချင်းတွင်းမြစ်အနောက်ဘက်ကမ်းတွင် ရှိသော ပိုးစာကုန်းရွာ၊ ဆည်ချောင်းရွာ၊ အင်တပေါင်း၊ ဖားအောင်ရွာ-နန်းမော်လိုက်၊ ခဝဲရွာ၊ သရက်ကုန်း၊ ဟဲလှော်၊ နန်းစိမရွာများတွင် ပွင့်လင်းရာသီအချိန်၌ ဆည်ချောင်း ကျေးရွာ မှပိုးစာကုန်းကျေးရွာ၊ ပိုးစာကုန်းကျေးရွာမှတစ်ဆင့် ဖောင်ပြင်မြို့ဘက်ကမ်းသို့ ကူးတို့ဖြင့်ကူး၍ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေးကိစ္စများကို မိဘပြည်သူ များနေ့စဉ်သွား လာမှုပြုလျက်ရှိပါသည်။ ပိုးစာကုန်းရွာ၊ ဆည် ချောင်းရွာချင်း ဆက်လမ်း(၄)မိုင်ခန့်သည် ၂၀၁၅-၂၀၁၆ လွှတ်တော် ရန်ပုံငွေ ဖြင့် မြေသားတာဘောင်တင်ခြင်း လမ်းပြုလုပ်ထားပြီးဖြစ်ပါ သော်လည်း ရာသီမရွေးကျေးလက်နေမိဘပြည်သူများလူမှု ဘဝဆောင်ရွက်နိုင်ရန်အတွက် ကျောက်ရောမြေသားလမ်း အဖြစ်အဆင့်မြှင့်တင်ပေးပါရန်နှင့် ဆောင်ရွက်ပေးမည်ဆိုပါက မည်သည့်အချိန်၊ မည်သည့်ဘဏ္ဍာရေးနှစ်တွင် ဆောင် ရွက်ပေးမည်ကို သိရှိလိုပါကြောင်း။

[/symple_accordion_section][symple_accordion_section title=”ဖြေကြားချက်”] ဖောင်းပြင်မြို့နယ်၊ ပိုးစာကုန်း-ဆည်ချောင်းကျေးရွာချင်း ဆက်လမ်းမှာ မူလလမ်းအရှည် (၄/၀)မိုင်၊ အကျယ် (၁၈)ပေ မြေသားလမ်းဖြစ်ပါသည်။ အဆိုပါလမ်းအား ကျောက်ရော မြေနီလမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်မည် ဆိုပါက(၁) မိုင်လျှင် ခန့်မှန်းကုန်ကျငွေကျပ် (၁၆.၀၇) သန်းဖြင့် (၄/၀)မိုင်အတွက် (၆၄.၂၈)သန်းကုန်ကျ မည်ဖြစ် ပါသည်။အဆိုပါလမ်း ဆောင်ရွက်ပါက ကျေးရွာ(၁၄)ရွာ၊ အိမ်ခြေ(၁၃၄၃)လုံးနှင့် လူဦးရေ(၈၈၅၈)ဦးအားအကျိုးပြု မည်ဖြစ်ပါသည်။  အဆိုပါလုပ်ငန်းများမှာ၂၀၁၆-၂၀၁၇ ခု ဘဏ္ဍာရေးနှစ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနရန်ပုံငွေလျာထားချက်တွင်မပါရှိပါကြောင်း ဖြေကြားအပ်ပါသည်။[/symple_accordion_section][/symple_accordion]

 

ဖြေကြားသည့်ဌာန                     –   ——

မေးမြန်းသည့်လွှတ်တော်အမတ် −    ဦးခင်မောင်ထွန်း၊ ဖောင်းပြင်မဲဆန္ဒနယ် အမှတ်(၂)

[symple_accordion][symple_accordion_section title=”အကြောင်းအရာ”] ဖောင်းပြင်မြို့နယ်တွင် မိဘပြည်သူများ၏ ကျန်းမာရေး စောင့်ရှောက်မှုများကိုပေးရသော သရောင်းတိုက်နယ် ဆေးရုံအဆောက်အဦ ကိုယ်ထူကိုယ်ထဖြင့် လည်း ကောင်း၊ သငတိုက်နယ်ဆေးရုံအဆောက်အဦ ကိုယ်ထူ ကိုယ်ထဖြင့် မိဘပြည်သူများဆောင်ရွက်ခဲ့ပါသည်။ ယခု အခါ ဆရာဝန်နှင့် သူနာပြု/သားဖွား ဝန်ထမ်းနေအိမ် များလိုအပ်လျက်ရှိပါသည်။ ဆေးရုံဝင်းအတွင်းဝန်ထမ်း အိမ်ရာများ ဆောက်လုပ်ပေးပါက လူနာများအား စောင့် ရှောက်မှု အချိန်နှင့်တပြေးညီပိုမိုဆောင်ရွက်နိုင်မည်ဖြစ် ပါသဖြင့် ဆရာဝန်နေအိမ်နှင့်ဝန်ထမ်းအိမ်ရာများ နိုင်ငံ တော်အစိုးရအနေဖြင့် စီမံဆောင်ရွက်ပေးပါရန် နှင့် ဆောင်ရွက်ပေးမည်ဆိုပါက မည်သည့်အချိန်၊ မည်သည့် ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုပါ ကြောင်း။

[/symple_accordion_section][symple_accordion_section title=”ဖြေကြားချက်”] ဖောင်းပြင်မြို့နယ်၊ သရောင်းတိုက်နယ်ဆေးရုံနှင့် သငါတိုက်နယ် ဆေးရုံတို့တွင် ဆရာ၀န်၊ သူနာပြုကျွမ်းကျင်၀န်ထမ်း၊ အငယ် ၀န်ထမ်းများအတွက်လိုအပ်သော ၀န်ထမ်းအိမ်ယာများ ဆောက် လုပ်နိုင်ရေးအတွက်  အင်ဂျင်နီယာ၏ အသေးစိတ်တွက်ချက်မှု စာရင်းဖြင့် သက်ဆိုင်ရာတိုင်းကုသရေးဦးစီးဌာနမှ တဆင့် တိုင်းကုသရေးဦးစီးဌာနမှကုသရေးဦးစီးဌာန(ရုံးချုပ်)သို့ ရန်ပုံငွေ ရရှိရေးတင်ပြတောင်းခံသွားမည်ဖြစ်ပါကြောင်း ဖြေကြားအပ်ပါ သည်။[/symple_accordion_section][/symple_accordion]

 

ဖြေကြားသည့်ဌာန                     –   ——

မေးမြန်းသည့်လွှတ်တော်အမတ် −    ဦးခင်မောင်ထွန်း၊ ဖောင်းပြင်မဲဆန္ဒနယ် အမှတ်(၂)

[symple_accordion][symple_accordion_section title=”အကြောင်းအရာ”] ဖောင်းပြင်မြို့၊ ရွှေညောင်ပင်၊ မောက်စဖာ၊ (၁၄)မိုင်ရှိ စကာတာရွာနှင့် ဇီးကုန်းရွာကြားရှိ ၂၀၁၅-၂၀၁၆ခုနှစ် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာန (န.တ.လ)ရန်ပုံငွေ(၂၇)သန်းဖြင့် (၂၇_၂၈_၁၂)ပေ သံကူကွန်ကရစ်တံတားကို သလ္လာအောင်ဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီမှ တည်ဆောက်ခဲ့ပါသည်။ ယခုတင်ပြပါလမ်းပိုင်းကို ရွှေညောင်ပင်အုပ်စု၊ နန်းပန်အုပ်စု၊ ဇီးကုန်းအုပ်စု၊ မောက်စ ဖာအုပ်စု၊ ကရားအုပ်စုအထိ မိဘပြည်သူများ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးအတွက် နေ့စဉ်ဆိုင်ကယ်၊ သုံးဘီး၊ ကား၊ ထော်လာဂျီများဖြင့် သွားလာလျက်ရှိပါသော်လည်း လက်ရှိတံတား၏အောက်ဘက်တွင် ယခင်ကိုယ်ထူကိုယ်ထ (၃၀_၁၅_၁၀)ပေရှိ သစ်သားတံတားရှိခဲ့ပါသည်။ ယခုအခါ တံတားသစ်ကြီးပြီးသွားသော်လည်း ချဉ်းကပ်လမ်း ကျောက် ရောမြေဘောင်တင်ခြင်းမရှိ၍ တံတားပေါ်က ယနေ့အထိ သွားလာ၍မရပါ။ပြည်သူလူထုကိုယ်ထူကိုယ်ထ ဆောက်လုပ် ထားသော သစ်သားတံတားပေါ်မှသာ သွားလာနေရပါသည်။ နိုင်ငံတော်အနေနှင့် တံတားဆောက်လုပ်ပေး ပါသော်လည်း လက်တွေ့တွင်ပြည်သူများအသုံးပြု၍ မရရှိ ခြင်းဖြစ်နေပါသည်။ ၎င်းနေရာသည် မြစ်ရေဝင်ပြီး ရေမြုပ် သောနေရာဖြစ်ပါသည်။ ချဉ်းကပ်လမ်းတာဘောင်တင်ခြင်း အား မိုးရာသီမရောက်မှီ ဆောင်ရွက်ပေးပါရန်နှင့် မည်သည့် အချိန်၊ မည်သည့်ကာလတွင် ဆောင်ရွက်ပေးမည်ကို သိရှိလို ပါကြောင်း။

[/symple_accordion_section][symple_accordion_section title=”ဖြေကြားချက်”] ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ် ဖောင်းပြင်မြို့ စကားတာရွာနှင့် ဇီးကုန်းရွာကြားရှိ (၂၇_၂၈_၁၂) ပေ သံကူကွန်ကရစ်တံတားအား နယ်စပ်ဒေသဖွံ့ဖြိုးရေးရန်ပုံငွေ (တိုင်းဒေသကြီးဘတ်ဂျက်)ဖြင့် သလ္လာအောင်ဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီမှ (၂၀.၁၀.၂၀၁၅)ရက်နေ့၌ စတင်တာဝန်ယူတည်ဆောက်ခဲ့ပြီး (၃၁.၁၂.၂၀၁၅)ရက်နေ့တွင် လုပ်ငန်းပြီးစီးအပ်နှံခဲ့ပါသည်။ ကုမ္ပဏီမှ တံတားတည်ဆောက်ခြင်း လုပ်ငန်းဆောင်ရွက် ပြီးစီးသော်လည်း ချဉ်းကပ်လမ်းမြေဖို့ခြင်း လုပ်ငန်းဆောင်ရွက်ရန်ကျန်ရှိပါသည်။ သို့ပါ၍ ဒေသခံပြည်သူများ နှင့်ယာဉ်များလွယ်ကူစွာသွားလာနိုင်ရေးအတွက် တံတားချဉ်းကပ် လမ်းမြေဖို့ခြင်းလုပ်ငန်းအား ၂၀၁၆ ခုနှစ်၊ ဇွန်အလတွင်း အပြီး ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း ဖြေကြားအပ်ပါသည်။ [/symple_accordion_section][/symple_accordion]

 

ဖြေကြားသည့်ဌာန                     –   ——

မေးမြန်းသည့်လွှတ်တော်အမတ် −    ဦးခင်မောင်ထွန်း၊ ဖောင်းပြင်မဲဆန္ဒနယ် အမှတ်(၂)

[symple_accordion][symple_accordion_section title=”အကြောင်းအရာ”] စစ်ကိုင်းတိုင်းဒေသကြီး၊ ော်လိုက်ခရိုင်၊ ဖောင်းပြင်မြို့နယ်၊ ပါဟဲအုပ်စု၊ တွန်နိမ့်ကျေးရွာသည် ဖောင်းပြင်မြို့မှ (၂၄)မိုင် ကွာဝေးပြီး မူးချောင်းဘေးတွင်ရှိပါသည်။ အိမ်ခြေ(၁၂၈)အိမ်၊ လူဦးရေကျား(၃၂၉)ဦးခန့်၊ မ(၃၂၆)ဦးခန့် စုစုပေါင်း (၆၅၅) ဦးခန့်ရှိပြီး ဗမာလူမျိုးအများစုနေထိုင်လျက်ရှိပါသည်။ ၂၀၁၅ ခုနှစ်၊ ဇူလိုင်လ (၃၀)ရက်မှ သြဂုတ်လ (၁၄)ရက်အထိ မိုးသည်းထန်စွာရွာသွန်းပြီး မူးချောင်းရေမြင့်တက်လာ၍ ကမ်းပါးပြိုခြင်းကြောင့် လူနေအိမ်(၅)လုံး ဖျက်သိမ်းပြောင်း ရွှေ့ခဲ့ရပြီး ၂၀၁၄ ခုနှစ်အတွင်း လူနေအိမ်(၃)ပြောင်းရွှေ့ဖျက် သိမ်းမှုရှိခဲ့ပါသည်။ ကျန်လူနေအိမ်စုစုပေါင်း (၁၇)အိမ်သည် မူးချောင်းကမ်းပါးနှင့်(၁၅)ပေခန့်သာ ဝေးနေပါသည်။ မူးချောင်းသည် မိမိမြို့နယ်အတွင်း ချင်းတွင်းမြစ်ထဲသို့ နွေ၊ မိုး၊ ဆောင်းရေစီးဝင်မှုအားကောင်းသော ချောင်းဖြစ်ပါ သည်။ ကျေးရွာအနေဖြင့် သဲနုန်းဆန်သောမြေပေါ်တွင် တည်ဆောက်ထားသဖြင့် အချိန်မရွေးမိုးအားကောင်းပါက  ဆက်လက်ကမ်းပြိုကျနိုင်ပါသဖြင့် ကျေးလက်နေမိဘပြည်သူ များ လူနေမှုဒုက္ခရောက်နိုင်ပါသဖြင့် မြေထိန်းနံရံများမိုးမကျ မှီ ကာကွယ်စောင့်ရှောက်မှုပေးပါရန်နှင့် မြေထိန်းနံရံများ တည်ဆောက်ပေးမည်ဆိုပါက မည်သည့်အချိန်၊ မည်သည့် ဘဏ္ဍာနှစ်တွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုပါ ကြောင်း။

[/symple_accordion_section][symple_accordion_section title=”ဖြေကြားချက်”] မော်လိုက်ခရိုင်၊ ဖောင်းပြင်မြို့နယ် ပါဟဲအုပ်စု၊ တွန်နိမ့် ကျေးရွာ ကမ်းပြိုမှုအခြေအနေအား သက်ဆိုင်ရာဌာနအား ကွင်းဆင်းတိုင်းတာ စစ်ဆေးစေပြီးဆောင်ရွက်သင့်သည့် အစီ အမံများချမှတ်စီစဉ်ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်းဖြေကြား အပ်ပါသည်။ [/symple_accordion_section][/symple_accordion]

 

ဖြေကြားသည့်ဌာန                     –   ——

မေးမြန်းသည့်လွှတ်တော်အမတ် −    ဦးခင်မောင်ထွန်း၊ ဖောင်းပြင်မဲဆန္ဒနယ် အမှတ်(၂)

[symple_accordion][symple_accordion_section title=”အကြောင်းအရာ”] စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင်၊ ဖောင်းပြင်မြို့သည် မြောက် လတ္တီတွဒ် ၂၄ ဒီဂရီ ၄၄ မိနစ်၊ တောင်လတ္တီတွဒ် ၂၅ ဒီဂရီ ၅၄ မိနစ်၊ အရှေ့လောင်ဂျီကျူ့ ၉၄ ဒီဂရီ ၃၅ မိနစ်၊ အနောက်လောင်ဂျီကျူ့ ၉၅ ဒီဂရီ ၀၁မိနစ်ကြားတွင် တည်ရှိ ပြီး မြို့နယ်၏အကျယ်အဝန်းမှ အရှေ့-အနောက်(၄၀)မိုင်၊ တောင်မြောက်(၄၂)မိုင်၊ စတုရန်း(၁၀၆၂.၈၈)မိုင်ရှိပြီး ဧက (၁၀၂၅၈၄၆)အကျယ်အဝန်းရှိပြီးလူဦးရေကျား/မ(၁၀၆၂၄၄)  ဦးရေ နေထိုင်သောမြို့နယ်ဖြစ်ပါသည်။ မြို့ပေါ် လူဦးရေ (၂)ရပ်ကွက်ပေါင်း ကျား/မ (၈၉၂၂)ခန့်ရှိပြီး အုပ်စု(၄၀)၊ ကျေးရွာပေါင်း(၁၇၈)ရွာဖြင့် ဖွဲ့စည်းထားသော မြို့နယ် ဖြစ်ပါ သည်။ လူနေမှုဘဝ ဖွံ့ဖြိုးတိုးတက်စေသော ကဏ္ဍတွင် လျှပ်စစ်မီးရရှိရေးသည်လည်း အားလုံးအသိဖြစ်ပါသည်။ မိမိ တို့မြို့ပေါ်တွင် ကေဗွီအေ(၅၀၀)၊ ကေဗွီအေ(၃၅၀)၊ ကေဗွီအေ (၂၀၀)၊ ဒီဇယ်ဆီအင်ဂျင်စက်ကြီးများဖြင့် လျှပ်စစ်ဖြန့်ဖြူး ပေးလျက်ရှိပါသည်။ ၂၀၁၁ ခုနှစ်မှ ၂၀၁၅ ဘဏ္ဍာရေးနှစ် အတွင်း အိမ်သုံးမီတာ(၃၅၀)လုံး တပ်ဆင် အသုံးပြုခွင့်ရ ခဲ့ပါသည်။  တစ်နေ့လျင် ည(၂)နာရီသာ လျှပ်စစ် ဓါတ်အားဖြန့်ဖြူးပေးနိုင်ခဲ့ရာမှ ၁၉.၁၂.၂၀၁၄ရက်နေ့မှစ၍ ယနေ့အထိ တစ်နေ့လျင် ည(၄)နာရီအထိ လျှပ်စစ်ဓါတ်အား ဖြန့်ဖြူး ပေးနိုင်ခဲ့သည်ကိုတွေ့ရှိရပါသည်။ မိမိမြို့နယ်နှင့်နယ်နိမိတ် ထိစပ်နေသော(၆၅)မိုင်ရှိ ပင်လည်ဘူးမြို့နယ်သည် (၂၄)နာရီ လျှပ်စစ်မီးရရှိနေပြီး မော်လိုက်မြို့နယ်၊ ကလေးဝမြို့နယ်များ သည်လည်း မကြာမီကာလအတွင်း (၂၄)နာရီ အချိန်ပြည့် လျှပ်စစ်မီးများရရှိရေးစီမံကိန်းများရေးဆွဲချထားမှုရှိကြောင်း ကြားသိရပါသည်။ သို့ပါသောကြောင့် (၂၄)နာရီ မီးရရှိသော မြို့နယ်များနှင့်အတူ မိမိတို့ဖောင်းပြင်မြို့နယ်တွင်လည်း (၂၄)နာရီ မီးရရှိနိုင်ရေးအတွက် ဆောင်ရွက်ပေးပါရန်နှင့် ဆောင်ရွက်ပေးမည်ဆိုပါက မည်သည့်အချိန်၊ မည်သည့် ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးမည်ကိုသိရှိလို ပါကြောင်း။

[/symple_accordion_section][symple_accordion_section title=”ဖြေကြားချက်”] (၂၀၁၆-၂၀၁၇)   ဘဏ္ဍာနှစ်တွင်   ပြည်ထောင်စုရန်ပုံငွေဖြင့်  တမူးမြို့၌  ၂၃၀ ကေဗွီဓာတ်အားခွဲရုံနှင့် ဓာတ်အားလိုင်း တည် ဆောက်ရန်အတွက်  မြေပြင်ကွင်းဆင်းတိုင်းတာခြင်း လုပ်ငန်း ဆောင်ရွက်ရန်လျာထားပြီး  သက်ဆိုင်ရာဘဏ္ဍာနှစ် အလိုက် ရန်ပုံငွေတောင်းခံပြီး     ဓာတ်အားလိုင်းနှင့်ဓာတ်အား ခွဲရုံတည် ဆောက်ရန် လျာထားဆောင်ရွက်သွားမည်ဖြစ်ပါသည်။တမူးမြို့ ၂၃၀/၆၆ ကေဗွီ ဓာတ်အားခွဲရုံ     တည်ဆောက်ပြီးစီးမှသာ ၆၆ ကေဗွီလိုင်းတည်‌ဆောက်ပြီး ဖောင်းပြင်မြို့သို့ဓာတ်အားဖြန့်ဖြူး ရန် ဆက်လက်လျာထားသွားမည်ဖြစ်ပါကြောင်း ဖြေကြားအပ် ပါသည်။[/symple_accordion_section][/symple_accordion]

 

ဖြေကြားသည့်ဌာန                     –   ——

မေးမြန်းသည့်လွှတ်တော်အမတ် −    ဦးခင်မောင်ထွန်း၊ ဖောင်းပြင်မဲဆန္ဒနယ် အမှတ်(၂)

[symple_accordion][symple_accordion_section title=”အကြောင်းအရာ”] စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင်၊ ဖောင်းပြင်မြို့နယ် တွင် ပြည်သူများကျန်းမာရေးစောင့်ရှောက်မှုအနေဖြင့် မြို့ပေါ် တွင်ကုတင်(၅၀)ဆံ့တစ်ခု၊ တိုက်နယ်ဆေးရုံနှစ်ခု၊ ကျေးလက် ကျန်းမာရေးဌာန(၅)ခု၊ ကျေးလက်ကျန်းမာရေး ဌာနခွဲ(၂၀)ခု၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးဌာန(၁)ခု၊ အသီးသီးနေ့စဉ် ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု ပေးလျက်ရှိပါ သည်။ ခန္တီး-သက္ကယ်ကျင်း ဗျူဟာကားလမ်း ဘေးရှိ ဖောင်းပြင်မြို့နယ်အဆုံး-မော်လိုက်မြို့နယ်ချင်းဆက်နေရာတွင် တည်ရှိသောမိုင်းချောင်းအုပ်စု၊ မိုင်းချောင်းရွာတွင် ကျေးလက် ကျန်းမာရေးဌာနခွဲရှိပါသည်။ သငါတိုက်နယ်ဆေးရုံနှင့် (၁၄) မိုင် ခန့်ပွင့်လင်းရာသီသာလမ်းကောင်းပြီး ဖောင်းပြင် မြို့နှင့် မိုင်ချောင်းမှာ(၃၄)မိုင်ဝေးပါသည်။ လမ်းတွင်နန်းပဲခွင်ချောင်း-မူးချောင်း- မိုင်းချောင်း ချောင်းများသည် မိုးရွာသီတွင် ရေကြီး ရေလျှံမှုကြောင့်သွားလာ၍မရနိုင်တော့ပါ။ကျန်းမာရေး အရေး ကြီးလူနာများဆုံးရှုံးမှုများရှိခဲ့ပါသည်။ကျေးရွာတွင်ကျေးလက် ကျန်းမာရေးဌာန ဆောက်လုပ်နိုင်သည့် မြေနေရာများဝယ်ယူ ထားပြီး ရေစင်၊   ရေလောင်းအိမ်သာများ နှင့်   ဆေးပေးခန်းအဆောက်အဦငယ်တစ်ခုရှိပါသည်။ ကျေးလက်ကျန်းမာရေး ဌာနခွင့်ပြုပေးပါက ပါဟဲအုပ်စု-မားသီးအုပ်စု-မန်သဲအုပ်စု-နန်းဘုန်းအုပ်စုနှင့် မော်လိုက်မြို့နယ်အစပ်ကျေးရွာနေ မိဘ ပြည်သူများ ကျန်းမာရေးစောင့်ရှောက်မ ှုပေးနိုင်မည်ဖြစ်ပါ သဖြင့် မိုင်ချောင်းကျေးရွာရှိ ကျေးလက်ကျန်းမာရေးဌာနခွဲ အား ကျေးလက်ကျန်းမာရေးဌာန (RHSC)အဖြစ် ဖွင့်လှစ်ခွင့် ပေးပါရန်။

[/symple_accordion_section][symple_accordion_section title=”ဖြေကြားချက်”]ဖောင်းပြင်မြို့နယ်တွင် ပြည်သူများကျန်းမာရေး စောင့် ရှောက်မှုအနေဖြင့်မြို့ပေါ်တွင်ကုတင်(၅၀)ဆံ့ဆေးရုံတစ်ရုံ၊ တိုက်နယ် ဆေးရုံနှစ်ရုံ၊ ကျေးလက်ကျန်းမာရေးဌာန(၅)ခု၊ ကျေးလက်ကျန်းမာရေးဌာနခွဲ(၂၀)ခု၊ မိခင်နှင့်ကလေး ကျန်းမာရေး စောင့်ရှောက်ရေးဌာန(၁)ခု တို့ဖြင့် နေ့စဉ် ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးလျက်ရှိ ပါသည်။ မိုင်ချောင်းကျေးရွာရှိ ကျေးလက်ကျန်းမာရေး ဌာနခွဲအား ကျေးလက်ကျန်းမာရေးဌာနအဖြစ် အဆင့် တိုးမြှင့်ဖွင့်လှစ်ခွင့်ပေးပါရန်နှင့် ပတ်သက်၍ စစ်ကိုင်းတိုင်း ဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏(၃-၁၂-၂၀၁၅) ရက်စွဲပါစာအမှတ်၊ ၃၆၀၃/အစရ-၅/ထွေ ဖြင့် မိုင်းချောင်း ကျေးလက်ကျန်းမာရေးဌာနခွဲအားတိုက်နယ်ဆေးရုံ အဖြစ် အဆင့်တိုးမြှင့်ဖွင့်လှစ်ခွင့်ရရှိနိုင်ရေးကို ပြည်သူ့ကျန်းမာ ရေးဦးစီးဌာန၊ နေပြည်တော်သို့ တင်ပြတောင်းခံထားပြီး ဖြစ်ကြောင်း ဖြေကြားအပ်ပါသည်။ [/symple_accordion_section][/symple_accordion]

 

ဖြေကြားသည့်ဌာန                     –   ——

မေးမြန်းသည့်လွှတ်တော်အမတ် −    ဦးခင်မောင်ထွန်း၊ ဖောင်းပြင်မဲဆန္ဒနယ် အမှတ်(၂)

[symple_accordion][symple_accordion_section title=”အကြောင်းအရာ”] ဖောင်းပြင်မြို့သည် ကျွန်းရွှေဝါရပ်ကွက်၊ အင်ကြင်းမြိုင်ရပ် ကွက်(၂)ခုသာရှိသော မြို့ဖြစ်ပါသည်။ အင်ကြင်းမြိုင် ရပ်ကွက်သည် လူဦးရေများသောရပ်ကွက်ဖြစ်ပြီး ရွှေတောင် (ခ)ရွှေတောင်တောင်ပေါ်လမ်းသည် အိမ်ထောင်စုလူဦးရေမှာ (၁၀၀)ဦးခန့်နီးပါး အနှစ်(၄၀)ခန့် နေထိုင်သော မိဘပြည်သူ များဖြစ်ကြပါသည်။ ၎င်းတို့နေထိုင်သောလမ်းသည် စည်ပင် နယ်နိမိတ်အတွင်းတွင်တည်ရှိပြီး ဗိုလ်ချုပ်အောင်ဆန်းလမ်း နှင့်အပြိုင်ဖြစ်ပါသည်။ မိုးရေလွှမ်းမိုးချိန်၌ ယခုလမ်းမှာ အများပြည်သူသွားလာအသုံးပြုရသော လမ်းလည်းဖြစ်ပါ သည်။ ၎င်းလမ်းသည် မြေသားညီညာဖြောင့်ဖြူးသောလမ်း ဖြစ်ပါက မြို့တွင်းမှ ကျောင်းသား/ကျောင်းသူများ အများ ပြည်သူများအသွားအပြန်အသုံးပြုရမည်ဖြစ်ပြီး ဗိုလ်ချုပ် အောင်ဆန်းလမ်းကြီးမှာ ကျောင်းသွား/အပြန်အချိန် လမ်း ကြပ်တည်းမှုကို လျော့ချပေးနိုင်ခြင်း၊ ယာဉ်အန္တရာယ် ကင်းရှင်းနိုင်ခြင်း၊ ရာဇမုနိပရိယတ္တိစာသင်တိုက်နှင့် စိတ္တရာ သီလရှင်စာသင်တိုက်ကြားတွင် တည်ရှိခြင်း ၎င်းလမ်းမှာ အထက နှင့် အစိုးရဌာနပေါင်းစုံ သွားနိုင်သော  အရှည်ပေ (၃၀၄၂)ပေရှိ လမ်းဖြစ်၍ အဆိုပါလမ်းအားကွန်ကရစ်လမ်း သို့မဟုတ် ဒီထက်ပိုမို ကောင်းမွန်သောလမ်းအဖြစ် ဆောင် ရွက်ပေးပါရန်နှင့် ဆောင်ရွက်ပေးမည်ဆိုပါက မည်သည့် ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း။

[/symple_accordion_section][symple_accordion_section title=”ဖြေကြားချက်”]

၂၀၁၆-၂၀၁၇ ခု၊ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးနယ်စပ် ဒေသဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေဖြင့် အင်ကြင်းမြိုင်ရပ်ကွက် ရွှေတောင်လမ်းတွင် လမ်းဘေးအုတ်ရေမြောင်း (၃၄၂၀ပေx ၃ ပေ x၂ပေ) တည်ဆောက်ရန်ခွင့်ပြုငွေ (၆၁.၈၀)သန်း လျာထား ခဲ့ပြီး ယခုနှစ်အတွင်း ဆောင်ရွက်သွားရန်လျာထားပြီးဖြစ်ပါ သည်။မြို့နယ်စည်ပင်သာယာရေး  အနေဖြင့် မိမိ၏ရန်ပုံငွေဖြင့် ရပ်တည်ဆောင်ရွက်နေရသောအဖွဲ့အစည်းဖြစ်၍အခြား အရေး ကြီး လမ်း/တံတားများကို ဦးစားပေးဆောင်ရွက်နေရပါသည်။ ၂၀၁၆-၂၀၁၇ ခု ၊ ဘဏ္ဍာရေးနှစ် ဘတ်ဂျက်အသုံးစရိတ်တွင် ငွေလုံးငွေရင်းလုပ်ငန်းအသုံးစရိတ်အဖြစ် လုပ်ငန်း(၉)ခုအတွက် (၅၃.၈၄၅)သန်းလျာထားခဲ့သော်လည်း အင်ကြင်းမြိုင်ရပ်ကွက် ရွှေတောင် တောင်ပေါ်လမ်းအား ထည့်သွင်းရေးဆွဲနိုင်ခြင်း မရှိခဲ့ပါ။

၂၀၁၇-၂၀၁၈ဘဏ္ဍာရေးနှစ်တွင် မြို့နယ်စီမံခန့်ခွဲမှုကော်မတီ၊ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုကော်မတီတို့နှင့် ညှိနှိုင်းပြီး မြို့နယ်မှကောက်ခံရရှိမည့်ဝင်ငွေအတိုင်းအတာအရ ရွှေတောင်တောင်ပေါ်လမ်း ပြုပြင်ခြင်းလုပ်ငန်းကို  ထည့်သွင်းရေးဆွဲစေ၍ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းဖြေကြားအပ်ပါ သည်။ [/symple_accordion_section][/symple_accordion]

 

ဖြေကြားသည့်ဌာန                     –   ——

မေးမြန်းသည့်လွှတ်တော်အမတ် −    ဦးမောင်မောင်ဝင်း၊ ဝက်လက်မဲဆန္ဒနယ် အမှတ်(၁)

[symple_accordion][symple_accordion_section title=”အကြောင်းအရာ”] မြန်မာနိုင်ငံအတွင်းရှိတောင်သူများသည် ဓါတ်မြေသြဇာ နှင့် ပိုးသတ်ဆေးအမျိုးမျိုးကို ဝယ်ယူသုံးစွဲလျက်ရှိပါ သည်။ ၎င်းဓါတ်မြေသြဇာနှင့် ပိုးသတ်ဆေးများ၏ အရည် အသွေးများကို ရန်ကုန်ရှိရုံးချုပ်မှ တစ်ကြိမ်သာအရည် အသွေးစစ်ဆေးသည်ဟု သိရှိရပါသည်။ နောက်ထပ် တင် သွင်းမှု တိုင်းသည် စစ်ဆေးမှုမရှိပါ။ တောင်သူများ အနေ ဖြင့် သံသယရှိသောဓါတ်မြေသြဇာနှင့် ပိုးသတ်ဆေးများ တွေ့ရှိပါက ရုံးချုပ်သို့ပြန်လည်စစ်ဆေးရန် ငွေကြေးနှင့် အချိန်နှစ်လခန့် စောင့်ဆိုင်းကြရပါသည်။ သုံစွဲပြီးနောက်မှ သိရသောအဖြေများဖြစ်နေသဖြင့် တောင်သူများများစွာ ထိခိုက်နစ်နာလျက်ရှိပါသည်။ တောင်သူများအနေဖြင့် အရည်အသွေးပြည့်ဝသော ဓါတ်မြေသြဇာနှင့်ပိုးသတ်ဆေး ကို စစ်ဆေးနိုင်ရန်အတွက် မိမိတို့တိုင်းဒေသကြီးအတွင်း အရည်အသွေးစစ်ဌာနတစ်ခု အမြန်ဆုံးဖွင့်လှစ်ဆောင်ရွက် ပေးနိုင်ရန် အစီအစဉ်ရှိ/မရှိ၊ အကယ်၍ထားရှိမည်ဆိုပါက မည်သည့်အချိန်တွင် အကောင်အထည်ဖော် ဆောင်ရွက် ပေးမည်ကိုသိရှိလိုပါကြောင်း။

[/symple_accordion_section][symple_accordion_section title=”ဖြေကြားချက်”] တိုင်းဒေသကြီးအတွင်း တောင်သူများအနေဖြင့် အရည်အသွေး ပြည့်၀သော ဓါတ်မြေသြဇာပိုးသတ်ဆေးကို စစ်ဆေးနိုင်ရန် အတွက် အရည်အသွေးစစ်ဌာနတစ်ခု အမြန်ဆုံးဖွင့်လှစ် ဆောင်ရွက်ပေးနိုင်ရန် အစီအစဉ်ရှိပါသည်။ ဓါတ်မြေသြဇာ အရည်အသွေးစစ်ဆေးနိုင်ရန်အတွက် လိုအပ်သည့်ပစ္စည်းများ ၀ယ်ယူစုဆောင်းပြီးဖြစ်ပါသည်။ ရန်ကုန်မြေအသုံးချရေးရုံးချုပ် သို့ ဓါတ်ခွဲစမ်းသပ်သည့် နည်းပညာများ လေ့လာဆည်းပူးရန် အတွက် စိုက်ပျိုးရေးဦးစီးဌာနမှ၀န်ထမ်း(၇)ဦး သင်တန်းတက် ရောက်လျက်ရှိပြီး ၂၀၁၆-၂၀၁၇ခုနှစ် ဒုတိယ(၃)လပတ် အတွင်း စတင်ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။ ပိုးသတ်ဆေး စစ်ဆေးနိုင်ရန်အတွက်ပစ္စည်းများ၀ယ်ယူခြင်းကို ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် (ငွေလုံးငွေရင်း) အသုံးစရိတ်မှတင်ပြတောင်းခံ ထားပြီးခွင့်ပြုမိန့်ရရှိပါက၂၀၁၆-၂၀၁၇ခုနှစ်အတွင်းဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ဖြေကြား အပ်ပါသည်။ [/symple_accordion_section][/symple_accordion]

 

ဖြေကြားသည့်ဌာန                     –   ——

မေးမြန်းသည့်လွှတ်တော်အမတ် −    ဒေါ်ခင်မျိုးချစ်၊ ကန့်ဘလူမဲဆန္ဒနယ် အမှတ်(၁)

[symple_accordion][symple_accordion_section title=”အကြောင်းအရာ”] ကန့်ဘလူမြို့ပေါ်ရှိ မြို့ပိုင်မြေ၊ မြို့ပိုင်အဆောက်အအုံများ ဖြစ်သော ပိတောက်သိင်္ဂီခန်းမ(၂)ခု မြို့နယ်အထွေထွေအုပ် ချုပ်ရေးမှူးရုံးရှေ့ရှိ မြေနေရာများ ယာမြေ များအပေါ်တွင် ကြက်ဇုန်အဖြစ် ဖော်ထုတ်ရောင်းချထားသော မြေများ၊ သစ်တောမြေတွင် ဆီဆိုင်များအဖြစ် သတ်မှတ်ရောင်းချထား သောမြေများကို အသင်းအဖွဲ့ဌာန မြို့မိမြို့ဖဆိုသော အဖွဲ့ အစည်းများမှ ပွင့်လင်းမြင်သာမှုမရှိဘဲ စီမံဆောင်ရွက်နေကြ ပါသည်။ ယခုအခါပြည်သူလူထုမှ ရွေးချယ်တင်မြှောက်ထား သော စည်ပင်သာယာရေးကော်မတီ၊မြို့နယ်ဖွံ့ဖြိုးမှုအထောက် အကူပြုအဖွဲ့ စသည်တို့ဖွဲ့စည်း၍ စနစ်တကျ မြို့ဖွံ့ဖြိုးသာယာ ရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်နေပါသော် လည်း အထက်ပါအဖွဲ့အစည်းမှ ဆက်လက်ချုပ်ကိုင်စီမံ ဆောင်ရွက်လျက်ရှိပါသည်။ ပွင့်လင်းမြင်သာသည့်ဒီမိုကရေစီ နိုင်ငံတော်အသစ်တစ်ရပ် ထူထောင်ရာတွင် ပွင့်လင်းမြင်သာမှု မရှိသည့်လုပ်ရပ်များကို ဆက်လက်လုပ်ကိုင်နေသည့် အထက် ပါအဖွဲ့အစည်း၏ စီမံဆောင်ရွက်မှုများကို မည်သို့ဖြေရှင်း ဆောင် ရွက်ပေးမည်ကိုသိရှိလိုပါကြောင်း။

[/symple_accordion_section][symple_accordion_section title=”ဖြေကြားချက်”]

ကန့်ဘလူမြို့ အမှတ်(၂)ရပ်ကွက်၊ ပိတောက်သိင်္ဂီခန်းမ(၂)ခု သည် အကွက်အမှတ်(၂)၊ မြောက်ကုန်း ဦးပိုင်အမှတ်(၂၀၉/ ၂၈၂)၊ ဧရိယာ(၀.၈၈၇)ဧကရှိမြေသည် (၉.၄.၁၉၉၈)မှ (၈.၄.၂၀၁၈)ထိ နှစ်(၃၀)မြေငှားဂရန်ကို ပိတောက်သိင်္ဂီခန်းမ အမည်ဖြင့် မြေငှားဂရန်ရရှိခဲ့ကြောင်း၊ ခန်းမ(၁)သည် ယခင် က ရုပ်ရှင်ရုံအဖြစ်အသုံးပြုခဲ့ပြီး ယခုအခါစာပေဟောပြောပွဲ များ၊မြို့အစည်းအဝေး များ အတွက်သာ အသုံးပြုလျှက်ရှိပြီး ခန်းမှ(၂)အား မင်္ဂလာခန်းမအဖြစ် အသုံးပြုလျှက်ရှိပါသည်။ အဆိုပါခန်းမ(၂)ခုအား မြို့မိ/မြို့ဖကန့်ဘလူမြို့မှ ထိန်းသိမ်း စောင့်ရှောက်လျက်ရှိ၍ ခန်းမ(၂)တွင် မင်္ဂလာတစ်ပွဲလျှင် ကျပ် (၁)သိန်းရရှိပြီး မင်္ဂလာတစ်ပွဲလုပ်အားခ (၁၈၀၀၀)ကုန်ကျပြီး ပျမ်းမျှတစ်လ(၅)ပွဲရရှိကြောင်း၊ စျေးဆိုင်ခန်း(၁၆)ခန်းရှိရာ တစ်လလျှင်ဆိုင်ခန်းခ(၅၀၀၀)ရရှိကြောင်းနှင့် ခန်းမ(၁)မှာ ရုပ်ရှင်မပြသ၍ ဝင်ငွေမရရှိပါ။

ကန့်ဘလူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးပိုင် အကွက်အမှတ်(၂)မြောက်ကုန်း၊ ဦးပိုင်အမှတ်(၃၀၉)ဧရိယာ (၀.၄၇၁)ဧကသည် စည်ပင်ပျိုးဉယျာဉ်အဖြစ် အသုံးချလျှက်ရှိ

ပြီး (၂၈.၁၁.၂၀၀၂)မှ(၂၇.၁၁.၂၀၁၂)ခုနှစ်အထိ (၁၀) နှစ်မြေ ငှားဂရန်ရရှိထားပါသည်။ အဆိုပါမြေ၏တောင်ဘက်ရှိ ဦးပိုင် အမှတ်(၃၂၄/၃၂၅)၊ ဧရိယာ(၀.၁၉၁)ဧကရှိ မြေပေါ်တွင် အဆောက်အဦဆောက်လုပ်၍ စျေးဆိုင်ခန်းများအဖြစ် အသုံး ပြုလျှက်ရှိပါသည်။

ကန့်ဘလူမြို့နယ် ကြက်မွေးမြူရေးဇုန်အဖြစ် ဆောင်ရွက်လျှက် ရှိသောမြေသည် အမှတ်(၅)ရပ်ကွက် ၊ ကွင်းအမှတ်(၅၆၅) ဖုံတောကွင်း၊ ဦးပိုင်အမှတ် (n၁၄၊ n၁၅ ၊ n၁၅-က၊ n၁၀၇ n၁၀ ၊ n၁၀၆၊ ၁၀၊ n၂၀ )လမ်းမြေအပါအဝင် စုစုပေါင်းဧရိ ယာ (၅၉.၂၃)ဧကရှိ ယာမြေအမျိုးအစားကို မြို့မိ/မြို့ဖများမှ ဦးဆောင်၍ မြေ(၁)ဧကလျှင် ငွေကျပ်(၅)သိန်းနှုန်းဖြင့် တောင်သူ(၈)ဦးထံမှ လွှဲပြောင်းဝယ်ယူကာ တိုင်းအေးချမ်း သာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ၏ (၂၈.၁၂.၂၀၀၉)ရက်စွဲပါ စာအမှတ်၊ ၅/၄၁-၅/ဦး၆(၂၇၁)အရ ကြက်မွေးမြူရေးဇုန်အဖြစ် အသုံးပြုရန် မြို့မိ/မြို့ဖအမည်ဖြင့် လ/န(၃၉)ခွင့်ပြုမိန့်ရရှိခဲ့၍ ယင်းမြေများပေါ်တွင် မြေကွက်ပေါင်း (၂၈၅)ကွက် အကွက် ရိုက်ပြီး လုပ်ငန်းရှင်များအား ချထားပေးခဲ့ပြီး ယခုအခါကြက်မွေးမြူရေးဇုန်ကော်မတီသီးသန့်ဖွဲ့စည်းဆောင်ရွက်လျှက် ရှိပါသည်။

ကန့်ဘလူမြို့အမှတ်(၃)ရပ်ကွက်ရှိ စက်သုံးဆီရောင်းဆိုင် မြေနေရာသည် ကန့်ဘလူကြိုးဝိုင်း၊ အကွက်အမှတ်(၃)အ တွင်းကျရောက်ပြီးသစ်တောရေးရာဝန်ကြီးဌာန၏ (၁၇.၈.၂၀၁၀) ရက်စွဲပါအမိန့်ကြေငြာစာအမှတ်၊ ၉၉/၂၀၁၀ နေပြည်တော်၊ ကြိုးဝိုင်းတောမြေအဖြစ်မှ ဧရိယာ(၀.၃၁)ဧကအား ပယ်ဖျက် ခဲ့ကြောင်း၊ အဆိုပါမြေဧရိယာပေါ်တွင် (၄၀x၄၀)ပေ မြေကွက် ပေါင်း(၈)ကွက် အကွက်ရိုက်ပြုလုပ်ပြီး မြို့မီးဘေးကြိုတင် ကာကွယ်ရေးအတွက် မြို့မိ/မြို့ဖအစီအစဉ်ဖြင့် စက်သုံးဆီ အရောင်းဆိုင်မြေနေရာအဖြစ် အသုံးပြုလျှက်ရှိ ပါသည်။

အဆိုပါစက်သုံးဆီမြေ(၄၀x၄၀)ပေ တစ်ကွက်လျှင်ငွေကျပ် (၂၅)သိန်းနှုန်းဖြင့် ပိတောက်သိင်္ဂီခန်းမ(၁) ပြန်လည်တည် ဆောက်ရန်မြို့လူထုကို ချပြရှင်းလင်းပြီး ယခင်မြို့မိ/မြို့ဖအဖွဲ့ ဟောင်းမှ ရန်ပုံငွေကောက်ခံဆောင်ရွက်ခဲ့ကြောင်း၊ မြို့မိ/မြို့ဖ အမည်ပေါက်မြေကွက်(၅)ကွက်နှင့် အသေးစားစက်မှုဇုန်ဖော် ထုတ်ရန် မြေကွက်(၁၅)ကွက်ရောင်းချငွေကျပ် (၆၆၀)သိန်းကိုမြန်မာ့စီးပွားရေးဘဏ်တွင် စာရင်း p-121 ခေါင်းစဉ်ဖြင့် အပ်နှံ ထားရှိ၍ ပိတောက်သိင်္ဂီခန်းမပြင်ဆင်တည်ဆောက်ရန် ထားရှိ ပါကြောင်း ဖြေကြားအပ်ပါသည်။ [/symple_accordion_section][/symple_accordion]

 

ဖြေကြားသည့်ဌာန                     –   ——

မေးမြန်းသည့်လွှတ်တော်အမတ် −    ဒေါ်ခင်မျိုးချစ်၊ ကန့်ဘလူမဲဆန္ဒနယ် အမှတ်(၁)

[symple_accordion][symple_accordion_section title=”အကြောင်းအရာ”] ကျောင်းဆင်းဆရာ/ဆရာမငယ်များကို ကျောင်းဆင်း ဆင်းခြင်း ဝေးလံခေါင်ဖျားသောဒေသများသို့ ဝါရင့် ဆရာ/ဆရာမ များမပါဘဲ တာဝန်ခံကျောင်းအုပ်အဖြစ် ပို့ဆောင်တာဝန်ပေး ခြင်းများအတွက် သိရှိလိုပါတယ်။ ကန့်ဘလူမြို့နယ်တွင် ဆရာလိုအပ်ချက်များရှိနေပါ သော်လည်း ဒေသခံကျောင်းဆင်းဆရာ/ဆရာမငယ် များကို ဝေးလံခေါင်ဖျားသောလဟယ်မြို့မှ နေ့ဝက်ခရီး သွားရသောဒေသသို့ တာဝန်ခံကျောင်းအုပ် အဖြစ် ကျောင်းဆင်းဆရာ/ဆရာမငယ်များနှင့်အတူ ပို့ဆောင် တာဝန်ပေးနေပါသည်။ သင်တန်းဆင်းပြီး ကာလ ဆရာအတွေ့အကြုံ လိုအပ်နေသာ ဆရာ/ဆရာမငယ် များအနေဖြင့် ဝါရင့်ဆရာများ၏ အကူအညီမပါဘဲ ရင်ဆိုင်ကြုံတွေ့ရမည့် လုပ်ငန်းခွင် ပြဿနာများ၊ လူမှုရေး ပြဿနာများကို မည်သို့ဖြေရှင်းလုပ်ကိုင် ဆောင်ရွက်ပေးမည်ကို သိရှိ လိုပါကြောင်း။

[/symple_accordion_section][symple_accordion_section title=”ဖြေကြားချက်”]

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း အခြေခံပညာကျောင်းများတွင် သင် တန်းဆင်းများကို ဖြည့်ဆည်းခန့်ထားရာ၌ မြို့နယ်အသီးသီး၏ ကျောင်းတည်နေရာအဆင့် A,B,C,D,E သတ်မှတ်ချက်အရ သင်တန်းဆင်းများ၏ သင်တန်းဆင်းရမှတ် CGPA ကြီးစဉ် ငယ်လိုက်အရ စေလွှတ်မြို့နယ်အတွင်း ကျောင်းတည်နေရာအဆင့် C,D,E လစ်လပ်နေရာများသို့ ဖြည့်ဆည်းခန့်ထားပြီး ပိုနေသော CGPA  ရမှတ်နည်းသူ များကို မြို့နယ်ခြား၊ ခရိုင်ခြားရှိ လိုအပ် သောကျောင်းများသို့ စေလွှတ်ခန့်ထားခြင်းကို သက်ဆိုင်ရာ ပညာရေး ဌာနမှ ချမှတ်ထားသည့်မူဝါဒနှင့်အညီ ဆောင်ရွက်ခြင်းဖြစ်ပါသည်။ မြို့နယ်အတွင်း ကျောင်းတည်နေရာအဆင့် A,B လစ်လပ်နေရာများ ကို ဌာနတွင်းလုပ်သက်ရင့် ဆရာ/မများ၊ ရာထူးတိုး/ ပြောင်းရွှေ့ အတွက်ချန်လှပ်ထားခြင်းဖြစ်ပါသည်။သင်တန်းဆင်းများအားတာ၀န်ခံကျောင်းအုပ်များအဖြစ် ခန့်ထားခဲ့ခြင်းမဟုတ်ဘဲ ဝေးလံခက်ခဲဒေသ ဖြစ်သောကြောင့် ကျောင်းအုပ်လစ်လပ်နေမှု အပေါ်မူတည်၍ ကျောင်း လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက် ရာတွင်အဆင်ပြေမှုရှိစေရန်လက်ရှိ တာဝန်ထမ်းဆောင်နေသော ဆရာ/မများ တာဝန်ခံဆောင်ရွက်ပေးနေခြင်းဖြစ်ပါသည်။ သင်တန်းဆင်းများအနေဖြင့် ပညာရေး ကောလိပ်များတွင် သင်ကြားရေးအဆင်ပြေစေရန်  သင်ကြား ရေးနည်းစနစ်များ  အပြည့်အဝသင်တန်းပို့ချပေးခြင်းနှင့် လူမှ ုဆက်ဆံရေးနယ်ပယ်အလိုက် လေ့ကျင့်သင်ကြာပေးပြီးဖြစ် သောကြောင့် လူမှုရေးအခက်အခဲမရှိနိုင်ပါကြောင်း ဖြေကြား အပ်ပါသည်။

[/symple_accordion_section][/symple_accordion]

 

ဖြေကြားသည့်ဌာန                     –   ——

မေးမြန်းသည့်လွှတ်တော်အမတ် −    ဦးကျော်လင်း၊ ကျွန်းလှမဲဆန္ဒနယ် အမှတ်(၁)

[symple_accordion][symple_accordion_section title=”အကြောင်းအရာ”]ကျွန်းလှမြို့နယ် ၁၉၉၆ ခုနှစ် သဖန်းဆိပ်ရေလှောင်တမံ တည်ဆောက်မှုကြောင့် နိုင်ငံတော်မှ ရေလွတ်ရာသို့ မြေနေရာ များချထားပေးခဲ့ပါသည်။ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာ များသည် ပင်ပန်းဆင်းရဲစွာကိုယ်ထူကိုယ်ထပြောင်းရွှေ့ပေး ခံခဲ့ရတဲ့မြို့နယ်ဖြစ်ပါသည်။ ကင်းတပ်ရေလွှဲဆည် လုပ်စဉ် ကလည်းကျေးရွာအချို့ပြောင်းရွှေ့ကြရပါသည်။ ကင်းတပ် ရေလွှဲဆည် သဖန်းဆိပ်ရေလှောင်တမံ တည်ဆောက်မှု ကြောင့်ပြောင်းရွှေ့ကြရသော ရွာပေါင်း (၈၀)ကျော်ရှိပါသည်။ တန့်ဆည်၊ ကောလင်း၊ ကန့်ဘလူ၊ ကျွန်းလှပြောင်းရွှေ့ခံရ သည့် မြို့ပေါ်ရပ်ကွက်နှင့်ကျေးရွာများမှ တောင်သူလယ်သ မားများအများစုဖြစ်ကြပါသည်။ တောင်သူလယ်သမားများ သည်၎င်းတို့၏ လုပ်ကွက်လယ်ယာမြေအစားများ ပြည့်မီ အောင်မရကြပါ။ ရရှိကြသောလုပ်ကွက်လယ်ယာမြေများ မှာလည်း သစ်တောကြိုးဝိုင်းအတွင်း ကျရောက်နေသော ကြောင့် လုပ်ကွက်လယ်ယာမြေပိုင်ဆိုင်ခွင့် ပုံစံ(၇)မရရှိကြ သေးပါ။ ပုံစံ(၇)မရရှိသောကြောင့်စိုက်ပျိုးစရိတ်ချေးငွေကို လည်း ယခုအချိန်ထိမရရှိကြပါ။ တောင်သူလယ်သမားများသည်ဆင်းရဲနွမ်းပါးသူများဖြစ်ကြသောကြောင့် စိုက်ပျိုးရာသီ ရောက်တိုင်း ငွေတိုးယူ၍စိုက်ပျိုးစရိတ်အသုံးပြုနေ သည်ကို မြင်တိုင်းကြားတိုင်း စိတ်မကောင်းဖြစ်မိပါသည်။ ကင်းတပ် ရေလွှဲဆည် သဖန်းဆိပ်ရေလှောင်တမံတည်ဆောက်မှုကြောင့် သစ်တောကြိုးဝိုင်းအတွင်း ကျရောက်သော လယ်ယာမြေကို တင်ပြချင်ပါတယ်။ ကန့်ဘလူမြို့နယ်အတွင်း ပါဝင်သော ကြိုးဝိုင်းများကတော့ ထင်းကြိုးဝိုင်း၊ ဆားတွင်းကြီးကြိုးပြင် ကာကွယ်တော၊ဆားတွင်းကြီးကြိုးဝိုင်းစသည်တို့ဖြစ်ပါသည်။လုပ်ကွက်လယ်မြေ(၂၇၈၄.၈၀)ဧက၊လုပ်ကွက်ယာမြေ(၆၀၂၈.၆၅)ဧကစုစုပေါင်း(၈၅၁၃.၄၅)ဧကတို့ဖြစ်ပါသည်။ ကျွန်းလှမြို့နယ် အတွင်းပါဝင်သော ကြိုးဝိုင်းများကတော့ ထင်းကြိုးဝိုင်း၊ သစ်ရာပင်ကြိုးဝိုင်းတော၊ ဖုံမွှာကြိုးဝိုင်းတော၊ ဆားတွင်း ကြိုးပြင်ကာကွယ်တောတို့ဖြစ်ပါတယ်။ ကြိုးဝိုင်း အတွင်းကျ ရောက်နေတဲ့လယ်ဧက(၅၁၃၄.၂၃)ဧက၊ ယာ(၂၁၇၈၂.၅၂)ဧက စုစုပေါင်း (၂၆၉၁၆.၇၅)ဧက ရှိကြောင်း သက်ဆိုင်ရာဌာန များမှ တဆင့် သိရှိရပါတယ်။

ကြိုးဝိုင်းအတွင်းကျရောက်နေသောလုပ်ကွက်လယ်ယာ မြေများကို အမှန်တကယ်တောင်သူလယ်သမားများမှ ပိုင်ဆိုင်ခွင့်ပုံစံ(၇)ရရှိရေးသည်သစ်တောဦးစီးဌာန၊သစ်တောဝန်ကြီးဌာနမှ သစ်တောပိုင်မြေအဖြစ်မှ စွန့်လွှတ် ပေးရမည်ဖြစ်ပါသည်။

သို့ဖြစ်ပါ၍ သစ်တောရေးရာဝန်ကြီးဌာနပိုင်အတွင်း ကျရောက်နေသော လုပ်ကွက်လယ်ယာမြေ များကို သစ်တောရေးရာဝန်ကြီးဌာနမှ သစ်တောမြေ အဖြစ် စွန့်လွှတ်ပေးရန် အစီအစဉ်ရှိ/မရှိ ၊ အကယ်၍ စွန့်လွှတ် ပေးရန် အစီအစဉ်ရှိပါက တိုင်းဒေသကြီးအစိုးအဖွဲ့မှ ပြည်ထောင်စုအစိုးရအဖွဲ့နှင့် ချိတ်ဆက်၍ မည်သို့ဆောင် ရွက်ပေးပြီး မည်သည့်အချိန် ကာလအတွင်း စွန့်လွှတ် ပေးရန် သိရှိလိုပါကြောင်း။

[/symple_accordion_section][symple_accordion_section title=”ဖြေကြားချက်”] စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ကျွန်းလှမြို့နယ်တွင် စိုက်ပျိုးစရိတ်ချေးငွေရရှိရေး လယ်ယာမြေပုံစံ(၇)ထုတ်ပေးရန် အတွက်ကျန်ရှိလယ်ယာမြေဧရိယာ(၃၄၁၆၈)ဧကအား ကြိုးဝိုင်း/ ကြိုးပြင်ကာကွယ်တောအဖြစ်မှ ပယ်ဖျက်ခွင့်ပြုနိုင်ပါရန် လွှဲ ပြောင်းအမှုတွဲနှင့်စပ်လျဉ်း၍ ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလ ၂၀ ရက် နေ့တွင် ကျင်းပပြုလုပ်သော လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေး နှင့် တရားဉပဒေစိုးမိုးရေးကော်မတီအစည်းအဝေး အမှတ်စဉ် (၂/၂၀၁၆)တွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေး ရာဝန်ကြီးဌာန၏တင်ပြချက်အပေါ် ကော်မတီမှ  ပတ်ဝန်း ကျင် ထိန်းသိမ်းရေးနှင့်သစ်တောရေးရာဝန်ကြီးဌာနဦး ဆောင်ကာ အဖွဲ့ဖွဲ့စည်းပြီး မြေပြင်ကွင်းဆင်းစစ်ဆေး၍ ပြန် လည်စိစစ် တင်ပြသွားရန် ဆုံးဖြတ်ခဲ့ကြောင်း၊ မြေပြင်တွင်  ကွင်းဆင်း စာရင်းကောက်ယူခြင်းလုပ်ငန်းအား ကြိုတင်စာရင်းကောက်ယူ မှုပုံစံများဖြင့် ကောက်ယူဆောင်ရွက်ပြီး ဆောင် ရွက်ပြီးစီးမှု စာရင်းဇယားများကို သစ်တောဦးစီးဌာန ရုံးချုပ်၊ နေပြည်တော် မှ (၃၁.၃.၂၀၁၆)ရက်စွဲပါစာအမှတ်၊ စီမံ ကိန်း/စ-၁၉(ခ)/ (၇၃၈၀-၈၂/၂၀၁၆)စာဖြင့်တင်ပြရန်အကြောင်းကြားခဲ့ပါသည်။ရွှေဘိုခရိုင်၊ ကျွန်းလှမြို့နယ်တွင် စိုက်ပျိုးစရိတ်ရရှိရေး လယ်ယာမြေပုံစံ(၇)ထုတ်ပေးနိုင်ရန် ကျန်ရှိလယ်ယာမြေဧရိ ယာ (၃၄၁၆၈)ဧကအား ကြိုးဝိုင်း/ကြိုးပြင်ကာကွယ်တော အတွင်းမှ ပယ်ဖျက်ခွင့်ရရှိနိုင်ရေးအတွက် ကွင်းဆင်းစာရင်း ကောက်ယူမည့်အဖွဲ့အား စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ (၁၉.၂.၂၀၁၆)ရက်စွဲပါစာအမှတ်၊ ၂/၃-၅၁(၁၀၄၀)/ဦး၆ဖြင့် ဖွဲ့စည်းဆောင်ရွက်ခွင့် ပြုခဲ့ပါသည်။ စာရင်းကောက်အဖွဲ့မှ မြေပြင် ကွင်းဆင်းစစ်ဆေးချက်အရကန့်ဘလူမြို့နယ်၊ သိုက် (ထင်း) ကြိုးဝိုင်း(ပိုင်း)၊ ဆားတွင်းကြီးကြိုးပြင်ကာကွယ်တော၊ ဆားတွင်းကြီးကြိုးဝိုင်းအတွင်းမှ လယ်မြေ(၂၄၈၄.၈၀)ဧက၊ ယာမြေ(၆၀၂၈.၆၅)ဧက စုစုပေါင်း(၈၅၁၃.၄၅)ဧကနှင့် ကျွန်းလှ မြို့နယ် သိုက်(ထင်း)ကြိုးဝိုင်း (ပိုင်း)၊ သစ်ရာပင်ကြိုးဝိုင်း၊ ဖုံမွှာကြိုးဝိုင်း၊ ဆားတွင်းကြိုးပြင် ကာကွယ်တောအတွင်းမှ လယ်(၅၁၃၄.၂၃)ဧက၊ယာ(၂၁၇၈၂.၅၂)ဧက၊ပေါင်း(၂၆၉၁၆.၇၅) ဧက၊ စုစုပေါင်း (၃၅၄၃၀.၂၀)ဧကကွင်းဆင်းစာရင်း ကောက်ယူ ရရှိခဲ့ပြီးသစ်တောဦးစီးရုံးချုပ်သို့ (၂၇.၅.၂၀၁၆) ရက်စွဲပါစာမှတ်၊

၄၃၂၇-၂၉/အ-၁ ဖြင့် တင်ပြထားခဲ့ပြီးဖြစ်ပါသည်။ အဆိုပါကိစ္စနှင့် ပတ်သက်၍ (၃၅၄၃၀.၂၀)ဧကအား သစ်တောမြေအဖြစ်ပယ်ဖျက် ခွင့်ပြုနိုင်ရန်အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့မှတင်ပြဆောင်ရွက်ပြီး ဖြစ်ကြောင်းနှင့် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနမှဆက်လက်ဆောင်ရွက်ရန်သာရှိပါကြောင်း ဖြေကြားအပ် ပါသည်။

[/symple_accordion_section][/symple_accordion]

 

ဖြေကြားသည့်ဌာန                     –   ——

မေးမြန်းသည့်လွှတ်တော်အမတ် −    ဦးလှဖြိုး၊ ကျွန်းလှမဲဆန္ဒနယ် အမှတ်(၂)

[symple_accordion][symple_accordion_section title=”အကြောင်းအရာ”] ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ် ကျွန်းလှမြို့နယ် ကျေးလက်ဒေ သဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရန်ပုံငွေဖြင့် မြို့နယ်စည်ပင် သာယာရေးကော်မတီမှ ဆောင်ရွက်ခဲ့သော ကျေးလက်ရေပေး ရေးလုပ်ငန်းများအနက်မှ စာရင်းဝင်ကျေးရွာ (သောက်သုံးရန် မသင့်သော ရေဖြစ်နေခြင်း)၊ ညောင်ပင်ရိုးကျေးရွာ(၄ လက်မ တွင်းနက်ရေ မထွက်ရှိခြင်း)၊ ခပေါင်းရုံကျေးရွာ(ရေလုံးဝမပေး နိုင်သေးခြင်း)၊ သိုက်ပင်ဆိပ်ကျေးရွာ(ပန့်နှင့်ပိုက်လိုင်းမတပ် ဆင်ခြင်း)၊ ရေယိမ်းကျေးရွာ (ရေမြှပ်ပန့် ပျက်စီးနေခြင်း) စသော မပြီးပြတ်သေးသည့်ကိစ္စရပ်များ နှင့်ပတ်သက်၍ (၁) ခရိုင်ကျေး လက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့၏ ကွင်းဆင်းစစ်ဆေးတွေ့ရှိချက်များ အမြန်ဆုံး အကောင်အထည် ဖော်ဆောင်ရွက်ရန်(၁.၄.၂၀၁၆)ရက်စွဲပါစာမှတ်၊ ၀၅၀၅/လမ်း တံတား-၁/ကျေးလက်(ရဘခ)၊ (၂)ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာန(ကျွန်းလှ)မြို့၏(၉.၅.၂၀၁၆)ရက်စွဲပါစာမှတ်၊ ၂၅၅/ရေပေးရေး-၁/ ကျေးလက်(၅-ကလ)၊ (၃)ကျေးလက် ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန(ကျွန်းလှ)မြို့၏ (၉.၅.၂၀၁၆)ရက်စွဲပါစာမှတ်၊၂၅၅/ရေပေးရေး-၁/ ကျေးလက် (၅-ကလ)၊ (၄)ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန (ကျွန်းလှ)မြို့၏ (၂၇.၅.၂၀၁၆)ရက်စွဲပါစာမှတ်၊ ၂၅၅/ရေ ပေးရေး-၁/ကျေးလက်(၅-ကလ)တို့ဖြင့်အကြိမ်ကြိမ်အသိပေး အကြောင်းကြားထားသော်လည်း မြို့နယ်စည်ပင်သာယာရေး ကော်မတီမှ မည်သို့မျှ တုန့်ပြန်ဆောင်ရွက်ခြင်း မရှိသေးပါ သဖြင့် မည်ကဲ့သို့လုပ်ကိုင်ဆောင်ရွက်ပေး မည်ကိုသိရှိလို ပါကြောင်း။

[/symple_accordion_section][symple_accordion_section title=”ဖြေကြားချက်”]

(က) စာရင်းဝင်ကျေးရွာ

မူလဆောင်ရွက်ရန်လျာထားမှုမှာ မြေသားရေလှောင်ကန် ဖြစ်ပြီး ယင်းလုပ်ငန်းမှာ (၁၀၀%) ဆောင်ရွက်ပြီးဖြစ်ပါ သည်။ ရေကန်အတွင်းရှိရေသည်မြေအနေအထားကြောင့် သောက်သုံး ရန်သင့်တော်မှုမရှိသည်မှာ မှန်ကန်ပါသည်။ သို့ဖြစ်ပါ၍ ရေစင် နှင့်ပေ(၁၀၀၀)ခန့်ကွာဝေးနေရာမှ ၄ လက်မအချင်း စက်ရေတွင်းတူး၍ မြေအောက်ရေကိုသွယ် တန်းပြီး ရေပေးဝေသွားမည်ဖြစ်ပါသည်။ ယင်းလုပ်ငန်း အား ဆက်လက်ဆောင်ရွက် လျှက်ရှိပြီး(၃၀.၆.၂၀၁၆)ရက် နေ့တွင် အပြီးဆောင်ရွက်သွား မည်ဖြစ်ပါသည်။

(ခ) ညောင်ပင်ရိုးကျေးရွာ

ညောင်ပင်ရိုးကျေးရွာတွင် ၄ လက်မအချင်း စက်ရေတွင်း တူးဖော်ဆောင်ရွက်ခဲ့ပါသည်။ ရေတွင်းတူးဖော်ပြီးသည့် အချိန်တွင်ရေဂါလံ(၂၀၀၀)ခန့်ထွက်ရှိပြီး ရေတွင်းတူးဖော် ချိန်တွင်  ကျောက်မီးသွေးကြော    ပေ(၁၀၀)ခန့်  ဖြတ်သန်းရသောကြောင့် ရေများသည် မည်းညစ်နေပြီး သောက်သုံးရန် သင့်တော်မှုမရှိခဲ့ပါ။ သို့ဖြစ်ပါ၍ရေစင်နှင့်ပေ(၁၀၀၀)ခန့် ကွာ ဝေးသော ချောင်းဘေးတွင် (၄)လက်မအချင်း စက်ရေတွင်းတူး ၍ ရေပေးဝေနိုင်ရန်အတွက် ဆက်လက်ဆောင်ရွက်လျှက် ရှိပြီး (၃၀.၆.၂၀၁၆) ရက်နေ့တွင် (၁၀၀%)ပြီးစီးအောင် ဆောင်ရွက် သွားမည်ဖြစ်ပါသည်။

(ဂ) ခပေါင်းရုံကျေးရွာ

ခပေါင်းရုံကျေးရွာတွင် ၄လက်မအချင်း ၃၅၀ ပေ စက်ရေ တွင်းအား တူးဖော်ခဲ့ရာ ရေလျှံတွင်းအဖြစ် တူးဖော် ရရှိခဲ့ ပါသည်။ သို့သော် တွင်းထဲသို့ ပန့်ထည့်၍ မောင်းနှင်ခဲ့ရာ ၎င်းရေတွင်းမှ ရေထွက်အားနည်းသွားခဲ့ပါသည်။ သို့ဖြစ် ပါ၍ နေရာပြောင်းပြီး ၄လက်မအချင်း ၃၅၀ ပေ ရေတွင်း တစ်တွင်းအား ထပ်မံတူးဖော်ရာတွင် ရေထွက်ခဲ့ပါသည်။ ယင်းရေတွင်းမှ တစ်နာရီလျှင် ဂါလံ (၂၀၀၀)ခန့် ရေထွက် ရှိခဲ့ပြီး လုပ်ငန်း၏ (၁၀၀%)ဆောင်ရွက်ပြီးဖြစ်ပါသည်။ ယခုအချိန်တွင် ကျေးရွာတွင်းသို့ ရေပေးဝေသုံးစွဲနိုင်ရန်အတွက် ဆက်လက်ဆောင်ရွက် လျှက်ရှိပါသည်။

(ဃ) သိုက်ပင်ဆိပ်ကျေးရွာ

သိုက်ပင်ဆိပ်ကျေးရွာတွင် မြေသားရေလှောင်ကန်၊ ရေစင် နှင့် ပိုက်လိုင်းသွယ်တန်းခြင်းများ ၁၀၀% ဆောင်ရွက်ပြီး ဖြစ်ပါ သည်။ ပန့်တပ်ဆင်ခြင်းနှင့် ကျေးရွာအတွင်းသို့ ရေပေးဝေခြင်း အား (၃၀.၆.၂၀၁၆)ရက်နေ့တွင် အပြီး ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

(င)ရေယိမ်းကျေးရွာ

ရေယိမ်းကျေးရွာတွင် ၄ လက်မအချင်း ရေတွင်းတူးဖော်ခဲ့ပြီး ရေဂါလံ(၃၅၀၀)ခန့်ထွက်ရှိ၍ကျေးရွာအတွင်းသို့ (၂၂.၃.၂၀၁၅) ရက်နေ့မှစတင်၍ အိမ်ခြေ(၃၀၀)ခန့်ရေမီတာများ တပ်ဆင်၍ စနစ်တကျနေ့စဉ် ရေပေးဝေသုံးစွဲခဲ့ပါသည်။ မီးအားမတည်ငြိမ် မှုကြောင့်(၁၅.၂.၂၀၁၆)ရက်နေ့တွင် ရေမြှုပ်ပန့်မှာပျက်စီးခဲ့ပါ သည်။ သို့ဖြစ်ပါ၍ယခုလက်ရှိအချိန်တွင် ရေပြတ်လပ်မှုမရှိ စေရေးအတွက် ကွန်ပရက်ဆာဖြင့် မောင်းတင်သုံးစွဲလျှက် ရှိပါ သည်။ လောင်ကျွမ်းပျက်စီးသွားသော ရေမြှုပ်ပန့်ပြင်ဆင်ခြင်း အား (၃၀.၆.၂၀၁၆)ရက်နေ့တွင် အပြီးသတ်တပ်ဆင်ဆောင် ရွက်သွားမည် ဖြစ်ပါကြောင်းဖြေကြားအပ်ပါသည်။[/symple_accordion_section][/symple_accordion]

 

ဖြေကြားသည့်ဌာန                     –   ——

မေးမြန်းသည့်လွှတ်တော်အမတ် −    ဦးညီညီထွန်း၊ ကသာမဲဆန္ဒနယ် အမှတ်(၂)

[symple_accordion][symple_accordion_section title=”အကြောင်းအရာ”] ကသာမြို့နယ်မှာ၁၃-၄-၂၀၁၆ရက်နေ့မှစတင်ပြီး၃၀-၄-၂၀၁၆ ရက်နေ့အထိ (၁၇)ရက်အကြာ မမျှော်လင့်သော မိုးသည်းထန် စွာရွာသွန်းမှု ရေကြီးရေလျှံ ရေနစ်မြှုပ်မှုများဖြစ်ပေါ်မှုစသည့် သဘာ၀ဘေးဒဏ်များကျရောက်ခြင်းခံခဲ့ရပါသည်။ထိုမမျှော် လင့်သော သဘာ၀ဘေးဒဏ်များကြောင့် တောင်သူများပင်ပန်း ကြီးစွာ ထွန်ယက်စိုက်ပျိုးခဲ့ပါသော အထူးသဖြင့် ဧရာ၀တီ မြစ်ရိုးတစ်လျှောက် စိုက်ပျိုးမြေများဖြစ်သည့် မြေပဲ စိုက်ခင်း ဧက(၆၂၀၀.၁၄)ဧက၊နွေစပါးဧက(၄၄၆၇.၄၅)ဧက၊နေကြာ စိုက်ခင်းဧက(၁၀)ဧက၊ဖူးစားပြောင်းဧက(၁၂၇.၅)ဧက၊ဟင်း သီးဟင်းရွက်ဧက(၂)ဧက၊ အားလုံးပျက်စီးသီးနှံ စုစုပေါင်း (၁၀၈၀၇.၀၉)ဧကသည် ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ပါသည်။ ထို ထိခိုက်ပျက်စီးဆုံးရှုံးမှုများကြောင့် တောင်သူကြီးများမှာ စိုက်ပျိုးစရိတ်ထုတ်ချေးငွေများ ပြန်လည်ပေးသွင်းနိုင်ပါရန် ခက်ခဲနေခြင်း၊စား၀တ်နေရေး၊စီးပွားရေးအကြပ်အတည်း များ ကြုံတွေ့နေရခြင်း၊ကျောင်းဖွင့်ရာသီဖြစ်သည့်အတွက် သား သမီး၊ကျောင်းသွားလာစရိတ်များအတွက် အခက်အခဲများဖြစ် ပေါ်နေခြင်းများ ကြုံတွေ့နေကြရပါသည်။ သို့ဖြစ်ပါသောကြောင့် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ အနေဖြင့် သဘာ၀ဘေးဒဏ်ခံ စိုက်ပျိုးသီးနှံများပျက်စီး ဆုံးရှုံး ခဲ့ရသည့် တောင်သူများအတွက် ကူညီထောက်ပံ့မှုများ (သို့) နစ်နာကြေးငွေများထောက်ပံ့ပေးအပ်သွားရန် အစီအစဉ် ရှိ/မရှိ နှင့် ကူညီထောက်ပံ့မည့်အစီအစဉ်များရှိပါက မည်သည့်အချိန် ကာလများတွင် မည်သို့ ကူညီထောက်ပံ့လုပ်ဆောင် ပေးသွား မည်ကို သိရှိလိုပါကြောင်း။

[/symple_accordion_section][symple_accordion_section title=”ဖြေကြားချက်”] စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၌ (၁၃.၄.၂၀၁၆)မှ (၃၀.၄.၂၀၁၆)တွင် ဧရာ၀တီမြစ်ရေကြီးမှုကြောင့် စိုက်ခင်း (၁၀၈၀၇)ဧကပျက်စီးခဲ့ပါသည်။ နွေစပါး(၄၄၆၇)ဧက၊ ဆောင်း မြေပဲ(၆၂၀၀)ဧက၊ နေကြာ(၁၀)ဧက၊ ဟင်းသီးဟင်းရွက်(၂) ဧက၊ ဖူးစာပြောင်း(၁၂၈)ဧကဖြင့် စုစုပေါင်း(၁၀၈၀၇)ဧက ပျက်စီးခဲ့ပါသည်။ထိုသီးနှံပျက်စီးမှုများအတွက် ထောက်ပံ့ငွေ ရရှိရေးကို လုပ်ထုံးလုပ်နည်းနှင့်အညီတင်ပြရန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊စစ်ကိုင်းတိုင်းဒေသကြီး၊မုံရွာမြို့၏(၂၅.၄.၂၀၁၆) နေ့စွဲပါစာအမှတ် ၂/၃-၁(၄၂၆)/ဦး၆ဖြင့် အကြောင်းကြားမှု အပေါ် နွေစပါး(၄၄၆၇)ဧကအတွက် တစ်ဧကလျှင်(၃၉၀၀၀) နှုန်းဖြင့်(၁၇၄၂၃၃၀၀)ကျပ်၊ ဆောင်းမြေပဲ(၆၂၀၀)ဧကအတွက် တစ်ဧကလျှင်(၇၂၀၀၀)နှုန်းဖြင့်(၄၄၆၄၀၀၀၀၀)ကျပ်၊ နေကြာ (၁၀)ဧကအတွက် တစ်ဧကလျှင်(၂၆၀၀၀)နှုန်း ဖြင့်(၂၆၀၀၀၀) ဖြင့် ဟင်းသီးဟင်းရွက်(၂)ဧကအတွက် တစ်ဧကလျှင် (၂၈၀၀၀) နှုန်းဖြင့်(၅၆၀၀၀)ကျပ်၊ ဖူးစားပြောင်း(၁၂၈)ဧက အတွက် တစ်ဧကလျှင် (၂၈၀၀၀)ကျပ်နှုန်းဖြင့် (၃၅၈၄၀၀၀) ကျပ်၊  စုစုပေါင်းသီးနှံပျက်စီးဧက (၁၀၈၀၇) ဧက အတွက်ထောက်ပံ့ကြေးအတွက် (ကျပ်သိန်းခြောက်ထောင့် နှစ်ရာလေး ဆယ့်ငါးသိန်းတစ်သောင်းသုံးထောင်တိတိ)( ၆၂၄၅၁၃၀၀၀d^-)ကို ထောက်ပံ့ပေးနိုင်ပါရန် (၉.၅.၂၀၁၆) ရက်နေ့ရက်စွဲပါစာ အမှတ်၊စမက(၁)/၂၀၁၆-၂၀၁၇/(၆၂၀)ဖြင့် သက်ဆိုင်ရာဝန်ကြီး ဌာနသို့ တင်ပြထားပြီးဖြစ်ကြောင်းနှင့် ထောက်ပံ့ကြေးငွေ ထုတ် ပေးရန် ခွင့်ပြုမိန့်ကျလာပါက အမြန်ဆုံးထောက်ပံ့ပေးနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဖြေကြားအပ်ပါသည်။ [/symple_accordion_section][/symple_accordion]

 

ဖြေကြားသည့်ဌာန                     –   ——

မေးမြန်းသည့်လွှတ်တော်အမတ် −    ဦးသန်းလှိုင်၊ ပင်လည်ဘူးမဲဆန္ဒနယ် အမှတ်(၂)

[symple_accordion][symple_accordion_section title=”အကြောင်းအရာ”]

တရားမ၀င်သစ်ထုတ်ယူမှုအား ရပ်တန့်နိုင်ရန် အစီအစဉ်ရှိ/ မရှိ ရှိခဲ့ပါက  အဘယ်ကဲ့သို့ ဆောင်ရွက်မည်ကို သိလိုပါတယ်။

ပင်လည်ဘူးမြို့နယ်မှာ သစ်တောဖုံးလွမ်းမှု (၈၄.၈၆)ရာခိုင်နှုံး ရှိတယ်လို့သိရပါတယ်။၄င်းဧရိယာထဲကပဲ တရားမ၀င်သစ် ထုတ်ယူမှုများရှိသလို၊တရားမ၀င်ခိုးထုတ်ယူမှုများရှိနေပါတယ်။ ရက်(၁၀၀)စီမံကိန်းအတွင်းဖြစ်တဲ့ ၂၈-၅-၂၀၁၆ ရက်နေ့မှာပဲ ပင်လည်ဘူးမြို့နယ် သင်နှီးတောအုပ်စု မံပင်ကျေးရွာနှင့် (၃) မိုင် အကွာမှာ အင်/ကညင် သစ်အလုံးရေ ၂၀၅ လုံး (၇၄.၇၅၆)တန်  ဖမ်းဆီးရမိခဲ့ပါတယ်။ ထိုအတူပဲ တန်ဘိုး ကြီးမားလှသော ကျွန်းသစ်များ၊တမလန်းများကိုလည်း များ စွာခိုးထုတ်နေကြပါတယ်။ ထို့အတွက်ကြောင့် သဘာ၀ပတ်၀န်း ကျင်ဟာ ကြီးမား စွာပျက်စီးနေသည်ကိုမြင်တွေ့နေရပါတယ်။ သဘာ၀ပတ်၀န်း ကျင်ပျက်စီးတာနဲ့အမျှ၊ ရေရှားပါးခြင်း/ ရာသီဉတုများ ဆိုးဝါးစွာဖေါက်ပြန်နေသည်ကို ဉက္ကဌကြီးနှင့် တကွ ကိုယ်စားလှယ်တော်ကြီးများအားလုံး ကြုံတွေ့ခံစား နေကြရပါတယ်။ဤကဲ့သို့ ရေရှားပါးမှုများ၊ရာသီဉတုဖေါက်ပြန် မှုများ လျော့နဲစေရန် သစ်တော၊ သစ်ပင်များကို ထိန်းသိမ်းဖို့ အတွက်  အရေးတကြီး လိုအပ်နေပြီဖြစ်ပါတယ်။  ဒါကြောင့်တရားမ၀င်သစ်ထုတ်ယူမှုအား ရပ်တန့်နိုင်ရန် အဘယ်ကဲ့သို့လုပ်ကိုင်ဆောင်ရွက်ပေးမည် ကိုသိရှိ လိုပါကြောင်း။

[/symple_accordion_section][symple_accordion_section title=”ဖြေကြားချက်”] စစ်ကိုင်းတိုင်းဒေသကြီး၊ ပင်လည်ဘူးမြို့နယ်အတွင်း ကြိုးဝိုင်း (၁၂)၊ ကြိုးပြင်တော(၁၂)ခုရှိပြီး သစ်တောဖုံးလွှမ်း မှု(၈၄.၈၆) ရာခိုင်နှုန်းခန့်ရှိပါသည်။  သစ်တောဦးစီးဌာနအနေဖြင့်လည်း မြို့နယ်/ခရိုင်/တိုင်းဒေသကြီး/ဦးစီးရုံးချုပ်စစ်ကြောင်းများဖြင့် တရားမဝင်သစ်များကို ဖမ်းဆီးလျှက်ရှိပါသည်။ ပင်လည်ဘူး မြို့နယ်အတွင်း ၂၀၁၀-၂၀၁၁ မှ ၂၀၁၅-၂၀၁၆ဘဏ္ဍာရေးနှစ် ကုန်အထိ တရားမဝင်သစ်ဖမ်းဆီးရမိမှုအနေဖြင့် ကျွန်း/သစ်မာ/ အခြား စုစုပေါင်း (၂၃၅.၇၉၃၈)တန်ခန့်ဖမ်းဆီးရမိခဲ့ပြီးဖြစ်ပါ သည်။သစ်တောများပျက်စီးပြုန်းတီးရခြင်း၏အဓိကအကြောင်း အရင်းမှာ (၁) နိုင်ငံခြားငွေရရှိရေးအတွက် မြန်မာ့သစ်လုပ်ငန်းမှ သစ်ထုတ်လုပ်သည့်ကုမ္ပဏီများသို့ (AD/AE) စနစ်ဖြင့်  Subcontroct ပေး၍ တောထွက်ထက်ပို၍ နှစ်စဉ်သစ်ထုတ်လုပ်ခွင့်ပြုခဲ့ခြင်း၊ (၂) တစ်ဖက်နိုင်ငံမှ တမလန်း /ပိတောက်/ ကျွန်းအစရှိသည့် အဖိုးတန်သစ်များကို အဆမတန် စျေးကြီးပေးဝယ်သည့်အတွက်ဝိသမလောဘသားများ၏ တရား မဝင် သစ်ခိုးထုတ်လုပ်မှုများပြားလာခြင်း၊ (၃) ဒေသဖွံ့ဖြိုးရေး နှင့် မိမိသုံးသစ်များကိုတရားဝင် ထုတ်လုပ်ခွင့်ပြု ပေးနိုင်မှု မရှိခြင်း၊  (၄)နေ့စဉ်သုံး ထင်း/မီးသွေးလောင်စာ သုံးစွဲမှုအတွက်  သဘာဝသစ်တောများမှ အလွန်အကျွံထုတ်ယူသုံးစွဲခြင်း၊ (၅) တိုးတက် များပြားလာသောလူဦးရေကြောင့် သဘာဝသစ်တောဧရိယာများကို စိုက်ပျိုး မြေအဖြစ် လယ်/မြေ တိုးချဲ့ခုတ်ထွင်ခြင်းတို့ကြောင့်ဖြစ်ပြီး အဆိုပါ ဖြစ်စဉ် များကို သစ်တောဦးစီးဌာနတစ်ခုတည်းဖြင့် ပြီးပြည့်စုံအောင် ကာကွယ် ဆောင်ရွက်နိုင်မည်မဟုတ်ဘဲ သစ်တောဦးစီးဌာနဝန်ထမ်းများနှင့်အတူ ဒေသခံပြည်သူများ၊ လူမှုအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သောအဖွဲ့အစည်း များ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများ၊ မြန်မာ နိုင်ငံရဲတပ်ဖွဲ့နှင့် မြန်မာ့တပ်မတော်တို့၏ ပူးပေါင်းပါဝင်မှုဖြင့်သာ တရား မဝင်သစ်ထုတ်ယူမှုအား ရပ်တန့်အောင် ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း ဖြေကြားအပ်ပါသည်။   [/symple_accordion_section][/symple_accordion]

 

ဖြေကြားသည့်ဌာန                     –   ——

မေးမြန်းသည့်လွှတ်တော်အမတ် −    ဦးမောင်မောင်လတ်၊ ဖေါင်းပြင်မဲဆန္ဒနယ် အမှတ်(၁)

[symple_accordion][symple_accordion_section title=”အကြောင်းအရာ”]ဖောင်းပြင်မြို့နယ်တွင် ကုတင်(၅၀)ဆံ့ ဆေးရုံ(၁)၊ တိုက်နယ်ဆေးရုံ(၂)ခုရှိပြီး နေ့စဉ် ပြည်သူလူထု၏ ကျန်းမာရေးစောင့် ရှောက်မှုကို ပေးလျက်ရှိပါသည်။ ဖောင်းပြင်-ဟုမ္မလင်းကား လမ်းဘေးရှိ လွင်ကြီးအုပ်စု၊ လွင်ကြီးကျေးရွာတွင် ကျေးလက် ကျန်းမာရေးဌာန(ခွဲ) မှ ကျေးလက်ကျန်းမာရေးဌာန( RHSC ) အဖြစ်     ၁၀-၈-၂၀၀၇ ရက်စွဲပါစာအမှတ်၊ကမပ/ဃ-၆၈၅/၄၆ ဖြစ်ယနေ့ထိဖွင့်လှစ်၍ကျေးလက်နေ မိဘပြည်သူ များ အား ကျန်းမာရေးစောင့်ရှောက်မှုများကို ပေးနေပါ သည်။ တိုက်နယ်ဆေးရုံအဖြစ် တိုးမြှင့်ဖွင့်လှစ်ခွင့် ရရှိရေးအတွက် ၂-၁၀-၂၀၁၅ ရက်စွဲပါစာအမှတ်၊ ၃၉၁/အစရ-၅/၄(၂)ဖြင့် ကျန်းမာရေး ၀န်ကြီးဌာနသို့ အမှုတွဲ ပေးပို့ထားပြီးဖြစ်ပါသောကြောင့် လွင်ကြီး ကျေးရွာကျန်းမာရေးဌာနအား တိုက်နယ်ဆေးရုံအဖြစ် တိုးမြှင့်ရေးနှင့်စပ်လျဉ်း၍ သိရှိလိုပါကြောင်း။

[/symple_accordion_section][symple_accordion_section title=”ဖြေကြားချက်”] ဖောင်းပြင်မြို့နယ်တွင် ကုတင်(၅၀)ဆံ့ ဆေးရုံ(၁)ရုံ၊ တိုက်နယ် ဆေးရုံ (၂)ရုံရှိပြီး ပြည်သူလူထုကို ကျန်းမာရေးစောင့်ရှောက်များမှုပေးလျက်ရှိ ပါသည်။ ဖောင်းပြင်မြို့နယ် လွင်ကြီးအုပ်စုတွင်ကျေးလက်ကျန်းမာရေး ဌာနခွဲအား ကျေးလက်ကျန်းမာရေးဌာနအဖြစ်  ၁၀-၈-၂၀၀၇ ရက်စွဲပါ စာအမှတ်၊ ကမပ/ဃ-၆၈၅/၄၆ ဖြင့်တိုးမြှင့်ဖွင့်လှစ်ခွင့် ရရှိခဲ့ပါသည်။ လွင်ကြီးကျေးလက်ကျန်းမာရေးဌာနအား တိုက်နယ်ဆေးရုံ အဖြစ် အဆင့် တိုးမြှင့်ဖွင့်လှစ်ခွင့်ရရှိရေးကို(၂-၁၀-၂၀၁၅)ရက်စွဲပါ စာအမှတ်၊ ၃၉၁/အစရ-၅/၄(၂)ဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှတင်ပြ လာခြင်းအပေါ် တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာန ၏   (၂၅-၃-၂၀၁၆)ရက်စွဲပါ စာအမှတ်-၀၆၅၈/အစရ-၅/ထွေဖြင့် ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊ နေပြည်တော်သို့တင်ပြတောင်းခံထားပြီးဖြစ်ပါကြောင်း ဖြေကြားအပ်ပါသည်။[/symple_accordion_section][/symple_accordion]

 

ဖြေကြားသည့်ဌာန                     –   ——

မေးမြန်းသည့်လွှတ်တော်အမတ် −    ဦးမောင်မောင်လတ်၊ ဖေါင်းပြင်မဲဆန္ဒနယ် အမှတ်(၁)

[symple_accordion][symple_accordion_section title=”အကြောင်းအရာ”] ဖောင်းပြင်မြို့နယ်တွင် အမက(ခွဲ)မှ အထက ထိ ကျောင်းပေါင်း (၁၄၉)ကျောင်းဖြစ်ပညာရေးသင်ကြား ပေးလျက်ရှိပါသည်။ ဖောင်းပြင်မြို့ပေါ်(အထက) ကျောင်းတွင် ၂၀၁၅-၂၀၁၆ ပညာသင်နှစ် အထပြ (၂၃)ဦး၊ အလပြ(၂၁)ဦး၊ ကျောင်းအုပ်ကြီး(၁)ဦး၊ ၀န်ထမ်း(၉)ဦး၊စုစုပေါင်း(၅၄)ဦး ကျောင်းသာပေါင်း (၁၄၈၉)ဦး ရှိပါသည်။ သိပ္ပံဆောင်၊ ခန်းမနှင့် အပါ အ၀င်အခြားအဆောက်အဦး(၄)လုံးရှိပါသည်။ ယခု အခါကျောင်းဦးရေများ ပြားလာခြင်းကြောင့် အလျား (၁၄၀-ပေ)၊အနံ(၃၀-ပေ) သွပ်မိုး၊ နံကပ်ကွန်ကရစ် ခင်း(၂)ထပ်ဆောင် ဆောက်လုပ်ခွင့်ပေးပါရန် နှင့် ဆောက်လုပ်ခွင့် ရန်ပုံငွေခွင့်ပြုပေးမည်ဆိုပါက မည် သည့် အချိန်မည်သည့်ဘဏ္ဍာရေးနှစ်တွင် ရန်ပုံငွေ ချထားပေးမည် ကို သိရှိလိုပါကြောင်း။

[/symple_accordion_section][symple_accordion_section title=”ဖြေကြားချက်”] စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့ပေါ် (အထက)ကျောင်းသည် စာသင်ဆောင်(၄)ဆောင်ရှိပြီး စာသင်ခန်း(၃၄)ခန်းရှိပါသည်။ မာလာ (၂)ထပ်ဆောင်တွင် စာသင်ခန်းပေါင်း(၁၇)ခန်းရှိ၍ အထက်တန်းဆင့် စာသင်ခန်း (၁၂)ခန်း၊အလယ်တန်းဆင့်စာသင်ခန်း(၂)ခန်း၊ ဘုရားခန်း (၁)ခန်း၊ စာကြည့်တိုက်(၁)ခန်းနှင့် ရုံးခန်း(၁)ခန်းတို့ကို အသုံးပြုပါ သည်။သရဖီ(၁)ထပ်ဆောင်တွင် စာသင်ခန်းပေါင်း(၃)ခန်းရှိ၍ အထက် တန်းဆင့်စာသင်ခန်း(၂)ခန်းနှင့်မီဒီယာခန်း(၁)ခန်းတို့ကို အသုံးပြုပါ သည်။ယုဇန(၂)ထပ်ဆောင်တွင် စာသင်ခန်းပေါင်း(၆)ခန်းရှိ၍ အထက် တန်းဆင့်စာသင်ခန်း (၁)ခန်း၊အလယ်တန်းဆင့် စာသင်ခန်း(၂)ခန်း၊ ကွန်ပျူတာ(၁)ခန်း၊ ဟောခန်း(၁)ခန်းနှင့် အိမ်တွင်းမှု(၁)ခန်းတို့ကို အသုံးပြုပါသည်။ ဇီဇဝါ(၂)ထပ်ဆောင်တွင် စာသင်ခန်း(၈)ခန်းရှိ၍ အလယ်တန်းဆင့် စာသင်ခန်း(၈)ခန်းအသုံးပြုပါသည်။ အထက်တန်း အဆင့်နှင့် အလယ်တန်းအဆင့်ကျောင်းသား/သူပေါင်း (၁၄၇၈)ဦးရှိပြီး ကျောင်းသားနှင့်စာသင်ခန်းအချိုးမှာ(၁;၅၄)ရှိပါသည်။ အလယ်တန်း ဆင့်ကျောင်းသား(၆၀၈)ဦးရှိပြီး စာသင်ခန်း(၁၂)ခန်း၊အလယ်တန်းဆင့် ကျောင်းသားနှင့် စာသင်ခန်းအချိုးမှာ (၁း၅၀)ရှိပါသည်။ အထက်တန်း ဆင့်ကျောင်းသား(၈၇၈)ဦးရှိပြီး စာသင်ခန်း(၁၅)ခန်း၊ ကျောင်းသားနှင့်စာသင်ခန်းအချိုးမှာ (၁း၅၈)ရှိပါသည်။ အလယ်တန်း ဆင့်စာသင်ခန်း (၁၂)ခန်း၊ အထက်တန်းဆင့်စာသင်ခန်း(၁၅)ခန်း၊ စုစုပေါင်းစာသင်ခန်း (၂၇)ခန်း အသုံးပြုပါသည်။ ကျန်အခန်းများကို ဘုရားခန်း(၁)ခန်း၊ စာကြည့်တိုက်(၁)ခန်း၊ရုံးခန်း(၁)ခန်း၊မီးဒီယာခန်း(၁)ခန်း၊ ကွန်ပျူတာခန်း (၁)ခန်း၊ ဟောခန်း(၁)ခန်းနှင့် အိမ်တွင်းမှု(၁)ခန်း၊ ပေါင်း(၇)ခန်းအသုံး ပြုပါသည်။ စာသင်ခန်း(၂၇)ခန်း၊ အခြား(၇)ခန်းနှင့်စုစုပေါင်း(၃၄)ခန်း အသုံးပြုပါသည်။ အလယ်တန်းစာသင်ခန်းနှင့် ကျောင်းသားအချိုး(၁;၅၀) ရှိပြီး အထက်တန်းစာသင်ခန်းနှင့် ကျောင်းသားအချိုး(၁း၅၈)ရှိသဖြင့် လက်ရှိအနေအထားအရ ကျောင်းသားနှင့် စာသင်ခန်းအချိုးလုံလောက် မျှတမှုရှိပါကြောင်း ဖြေကြားအပ်ပါသည်။[/symple_accordion_section][/symple_accordion]

 

ဖြေကြားသည့်ဌာန                     –   ——

မေးမြန်းသည့်လွှတ်တော်အမတ် −    ဦးကျော်ဆန်း၊ ချောင်းဦးမဲဆန္ဒနယ် အမှတ်(၂)

[symple_accordion][symple_accordion_section title=”အကြောင်းအရာ”] ယခုအခါတွင် နိုင်ငံတော်အစိုးရသည် မြို့ပြနှင့် ကျေးလက်များ ဖွံ့ဖြိုးသာယာရေးအတွက် လမ်းခင်းခြင်း၊ တံတားတည် ဆောက်ခြင်း၊ ရေတွင်း၊ ရေကန်တူးဖော်ခြင်းတို့ကို ဟန်ချက် ညီညီ ဆောင်ရွက်လျက်ရှိပါတယ်။သို့ရာတွင် မြို့ရွာများအတွင်း လမ်းများခင်းသောအခါ တံတားများတည်ဆောက်သောအခါ လမ်းအကျယ်အ၀န်းနယ်နိမိတ်သည် တိကျခိုင်မာသော သတ် မှတ်ချက်အထောက်အထားများမရှိကြောင်း၊တဖန် ရပ်ကွက် နေပြည်သူ အချို့ကလည်း လမ်းနယ်နိမိတ်များကို ကျူးကျော် လာကြတဲ့အတွက် လမ်းများကျဉ်းမြောင်းလာကြတာကိုတွေ့ရှိ နေရပါကြောင်း၊မြို့နယ်စည်ပင်သာယာရေးမှ မြို့တွင်းလမ်းများ ခင်းသောအခါ လမ်းအကျယ်(၁၂)ပေ လမ်းပခုံးသား(၃)ပေ ရေမြောင်း(၂)ပေ စုစုပေါင်း(၂၂)ပေ ကျယ်၀န်းရမှာဖြစ်ပါတယ်။ ယခုအခါတွင် လမ်း၏အကျယ် (၂၂)ပေ မပြည့်သောလမ်းများ ပင် ကြုံတွေ့နေရပါတယ်။ အချိန်ကာလကြာမြင့်လာလျှင် လမ်း များ ယခုထက်ပိုမို ကျဉ်း မြောင်းလာမည်ကို စိုးရိမ်နေရပါတယ်။

သို့ဖြစ်ပါ၍ ယခုဆက်လက်တင်ပြလိုသည်မှာ ယခုလက်ရှိ အသုံးပြုနေသည့် မြို့ပြအုပ်ချုပ်ရေးစနစ်တွင် အာမခံနိုင်ခြင်း မရှိသည့်(၁၆လက်မ= ၁မိုင်) စကေးဖြင့် ပြုစုထားသော စာရင်း မြေပုံများသာ အသုံးပြုနေရပါသည်။ မြို့ပြစကေးဖြစ်သည့် ၆၄လက်မ = ၁ မိုင် စကေးဖြင့် ပြုစုထူထောင်သည့် စာရင်း မြေပုံများဖြင့်သာ-

(က) မြို့တွင်း လူနေ အိမ်၀င်းမြေများ

(ခ) လမ်းနယ်နိမိတ်များ

(ဂ) ဘုရားကျောင်းကန်များ

(ဃ)စာသင်ကျောင်းများ

(င) အားကစားကွင်းများ

(စ) ဆေးရုံ

(ဆ) ရုံးအဆောက်အဦးများ

(ဇ) စျေးများစသည့် မြေများကို တိကျစွာ စီမံအုပ်ချုပ်နိုင်မည် ဖြစ်ပါတယ်။

သို့ဖြစ်ပါ၍ မြို့မြေအတွင်းရှိ အထက်ပါကွဲပြားနေသော မြေများ၊စနစ်တကျ မရှိသောမြေများသည် ပိုင်ဆိုင်မှုမှတ်တမ်း မရှိ သောကြောင့် ပိုင်ဆိုင်မှုကိုတိကျစွာ မှတ်ပုံတင်နိုင်ရေးကိစ္စ လုပ်ကိုင်ဆောင်ရွက်ပေးမည့်အခြေအနေကို သိရှိလိုပါကြောင်း။

[/symple_accordion_section][symple_accordion_section title=”ဖြေကြားချက်”] ယခင်ပြဌာန်းကျင့်သုံးခဲ့သည့် ၁၉၀၇ ခုနှစ်၊ မြို့များဉပဒေ ပုဒ်မ ၄(၁)အရ မြို့အဖြစ်ကြေငြာပြီးသော မြို့များ၏ မြို့တွင်းရှိ မြေများကို ၁၈၈၀ ပြည့်နှစ် မြန်မာနိုင်ငံတော် မြေနယ်နိမိတ် သတ်မှတ်ရေးအက်ဉပဒေအရ နယ်နိမိတ် တိုင်းတာခြင်း၊ ကြေးတိုင်စိုက်ခြင်း၊ မြေတိုင်းပြွန်ပြုခြင်း များပြုလုပ်ပြီးသောမြို့မြေများအားမြန်မာနိုင်ငံမြေစာရင်း လက်စွဲ ဉပဒေပါပြဌာန်းချက်များအရ (၆၄)လက်မ (၁)မိုင် စကေးဖြင့် မြို့မြေပုံများကို ခရိုင်ဝန်ကမှန်ကန်ကြောင်း သက်သေခံလက်မှတ်ရေးထိုးအသုံးပြုလျှက်ရှိပါသည်။ အပိုင်ဂရန်နှင့် မြေငှားဂရန်များ ခွင့်ပြု ချမှတ်အသုံးပြု လျှက်ရှိပါသည်။ တိုးချဲ့မြို့မြေများတွင် သက်ဆိုင်ရာမြေ များအား ယခင်က ၁၉၅၃ ခုနှစ်၊ လယ်ယာမြေ နိုင်ငံပိုင် ပြုလုပ်ရေး အက်ဉပဒေပုဒ်မ ၃၉ အရ ကင်းလွတ်ခွင့် သို့မဟုတ် ၂၀၁၂ ခုနှစ် လယ်ယာမြေဉပဒေပုဒ်မ ၃၀ (ခ) တို့အရ အခြားနည်းဖြင့် အသုံးပြုခွင့်ရရှိပြီး တိုးချဲ့မြို့မြေ အမှုတွဲတည်ဆောက်ပြီး ပြည်ထဲရေးဝန်ကြီးဌာနက မြို့/ ရပ်ကွက်အဖြစ် အမိန့်ကြေငြာစာထုတ်ပြန်ကာ မြို့မြေ အဖြစ် သတ်မှတ် ကြေငြာပါသည်။

သို့သော် မြန်မာနိုင်ငံမြေစာရင်းလက်စွဲဉပဒေအရ တိုးချဲ့မြို့မြေ ကို နယ်နိမိတ်အရာရှိ boundary Officer နှင့်နယ်သတ်အရာရှိ Demarcation Officerတို့က နယ်နိမိတ်သတ်မှတ်ပြီးမှသာ မြေတိုင်းတာကြေးတိုင်စိုက်ခြင်းလုပ်ငန်းများပြီးမှသာ (၆၄) လက်မ (၁)မိုင်စကေးမြေပုံရေးဆွဲပြုစုဆောင်ရွက်ရပါသည်။ သာမန်မြို့မြေများကို (၁၆)လက်မ (၁)မိုင်စကေးဖြင့် အသုံးပြု ပါသည်။

မြန်မာနိုင်ငံမြေစာရင်းလက်စွဲဉပဒေ ပုဒ်မ ၈၀၀ မှ ၈၀၅ အထိ တွင် အောက်ပါအတိုင်းပြဌာန်းထားပါသည်-

ပုဒ်မ ၈၀၀

မြို့မြေအတွင်းနောက်ဆက်တိုင်းတာခြင်းသည်၊ မြို့အပြင်ဘက် ရှိမြေများတိုင်းတာခြင်းထက် အထူးတိကျမှန်ကန်ရန် လိုအပ် သည်။ သို့ဖြစ်ပါ၍ နေထိုင်ရန်နှင့် စက်ရုံ၊ အလုပ်ရုံများ ဆောက် လုပ်ရန်ကိစ္စအတွက် လက်ရှိထားသည့် သို့မဟုတ် မကြာမီ လက်ရှိထားတန်ရာသည့် မြို့မြေများကို (၆၄)လက်မစကေးဖြင့် တိုင်းတာစေရမည်။ တန်ဘိုးများစွာ ထိုက်သောဒေသများ၌ တိုင်းတာခြင်းစာအုပ်များထားရှိ၍ အသေးစိတ်တိုင်းတာရသည်။ယင်းသို့လက်ရှိထား၍ အသုံးမပြုသည့် မြို့တွင်းအပိုင်းများကို (၁၆)လက်မစကေးဖြင့် တိုင်းတာလျှင်လုံလောက်သည်။

ပုဒ်မ ၈၀၁

အောက်မြန်မာနိုင်ငံမြို့ရွာရှိ မြေယာအက်ဉပဒေပုဒ်မ ၂၈ အရ မြို့မြေပိုင်ဆိုင်မှုစာရင်းများပြုလုပ်သည့်အခါ အောက်ပါအတိုင်း အဆင့်ဆင့်ဆောင်ရွက်ရန်လိုသည်-

(က) ပဏာမနယ်နိမိတ်သတ်မှတ်ခြင်းနှင့် မြေတိုင်းတာခြင်း၊

(ခ) ပိုင်ဆိုင်ခွင့်စုံစမ်းခြင်းနှင့် နယ်နိမိတ်သတ်မှတ်ရေးအရာရှိ ၏ နောက်ဆုံးသတ်မှတ်ခြင်း၊

(ဂ) နယ်နိမိတ်သတ်မှတ်ရေးအရာရှိ၏ အမိန့်အရ မြေပြင် တိုင်းတာခြင်း၊

(ဃ) မြို့မြေပိုင်ဆိုင်မှုစာရင်းများပြုစုခြင်း၊ ၎င်းမှာ မြို့အပြင် ဘက်ရှိမြေများအတွက် ဦးပိုင်ခြားမှတ်သားခြင်း၊ ဦးပိုင်မှတ်ပုံ တင်စာရင်းများ ရေးသားခြင်းနှင့် အလားတူဖြစ်သည်။

ပုဒ်မ ၈၀၂

ပဏာမနယ်နိမိတ်သတ်မှတ်သည့်အခါ၌ မြေတိုင်းရန် နယ်နိ မိတ်များအတွက် ယာယီမှတ်တိုင်များစိုက်ထူရန်လိုအပ်သည်။နယ်နိမိတ်သတ်မှတ်ရေးအရာရှိက အမိန့်ပေးပြီးသည့်အခါ အစိုးရပိုင်မြေများ သို့မဟုတ် အများပြည်သူအကျိုးအတွက် ထားရှိသောမြေများနှင့် ပုဂ္ဂလိကပိုင်ဆိုင်ခွင့်ရသောမြေများတွင် နယ်နိမိတ်များကို သေချာစွာသိရှိနိုင်ရန်လိုအပ်သည့်နေရာများ ၌ အမြဲကျောက်တိုင်များစိုက်ထူရမည်။ အမြဲအုတ်ပြွန်များ မစိုက်ထူသောနေရာများ၌ အများပြည်သူက မိမိတို့နယ်နိမိတ် ကို သိလို၍ မေတ္တာရပ်ခံခဲ့သော် ပြွန်များစိုက်ထူပေးရမည်။ ယင်းသို့ ပြွန်များစိုက်ပေးခဲ့သော် ၎င်းပြွန်များအတွက် တန်ဘိုး ငွေကို သက်ဆိုင်သူများက ပေးရမည်။  အများပြည်သူအကျိုး အတွက် ထားရှိသောမြေများကို အမြဲမှတ်တိုင်စိုက်သောအခါ ကုန်ကျစရိတ်ကို သက်ဆိုင်ရာဌာနကပေးရမည်။

ပုဒ်မ ၈၀၃

ပိုင်ဆိုင်ခွင့်စုံစမ်းစစ်ဆေးသောအရာရှိသည် နယ်နိမိတ်သတ် မှတ်ရေးအရာရှိဖြစ်သောကြောင့် အကြောင်းအချင်းအရာများ ကိုစုံစမ်းနိုင်ရန် လိုအပ်သော အခွင့်အာဏာများကို နယ်နိမိတ် အက်ဉပဒေ ၁၅ အရပေးထားပါသည်။

ပုဒ်မ ၈၀၄

ပိုင်ဆိုင်ခွင့်စစ်ဆေးရရှိခြင်း၏အဓိကရည်ရွယ်ချက် (၂)ချက်မှာ

(၁) အစိုးရမြေကိုကျူးလွန်ခြင်းများသိရှိရန်နှင့် အစိုးရနှင့်မြေ လက်ရှိဖြစ်သူများ မြေအတွက် အငြင်းအခုန်ဖြစ်ခြင်းကို တိကျ စွာဆုံးဖြတ်ရန်၊

(၂) ဦးပိုင်နယ်နိမိတ်များသေချာစွာသတ်မှတ်ခြင်းမရှိသော မြေများပေါ်တွင် အမှတ်အသားများ စိုက်ထူ၍ဦးပိုင်နယ်နိမိတ် သတ်မှတ်ပေးရန်ဖြစ်သည်။

ပုဒ်မ ၈၀၅

ရှေးဦးနယ်နိမိတ်သတ်မှတ်ခြင်းကို တိုင်းတာလျှက်ရှိသော မြေတိုင်းအဖွဲ့၏ တာဝန်ခံအရာရှိက ဆောင်ရွက်ရမည်။ အမြဲ မှတ်တိုင်များစိုက်ထူမှုကို ကြီးကြပ်ခြင်းနှင့် နယ်နိမိတ်သတ် မှတ်ရေးအရာရှိ၏ ဆုံးဖြတ်ချက်အရ ပြင်ဆင်တိုင်းတာခြင်း ကို ယင်းတာဝန်ခံအရာရှိကပင် လုပ်ကိုင်နိုင်ပါက လုပ်ကိုင်စေ ရမည်။

သို့ပါ၍ မြို့မြေများကို (၆၄)လက်မ (၁)မိုင်စကေး မြေပုံများရေး ဆွဲရေးသည် အထက်ဖော်ပြပါ သတ်မှတ်ပြဌာန်းချက်နှင့်အညီနယ်နိမိတ်နှင့် နယ်သတ်အရာရှိများ သတ်မှတ်သည့်အမိန့်၊ ဘဏ္ဍာရေးခွင့်ပြုချက်၊ မြေတိုင်းကျွမ်းကျင်ဝန်ထမ်းနှင့် သတ် မှတ်အချိန်များလိုအပ်ပါသည်။

ချောင်းဦးမြို့နယ်စည်ပင်သာယာရေးအဖွဲ့အနေနှင့် အဖွဲ့ဖွဲ့စည်း ဆောင်ရွက်ချိန်မှစတင်၍ အဆောက်အအုံ ဆောက်လုပ်ခြင်း၊ ဝင်းခြံကာရံခြင်း၊ လမ်းတံတားများ တည်ဆောက်ခြင်းတို့ကို စည်ပင်သာယာရေးအဖွဲ့များ ဥပဒေနှင့်အညီ ကြီးကြပ်ဆောင် ရွက်လျှက်ရှိပါသည်။

အဆောက်အဦးဆောက်လုပ်ခြင်းနှင့် ဝင်းခြံကာရံခြင်းလုပ်ငန်း များကို လျှောက်ထားရာတွင် မြေပိုင်ဆိုင်မှုနှင့်ပတ်သက်၍ မြို့နယ်မြေစာရင်းဌာန၏ မြေစာရင်းပုံစံ (၁၀၅/၁၀၆) ပူးတွဲ တင်ပြစေပြီး ၎င်းမြေစာရင်းပုံစံ (၁၀၅/၁၀၆)နှင့်အညီ ဆောက်လုပ်ရန် ကြီးကြပ်ဆောင်ရွက်ခဲ့ပါသည်။

မြို့တွင်းလမ်းများ၏ အကျယ်အဝန်းမှာလည်း မြို့နယ်စည်ပင် သာယာရေးအဖွဲ့စတင်ဖွဲ့စည်းချိန်ရှိ မြေပြင်အခြေအနေအတိုင်း ထိန်းသိမ်းဆောင်ရွက်ခဲ့ရသဖြင့်အချို့လမ်းများ အကျယ်အဝန်း မှာ ၂၀ ပေ အောက်သာရှိခဲ့၍ လမ်း/တံတားများ တည်ဆောက်ရေးအတွက် အခက်အခဲရှိခဲ့ပါသည်။

လွှတ်တော်ကိုယ်စားလှယ်ကြီးတင်ပြသကဲ့သို့ မြို့မြေစာရင်းပုံစံ များ (၁၆လက်မ=၁မိုင်)စကေးနှင့် ရေးဆွဲထားသော မြေစာရင်း မြေပုံသာရှိသဖြင့် အဆောက်အအုံဆောက်လုပ်ခြင်း၊ ဝင်းခြံ ကာရံခြင်း၊ လမ်းတံတားများတည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပိုင်ဆိုင်မှု၊ အငြင်းပွား၊ ပြဿနာများ ပေါ်ပေါက်ပြီး အခက်အခဲ များနှင့် ကြုံတွေ့ရလျှက်ရှိပါသည်။

သို့ဖြစ်ပါ၍ လွှတ်တော်ကိုယ်စားလှယ်ကြီး တင်ပြသည့် ၆၄ လက်မ=၁မိုင် စကေးဖြင့် မြို့မြေစာရင်းပုံစံ တိုင်းတာ ရေးဆွဲသတ်မှတ်ရန် သက်ဆိုင်ရာဌာနများမှ ဆောင်ရွက် ပေးရန် လိုအပ်လျှက်ရှိကြောင်း ဖြေကြားအပ်ပါသည်။ [/symple_accordion_section][/symple_accordion]

 

ဖြေကြားသည့်ဌာန                     –   ——

မေးမြန်းသည့်လွှတ်တော်အမတ် −    ဒေါက်တာ ကျော်သူဟန်ထွန်း၊ ကန့်ဘလူမဲဆန္ဒနယ် အမှတ်(၂)

[symple_accordion][symple_accordion_section title=”အကြောင်းအရာ”] ကန့်ဘလူမြို့နယ်ဟာ ယခင်ရွှေဘိုခရိုင်၊ယခုကန့်ဘလူခရိုင် အတွင်းပါ၀င်ပြီး ယခင်ကတည်းက (က)အဆင့် မြို့နယ်အဖြစ် သတ်မှတ်ထားသော မြို့နယ်ဖြစ်ပါတယ်။(က)အဆင့် မြို့နယ် ဖြစ်သည်နှင့်အညီ စည်ပင်၀န်ထမ်းအင်အား(၁၉၂)ဦးအထိ တရား၀င်ခန့်အပ်ခွင့်ရှိပါတယ်။သို့သော်လည်းပြီးခဲ့သည့် ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်အထိ စည်ပင်၀န်ထမ်းအင်အား ဟာ (၄၀)ဦးထက် မပိုဘဲ ခန့်အပ်ထားနိုင်ခြင်းသာရှိခဲ့ပါတယ်။ ၂၀၁၂ ခုနှစ်၊စစ်ကိုင်းတိုင်းဒေသကြီးစည်ပင်သာယာဥပဒေ ပုဒ်မ(၅၃)အရ အစိုးရအဖွဲ့သည် စည်ပင်သာယာရေးအဖွဲ့ တစ် ဖွဲ့စီ၏ လုပ်ငန်းတာ၀န်များနှင့် ၀င်ငွေပမာဏကို အခြေခံလျှက် သတ်မှတ်ချက်နှင့်အညီ လိုအပ်သော ၀န်ထမ်းဖွဲ့စည်းပုံကို ရေးဆွဲအတည်ပြု ထားရှိရမည်။၀န်ထမ်းဖွဲ့စည်းပုံကို ရေးဆွဲ ရာတွင် လိုအပ်ပါက စည်းကမ်းထမ်းသိမ်းရေး၀န်ထမ်းများကို ထည့်သွင်းဖွဲ့စည်းနိုင်သည်ဟု ဥပဒေအရ ပြဌာန်းချက်လည်း ရှိပါလျှက်  ၀န်ထမ်အင်အားနည်းပါးစွာ ခန့်ထားခြင်းမှာမဖြစ်သင့်ဟု ထင်မြင်ယူဆမိပါသည်။ထို့ပြင် ကန့်ဘလူမြို့နယ် ရှိ စည်ပင်သာယာရေး၀န်ထမ်းအချို့ဟာ လုပ်သက်(၁၀)နှစ် ကျော်ရှိနေသော်လည်း ယာယီနေ့စား၀န်ထမ်းအဖြစ်သာ ရှိနေသေးပြီး ယခုအချိန်အထိ တရား၀င်၀န်ထမ်းအဖြစ် ခန့် အပ်ခြင်း မရှိသေးသည်မှာလဲ အဆိုပါ နေ့စား၀န်ထမ်းများ အတွက် အလွန်တရာနစ်နာသည်ဟု ယူဆမိပါသည်။

ကန့်ဘလူမြို့နယ်မှ ၂၀၁၅-၂၀၁၆ဘဏ္ဍာရေးနှစ်အတွက် အရပ်ရပ်အခွင့်အရေး လိုင်စင်ရောင်းချရငွေ စုစုပေါင်းနှင့် အခြားအခွန်ငွေအရပ်ရပ် ကောက်ခံရရှိမှု စုစုပေါင်းမှာ ကျပ်သိန်း(၆၅၀၀)ကျော်ကောက်ခံရရှိပါသည်။ တိုင်းဒေသကြီး စည်ပင်သာယာရေး ဥပဒေပုဒ်မ(၅၅)အရ ၀န်ထမ်းလစာ အတွက် ကုန်ကျစရိတ်သည် နှစ်စဉ်ရရှိသော ၀င်ငွေ၏ (၃၀)ရာခိုင်နှုန်းထက် ကျော်လွန်ခြင်းမရှိစေရဟု သတ်မှတ် ပြဌာန်းထားပါသည်။

အဆိုပါ၀င်ငွေကောက်ခံရရှိမှုနှင့် ၀န်ထမ်းလစာအသုံးပြုထားမှု ကို အချိုးချကြည့်ပါက (၁၂)ရာခိုင်နှုန်းထက်ပင် မပိုကြောင်း စစ်ဆေးတွေ့ရှိရပါသည်။

ကန့်ဘလူမြို့နယ်၏ အကျယ်အ၀န်းအနေအထားအရ လက်ရှိ ၀န်ထမ်းအင်အားနှင့်တမြို့နယ်လုံး၏ စည်ပင်သာယာလုပ်ငန်း များကိုစီမံခန့်ခွဲနေရသည်မှာ လုံး၀နိုင်နင်းခြင်းမရှိဘဲ လိုအပ် ချက်များစွာရှိနေပါသည်။ ၀င်ငွေမလုံလောက်မှုကြောင့် လစာ မပေးနိုင်သဖြင့် ၀န်ထမ်းအင်အား မခန့်ထားနိုင်ခြင်းမှာ အပြစ် ပြောဆိုရန် မရှိသော်လည်း ကောက်ခံရရှိသောဝင်ငွေလည်း လုံလောက်နေပါလျက် လိုအပ်သော ဝန်ထမ်းအရေအတွက်ကို ခန့်ထားနိုင်ခြင်းမရှိသည်မှာ မဖြစ်သင့်ဟုထင်မြင်ယူဆမိပါ သည်။

သို့ပါ၍ စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်မှတဆင့် သက်ဆိုင် ရာဝန်ကြီးဌာနသို့မေးမြန်းလိုသည်မှာ-

(၁)      ဉပဒေပါပြဌာန်းချက်များနှင့်အညီ (က)အဆင့် မြို့နယ် များတွင် စည်ပင်သာယာဝန်ထမ်းများအား တိုးမြှင့်ခန့်ထားပေး ရန်အစီအစဉ်ရှိ/မရှိနှင့် အစီအစဉ်ရှိပါကလည်း မည်သို့မည်ပုံ ဆောင်ရွက်ထားကြောင်းနှင့် မရှိပါကလည်း အဘယ့်ကြောင့် ဟုသိရှိလိုပါကြောင်း၊

(၂)    လက်ရှိလုပ်သက်ရင့် ယာယီနေ့စားစည်ပင်ဝန်ထမ်းများ အား တရားဝင်ဝန်ထမ်းအဖြစ် တိုးမြှင့်ခန့်အပ်ပေးနိုင်ခြင်းရှိ/ မရှိကို သိရှိလိုပါကြောင်း၊။

[/symple_accordion_section][symple_accordion_section title=”ဖြေကြားချက်”] ကန့်ဘလူမြို့နယ် စည်ပင်သာယာရေးကော်မတီမှ ဝန်ထမ်း အင်အားလိုအပ်ချက်အရ (၅.၅.၂၀၁၆) ရက်စွဲပါစာအမှတ်၊ ၃၄၂/ဆ-၇/ကဘလ(၁၅)ဖြင့် သန့်ရှင်းရေးအမြဲတမ်းဝန်ထမ်း (၄)ဦး ၊ ပျိုးဥယျာဉ်အဖွဲ့ဝန်ထမ်း (၄) ဦး၊ ယာဉ်မောင်း (၂)ဦး ၊ စုစုပေါင်း (၁၀) ဦး အသစ်ခန့်ထားပေးရန် တင်ပြထားပါ သည်။ ၎င်းအပြင် ဒု-ဦးစီးမှူးရာထူးသို့ တိုးမြှင့်ခန့်ထား၍ ပြောင်းရွှေ့တာဝန်ထမ်းဆောင်ရမည့် အကြီးတန်းစာရေး (၅) ဦး၊ သားသတ်ရုံမှူး (၁) ဦး၊ လက်ထောက်ကွန်ပျူတာ လုပ်ဆောင်ရေးမှူး (၁)ဦး၊ စာရင်းကိုင်-၃(၁)ဦး ၊ စုစုပေါင်း အကြီးတန်းစာရေးနှင့်လစာနှုန်းတူ (၇)ဦးတို့၏ လစ်လပ်နေရာ များတွင် အစားထိုးခန့်ထားပေးရန် တင်ပြဆောင်ရွက်မည် ဖြစ်ပါသည်။  တိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့မှ လက်ထောက်အင်ဂျင်နီယာ(၁)ဦး၊ ဒု-ဦးစီးမှူး (၁) ဦး ၊ ဌာနခွဲစာရေး (၂) ဦး ၊ စာရင်းကိုင်-၂ (၁) ဦး ၊ စုစုပေါင်း (၅) ဦးအား ဖွဲ့ စည်းပုံအရ တိုးချဲ့ခန့်ထားပေးခဲ့ပါသည်။     လက်ရှိဝန်ထမ်း ခန့်ထားမှုမှာ (၄၀)ဦးခန့်ထားမှုအတွက် လစာအသုံး စရိတ်မှာ ဝင်ငွေ၏ (၁၂.၄၇%)ဖြစ်ပြီး၊ အသစ်ခန့်ထားရန် ဖြည့်တင်းခန့်ထားမည့် ဝန်ထမ်း(၇)ဦး၊ စုစုပေါင်း (၁၇) ဦးအား ခန့်ထားပါက လစာရာခိုင်နှုန်းမှာ (၁၅.၈၅%)ဖြစ်ပါသည်။

ကန့်ဘလူမြို့နယ်စည်ပင်သာယာရေးကော်မတီရုံးနေ့စား (၈)ဦးအနက် နေ့စား (၁)ဦးသာလျှင် (၄၇) နှစ်ဖြစ်ပြီး ကျန်ဝန်ထမ်း (၇)ဦးမှာ(၅၂)နှစ်အထက်ဖြစ်ပါသောကြောင့် အမြဲတမ်းဝန်ထမ်းမခန့်အပ်ခဲ့ခြင်း ဖြစ်ပါကြောင်းဖြေကြားအပ်ပါသည်။[/symple_accordion_section][/symple_accordion]

 

ဖြေကြားသည့်ဌာန                     –   ——

မေးမြန်းသည့်လွှတ်တော်အမတ် −    ဦးကျော်ဌေးလွင်၊ ဟုမ္မလင်းမဲဆန္ဒနယ် အမှတ်(၂)

[symple_accordion][symple_accordion_section title=”အကြောင်းအရာ”]

ဟုမ္မလင်းမြို့နယ်သည် အရှေ့ဘက်တွင် ပင်လည်ဘူး၊ ဗန်းမောက်၊ ဖောင်းပြင် မြို့နယ်၊ အနောက်ဘက်တွင် ခန္တီး၊ လေရှီးမြို့နယ်များ၊ တောင်ဘက်တွင် တမူးမြို့နယ်နှင့် မြောက်ဘက်တွင် ဖားကန့်မြို့နယ်တို့အကြားတည်ရှိသည့် မြို့နယ်ဖြစ်ပါသည်။ ဒါကြောင့် မူးယစ်ဆေးဝါးကူးသန်း ရောင်းဝယ်ရေးသည်အရပ်လေးမျက်နှာအသီးသီးမှ ဟုမ္မလင်း မြို့နယ်အတွင်း ဝင်ရောက်လျက်ရှိပါသည်။ ဒီလိုလမ်းကြောင်း အမျိုးမျိုးမှဝင်ရောက်လာတဲ့ မူးယစ်ဆေးဝါးများကို သာမန် ဖမ်းဆီးပိတ်ဆို့နေရုံနှင့် မလုံလောက်ပါကြောင်း၊ အထူးစီမံ ချက်တစ်ရပ်ရေးဆွဲပြီး ပြည်သူများ၊ အရပ်ဖက်လူ့အဖွဲ့အစည်း များ၊ ပြည်သူ့ ရဲများ၊ တပ်မတော်သားများအားလုံးအတူတကွ ပူးပေါင်းပါဝင် တားဆီးကာကွယ်မှသာလျှင် ဟုမ္မလင်းမြို့နယ် သည် မူးယစ်ဆေးဝါးကင်းစင်သော မြို့နယ်ဖြစ်လာမည် ဖြစ်ပါသည်။

ယခုအချိန်ကာလမှာ ကျွန်တော်တို့ဟုမ္မလင်းမြို့နယ်အတွင်းရှိ ပြည်သူများသည် မိမိတို့အရပ်ဒေသအသီးသီးမှာ မူးယစ်ဆေး ဝါးဆန့်ကျင်ရေးအဖွဲ့ငယ်များဖွဲ့စည်းပြီး ပြည်သူ့ရဲများနှင့် အတူပူးပေါင်းပါဝင် ဆောင်ရွက်လျက်ရှိပါသည်။ တစ်ဖက်က

လည်း ဟုမ္မလင်းမြို့နယ်အတွင်း မူးယစ်ဆေးဝါးသုံးစွဲသူ လျော့နည်း ကျဆင်းရေးအတွက် မူးယစ်ဆေးအစားထိုး မက်သဒုန်းဆေးရည်တိုက်ကျွေးတဲ့ဌာန(၂)ခုကိုဟုမ္မလင်း မြို့နယ်အတွင်း ဖွင့်လှစ်ဆောင်ရွက်လျက်ရှိပါသည်။ နောက်ထပ်လိုအပ်ချက် ကတော့ လူငယ်များအကြား မူးယစ်ဆေးဝါးအန္တရာယ် ပညာ ပေးရေးလုပ်ငန်းများ၊ ကုသရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဖြစ်ပါ သည်။ တစ်နိုင်ငံလုံးအနေဖြင့် မူးယစ်ဆေးသုံးစွဲသူ ကင်းစင်ပပျောက်ရေးအတွက် မူးယစ်ဆေးဖြတ်ကုသ စခန်းများ၊ ပြန်လည်ထူထောင်ရေးစခန်းများလိုအပ် လျက်ရှိပါ ကြောင်း အကြံပြုတင်ပြအပ်ပါသည်။

(၁)     မူးယစ်ဆေးဝါးကင်းစင်ပပျောက်ရေးအတွက် အထူးစီမံ ချက်ရေးဆွဲပြီး အကောင်အထည်ဖော်ရန် ရှိ/မရှိ။ အကယ်၍ အစီအစဉ်ရှိလျင် မည်သည့်အချိန် ကာလတွင်စတင်ဆောင်ရွက်ပေးမည်ကိုသိရှိလိုပါကြောင်း၊

(၂)    မူးယစ်ဆေးဖြတ်ကုသစခန်းများ၊ ပြန်လည်ထူ ထောင်ရေးစခန်းများ ဖွင့်လှစ်ရန်အစီအစဉ်ရှိ/မရှိ။ အကယ်၍ အစီအစဉ် ရှိလျင်မည်သည့် အချိန်ကာလတွင် စတင်ဖွင့်လှစ်ဆောင်ရွက် ပေးမည်ကို သိရှိလိုပါကြောင်း။

[/symple_accordion_section][symple_accordion_section title=”ဖြေကြားချက်”] မူးယစ်ဆေးဝါးကင်းစင်ပပျောက်ရေးအတွက် စစ်ကိုင်းတိုင်း ဒေသကြီးရဲတပ်ဖွဲ့မှမူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး သလ္လာ (အထူး)စီမံချက်ဖြင့် ၂၀၁၆ ခုနှစ် မေလ(၁)ရက်နေ့မှ ဆောင် ရွက်လျက်ရှိရာတွင် တိုင်းချုပ်အနေဖြင့် မေလ(၁)ရက်နေ့မှ (၃၁)ရက်နေ့အထိ အမှုပေါင်း (၁၃၇)မှု၊ ကျား တရားခံပေါင်း (၂၃)ဦး၊ ဘိန်းဖြူ (၀.၄၅၁၅) ကီလို၊ ဘိန်းမဲ (၂.၁၃၃၉၆)ကီလို၊ စိတ်ကြွဆေးပြား (၂၃၄၁)ပြား၊ Prefical Tablet (၆၀၀၀)ပြား၊ ကဖင်းအမှုန့် (၁.၄၈)ကီလို၊ အဝတ်ဘိန်း (၀.၇၄)ကီလို၊ Buprenophine (၄၅)ပြား၊ ခတ်ပုံ (၀.၀၀၄၃)ကီလို၊ ဘိန်းရည် (၀.၅)လီတာ ဖမ်းဆီးရမိခဲ့ပါသည်။သလ္လာ (အထူး)စီမံချက် အားစစ်ကိုင်းတိုင်းဒေသကြီးအတွင်း မူးယစ်ဝါးသုံးစွဲမှုလျော့က ျစေရေးအတွက် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းသို့ မူးယစ် ဆေးဝါးများအလွယ်တကူ သယ်ဆောင်ဖြန့်ဖြူးနေမှုအား လျော့ နည်းကျဆင်းစေရန် အဓိကဦးစားပေးဆောင်ရွက်ခြင်းဖြစ်ပါ သည်။ ထိုသို့ဆောင်ရွက်ရာတွင် မူးယစ်ဆေးဝါးသယ်ဆောင် ရောင်းဝယ်မှုသတင်းများနှင့် ပတ်သက်၍ တိကျသောသတင်း အချက်အလက်ရရှိရေးမှာ အထူးအရေးပါသည့်အချက်တစ်ချက်ဖြစ်ပါသည်။  ပြည်သူပါဝင်သောစီမံချက်များအဖြစ် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးဆောင်ရွက်လျက်ရှိပါသည်။ ယနေ့အထိဆောင်ရွက် ပြီးစီးမှုအခြေအနေများအား ပြန်လည်သုံးသပ်ပြီးလိုအပ်ပါက မြန်မာ နိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်သို့တင်ပြ၍ မူးယစ်အထူးအဖွဲ့များ အင်အား တိုးမြှင့်ဆောင်ရွက်နိုင်ရေးအတွက် စီမံချက်များရေးဆွဲထားပြီးဖြစ်ပါ သည်။ အဓိကလိုအပ်ချက်များသတင်းရရှိရေးအတွက် ပြည်သူများမှ အပြည့်အဝပူးပေါင်းပါဝင်ရေးဖြစ်ကြောင်းတင်ပြအပ်ပါသည်။ ဆက် လက်ပြီး မူးယစ်ဆေးဝါးသုံးစွဲသူများအရေအတွက်ပေါ်မူတည်၍ မူးယစ် ဆေးဖြတ်စခန်းများ၊ ပြန်လည်ထူးထောင်ရေးစခန်းများ ဖွင့်လှစ်နိုင် ရေးအတွက် ကျန်းမာရေးဦးစီးဌာနနှင့် ညှိနှိုင်း၍လည်းကောင်း၊ ပြည်ထဲရေးဝန်ကြီးဌာသို့တင်ပြ၍လည်းကောင်း ဆောင်ရွက်သွားမည် ဖြစ်ပါသည်။တစ်နိုင်ငံလုံးအတိုင်းအတာနှင့် မူးယစ်ဆေးဖြတ်ဌာနကြီး (၂၆)ခု၊ဌာနငယ်(၄၇)ခု၊ လူငယ်လေ့ကျင့်ပျိုးထောင်ရေးစခန်း(၂)ခု ဖွင့်လှစ်ထားရှိပြီးဖြစ်ပါတယ်။ မက်သဒုံးတိုက်ကျွေးဌာန တစ်နိုင်ငံလုံး အနေဖြင့်(၄၂)ဌာနရှိရာ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း စစ်ကိုင်း၊ ကလေး၊ ကသာ၊ မုံရွာ၊ ကောလင်း၊ ခန္တီး၊ တမူး၊ ဟုမ္မလင်း၊ ပင်လည်ဘူး၊ ဖောင်းပြင်၊ ဗန်းမောက်၊ အင်းတော် စသည့်မြို့နယ် (၁၂)ခု တွင် ဖွင့်လှစ်ထားရှိပြီးမူးယစ်ဆေးစွဲသူများအား(၁၈၀၀)ဦးခန့်ကို နေ့စဉ်တိုက်ကျွေးလျက်ရှိကြောင်း ၂၀၁၆ခုနှစ်၊ မေလ စာရင်း မှတ်တမ်းများအရ သိရှိရပါသည်။တစ်နိုင်ငံလုံးအနေဖြင့် ပြန်လည် ထူထောင်ရေး စခန်း(၂)ခုအား ပဲခူးတိုင်းဒေသကြီး၊ ဝက်ထီးကန် မြို့နယ်(ရွှေပြည်သာ)၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ် (ကသဲကွင်း)၊ ရွှေပြည်သစ်(ရှမ်း/တောင်)စခန်းတို့ ဖွင့်လှစ်ထားရှိပြီး စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မုံရွာနှင့် ကလေးမြို့နယ်များတွင် ဖွင့်လှစ်ရန် ပြည်ထဲရေးဝန်ကြီးဌာနမှ လျာထားစီမံဆောင်ရွက်ဆဲဖြစ် ပါသည်။မက်သဒုံး ဆေးတိုက်ကျွေးခြင်းဟာ တားမြစ်ဆေးဝါးထဲမှာ  ပါဝင်သည့် ဆေးအမျိုးအစားဖြစ်သည့်အတွက် ဆေးဝါးတိုက်ကျွေးရေး စခန်းဖွင့်လှစ်ရာမှ လုံခြုံရေး၊ စီမံခန့်ခွဲ ရေးများပါ ထည့်သွင်းစဉ်းစားပြီး ဖွင့်လှစ်ဆောင်ရွက်ရခြင်းဖြစ်ပါသည်။

မက်သဒုံးဆေးအစားထိုး သောက်သုံးသူများအနေဖြင့် ဆေးသောက် နေစဉ် ကာလအတွင်း တရားမဝင်သုံးစွဲသည့် မူးယစ်ဆေးဝါးပမာဏကို လျော့ကျစေခြင်း၊ ဆေးသုံးစွဲမှုကြောင့် ဖြစ်ပေါ်လာမည့် လူမှုစီးပွား နိမ့်ကျမှုများလျော့ပါးစေခြင်း၊ ဆေးထိုးအပ်မှတဆင့် ကူးစက်စေမည့် ရောဂါများ( HIV၊ အသဲရောင်အသာဝါ ဘီပိုးနှင့် စီပိုး )စသည်များ လျော့ကျစေခြင်းတို့ပါဝင်ပါသည်။မူးယစ်ဆေးဝါးသုံးစွဲသူများအနေဖြင့်ယခုလက်ရှိဖွင့်လှစ်ထားသော ဆေးတိုက်ကျွေးရေး ဌာနများမှာ ပါဝင်ပြီး မိမိဘဝတိုးတက်မြင့်မားဖို့ရာ မိမိကိုယ်တိုင်ဆုံးဖြတ်ပြီး ပါဝင်ဆောင်ရွက် မှသာအောင်မြင်မှာဖြစ်ပါသည်။မက်သဒုံးဆေးဝါးသောက်သုံးနေသူများသည် အလွဲသုံးစားပြုလုပ်ခြင်းကင်းရေး၊ဘဝရည်မှန်းချက်ကောင်းထားရှိရေးတို့ကို အလေး ထား ဆောင် ရွက်မှသာ အောင်မြင်လာမှာ ဖြစ်ပါသည်။ ယခုလက်ရှိ ဆေးတိုက်ဌာန(၁၂)ခုမှာ ပိုပြီးအောင်မြင်မှုရရှိနိုင်ရန် သက်ဆိုင်ရာအာဏာပိုင် အဖွဲ့အစည်းများ၊ ဒေသခံလူမှုအဖွဲ့အစည်းများ၊ ကျန်းမာရေးဌာနများ အားလုံး ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်သာရလဒ်ကောင်းများ ရရှိနိုင်မှာဖြစ်ပါ သည်။ အထူးစီမံချက်များ ရေးဆွဲခြင်းနှင့်ပတ်သက်၍ နိုင်ငံတော်အစီအစဉ် ဖြင့် ပြည်ထဲရေး၀န်ကြီးဌာနမှ Operation Yadanabon စီမံချက်နှင့် Operation chindwin  စသည်တို့ကို ပြည်ထဲရေး၀န်ကြီးဌာန၏ ညွှန်ကြားချက်ဖြင့်စီစဉ်ဆောင်ရွက်ရခြင်းဖြစ်ပါကြောင်းဖြေကြားအပ်ပါသည်။[/symple_accordion_section][/symple_accordion]

 

ဖြေကြားသည့်ဌာန                     –   ——

မေးမြန်းသည့်လွှတ်တော်အမတ် −    ဦးကျော်ဌေးလွင်၊ ဟုမ္မလင်းမဲဆန္ဒနယ် အမှတ်(၂)

[symple_accordion][symple_accordion_section title=”အကြောင်းအရာ”] ဟုမ္မလင်းမြို့နယ်သည် ရှမ်းနီ၊ နာဂ၊ ချင်း၊ ဗမာလူမျိုးများနှင့် အခြားတိုင်းရင်းသားလူမျိုးများပေါင်းစုံ နေထိုင်သည့်မြို့နယ် ဖြစ်ပါသည်။ ရှေးယခင်ဟုမ္မလင်းမြို့နယ်၏ အဓိကစီးပွားရေး လုပ်ငန်းသည် လယ်ယာစိုက်ပျိုးရေးပင်ဖြစ်ပါသည်။ သို့သော် ရွှေသတ္တုတူးဖော်ရေးလုပ်ငန်းများ ပေါ်ပေါက်လာသည့်အခါ ပြည်သူများ၏အဓိကစီးပွားရေးလုပ်ငန်းသည် ရွှေသတ္တုတူး ဖော်ရေးလုပ်ငန်းဖြစ်လာပါသည်။ တရားဝင်ရွှေသတ္တုတူးဖော် ရေးကုမ္ပဏီများ၊တရားမဝင်ရွှေသတ္တုတူးဖော်ရေးကုမ္ပဏီများ ၏စည်းကမ်းမဲ့ရွှေသတ္တုတူးဖော်မှုများကြောင့်လယ်ယာမြေ အများအပြား ပျက်စီးဆုံးရှုံးခဲ့ရပါသည်။ လယ်သမားများ ကလည်းလယ်မဲ့ယာမဲ့များဖြစ်လာပြီးရွှေတူးဖော်ရေးလုပ်ငန်း များကိုသာလုပ်ကိုင်လာကြပါသည်။ဟုမ္မလင်းမြို့နယ်အတွင်း ရွှေတူးဖော်သည့်ကုမ္ပဏီမှာ ယခုလက်ရှိကုမ္ပဏီပေါင်း (၆၅)ခု ရှိပြီး လုပ်ကွက်ပေါင်း(၈၇)ကွက်ကို (၁)နှစ်စာချုပ်ဖြင့် လုပ်ကိုင်လျက်ရှိပါသည်။တရားမဝင်ရွှေတူးဖော်သည့်ဒေသခံ ပြည်သူများ၏ ရွှေမျောတွေက အများအပြားရှိပါ သည်။

ယခုအစိုးသစ်လက်ထက်မှာ တရားမဝင်ရွှေမျောများကို လိုက် လံဖမ်းဆီးခြင်းကြောင့် ဒေသခံပြည်သူများသည် ရွှေမျောများ ကိုရပ်ဆိုင်းထားရပါသည်။ ဒီလိုရပ်ဆိုင်းထားရတဲ့အတွက် တစ်နိုင်တစ်ပိုင်ရွှေမျောလုပ်ကိုင်နေရတဲ့ ပြည်သူများ၏ စားဝတ်နေရေးကြပ်တည်းမှုအခက်အခဲတွေ့နှင့် ရင်ဆိုင်လာရ ပါတယ်။ ဒီအတွက်ကြောင့် တစ်နိုင်တစ်ပိုင်ရွှေမျောလုပ်ငန်း လုပ်ကိုင်သူ ဒေသခံပြည်သူများသည် တရားဝင်ရွှေမျောလုပ် ငန်းလုပ်ကိုင်ခွင့်ရရှိရေးကို မျှော်လင့်နေကြပါသည်။ ဒေသခံ ပြည်သူများ၏ တရားမဝင်တစ်နိုင်တစ်ပိုင်ရွှေမျောလုပ်ငန်း များကို စည်းကမ်းနှင့်အညီစစ်ဆေးပြီး တရားဝင်လိုင်စင်များ ချပေးခြင်းဖြင့်နိုင်ငံတော်အတွက်လည်း ဝင်ငွေမြောက်များစွာ ရရှိမည်ဖြစ်ကြောင်းတင်ပြအပ်ပါသည်။

တစ်နိုင်တစ်ပိုင်ရွှေမျောလုပ်ငန်းများ လုပ်ကိုင်နေကြသည့် ဒေသခံပြည်သူများအား တရားဝင်လိုင်စင်ချထားပေးရန် ရှိ/မရှိ၊ အကယ်၍ ရှိလျင်မည်သည့်အချိန်ကာလတွင် ဆောင် ရွက်ပေးမည်ကိုသိလိုပါကြောင်း။

[/symple_accordion_section][symple_accordion_section title=”ဖြေကြားချက်”]

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်တွင် ကြိုးဝိုင်း(၁၄)ခု ဧရိယာ(၆၆၉၅၃၃)ဧကရှိပါသည်။ အဆိုပါသစ်တောမြေများ တွင် သစ်တောဦးစီးဌာနမှ ခွင့်ပြုထားသောရွှေသတ္တုလုပ်ကွက် များမရှိ ပါ။ သစ်တောကြိုးဝိုင်းများသည် ဟုမ္မလင်းမြို့နယ်နှင့် အလှမ်း ကွာဝေးခြင်း၊ သွားရေးလာရေးခက်ခဲခြင်း၊ လူဦးရေ နည်းပါးခြင်း တို့ကြောင့်သစ်တောကြိုးဝိုင်းများအတွင်းတရားဝင်ရွှေတူးဖော်ခြင်း လုပ်ငန်းများမရှိပါကြောင်းနှင့်တစ်နိုင်တစ်ပိုင်ရွှေမျောလုပ်ငန်းများ အားသစ်တောဦးစီးဌာနအနေဖြင့်တရားဝင်လိုင်စင်ချထားပေးခွင့် လည်းမရှိပါ။ မြန်မာ့သတ္တုတွင်း ဉပဒေ၊ နည်းဉပဒေကို ပြင်ဆင် သည့် ဉပဒေ/နည်းဉပဒေနှင့် သက်ဆိုင်နေပြီးမူဝါဒဆိုင်ရာကိစ္စရပ် များဖြစ်နေသဖြင့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးဝန်ကြီးဌာန၊ အမှတ်(၂)သတ္တုတွင်းလုပ်ငန်းရုံးချုပ်(နေပြည်တော်) သို့တင်ပြထားရှိပြီးဖြစ်ကြောင်းနှင့်ပြန်ကြားချက်ရရှိပါက ပြန်လည် အသိပေးမည်ဖြစ်ပါကြောင်း ‌ဖြေကြားအပ်ပါသည်။

[/symple_accordion_section][/symple_accordion]

 

ဖြေကြားသည့်ဌာန                     –   ——

မေးမြန်းသည့်လွှတ်တော်အမတ် −    ဒေါ်စုမြတ်ထက်၊ စစ်ကိုင်းမဲဆန္ဒနယ် အမှတ်(၂)

[symple_accordion][symple_accordion_section title=”အကြောင်းအရာ”] စစ်ကိုင်းမြို့နယ် တလိုင်းကျွန်းကျေးရွာအုပ်စု၊ တလိုင်းကျွန်း ကျေးရွာမှ တောင်ကြားကျေးရွာအုပ်စုနှင့် ဆားတောင်စံပြ ကျေးရွာများသို့ သွာလာရာတွင် အသုံးပြုသည့် ကိုယ့်အား ကိုယ် ကိုး ဖိုးကံကြီးတံတားမှာ မူးမြစ်ရေလျှံတက်မှုကြောင့် ကွန်ကရစ်အခင်းပြင် ကျိုးပေါက်ပျက်စီးနေမှုအား ပြန်လည် ပြုပြင်ရန်ကျေးလက်ဦးစီးဌာန ၂၀၁၆-၂၀၁၇ ဘတ်ဂျက်တွင် (၁)သန်းကျပ်(သဘာဝဘေး)သာ ရရှိပြီးပြင်ဆင်ရန် ရန်ပုံငွေ မလုံလောက်သည့်အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ အမြန်ဆုံးပြန်လည်ပြုပြင်ရန် လိုအပ်သည်များ ပံ့ပိုးကူညီမှု ပေးရန် အစီအစဉ်ရှိ/မရှိသိရှိလိုပါကြောင်း။

[/symple_accordion_section][symple_accordion_section title=”ဖြေကြားချက်”] စစ်ကိုင်းမြို့နယ်၊ တလိုင်းကျွန်းကျေးရွာအုပ်စု၊ တလိုင်းကျွန်း ကျေးရွာ မှတောင်ကြားကျေးရွာအုပ်စုနှင့်ဆားတောင်စံပြကျေးရွာ များသို့ဆက်သွယ်သည့် ဖိုးကံကြီးတံတားမှာ (၅၅’x၁၅’)ကွန်ကရစ် တံတားဖြစ်ပြီး ၂၀၁၆-၂၀၁၇ ခု ဘဏ္ဍာနှစ်တွင်ကျေးလက် ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ရန်ပုံငွေကျပ် (၁)သန်းဖြင့် သဘာဝဘေး ကြောင့် တံတားဘဲတောင်(၁၅’x ၁’- ၆”x ၁၀’)ဆောင်ရွက်မည်ဖြစ် ပါသည်။ အဆိုပါ တံတားကွန်ကရစ်ကြမ်းခင်း (၅၅’x ၁၅’x ၆”) ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းဆောင်ရွက်ရမည်ဖြစ်ပြီးခန့်မှန်းကုန်ကျငွေကျပ်(၂)သန်းခန့် ကုန်ကျမည်ဖြစ်ပြီး အဆိုပါတံတားအား ကြမ်းခင်းလုပ်ငန်းမှာ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် မရှိပါ ကြောင်း ဖြေကြားအပ်ပါသည်။ [/symple_accordion_section][/symple_accordion]

 

ဖြေကြားသည့်ဌာန                     –   ——

မေးမြန်းသည့်လွှတ်တော်အမတ် −    ဒေါ်စုမြတ်ထက်၊ စစ်ကိုင်းမဲဆန္ဒနယ် အမှတ်(၂)

[symple_accordion][symple_accordion_section title=”အကြောင်းအရာ”] စစ်ကိုင်းမြို့နယ်၊ ရွာသစ်ကြီးမြို့နယ်ခွဲ ကိုင်းပြင်၊ ကင်းတော်၊ လက်ပန်တောကျေးရွာများနှင့် ဆားတောင်တိုက်နယ် အင်းစ အုပ်စု၊ အင်းစကျေးရွာများတွင် လျှပ်စစ်မီးရရှိရေးအတွက် နိုင်ငံတော်သက်ဆိုင်ရာဌာနအသီးသီးသို့လိုအပ်သလို တင်ပြ လျှောက်ထားပြီး ကိုယ့်အားကိုယ်ကိုးဖြင့် အကောင်အထည် ဖော်ဆောင်ရွက်လာခဲ့ရာ ယခုအချိန်တွင် ရှေ့ဆက်လက်ဆောင် ရွက်နိုင်ရန် ကျေးရွာနေပြည်သူလူထုအနေဖြင့် အခက်အခဲများ ဖြစ်ပေါ်နေသည့်အတွက် သက်ဆိုင်ရာဝန်ကြီးဌာနအနေဖြင့် မည်သို့ကူညီပေးနိုင်မည်ကို သိရှိလိုပါကြောင်း။

[/symple_accordion_section][symple_accordion_section title=”ဖြေကြားချက်”]

စစ်ကိုင်းမြို့နယ် ၊ ဆားတောင်မြို့နယ်ခွဲ ၊ အင်းစအုပ်စု ၊ အင်းစ ကျေးရွာ ဓာတ်အားရရှိရေးမှာ ကမ္ဘာ့ဘဏ်ချေးငွေ NEP အစီအစဉ် Phae I ၁၁ကေဗွီဓာတ်အားလိုင်း (၂)မိုင်အတွင်း မီးလင်းရေးဆောင်ရွက်မည့် ကျေးရွာများစာရင်းတွင် ပါဝင်ပြီး ဖြစ်ပါသည်။

ရွာသစ်ကြီးမြို့နယ်ခွဲ ၊ ကိုင်းပြင် ၊  ကင်းတော် ၊ လက်ပန်တော ကျေးရွာများ ဓာတ်အားရရှိရေးအတွက် ဓာတ်အားခွဲရုံတိုးချဲ့ တည်ဆောက်ပြီး (၂)မိုင်အတွင်း မီးလင်းရေး ဆောင်ရွက်မည့် NEP Phase III တွင် ထည့်သွင်းတင်ပြထားပါသည်။ လက်ရှိ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ ယခုဆောင်ရွက်လျှက်ရှိ သော ကျေးရွာမီးလင်းရေး ဆောင်ရွက်မှုအစီအစဉ်သည် NEPအစီအစဉ်ဖြင့်သာ အပိုင်းလိုက်ဆောင်ရွက်သွားမည်ဖြစ်၍ ကျေးရွာမီးလင်းရေးများအတွက် ဝန်ကြီးဌာန၏ ဘဏ္ဍာငွေ လျာထားချက်တွင်ထည့်သွင်းနိုင်မှုမရှိပါကြောင်း ဖြေကြားအပ်ပါသည်။[/symple_accordion_section][/symple_accordion]

 

ဖြေကြားသည့်ဌာန                     –   ——

မေးမြန်းသည့်လွှတ်တော်အမတ် −    ဦးဝဏ္ဏ၊ အရာတော်မဲဆန္ဒနယ် အမှတ်(၂)

[symple_accordion][symple_accordion_section title=”အကြောင်းအရာ”] မြန်မာနိုင်ငံ၏အဓိကလူတန်းစားတစ်ရပ်ဖြစ်သော တောင်သူ လယ်သမားများဘဝတိုးတက်မှသာလျင် ကျွန်တော်တို့မြန်မာ နိုင်ငံကြီးတိုးတက်မှာဖြစ်ပါတယ်။ ရာသီဉတုအပြောင်းအလဲ များကြောင့် မိုးရွာသွန်းမှုအခြေအနေများ ပုံမှန်ဖြစ်မလာသည် ကို တွေ့ရှိနေရပါတယ်။ မိုးခေါင်ခြင်း၊ မိုးကြီးခြင်းများသည် စိုက်ပျိုးထားသည့်အပင်များအတွက် အကျိုးထက် အပျက်က ပိုများလာနေပါသည်။ ဆည်ရေရှိမှုကသာလျင် သီးနှံစိုက်ပျိုး ထုတ်လုပ်မှုကို အောင်မြင်စွာသေချာအောင်စွမ်းဆောင်နိုင်ပါ လိမ့်မည်။ ၂၀၀၀ ခုနှစ်ခန့်က ကင်းတပ်ဆည်က (၅၅)မိုင်ရှည် လျားသည့် လက်ျာတူးမြောင်းကို ဖောက်လုပ်ခဲ့ပြီး (၂၀)မိုင် ရှည်လျားသည့် လက်ျာတိုးချဲ့မြောင်းကို ဒီပဲယင်းမြို့နယ် စိုင်ပြင်ကိုဖြတ်ပြီးအရာတော်မြို့နယ်ထဲသို့ ဖောက်လုပ်ခဲ့ပါ သည်။မြေဧကများစွာ ပျက်စီးဆုံးရှုံးခဲ့သော်လည်း တစ်နေ့ရေ ရ လာနိုးနဲ့ တောင်သူတစ်ဦးတစ်ယောက်ကမျှ ဘာမျှမပြောဘဲ နေလာခဲ့ကြတာ ယနေ့တိုင်ဖြစ်ပါတယ်။ သို့သော်လည်း ယနေ့ သည်ပြည်သူ့အစိုးရ၊ တောင်သူလယ်သမားများဘဝတိုးတက် အောင်ဆောင်ရွက်ပေးမည့် အစိုးရဖြစ်သည့်အလျှောက် တောင်းဆိုမှုများရှိလာပါသည်။ ထို့ကြောင့်မေးမြန်း လိုသည်မှာ ၎င်းလက်ျာတိုးချဲ့မြောင်းကို မြောင်းဆုံး အထိ ရေရရှိအောင် ဆောင်ရွက်ရန်အစီအစဉ်ရှိ/မရှိ နှင့် ရေသောက်ဧရိယာများကို စီမံကိန်းအောင်မြင်အောင် မည်ကဲ့သို့ ဆောင်ရွက်မည်ကို သိရှိလိုကြောင်း။

[/symple_accordion_section][symple_accordion_section title=”ဖြေကြားချက်”] ၂၀၁၃ခုနှစ်တွင်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ဒီဇိုင်းနှင့်ပုံထုတ်ပညာရှင်မှကင်းတပ်လက်ယာမြောင်း၏တိုးချဲ့ရေ သောက်စနစ်များဖြစ်သောအရာတော်နှင့်ဘုတလင်ရေသောက်စနစ်များသို့ရေလုံလောက်စွာဖြန့်ဖြူးပေးသွားနိုင်ရေးအတွက်ဆည်မြောင် နှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊  ညွှန်ကြားရေးမှူးချုပ်ထံ အစီရင်ခံ  တင်ပြခဲ့ရာတွင်    ကင်းတပ်လက်ယာမြောင်းမကြီး၏ BedWidth နှင့် Side Slope များကိုမူလဒီဇိုင်းပုံစံနှင့် ချဲ့ထွင်ရန် လိုအပ်ချက်များရရှိအောင်ပြုပြင်ဆောင်ရွက်ပြီးမှသာလျှင်ရွှေဂူရေ ငုပ်ပြွန်နှင့်ကြက်ခြေရာရေသွယ်လျှောက်အဆောက်အအုံများတိုးချဲ့တည်ဆောက်ခြင်းကို  ဆောင်ရွက်သင့်ကြောင်းနှင့်   တိုက်ရိုက်ရေ ထုတ်ပြွန်များမှ   ရေယူခြင်းများကို စနစ်တကျ ရေလှည့်ဇယားနှင့် ဆောင်ရွက်သွားမှသာအောက်ဖက်ပိုင်းတွင်ရှိသောတိုးချဲ့ရေသောက် စနစ်များဖြစ်သောအရာတော်နှင့်ဘုတလင်ရေသောက်စနစ်များသို့လုံလောက်စွာရေပေးနိုင်မည်ဖြစ်ကြောင်းဖော်ပြထားပါသည်။လက်ယာမြောင်းမကြီး၏Bed Width နှင့်SideSlope များ ချဲ့ထွင်ခြင်းလုပ်ငန်းတို့ကို၂၀၁၃-၂၀၁၄ ခုနှစ်တွင်လည်းကောင်း၊ ကြက်ခြေရာရေသွယ်လျှောက်အဆောက်အအုံတိုးချဲ့တည်ဆောက်ခြင်းကို၂၀၁၄-၂၀၁၅ ခုနှစ်တွင်လည်းကောင်းဆောင်ရွက်ပြီးစီးခဲ့ပါသည်။ ကျန်ရှိသောရွှေဂူရေငုပ်ပြွန် အဆောက်အအုံတိုးချဲ့တည်ဆောက်ခြင်းလုပ်ငန်းအတွက် ၂၀၁၇-၂၀၁၈ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုရန်ပုံငွေတင်ပြ တောင်းခံဆောင်ရွက်သွားမည်ဖြစ်ပါသည်။အထက်ဖော်ပြပါဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ဒီဇိုင်းနှင့်ပုံထုတ်ပညာရှင်၏အကြံပြု ချက်များအတိုင်း သက်ဆိုင်ရာလုပ်ငန်းများအား ပြီးစီးအောင်စီမံဆောင် ရွက်သွားမည်ဖြစ်ပါသဖြင့် ကင်းတပ်လက်ယာမြောင်း၏ တိုးချဲ့ရေ သောက်စနစ်များဖြစ်သောအရာတော်နှင့်ဘုတလင်ရေသောက်စနစ်များသို့ရေလုံလောက်စွာဖြန့်ဖြူးပေးသွားနိုင်မည်ဖြစ်ပါကြောင်း ဖြေကြားအပ်ပါ သည်။[/symple_accordion_section][/symple_accordion]

 

ဖြေကြားသည့်ဌာန                     –   ——

မေးမြန်းသည့်လွှတ်တော်အမတ် −    ဦးဝဏ္ဏ၊ အရာတော်မဲဆန္ဒနယ် အမှတ်(၂)

[symple_accordion][symple_accordion_section title=”အကြောင်းအရာ”] လက်ရှိမြန်မာနိုင်ငံတွင် ၂၀၁၂ခုနှစ်ခန့်ကစ၍ အရပ်အဖွဲ့ အစည်းများ ဖွဲ့စည်းခွင့်ရ၍ ရပ်ရွာများတွင်နာရေးကူညီမှု အသင်းများ၊ လူမှုကူညီရေးအသင်းများ၊ သွေးလှူရှင် အသင်းများစသည်ဖြင့်ကျေးရွာအလိုက်၊ရပ်ကွက်အလိုက် ဖွဲ့စည်း တည်ထောင်ကြကာ နိုင်ငံတော်အစိုးရ၏ လုပ်ငန်း တာဝန်များကို တတတ်တအားဝင်ရောက်ကူညီ လုပ်ကိုင် နေမှု အား ကောင်းနေမှုအချိန်ဖြစ်ပါသည်။ထိုအသင်းအဖွဲ့ များတွင် လူနာတင်ယာဉ်များတည်ထောင်ကာ ရပ်ကွက်၊ ကျေးရွာ၊ မြို့များအလိုက် အသင်းများစွာရှိလာပ သည်။ အရာတော်မြို့ဆိုလျင် ရပ်ကွက်ကျေးရွာပေါင်း (၆၀)ခန့် တွင် လူနာတင်ယာဉ်များ တည်ထောင်ထားသဖြင့် အရေးပေါ်လူနာများစွာ၏အသက်ကို ကယ်တင်နိုင်ခဲ့ကြ ပါသည်။ ကလေးမိခင်သေးဆုံးနှုန်းမှာလည်း မယုံကြည် နိုင်လောက် အောင် ကျဆင်းခဲ့ပါသည်။ ထို့အတွက်ကြောင့် ၂၀၁၄ ခုနှစ်အတွင်းက လူနာတင်ယာဉ်များကို နိဗ္ဗာန် ယာဉ်လိုင်စင်အဖြစ် အဖိုးနှုန်းချိုသာစွာဖြင့် ပြုလုပ်ပေးခဲ့ သည်ကို ဝမ်းသာစွာတွေ့ရှိခဲ့ရပါသည်။

သို့သော် ယခုအချိန်တွင် လိုင်စင်မရှိသည့်  လူနာတင်ယာဉ် များစွာရှိနေသေးပါသည်။ အကြောင်းမှာ-

(၁)လိုင်စင်ရမည်ထင်၍ ရွာ၏လိုအပ်ချက်အရ နောက်ကျမှ ဝယ်ယူထားခြင်း၊

(၂)သက်မှတ်သည့်နောက်ခုံအရှည် (၇)ပေမပြည့်၍ လိုင်စင် မလုပ်လိုက်ရခြင်း၊

(၃)ရွာများကိုယ်ထူကိုယ်ထသော်လည်းကောင်း၊အလှူရှင် များ မှသော်လည်းကောင်း၊  ဝယ်ယူလှူဒါန်းရသဖြင့် လိုင်စင်မဲ့ ယာဉ်များသာဖြစ်ခြင်း၊

ထို့ကြောင့်လူနာများကို ပို့ဆောင်ရွာတွင် လိပ်ပြာသန့်စွာ မောင်းနှင်နိုင်ရန်အတွက်

(၁)လိုင်စင်မရှိသေးသည့်ယာဉ်များအား ယာဉ်လိုင်စင် လုပ်ဆောင်ပေးရန်အစီအစဉ်ရှိ/မရှိ။

(၂)ယာဉ်မောင်းသူများအား အထူးကိစ္စရပ်များအနေဖြင့် ယာဉ်မောင်းလိုင်စင်လုပ်ကိုင်ပေးနိုင်မှုအစီအစဉ် ရှိ/မရှိ သိရှိလိုပါကြောင်း။

[/symple_accordion_section][symple_accordion_section title=”ဖြေကြားချက်”]

မော်တော်ယာဉ်များကနဦး မှတ်ပုံတင်ရန်အတွက် တရားဝင် တင်သွင်းခွင့်ပြု စာရွက်စာတမ်း(သို့) ထုတ်လုပ်ခွင့်ပြုစာရွက် စာတမ်း ဖြင့်တင်သွင်း(သို့)ထုတ်လုပ်သည့်မော်တော်ယာဉ်များကို မော်တော်ယာဉ်စစ်ဆေးရေးအဖွဲ့မှ စစ်ဆေးပြီးတူညီမှန်ကန်ပါက ကုန်းလမ်းပို့ဆောင်ရေးညွန်ကြားမှုဦးစီးဌာနမှ လုပ်ထုံးလုပ်နည်း နှင့်အညီကနဦးမှတ်ပုံတင်ဆောင်ရွက်ပေးလျှက်ရှိပါသည်။

နိုင်ငံတော်၏အစီအစဉ်ဖြင့်ကုန်းလမ်းပို့ဆောင်ရေးညွန်ကြားမှုဦးစီး ဌာန၏၃-၇-၁၄ရက်စွဲပါစာအမှတ်၊ကဥပ-၃၃၉(က) ၁၄/ ၁၅၃၁ ”ညွန်ကြားချက်-၂၁/၁၄”အရ မြန်မာနိုင်ငံအတွင်းရောက်ရှိနေသော မှတ်ပုံတင်မဲ့နိဗ္ဗာန်ယာဉ်များအားHSEအက္ခရာအမှတ်သတ်မှတ်ပြီး ”နိဗ္ဗာန်ယာဉ်အမျိုးအစားပြောင်းခြင်း၊အမည်၊နေရပ်ပြောင်းလဲခြင်း ခွင့်မပြုပါ”ကန့်သတ်ချက်နှင့်အကောက်ခွန်ကင်းလွတ်ဖြင့်၇-၇-၁၄ မှ ၃၁-၇-၁၄ ထိနိုင်ငံတစ်ဝှမ်းလုံးစီမံချက်ဖြင့်မှတ်ပုံတင်ပြုလုပ် ဆောင်ရွက်ပေးခဲ့ပါသည်။စစ်ကိုင်းတိုင်းဒေသကြီးအတွင်းစုစုပေါင်း (၉၇၅) စီးအားမှတ်ပုံတင်ဆောင်ရွက်ပေးခဲ့ ပြီးအရာတော်မြို့နယ် အတွက် (၃၇) စီးမှတ်ပုံတင်ဆောင်ရွက်ပေးခဲ့ပါသည်။ နိဗ္ဗာန်ယာဉ် များမှတ်ပုံတင်ပေးခြင်းမှာနိုင်ငံတော်၏အစီအစဉ်အရစီမံချက်ကာလနိဗ္ဗာန်ယာဉ်များမှတ်ပုံတင်ပေးခြင်းမှာနိုင်ငံတော်၏အစီအစဉ်အရစီမံ ချက်ကာလသတ်မှတ်ချက်ဖြင့် ဆောင်ရွက်ပေးရပါ သောကြောင့် မြန်မာ နိုင်ငံအတွင်းရောက်ရှိနေသည့်မှတ်ပုံတင်မဲ့နိဗ္ဗာန်ယာဉ်ပြုလုပ် ထားသည့်ယာဉ်များကိုမှတ်ပုံတင်ပေးရန် အစီအစဉ်မရှိပါကြောင်း ရှင်းလင်းဖြေကြားအပ်ပါသည်။

ယာဉ်မောင်းသူများအား ယာဉ်မောင်းလိုင်စင်ပြုလုပ်ရာတွင် ”သ” အမောင်းသင်လိုင်စင်ပြုလုပ်ရပါမည်။ ”သ” အမောင်းသင်လိုင်စင် (၃) လ ပြည့်သက်တမ်းရှိပြီး၊ အသက်(၁၈)နှစ်ပြည့်ပြီးပါက ”ခ” ယာဉ်မောင်းလိုင် စင်ဖြေဆိုရယူနိုင်ပါသည်။ ၁၉၈၉ ခုနှစ်၊ မော်တော်ယာဉ်နည်းဥပ‌ဒေ ၅၈၊ နည်းဥပဒေခွဲ (ဃ) အရ နိဗ္ဗာန်ယာဉ်မောင်းနှင်နိုင်ရန်အတွက် ”ဃ” ယာဉ်မောင်းလိုင်စင် ရှိရ ပါမည်။ သို့ဖြစ်ပါ၍ ”ဃ” ယာဉ်မောင်းလိုင်စင် ရယူရန် အသက် (၂၁)နှစ်ပြည့်ပြီး ”ခ” ယာဉ်မောင်းလိုင်စင် (၃)နှစ်ပြည့် သက်တမ်းရှိမှ သာ ”ဃ” ယာဉ်မောင်းလိုင်စင်ဖြေဆိုရယူနိုင်ပါသည်။ ယာဉ်မောင်း လိုင်စင်ရယူရန်အတွက်ဥပဒေ၊ နည်းဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်အတိုင်းသာ ယာဉ်မောင်းလိုင်စင် ဆောင်ရွက်ပေးနိုင်ပါ ကြောင်းနှင့် နိဗ္ဗာန်ယာဉ်မောင်းနှင်သူများအား အထူးကိစ္စရပ် အနေဖြင့် ယာဉ်မောင်းလိုင်စင်ပြုလုပ်ပေးရန် အစီအစဉ် မရှိပါကြောင်းဖြေကြားအပ်ပါသည်။[/symple_accordion_section][/symple_accordion]

 

ဖြေကြားသည့်ဌာန                     –   ——

မေးမြန်းသည့်လွှတ်တော်အမတ် −    ဦးဝဏ္ဏ၊ အရာတော်မဲဆန္ဒနယ် အမှတ်(၂)

[symple_accordion][symple_accordion_section title=”အကြောင်းအရာ”]

စစ်ကိုင်းတိုင်းအောက်ပိုင်းဒေသတွင် မိုးနည်းရေရှား ရပ်ဝှမ်း အတွင်းရှိသည့်အလျောက် တစ်နှစ်မိုးရေချိန် လက်မ(၃၀)ခန့် သာရွာသွန်းပါသည်။ စိုက်ပျိုးရေးကဏ္ဍတွင် ရေရရှိရေး သည် အဓိကဖြစ်သည့်အလျောက်ဆည်အမျိုးမျိုး၊ မြေ အောက်ရေ၊ မြစ်ရေတင်စသည်ဖြင့် ရေရရှိရေး နည်းအမျိုး မျိုးဖြင့် ဆောင်ရွက်၍ စိုက်ပျိုးရေးကဏ္ဍကို မြှင့်တင်၍ တောင်သူလယ်သမားများ ဘဝမြင့်အောင် ဆောင်ရွက်နေ ကြပါသည်။သို့ရာတွင် တည်ဆောက်ပြီးသော ဆည်များ၊ တည်ဆောက်ရန် လျာထားသောဆည်များ မြစ်ရေတင် လုပ်ငန်းများနှင့် မူးမြစ် ဝှမ်းစီမံကိန်းမှ ဆည်ရေသောက် စနစ်များသည် –

(၁) တစ်ဖက်ပိတ်ဆည်များမှာ ရေမနေခြင်း၊ ရေမစင်ခြင်း၊

(၂) မြစ်ရေတင်လုပ်ငန်းများ (၁၀)နှစ်ကျော်ကြာသည့်တိုင်  စီမံကိန်းမပြီးခြင်း၊ မဆောင်ရွက်နိုင်ခြင်း၊

(၃) မူးမြစ်ဝှမ်းစီမံကိန်းမှ ဆည်ရေသောက်စနစ်ပျက်စီးနေ ခြင်း၊ရေဦးတူးမြောင်း၊မရကန်တူးမြောင်း၊လက်ျာတူးမြောင်း စသည်ဖြင့်အခြားမြို့နယ်များလည်း အလားတူရေ ရရှိရေး နည်းလမ်းများအရအပြည့်အဝအကျိုးမခံစားရသောကိစ္စများစွာရှိနေပါသည်။ ထို့ကြောင့်တိုင်းဒေသကြီးအစိုးရ အဖွဲ့အား မေးမြန်းလိုသည်မှာ ထိုကဲ့သို့ဖြစ်ပေါ် နေသော ကိစ္စရပ်တစ်ခုချင်းအလိုက် လုပ်ငန်းစိစစ် ရေးကော်မတီများဖွဲ့စည်း၍ အောင်မြင်အောင်ဆောင် ရွက်ရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း။

[/symple_accordion_section][symple_accordion_section title=”ဖြေကြားချက်”]

စစ်ကိုင်းတိုင်းအောက်ပိုင်း၊ အရာတော်မြို့နယ် အတွင်းတွင် အရာတော်(၂)နှင့် အရာတော်(၃)မြစ်ရေတင် စီမံကိန်းဟူ၍ ဆောင် ရွက်ဆဲ မြစ်ရေတင်လုပ်ငန်း(၂)ခုရှိပါသည်။အရာ တော်(၂)မြစ်ရေ တင်စီမံကိန်းသည် စီမံကိန်းလုပ်ငန်းများအား ၂၀၀၂-၂၀၀၃ ဘဏ္ဍာရေးနှစ်တွင် စတင်ဆောင်ရွက်ခဲ့ပြီး၊ နှစ်စဉ်ရန်ပုံငွေရရှိမှု အခြေအနေအရ လုပ်ငန်းများဆောင်ရွက်ခဲ့ပြီး၊ ၂၀၁၁-၂၀၁၂ ဘဏ္ဏာရေးနှစ် ပထမအကြိမ်ပြည်သူ့ လွှတ်တော်တတိယပုံမှန် အစည်းအဝေးသို့ တင်သွင်းသည့် ပြည်သူ့ငွေစာရင်းကော်မတီ၏ အစီရင်ခံစာပါဆောင်ရွက်ဆဲ မြစ်ရေတင်စီမံကိန်းများစနစ်တကျ ဖြစ်စေရေးအတွက် အချိန်ယူဆောင်ရွက်သင့်ပါကြောင်း အကြံပြု တိုက်တွန်းချက်အရ ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်တွင် စတင် ရပ်နားခဲ့ပါသည်။ ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်တွင် လုပ်ငန်းများ ပြန်လည် စတင်ဆောင်ရွက်ခဲ့ပြီး၊ ယခုအခါမြို့ပြလုပ်ငန်း ၅၈%၊ စက်/လျှပ်လုပ်ငန်း ၉၀%၊ စီမံကိန်းတစ်ခုလုံးအနေဖြင့် ၇၄% ပြီးစီးပြီဖြစ်ပါသည်။ စီမံကိန်းလုပ်ငန်းများအား လက်ထောက် ညွှန်ကြားရေးမှူး(မြို့ပြ)ခေါင်းဆောင်သော အမှုထမ်း(၁၀)ဦး၊ အရာထမ်း(၅)ဦးတို့ပါဝင်သောအဖွဲ့ဖြင့် ပြည်ထောင်စုမှစီမံကွပ်ကဲလုပ်ငန်းဆောင်ရွက်လျက်ရှိပါသည်။ ယခု ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်တွင်ကျပ်(၅၂၀)သန်းလျာထား၍ လုပ်ငန်းများဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ပြီး၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင်အပြီးဆောင်ရွက် ရန်လျာထားပါသည်။  စီမံကိန်း၏ ပြီးစီးသည့်အပိုင်းများအလိုက် ၂၀၀၃-၂၀၀၄ မှစတင်၍ စိုက်ပျိုးရေပေးဝေခဲ့ပါသည်။ ၂၀၁၅-၂၀၁၆ ခုဘဏ္ဍာရေးနှစ် နွေရာသီတွင် စပါး(၁၃၂)ဧက၊ အခြားသီးနှံ(၂၆၀)ဧက၊ စုစုပေါင်း(၃၉၂)ဧကစိုက်ပျိုးရေပေးဝေခဲ့ပြီး၊ယခု၂၀၁၆-၂၀၁၇ ဘဏ္ဍာရေး နှစ်မိုးရာသီတွင် လျှပ်စစ်မီးရရှိမှုအခြေအနေအရစပါး(၆၀၀)ဧက၊အခြား (၉၀၀)ဧက စုစုပေါင်း(၁၅၀၀)ဧကလျာထား၍ ရေတင်အဆင့်(၃)ဆင့်မှ စိုက်ပျိုးရေပေးဝေသွားမည်ဖြစ်ပါသည်။ ဒေသဝမ်းစာဖူလုံရေး၊ ပတ်ဝန်း ကျင် စိမ်းလန်းစိုပြေရေးတို့အားများစွာ အထောက်အကူဖြစ်သည့်အပြင် ဒေသခံတောင်သူများ၏ လူမှုစီးပွားဘဝအားများစွာအထောက်အပံ့ဖြစ်စေ သည့်အရာတော်(၂)စီမံကိန်းအားသတ်မှတ်ချိန်အတွင်းအချိန်မီပြီးစီးနိုင်ရေး ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

အရာတော်(၃) လျှပ်စစ်မြစ်ရေတင်စီမံကိန်းသည် စီမံကိန်းလုပ်ငန်းများ အား ၂၀၀၃-၂၀၀၄ ဘဏ္ဍာရေးနှစ်တွင် စတင်ဆောင်ရွက်ခဲ့ပြီး နှစ်စဉ် ရန်ပုံငွေရရှိမှုအခြေအနေအရ မြို့ပြလုပ်ငန်း(၃၅%)၊စက်မှုလုပ်ငန်း(၄၀%) ပြီးစီး၍လျှပ်စစ်လုပ်ငန်းများဆောင်ရွက်နိုင်ခြင်းမရှိသေးပါ။၂၀၁၁−၂၀၁၂ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စုလွှတ်တော်၏ မြစ်ရေတင်စီမံကိန်းများ စနစ်တကျဖြစ်စေရန်အတွက် ခေတ္တရပ်နားရန် အတည်ပြုချက်အရ ၂၀၁၀-၂၀၁၁ ဘဏ္ဍာရေးနှစ်မှစ၍ ယနေ့ ကာလအထိ လုပ်ငန်းများ ခေတ္တရပ်နားခဲ့ပြီး၊တည်ဆောက်ပြီးအပိုင်းများကိုသာပြင်ဆင်ထိန်းသိမ်း ခြင်း လုပ်ငန်းများဆောင်ရွက်လျက်ရှိပါသည်။ ပင်မရေတင်အဆင့်တွင်  ဒေသခံတောင်သူများ၏ တောင်းဆိုချက်အရလျာထားသီးနှံ(၁၀၀)ဧက အား ဒီဇယ်ရေတင်စနစ်ဖြင့် စိုက်ပျိုးရေယာယီပေးဝေ လျက်ရှိပါသည်။ သို့ဖြစ်ပါ၍အရာတော်(၃)  လျှပ်စစ်မြစ်ရေတင်စီမံကိန်းအားအကျိုးပြုနိုင် မည့်အခြေအနေပေါ် မူတည်ပြီးမှ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါ သည်။ရေဦးတူးမြောင်းရေသောက်စနစ်၊ကင်းတပ်လက်ယာမြောင်းရေသောက်စနစ်များမှနွေစပါး၊မိုးစပါးအခြားသီးနှံများအားရေပေးဝေရာတွင် တိုင်း/ခရိုင်/မြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှုအဖွဲ့များ၏ ဆုံးဖြတ် ချက်များအတိုင်း နှစ်စဉ်ရေပေးဝေနိုင်ခဲ့သည့်အခြေအနေမှာ−

ရေဦးတူးမြောင်း

၂၀၁၃-၂၀၁၄ မိုးစပါးလျာထား-၁၁၅၁၀၇ဧကတွင်  ၁၁၆၀၅၄ ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း၊ ၂၀၁၃-၂၀၁၄ နွေစပါးလျာထား- ၇၁၁၀၀ ဧကတွင် ၇၀၂၅၀ စိုက်ပျိုးနိုင်ခဲ့ကြောင်း၊  ၂၀၁၄-၂၀၁၅ မိုးစပါး လျာထား-၁၁၅၀၂၉ ဧကတွင် ၁၁၅၈၃၄ ဧကစိုက်ပျိုးနိုင်ခဲ့ကြောင်း၊၂၀၁၄-၂၀၁၅ နွေစပါးလျာထား-၄၂၀၀၀ ဧကတွင် ၄၁၆၅၇ ဧကစိုက်ပျိုးနိုင်ခဲ့ကြောင်း၊ ၂၀၁၅-၂၀၁၆ မိုးစပါးလျာထား-၁၁၅၈၁၅ ဧကတွင် ၁၁၅၈၁၂ စိုက်ပျိုးနိုင်ခဲ့ကြောင်း၊ ၂၀၁၅-၂၀၁၆ နွေစပါး လျားထား-၈၃၃၀၀ဧကတွင် ၇၈၉၀၉ ဧကစိုက်ပျိုးနိုင်ခဲ့ပါ သည်။

ကင်းတပ်လက်ယာမြောင်း

၂၀၁၃-၂၀၁၄မိုးစပါးလျာထား-၁၀၀၆၈၀ဧကတွင်  ၁၀၀၆၉၆ ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း၊ ၂၀၁၃-၂၀၁၄ နွေစပါးလျာထား-၅၇၁၀၀ ဧက တွင် ၅၇၂၃၇ စိုက်ပျိုးနိုင်ခဲ့ကြောင်း၊  ၂၀၁၄-၂၀၁၅ မိုးစပါးလျာထား -၁၀၀၀၅၆ ဧကတွင် ၉၉၂၉၈ ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း၊ ၂၀၁၄-၂၀၁၅ နွေစပါးလျာထား-၁၀၀၀၀ ဧကတွင် ၁၆၄၀၈ ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း၊ ၂၀၁၅-၂၀၁၆ မိုးစပါးလျာထား-၉၉၈၁၉ ဧကတွင် ၁၀၀၅၀၈ စိုက်ပျိုးနိုင်ခဲ့ကြောင်း၊ ၂၀၁၅-၂၀၁၆ နွေစပါး လျားထား-၆၃၅၀၀ ဧကတွင် ၆၃၇၀၉ ဧကစိုက်ပျိုးနိုင်ခဲ့ပါကြောင်း ဖြေကြားအပ်ပါသည်။ [/symple_accordion_section][/symple_accordion]

 

ဖြေကြားသည့်ဌာန                     –   ——

မေးမြန်းသည့်လွှတ်တော်အမတ် −    ဦးဝဏ္ဏ၊ အရာတော်မဲဆန္ဒနယ် အမှတ်(၂)

[symple_accordion][symple_accordion_section title=”အကြောင်းအရာ”]

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ အဝေးပြေးလမ်းမကြီးများ မြို့တွင်းလမ်းများ၊ ရွာချင်းဆက်လမ်းများ၏ လမ်းအသုံးပြုခ ကောက်ခံရေးစခန်းများ၊ မြို့ဝင်ဘီးကောက်စခန်းများ၊ တံတားအသုံးပြုခကောက်ခံရေးစခန်းများ၊ စစ်ဆေးရေးဂိတ် များ၊ လမ်းဆုံလမ်းဂွများတွင် ကားများ၊ ဆိုင်ကယ်များအရှိန် ပြင်းစွာ မောင်းနှင်ခြင်းမပြုနိုင်ရန် အရှိန်ထိန်းခုံးများ စလိုးဒေါင်းများ ပြုလုပ်ထားရှိကြပါသည်။

ထိုသို့ပြုလုပ်ထားရှိသော အရှိန်ထိန်းခုံးများမှာ (၁)ပေခန့် အကျယ်နှင့် ကန့်လန့်ဖြတ်အတားအဆီးများကို ကတ္တရာ ကွန်ကရစ်ဖြင့်လည်းကောင်း၊ တာယာလှီးစများဖြင့်လည်း ကောင်းပြုလုပ်ထားကြသည်ကို တွေ့ရှိရပါသည်။

ထို့ကြောင့် ကားများ၊ ဆိုင်ကယ်များမှ မသက်သာစွာ မြောက် တက်ခြင်း၊ ပြန်ကျခြင်းများဖြစ်ရပါသည်။ နိုင်ငံတကာတွင် ၎င်းကဲ့သို့ အရှိန်ထိန်းခုံးများထားရှိတည်ဆောက်အသုံးပြု သည်ကို တွေ့ဘူးပါသည်။ (၆)ပေခန့်အကျယ်ကို မြောတက် မြောဆင်းသွားသဖြင့် ငြိမ့်ညောင်းစွာအရှိန်လျော့စေပါသည်။  ထို့အပြင်အဝေးမှမြင်နိုင်အောင် အဝါကြားအစောင်းလိုင်းများရေးဆွဲထားပါသေးသည်။

ယနေ့မြန်မာနိုင်ငံသည် ကမ္ဘာမှလေ့လာစရာအမွေအနှစ်များစွာ ရှိသည့်အလျောက် နိုင်ငံခြားခရီးသွားများ တစ်နေ့တစ်ခြား တိုးတက်လည်ပတ်လျက်ရှိပါသဖြင့် နိုင်ငံတကာအဆင့်မီဖြစ် ရန်လိုအပ်သဖြင့် ခရီးသွားလုပ်သားပြည်သူများ စိတ်အနေ ပြစ်မှုမသက်သာမှုများကို လျော့နည်းပပျောက်စေလိုပါသဖြင့် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအနေဖြင့် သက်ဆိုင်ရာဌာန များကို ဉပဒေများ၊ အမိန့်များ၊ ညွှန်ကြားချက်များ၊ ထုတ်ပြန် ကာ နိုင်ငံတကာအဆင့်မီ အရှိန်ထိန်းခုံးများသာပြုလုပ်စေရန် အစီအစဉ်ရှိ/မရှိသိရှိလိုပါကြောင်း။

[/symple_accordion_section][symple_accordion_section title=”ဖြေကြားချက်”]

လမ်းဦးစီးဌာနမှ တာ၀န်ယူဆောင်ရွက်လျှက်ရှိသော လမ်း အသုံးပြုခကောက်ခံရေးစခန်းများရှိ ဆိုင်ကယ်လမ်းများတွင် အရှိန်ထိန်းခုံးများ၊စလိုးဒေါင်းများ ပြုလုပ်ထားခြင်းမရှိပါ။ ကားလမ်းများတွင် အရှိန်ထိန်းခုံး စလိုးဒေါင်းများအားအဝေး မှ မြင်နိုင်အောင် ဆေးလိုင်းများရေးဆွဲရန် ဆောင်ရွက်လျက် ရှိပါသည်။ အရာတော်မြို့နယ်စည်ပင်သာယာရေး ကော်မတီ နယ်နိမိတ်အတွင်းတွင် အရှိန်ထိန်းခုံများ၊ စလိုးဒေါင်းများ ဖျက်သိမ်းပြီးဖြစ်ပါကြောင်းနှင့် အသစ်ထပ်မံ ခွင့်ပြုထားခြင်း များလည်းမရှိပါကြောင်း ဖြေကြားအပ်ပါသည်။

[/symple_accordion_section][/symple_accordion]

 

ဖြေကြားသည့်ဌာန                     –   ——

မေးမြန်းသည့်လွှတ်တော်အမတ် −    ဒေါ်သန့်ဝေကျော်၊ ကလေးမဲဆန္ဒနယ် အမှတ်(၁)

[symple_accordion][symple_accordion_section title=”အကြောင်းအရာ”] စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်သည် ပထဝီအနေ အထားရ မြစ်ချောင်းတောင်းတန်းများပေါများပြီး ဒေသ အတွင်းအပြင် လမ်းပန်းဆက်သွယ်ရေးခက်ခဲလှပါသည်။ ကလေးမြို့နယ်၊ ဒေသ၏အရှေ့ဘက်တွင် မြစ်သာမြစ်၊ တောင် ဘက်တွင် မဏိပူရမြစ်နှင့် ဒေသမြောက်ဘက်တွင် နရဉ္ဇရာ မြစ်တို့ဖြင့် ပိုင်းခြားကန့်သတ်ထားပြီး တောင်တန်းများကာရံ ထားသည့် မြို့တစ်မြို့လည်းဖြစ်ပါသည်။ ချင်းပြည်နယ် တောင်ပိုင်းမင်းတပ်ခရိုင်မှ မြစ်ဖျားခံပြီးစီးဆင်းလာသော မြစ်သာမြစ်သည် မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ်အတွင်း ဖြတ်သန်း စီးဆင်းရာတွင် အောက်ဖော်ပြပါကျေးရွာများနှင့် ကလေးမြို့ ကို ပိုင်းခြားလျက်ရှိပါသည်။ ကျေးရွာအမည်မှာ- ကလေးနယ် မှ ဂန့်ဂေါနယ်အထိ စတင်ရေတွက်လျှင် အင်းကျော်ရွာ၊အူဒူရွာ၊ အင်းဒင်းရွာ၊ ဉယျာဉ်ရွာ၊ကင်းပွန်ခြံရွာ၊ ပေါက်တောရွာ (အရှေ့ရွာ၊အနောက်ရွာ)၊ ကျားမင်းရွာ၊ ဆင်ရွာ၊အိုးမြေထူးရွာ၊ နွားရွာ၊ ရှားတောရွာ၊ ကုက္ကိုလ်ရွာ၊လယ်ခြားရွာ၊အင်းကျွန်းရွာ၊ ရေရှင်ရွာ၊မန္တာရွာ၊ကျောက်ဆယ်ရွာ၊ကျောက်ပြုတ်ရွာတို့ဖြစ်ကြပါသည်။ ပြီးခဲ့သည့်သန်းခေါင်စာရင်း ကောက်ယူမှု စစ်တမ်းအရ ကလေးနယ်တွင်ပျမ်းမျှလူဦးရေ(၃၄၈၅၇၃) ဦး နေထိုင်ပြီး မြစ်အရှေ့ဘက်ကမ်းတွင် အိမ်ထောင်စု (၃၆၇၃)စုနှင့် လူဦးရေ(၁၆၃၈၇) ဦးခန့် နေထိုင်လျက်ရှိရာ အထက်ဖော်ပြပါကျေးရွာများသည် ကလေးမြို့နှင့်တကွ အခြားဒေသများသို့ သွားလာရန် လမ်းပန်းဆက်သွယ်ရေး အတွက် မိုးရွာသီနှင့် ဆောင်းရာသီ ကာလများတွင် မြစ်သာမြစ်ကူးဖြတ်နိုင်ရန် တစ်ရွာလျှင်ကူးတို့လေလံ(၁) နှစ်လျှင် (၄)သိန်းနှုန်းဖြင့် လူ(၁)ဦးလျှင် ကူးတို့ဖြတ်ကူးခ (၃၀၀)ကျပ်မှ(၅၀၀)ကျပ်ဖြင့် ဖြတ်ကူးရပြီး နွေအခါရေ နည်းချိန်တွင် ကျေးရွာသူ/ရွာသားများ၏ ကိုယ်ထူကိုယ်ထ ယာယီဝါးတံတားများဖြင့်သွားလာကြရပါသည်။ ယာယီဝါး တံတား(၁)စင်းလျှင် လုပ်အားခမပါ(၃)သိန်းကျပ် ကျော် ကျသင့်ပြီး မိုးရာသီတွင် ရေနှင့်မျောပါသွားသောကြောင့် နှစ်စဉ်ကုန်ကျပျက်စီးပြီး သံသရာလည်နေထိုင်လာခဲ့ကြပါ သည်။ ယခုအခါ စစ်ကိုင်းတိုင်ဒေသကြီး၊ ကလေးမြို့နယ် အဆုံး မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်၊ ဟံသာဝတီ ကျေးရွာအစပ်ရှိ ကျောက်ပြုတ်ကျေးရွာတွင် ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်၊၂၀၁၆-၂၀၁၇ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စု ဘတ်ဂျတ်၊ ၂၀၁၆-၂၀၁၇ ဖြည့်စွက်ဘတ်ဂျတ်တို့ဖြင့် ကြိုးတံတား ခံနိုင်ဝန် (၃)တန်မှ ထပ်တိုး(၆)တန် တည်ဆောက်လျက်ရှိသည်ဟု သိရပါသည်။၎င်းကြိုးတံတား သည် ကလေးနယ်အဆုံး ကျောက်ဖြူကျေးရွာအတွက် အဆင်ပြေစေနိုင်မည်ဖြစ်သော်လည်း မြစ်သာမြစ် တဖက်ကမ်း ရှိ ကျေးရွာအားလုံး ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ နိုင်ငံရေး၊လူမှုရေး ဖွံ့ဖြိုးတိုးတက်စေနိုင်ရန် မြစ်သာမြစ် တဖက်ကမ်း ကျေးရွာချင်းဆက် လမ်းလိုအပ်ခြင်း၊ မြစ်ကူး တံတားထမ်မံ တည်ဆောက်ပေးရန် လိုအပ်ချက်များနှင့် စပ်လျဉ်း၍ မည်သို့ဆောင်ရွက်မည်ကို သိရှိလိုပါကြောင်း။

[/symple_accordion_section][symple_accordion_section title=”ဖြေကြားချက်”] မန္တာ- ကျောက်ပြုတ်- ကျောက်ဆယ်-အင်းကျွန်း-ရေရှင်-လယ်ခြား-ကုက္ကိုလ်-ရှားတော-နွားအထိ ကျေးရွာချင်းဆက် လမ်းမှာ လမ်းအရှည်(၁၁)မိုင်ရှိပါသည်။ မန္တာ- ကျောက်ပြုတ် ကျောက်ဆယ်-အင်းကျွန်း-ရေရှင်-လယ်ခြား လမ်းမိုင်(၇) မိုင် အား(၂၀၁၄-၂၀၁၅)ခုဘဏ္ဍာရေးနှစ်တွင်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ရန်ပုံငွေကျပ်(၇၉)သန်းဖြင့် မြေသား လမ်းဖောက်လုပ်ခဲ့ပါသည်။ ၂၀၁၆-၂၀၁၇ခု ဘဏ္ဍာရေးနှစ် တွင်လယ်ခြား-ကုက္ကိုလ်-ရှားတော-နွားအထိကျေးရွာချင်းဆက် မြေသားလမ်း(၄)မိုင်အား ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရန်ပုံငွေကျပ်(၅၅)သန်းဖြင့်ဆောင်ရွက်ရန် လျာထား ပြီးဖြစ်ပါသည်။ အဆိုပါလမ်းပိုင်း(၂)ခုရှိ မန္တာကျေးရွာမှ နွား ကျေးရွာအထိ ကျေးရွာ(၉)ရွာပါ၀င်ပြီး အဆိုပါကျေးရွာချင်း ဆက်လမ်းပေါ်တွင်တံတား(၃၃)စင်း၊ ရေပြွန် (၂၃)စင်းရှိသည့် အနက်တံတား(၁၃)စင်း ဆောင်ရွက်ထားရှိပြီးဖြစ်၍ ဆောင် ရွက်ရန် တံတားငယ်(၂၀)စင်းနှင့် ရေပြွန်(၂၃)စင်း ကျန်ရှိပါ သည်။ ကျောက်ဆည်နှင့် အင်းကျွန်းရွာကြားတွင်(၄၀’) ကွန်ကရစ်တံတား(၁)စင်း၊ ခန့်မှန်းကုန်ကျငွေ ကျပ်(၄၀)သန်းဖြင့် ဆောက်လုပ်နိုင်ရေးအတွက် ၂၀၁၆-၂၀၁၇ခု ဘဏ္ဍာရေးနှစ် တွင် လုပ်ငန်းပြောင်းတင်ပြထားပြီးဖြစ်ပါသည်။ အကျိုးပြုရွာ(၉) ရွာ၊ အိမ်ခြေ(၁၃၇၉)လုံး၊ လူဦးရေ(၆၁၁၉)ဦးအား အကျိုးပြုမည် ဖြစ်ပါသည်။ ကလေးမြို့နယ် မြစ်သာမြစ် အရှေ့ဘက်ကမ်း ကျောက်ပြုတ်၊ ကျောက်ဆည်ကျေးရွာနှင့် ဂန့်ဂေါမြို့နယ် ဟံသာ ၀တီကျေးရွာ တစ်ဘက်ကမ်းတို့ကို ဆက်သွယ်လျက် ၂၀၁၅-၂၀၁၆ ခု ဘဏ္ဍာရေးနှစ်ရန်ပုံငွေကျပ်(၃၃၆)သန်းနှင့် ၂၀၁၆-၂၀၁၇ ခု ဘဏ္ဍာရေးနှစ်များတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာန ရန်ပုံငွေ ကျပ်(၆၇၂)သန်း၊ စုစုပေါင်းကျပ် (၁၀၀၈)သန်းဖြင့် (၁၄၀၀’x၇’)ကြိုးတံတား ဆောက်လုပ်ခြင်းလုပ်ငန်းအား ပြည်သူ့ ဆောက်လုပ်ရေးလုပ်ငန်းသို့ လုပ်ငန်းအပ်နှံဆောင် ရွက်လျက်ရှိပါ သည်။ အဆိုပါ တံတားပြီးစီးပါက မြစ်သာမြစ်အရှေ့ဘက်ကမ်း ကျေးရွာအချို့နှင့် ဂန့်ဂေါမြို့နယ်အတွင်းရှိ ၀င်၀ရွာ၊ လည်ကြီး ရှေ့ရွာ၊ လည်ကြီးနောက်ရွာ၊ စမ်းမြို့ရွာစသည့် ကျေးရွာများပါ ဖြတ်သန်းသွားလာနိုင်မည်ဖြစ်ပါသည်။ အကျိုးပြုရွာ(၁၃)ရွာ၊ အိမ်ခြေ(၁၈၃၉)လုံး၊ လူဦးရေ (၈၄၁၉)ဦးအား အကျိုးပြုမည်ဖြစ်ပါ ကြောင်းဖြေကြား အပ်ပါသည်။[/symple_accordion_section][/symple_accordion]

 

ဖြေကြားသည့်ဌာန                     –   ——

မေးမြန်းသည့်လွှတ်တော်အမတ် −    ဦးသောင်းမြင့်၊ မြင်းမူမဲဆန္ဒနယ် အမှတ်(၁)

[symple_accordion][symple_accordion_section title=”အကြောင်းအရာ”] မြင်းမူမြို့နယ်၊ပဲကူးကျေးရွာသည် အိမ်ခြေ(၉၇၀)၊လူဦးရေ(၄၈၃၀) ဦးရှိသော ကျေးရွာတစ်ရွာဖြစ်ပါသည်။ ကျေးရွာရှိ ဒေသခံပြည်သူ များသည် ရွာ၏မြောက်ဘက်ရှိကန်အား သောက်သုံးရေအဖြစ် အားကိုးအားထားအသုံးပြုလျက်ရှိပါသည်။ ၎င်းကန်သည် မြေဧက (၅၇)ခန့်ကျယ်ဝန်းပြီး ရေလှောင်ဧရိယာ(၈၅၀)ဧကပေ ရှိပါသည်။ ရေကန်ရှိရေပိုလွှဲသည် နှစ်ကာလကြာမြင့်၍ ရေပိုလွှဲတိမ်မြှုတ် ပျောက်ကွယ်ပြီး  ကန်ဘောင်ရိုးအဖြစ် တည်ရှိနေပါသည်။ ရေဝင် ရောက်မှုများပြားသောကြောင့် ၂၀၁၃-၂၀၁၄ ခုနှစ်တွင် တစ်ကြိမ် ၂၀၁၄-၂၀၁၅ ခုနှစ်တွင်တစ်ကြိမ်ကန်ဘောင်ရိုး ကျိုးပေါက်ပျက်စီး မှုများ ကြုံတွေ့ရသောကြောင့် တိုင်းဒေသကြီး အစိုးရအစီအစဉ်ဖြင့် ပြန်လည်ပြုပြင်မှုဆောင်ရွက်ခဲ့ရပါသည်။ ၂၀၁၆ ခုနှစ်၊ မေလ အတွင်း ဒေသခံအလှူရှင်များမှ ကျပ်သိန်း(၁၂၀)ကုန်ကျခံကာ ကန် အတွင်းရှိမြေများ  တူးဖော်ပြီး ကန်ဘောင်ရိုး မြှင့်တင်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးဖြစ်ပါသည်။ သို့ဖြစ်ပါ၍ ပဲကူးကျေးရွာရှိ သောက်သုံး ရေကန်အား ကန်ဘောင်ကျိုးမှုမှကာကွယ်ရန်၊ ရေပိုလွှဲ တစ်ခု တည်ဆောက်ပေးရန် လိုအပ်လျက်ရှိပါသောကြောင့် တည်ဆောက် ပေးရန် အစီအစဉ်ရှိ/မရှိနှင့် အစီအစဉ်ရှိပါက မည်သည့်အချိန် ကာလတွင် ဆောင်ရွက်မည်ကို သိရှိလိုပါကြောင်း။

[/symple_accordion_section][symple_accordion_section title=”ဖြေကြားချက်”] စစ်ကိုင်းခရိုင်၊မြင်းမူမြို့နယ်ပဲကူကျေးရွာရှိ ပဲကူသောက် သုံးရေကန်အား ကန်ဘောင်ကျိုးပေါက်မှုမှ ကာကွယ်ရန် အတွက် ရေပိုလွှဲ တစ်ခုတည်ဆောက်ပေးရမည်ဆိုပါက ခန့်မှန်းကုန်ကျငွေ(၁၅၀) သိန်းခန့် ကုန်ကျမည်ဖြစ်ရာ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီးရန်ပုံငွေ တောင်းခံရာ၌ထည့်သွင်းတင်ပြတောင်းခံထားခြင်းမရှိခဲ့ပါ။ သို့ဖြစ်ပါ၍ ပဲကူသောက်သုံးရေကန်အား ရေပိုလွှဲ တစ်ခုတည်ဆောက်ပေးခြင်းလုပ်ငန်းကို ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးဖြည့်စွက်ရန်ပုံငွေရရှိပါက ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းဖြေကြားအပ်ပါသည်။ [/symple_accordion_section][/symple_accordion]

 

ဖြေကြားသည့်ဌာန                     –   ——

မေးမြန်းသည့်လွှတ်တော်အမတ် −    ဦးသောင်းမြင့်၊ မြင်းမူမဲဆန္ဒနယ် အမှတ်(၁)

[symple_accordion][symple_accordion_section title=”အကြောင်းအရာ”] မူးမြစ်သည်မြင်းမူမြို့နယ်၏ အရှေ့ဘက်ခြမ်းနယ်နိမိတ်တွင် ကျေးရွာ(၉)ရွာအနီးမှ ဖြတ်သန်းစီးဆင်းလျက်ရှိပါသည်။ ကျေးရွာ(၄)ရွာဖြစ်သော သပြေသာကျေးရွာ၊ မေဂျာကျေးရွာ၊ ညောင်မြစ်ကျေးရွာ၊ မဓုရကျေးရွာတို့တွင် လူနေအိမ်ခြေများ နှင့်နီးကပ်စွာစီးဆင်းနေသောကြောင့် နှစ်စဉ်ကမ်းပြိုမှုဖြစ် ပေါ်ပြီး နေအိမ်ပြောင်းရွှေ့ခဲ့ရပါသည်။ ၂၀၁၄-၂၀၁၅ ခုနှစ် ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီးအစိုးရ၏အစီအစဉ်ဖြင့် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာန ဘဏ္ဍာရန်ပုံငွေဖြင့် မဓုရကျေးရွာအား ကမ်းပြိုမှု ကာကွယ်ရေးလုပ်ငန်းဆောင်ရွက်ပေးခဲ့ပါသည်။ သို့ဖြစ်ပါ၍ ကျန်ရှိနေသော ညောင်မြစ်ကျေးရွာ၊ မေဂျာကျေးရွာ၊ သပြေသာကျေးရွာတို့အား မူးမြစ်ကမ်းပြိုမှု ကာကွယ်ရေး လုပ်ငန်းများဆောင်ရွက် ပေးရန်အစီအစဉ်ရှိ/မရှိ သိရှိလိုပါ ကြောင်းနှင့် အစီအစဉ်ရှိပါက မည်သည့်အချိန်ကာလတွင် ဆောင်ရွက်မည်ကို သိရှိလိုပါ ကြောင်း။

[/symple_accordion_section][symple_accordion_section title=”ဖြေကြားချက်”] ၂၀၁၄-၂၀၁၅  ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ ၏ရန်ပုံငွေဖြင့်ရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနမှ မဓုရကျေးရွာအား ကမ်းပြိုမှုကာကွယ်ရေး လုပ် ငန်းဆောင်ရွက်ပေးခဲ့ပါသည်။ကျန်ရှိနေသောညောင်မြစ်ကျေးရွာ မေဂျာကျေးရွာ၊ သပြေသာကျေးရွာတို့အား မူးမြစ်ကမ်းပြိုမှု ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ပေးရန်အတွက် ရေ အရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အား ကွင်းဆင်းတိုင်းတာစစ်ဆေးစေပြီး ဆောင်ရွက်သင့်သည့် အစီအမံများအား ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဖြေကြားအပ်ပါသည်။[/symple_accordion_section][/symple_accordion]

 

ဖြေကြားသည့်ဌာန                     –   ——

မေးမြန်းသည့်လွှတ်တော်အမတ် −    ဦးခင်မောင်ထွန်း၊ ဖောင်းပြင်မဲဆန္ဒနယ် အမှတ်(၂)

[symple_accordion][symple_accordion_section title=”အကြောင်းအရာ”]

ဖောင်းပြင်မြို့နယ်တွင် အထက(၆)၊ အထက(ခွဲ)(၈)၊အလအ  (၁)၊ အလက(ခွဲ)(၃၉)မူလွန်(၂၉)၊အမက(၄၂)၊အမက(ခွဲ)(၂၄) စုစုပေါင်းကျောင်းပေါင်းစုံ(၁၄၉)ကျောင်းဖြင့် ပညာသင်ကြား ပေးလျက်ရှိပါသည်။ယနေ့လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက် ဖို့ နိုင်ငံတစ်နိုင်ငံတိုးတက်ပြောင်းလဲရာတွင် ပညာရေးကဏ္ဍ သည်အရေးကြီးလျက်ရှိပါသည်။ ကျွန်တော်တို့ မြို့နယ်တွင် ကိုယ်ထူကိုယ်ထကျောင်း အဆောက်အဦများမှာ နိုင်ငံတော် နှင့်မိဘပြည်သူပူးပေါင်း၍လည်းကောင်း၊ နိုင်ငံတော်အစိုးရ ခွင့်ပြုရန်ပုံငွေဖြင့်လည်းကောင်း၊ အလှူရှင်ဆောက်လုပ်လှူ ဒါန်းသောကျောင်းများရှိပါသည်။

သို့ဖြစ်ပါသော်လည်း မိဘပြည်သူများဆောက်လုပ်နေရင်း အပြီးမသတ်နိုင်သော ဟဲလှော် အထက(ခွဲ) ကျောင်းဆောင်(၁) ဆောင်ကို ၂၀၁၁ခုနှစ်မှစတင်ပြီး အလျား(၁၇၀)ပေ၊အနံ(၃၀) ပေ၊စာသင်ခန်း(၁၀)ခန်းပါနှစ်ထပ်ဆောင်ကိုကိုယ်အားကိုယ် ကိုးဆောက်လုပ်ခဲ့ရာ မိဘပြည်သူထည့်ဝင်ငွေ(၄၀၃၈၀၀၀၀ိ/-) (ကျပ်လေးရာ့သုံးသိန်းရှစ်သောင်းတိတိ) ကုန်ကျပြီးဖြစ်ပါ သော်လည်း အပြီးမသတ်နိုင်သေးပါ။ထို့အတူ ဇော်ဂျီကျေးရွာအခြေခံပညာမူလတန်းလွန်ကျောင်းကို၂၀၀၉ခုနှစ် အလျား (၁၄၀)ပေ၊အနံ(၃၀)ပေ၊အမြင့်(၂၂)ပေ၊အဆောက်အဦကို မိဘ ပြည်သူထည့်ဝင်ငွေ (၃၀၀)သိန်းဖြင့်လည်းကောင်း၊ အုန်းသာ ရွာ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၊ ၁၉၉၃ခုနှစ်တွင် စတင်၍ အလျား(၁၄၀)ပေ၊ အနံ(၃၀)ပေ၊ အမြင့်(၂၄)ပေ၊ ကျောင်းဟောင်းပြင်ဆင်ရန်အတွက် အင်ဂျင်နီယာတွက်ချက် ပုံအရ (၈၉၀၀၀၀၀)ကျပ်(ရှစ်ဆယ့်ကိုးသိန်းတိတိ)နှင့်ဟဲလှော် အထက(ခွဲ)အပြီးသတ် ဆောက်လုပ်ရန်အတွက် အင်ဂျင်နီယာ တွက်ချက်ပုံအရ ငွေကျပ်(၁၆၅၀၀၀၀၀)(ကျပ် တစ်ရာခြောက် ဆယ်ငါးသိန်း) ဇော်ဂျီမူလွန်ကျောင်း ဆောက်လုပ်ရေးရန်ပုံငွေ အင်ဂျင်နီယာတွက်ချက်မှုအရ (၁၀၂၈၀၀၀၀)(ကျပ်တစ်ရာ့နှစ် သိန်းရှစ်သောင်း)မိမိအထက်ဖော်ပြပါကျောင်း (၃) ကျောင်း၏ အဆောက်အဦများပြီးစီးနိုင်ရေးအတွက် ရန်ပုံငွေချထားပေးပါ ရန်နှင့် ခွင့်ပြုရန်ပုံငွေ ချထားပေးမည်ဆိုပါကမည်သည့်အချိန် မည်သည့်ဘဏ္ဍာရေးနှစ်တွင် ခွင့်ပြုမည်ကို သိရှိလိုပါကြောင်း။

[/symple_accordion_section][symple_accordion_section title=”ဖြေကြားချက်”] စစ်ကိုင်းတိုင်းဒေသကြီး၊ဖောင်းပြင်မြို့နယ်အတွင်းရှိ အထက (ခွဲ)ဟဲလှော်၊ မူလွန်ဇော်ဂျီ၊ အလက(ခွဲ)အုန်းသာ ကျောင်းများ ၏ ကျောင်းဆောင်များအပြီးသတ်ပြုပြင်ရန်အတွက် ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုဝန်ကြီးဌာနမှ  ဒုတိယအကြိမ်ရန်ပုံငွေခွဲဝေရရှိပါက မြို့နယ်ဦးစားပေး အစီ အစဉ်အလိုက်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်းဖြေကြား အပ်ပါသည်။[/symple_accordion_section][/symple_accordion]

 

ဖြေကြားသည့်ဌာန                     –   ——

မေးမြန်းသည့်လွှတ်တော်အမတ် −    ဒေါ်အောင်မေရီ၊ ယင်းမာပင်မဲဆန္ဒနယ် အမှတ်(၂)

[symple_accordion][symple_accordion_section title=”အကြောင်းအရာ”] ယင်းမာပင်မြို့နယ်၊ အလောင်းတော်ကဿပဘုရာဖူးလမ်း အပိုင်းလည်းဖြစ်၊ ကျေးရွာချင်းဆက်လမ်း အပိုင်းလည်း ဖြစ်သော ကုန်ရွာ-ဆင်စွယ်ဆက်သွယ်ထားသော လမ်း(၆) မိုင်၊ဆင်စွယ်-အင်းတောလမ်း(၂.၂)မိုင်၊အင်တောလက္ကပြား လမ်း(၂)မိုင်နှင့်လက္ကပြား-ကပိုင်(၄)မိုင်ရှိသော လမ်းပိုင်း များကိုဒေသခံရဟန်းရှင်လူပြည်သူများမှ ထည့်ဝင်ငွေဖြင့် တစ်ကြောင်းထိုး ဖောက်လုပ်ထားသော်လည်း ပွင့်လင်း ရာသီသာသွားလာနိုင်ပြီး နွေ၊ မိုး၊ ဆောင်းသွားလာနိုင်ရန် မြေသားဘောင်တင်ခြင်းနှင့်ဂျင်းခင်းခြင်းလုပ်ငန်းပြုလုပ်ပေးမည်ဆိုလျင် ဒေသခံပြည်သူများ သွားလာရေးအဆင် ပြေချောမွေ့မည်ဖြစ်၍မြေသားတာဘောင်တင်ခြင်းလုပ်ငန်း နှင့် ဂျင်းခင်းခြင်းလုပ်ငန်းပြုလုပ်ပေးနိုင်ခြင်း ရှိ/မရှိ သိရှိလိုပါကြောင်း။

[/symple_accordion_section][symple_accordion_section title=”ဖြေကြားချက်”] ယင်းမာပင်မြို့နယ်ကုန်းရွာ-ဆင်စွယ်လမ်းမှာမူလလမ်းအရှည် (၆/၀)မိုင်၊လမ်းအကျယ်(၂၅)ပေ မြေသားလမ်းဖြစ်ပြီး (၁၈)ပေ အကျယ်၊(၂)ပေထု မြေသားတာဘောင်တင်ခြင်းနှင့် (၈”)ထု ဂျင်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်ရမည်ဖြစ်ပါသည်။ အဆိုပါ လမ်းအား မြေဘောင်တင်၊ ဂျင်းခင်းခြင်းလုပ်ငန်း ဆောင်ရွက် မည်ဆိုပါက(၁)မိုင်လျှင် ကျပ်(၃၇.၃၉)သန်းနှုန်းဖြင့် လမ်း အရှည်(၆/၀)မိုင်အတွက် ခန့်မှန်းကုန်ကျငွေကျပ် (၂၂၄.၃၄) သန်း ကုန်ကျမည်ဖြစ်ပါသည်။ အကျိုးပြုရွာ (၂၃ ) ရွာ၊အိမ်ခြေ (၅၂၈၂)လုံး၏ လူဦးရေ(၃၀၉၄၉)ဦး အကျိုးပြုမည် ဖြစ်ပါ သည်။ဆင်စွယ်-အင်တောလမ်းမှာ မူလလမ်းအရှည် (၂/၂)မိုင်၊ အကျယ်(၁၈’)ဂျင်းလမ်းဖြစ်ပြီးကျောက်ချောခင်းခြင်းလုပ်ငန်းဆောင်ရွက်ရမည်ဖြစ်ပါသည်။ ကျောက်လမ်း(၁)မိုင်အတွက် ခန့်မှန်းကုန်ကျငွေကျပ်(၆၂.၈၃)သန်းနှုန်းဖြင့်လမ်းအရှည်(၂/၂) မိုင်အတွက်ခန့်မှန်းကုန်ကျငွေ(၁၄၁.၃၆)သန်းကုန်ကျမည်ဖြစ်ပါသည်။ အကျိုးပြုရွာ(၁၃)ရွာ၊ အိမ်ခြေ(၃၁၃၃)လုံးဖြင့် လူဦးရေ (၂၀၁၈၉)ဦးဖြစ်ပါသည်။အင်တော-လက္ကပြားလမ်းမှာမူလလမ်းအရှည်(၂/၀)မိုင်၊အကျယ်(၂၅’)၊မြေသားလမ်းဖြစ်ပြီး(၁၈’)အကျယ်၊(၂’)ထု မြေသားတာဘောင်တင်ခြင်းနှင့် (၈”)ထု ဂျင်းခင်းခြင်း လုပ်ငန်းဆောင်ရွက်ရမည်ဖြစ်ပါသည်။ အဆိုပါလမ်းအား မြေသား တာဘောင်တင်ခြင်းနှင့် ဂျင်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်မည် ဆိုပါက (၁)မိုင်လျှင် ကျပ်(၃၇.၃၉)သန်းနှုန်းဖြင့် လမ်းအရှည် (၂/၀)မိုင်အတွက် ကျပ်(၇၄.၇၈)သန်း ကုန်ကျမည်ဖြစ်ပါသည်။ အကျိုးပြု(၁၀)ရွာ၊ အိမ်ခြေ(၂၆၇၈)လုံးနှင့် လူဦးရေ(၁၇၅၉)ဦး အကျိုးပြုမည် ဖြစ်ပါသည်။ လက္ကပြား-ကပိုင်လမ်းမှာ မူလလမ်း အရှည်(၄/၀)မိုင်၊အကျယ် (၃၀’)မြေသားလမ်းဖြစ်ပြီး (၈”)ထု ဂျင်းခင်းခြင်းလုပ်ငန်းဆောင်ရွက်ရမည်ဖြစ်ပါသည်။ ဂျင်းခင်းခြင်း လုပ်ငန်း(၁)မိုင်လျှင် ကျပ်(၂၀.၄၆)သန်းနှုန်းဖြင့် လမ်းအရှည် (၄/၀)မိုင်အတွက် ခန့်မှန်းကုန်ကျငွေကျပ် (၈၁.၈၄)သန်း ကုန်ကျ မည် ဖြစ်ပါသည်။ အကျိုးပြုရွာ (၆)ရွာ၊ အိမ်ခြေ (၂၀၆၅)လုံး၊ လူဦးရေ (၁၃၄၅၉)ဦးအားအကျိုးပြုမည်ဖြစ်ပါသည်။ အဆိုပါ လုပ်ငန်းများမှာ ၂၀၁၆-၂၀၁၇ခု ဘဏ္ဍရေးနှစ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ရန်ပုံငွေမရရှိပါကြောင်းဖြေကြားအပ်ပါသည်။[/symple_accordion_section][/symple_accordion]

 

ဖြေကြားသည့်ဌာန                     –   ——

မေးမြန်းသည့်လွှတ်တော်အမတ် −    ဒေါ်အောင်မေရီ၊ ယင်းမာပင်မဲဆန္ဒနယ် အမှတ်(၂)

[symple_accordion][symple_accordion_section title=”အကြောင်းအရာ”] ယင်းမာပင်မြို့နယ်၊ မောက်လုပ်အုပ်စုရှိ မောက်လုပ် ကျေးရွာ၊ အထက်ငနန်း၊ အောက်ငနန်းရွာနှင့် ဆုံရွာ သို့ ဆက်သွယ်ထားသော (၂)မိုင်(၂)ဖာလုံလမ်း အပိုင်းအား ကျေးရွာပြည်သူ လူထုမှ ၂၀၁၃ ခုနှစ်က အကျယ်ပေ(၃၀)ရှိပြီး ဒိုဇာတစ်ကြောင်းထိုးထားပြီး ဖြစ်၍ ရဟန်းရှင်လူ၊ ပြည်သူလူထုထည့် ဝင်ငွေသိန်း (၃၀)အကုန်ကျခံ၍ ဖောက်လုပ်ထားပြီး ပွင့်လင်း ရာသီသာသွားလို့ရတဲ့လမ်းဖြစ်ပါတယ်။ နွေ၊ မိုး၊ ဆောင်းသွားလို့ရအောင် မြေသားတာဘောင်တင် ခြင်း လုပ်ငန်းနှင့် ဂျင်းခင်းခြင်းလုပ်ငန်းပြုလုပ်ပေး မည်ဆိုလျင်ဒေသခံပြည်သူများ၏သွားလာမှုအဆင်ပြေချောမွေ့မည်ဖြစ်၍ မြေသား တာဘောင်တင်ခြင်း လုပ်ငန်းနှင့် ဂျင်းခင်းခြင်းလုပ်ငန်း ပြုလုပ်ပေးနိုင် ခြင်း ရှိ/မရှိ သိရှိလိုကြောင်း၊။

/symple_accordion_section][symple_accordion_section title=”ဖြေကြားချက်”] ယင်းမာပင်မြို့နယ်၊ မောက်လုပ်ကျေးရွာ၊ အထက်ငနန်း၊ အောက် ငနန်းကျေးရွာနှင့် ဆုံရွာဆက်သွယ်သည့်လမ်းမှာ မူလလမ်းအရှည် (၂/၂)မိုင်၊ အကျယ်(၂၅)ပေ၊ မြေသားလမ်းဖြစ်ပြီး ၂’ထု မြေသား တာဘောင်တင်ခြင်းနှင့် (၈”)ထုဂျင်းခင်းခြင်း လုပ်ငန်းဆောင်ရွက် ရမည်ဖြစ်ပါသည်။ (၁)မိုင်လျှင် ခန့်မှန်းကုန်ကျငွေကျပ် (၃၇.၃၉) သန်း နှုန်းဖြင့် လမ်းအရှည် (၂/၂)မိုင်အတွက် ကျပ်(၈၄.၁၂)သန်း ကုန်ကျမည်ဖြစ်ပါသည်။ အကျိုးပြုရွာ(၆)ရွာ၊ အိမ်ခြေ(၈၇၂)လုံးနှင့် လူဦးရေ(၄၉၁၄)ဦးအား အကျိုးပြုမည်ဖြစ်ပါသည်။ အဆိုပါ လုပ်ငန်းများမှာ ၂၀၁၆-၂၀၁၇ ခု ဘဏ္ဍာရေးနှစ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရန်ပုံငွေတွင် မပါရှိပါကြောင်းဖြေကြား အပ်ပါသည်။ [/symple_accordion_section][/symple_accordion]

 

ဖြေကြားသည့်ဌာန                     –   ——

မေးမြန်းသည့်လွှတ်တော်အမတ် −    ဒေါ်အောင်မေရီ၊ ယင်းမာပင်မဲဆန္ဒနယ် အမှတ်(၂)

[symple_accordion][symple_accordion_section title=”အကြောင်းအရာ”] ယင်းမာပင်မြို့နယ်မှာ ညောင်ကိုင်းအနောက်ရွာနှင့် စိုင်လျားကျေးရွာ ချင်းဆက်လမ်း အပိုင်းသည် ၂၀၁၅ ခုနှစ်က ရဟန်းရှင်လူ၊ ပြည်သူ ပူးပေါင်းပြီး ဆည်မြောင်းဌာနမှ ဒိုဇာကိုအကူအညီတောင်း၍ဆီဖိုးသိန်း (၄၀)ခန့် အကုန်အကျခံ ဖောက်လုပ်ထားသောလမ်း ဖြစ်ပါသည်။ ဒေသခံပြည်သူ များမှ ကျန်းမာရေးအတွက် အဆင်ပြေချောမွေ့စေရန် ကိုယ်ထူကိုယ်ထ ဖောက်လုပ်ထားသော လမ်းအပိုင်းဖြစ်ပါသည်။ ထို့ကြောင့် ဒေသခံပြည်သူများ၏မျှော်လင့်ချက်ကို ဖြည့်ဆည်းသော အားဖြင့် မြေသားတာဘောင်တင်ခြင်းလုပ်ငန်းနှင့် ဂျင်း ခင်းခြင်းလုပ်ငန်း များကို ဆောင်ရွက်ပေးနိုင်ခြင်းရှိ/မရှိ သိရှိလိုကြောင်း။

[/symple_accordion_section][symple_accordion_section title=”ဖြေကြားချက်”] ညောင်ကိုင်းအနောက်ရွာနှင့် စိုင်လျားကျေးရွာချင်း ဆက် လမ်းမှာမူလလမ်းအရှည်(၄/၀)မိုင်၊အကျယ် (၂၅)ပေ၊ မြေသားလမ်းဖြစ်ပြီး (၂’)ထု မြေသား တာဘောင်ပြီး(၈”)ထုဂျင်းခင်းခြင်းလုပ်ငန်းဆောင် ရွက်ရမည်ဖြစ်ပါသည်။ (၁)မိုင်လျှင် ခန့်မှန်းကုန်ကျ ငွေကျပ် (၃၇.၃၉)သန်းနှုန်းဖြင့် လမ်း အရှည်(၄/၀) မိုင်အတွက် ကျပ်(၁၄၉.၅၆)သန်း ကုန်ကျမည်ဖြစ် ပါသည်။ အကျိုးပြုရွာ (၇)ရွာ၊ အိမ်ခြေ(၁၃၀၂)လုံး နှင့် လူဦးရေ (၆၂၆၄)ဦးအား အကျိုးပြုမည်ဖြစ်ပါ သည်။ အဆိုပါလုပ်ငန်းများမှာ၂၀၁၆-၂၀၁၇ ခု ဘဏ္ဍာရေးနှစ် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ရန်ပုံငွေတွင် မပါရှိပါကြောင်းဖြေကြား အပ်ပါသည်။[/symple_accordion_section][/symple_accordion]

 

ဖြေကြားသည့်ဌာန                     –   ——

မေးမြန်းသည့်လွှတ်တော်အမတ် −    ဒေါ်အောင်မေရီ၊ ယင်းမာပင်မဲဆန္ဒနယ် အမှတ်(၂)

[symple_accordion][symple_accordion_section title=” အကြောင်းအရာ”] ယင်းမာပင်မြို့နယ် အလောင်းတော်ကဿပလမ်းလည်းဖြစ်၊ ကျေးရွာချင်းဆက်လမ်းလည်းဖြစ်သော တရော်ကျင်းကျေး ရွာမှ ကပိုင်ကျေးရွာအထိ လမ်းမကြီးကို rose wood ကုမ္ပဏီသို့ b.o.t စနစ်နှင့် ချထားကြောင်းလည်းသိရှိရပါ တယ်။ သို့ရာတွင် ယခုအချိန်အထိ ဤလမ်းကို လုပ်ဆောင် မှုမရှိသေးကြောင်း တွေ့ရှိနေရပါတယ်။ နွေရာသီ ပွင့်လင်း ရာသီ၌ ဘုရားဖူးယာဉ်များအလွန်များပြားနေပြီး ဖုံထူ သောကြောင့် အသက်အန္တရာယ်စိုးရိမ်စွာဖြင့် ယာဉ်များ မောင်းနှင်နေရသည်ကို တွေ့ရှိရပါတယ်။ ဒါကြောင့် ဒီအလောင်းတော်ကဿပဘုရားဖူးလမ်းအား ယခုနှစ်ပွင့် လင်းရာသီအချိန်မီဆောင်ရွက်နိုင်မှုရှိ/မရှိသိရှိလိုပါကြောင်း။

[/symple_accordion_section][symple_accordion_section title=”ဖြေကြားချက်”] ROSE WOOD ကုမ္ပဏီမှ B.O.T စနစ်ဖြင့် ဆောင်ရွက် လျှက်ရှိသော တရော်ကျင်း- ကပိုင်လမ်းပိုင်းအား ၂၂.၃.၂၀၁၆ ရက်နေ့မှစ၍ Terrofirma ဆေးအိတ်များ ပြတ်လပ်သွား သဖြင့် လုပ်ငန်းများယခုအချိန်အထိ ယာယီရပ်ဆိုင်းခဲ့ပြီး Terrofirma ဆေးအိတ်ဖြင့် မြေသားသိပ်သည်းအောင် ဆောင်ရွက်ထားသော လမ်းပိုင်း(၈) မိုင်အား ကတ္တရာခင်းရန် အတွက် ကုမ္ပဏီ၏ ကတ္တရာတင်ဒါ ခေါ်ယူထားဆဲဖြစ်သဖြင့် ကတ္တရာဆက်လက်ခင်းနိုင်ခြင်း မရှိပါကြောင်းနှင့်လမ်းအရှည် (၁၀၀၀)ပေအားကတ္တရာခင်းခြင်းလုပ်ငန်းဆောင်ရွက်ထားပြီး ဖြစ်ပါကြောင်း ဖြေကြားအပ်ပါသည်။[/symple_accordion_section][/symple_accordion]

 

ဖြေကြားသည့်ဌာန                     –   ——

မေးမြန်းသည့်လွှတ်တော်အမတ် −    ဦးကျော်ဆန်း၊ မင်းကင်းမဲဆန္ဒနယ် အမှတ်(၁)

[symple_accordion][symple_accordion_section title=”အကြောင်းအရာ”] မင်းကင်းမြို့နယ်မှ အခြားမြို့နယ်များသို့ဆက်သွယ်သွားလာ ရန်မှာအမိမြေမှအမွေအဖြစ်ပေး အပ်ထားတဲ့တခုတည်းသော ရေကြောင်းလမ်း ချင်းတွင်းမြစ်ကြောင်းလမ်းသာရှိခဲ့တာ ယနေ့ အချိန်ထိဖြစ်ပါတယ်။ ကားလမ်းမရှိ၊ ရထားလမ်းမရှိ၊ လေယာဉ်ကွင်းပါ မရှိတဲ့အတွက် ချင်းတွင်းမြစ်ရေကြောင်း လမ်းကိုသာ သုံးစွဲခဲ့ရတာဖြစ်ပါတယ်။ မူလက ပြည်တွင်း ရေကြောင်းပို့ဆောင်ရေးသင်္ဘောများပြေးဆွဲနေခဲ့ရာမှချင်းတွင်း မြစ်တိမ်ကောမှုကို အကြောင်းပြကာသင်္ဘောများပြေးဆွဲမှုကို ရပ်တန့်ခဲ့ပါတယ်။ ပြည်တွင်းပုဂ္ဂလိကအမြန်ရေယာဉ်ပြေးဆွဲ နေသူများကိုပင် ရင်ဆိုင်ပြေးဆွဲနိုင်ခြင်း မရှိတဲ့အတွက် ရေကြောင်းခရီးသွားလာရသူ ခရီးသည်များဟာ ပုဂ္ဂလိက အမြန်ရေယာဉ်များကိုသာ အားထားအသုံးပြုနေရပါတယ်။ ပုဂ္ဂလိကအမြန်ရေယာဉ်များသည်လည်း နိုင်ငံတော်မှ သော် လည်းကောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ သော်လည်း ကောင်း၊ ကြီးကြပ်ထိန်းချုပ်မှုကင်းမဲ့ခဲ့တဲ့အတွက် ခရီးစဉ် တလျှောက်မော်တော်ယာဉ် စီးနင်းခနှင့် တန်ဆာခများကို သတ်မှတ်ကြေးနှုန်းမဟုတ်ဘဲကြိုက်သလို တောင်းနေတာတွေ့ရှိရပါတယ်။အမြန်ရေယာဉ်စီးနင်းသူခရီးသည်များကိုလည်းတွေ့ရာကမ်းနားမှာရေတိမ်သည်၊ နက်သည်ဂရုမထားဘဲ မော်တော်ပေါ် မှတိုက်ရိုက်ခုန်ဆင်းစေမှုများတွေ့ရှိရတဲ့အတွက်သံဃာတော်များ၊သက်ကြီးရွယ်အိုများနဲ့အမျိုးသမီးများမှာ အဆင်းအတက် ခက်ခဲ့တဲ့အနေအထားများတွေ့ရတဲ့အပြင်အချို့မှာရေအောက် မှ မမြင်တွေ့ရတဲ့ဆူးညောင့် ခလုတ်တွေနဲ့တွေ့ကာ ဒဏ်ရာ အနာတရရရှိမှုများတွေ့ရှိရပါတယ်။ အမြန်ယာဉ်ပေါ်မှ လုံ လောက်စိတ်ချရသောအကျယ်ရှိ ကုန်းဘောင်ကိုလက်တန်း တပ်ဆင်ပြုလုပ်စေရန် ညွှန်ကြားသင့်ပါကြောင်း အကြံပြု တင်ပြအပ်ပါတယ်။ ဒါ့အပြင်ခရီးသည်များအား ပြွတ်သိပ် ကြပ်ညပ်စွာ စီးနင်းနေရမှုနဲ့ ရေယာဉ်စီးနင်းခလျော့ချနိုင်စေ ဘို့အမြန်ရေယာဉ်များယှဉ်ပြိုင်ပြေးဆွဲမှုကိုအန္တရာယ်ကင်းရှင်း စွာခွင့်ပြုသင့်ပါတယ်။ခေတ်အဆက်ဆက်မရှိတဲ့မင်းကင်းမြို့ မှ မြို့ချင်းဆက်လမ်းကို ၂၀၀၂ ခုနှစ်၊ နိုင်ငံတော်မြေတိုင်း ဦးစီးဌာနမှ ထုတ်ခဲ့တဲ့ မြေပုံအမှတ်(၅၉/၂၀၀၂)(၁၀)မှာ ကနီ-မင်းကင်းလမ်းကို ရာသီမရွေးသွားလာနိုင်သော လမ်းအဖြစ် ဖော်ပြထားတာ အံ့သြစရာတွေ့ရှိရသော်လည်း မြေပြင် ပေါ်မှာတော့ အမှန်တကယ် ဖောက်လုပ်ထားတာမတွေ့ရှိ ရပါဘူး။၂၀၁၀ ခုနှစ်တွင်မှ ရွေးကောက်ပွဲပါဝင် ယှဉ်ပြိုင်မဲ့ ပြည်ခိုင်ဖြိုး ပါတီအနိုင်ရရှိရေးအတွက်စတင် ဖောက်လုပ်ခဲ့ ရာမှာ ကနီမှ မင်းကင်းတစ်ကြောင်းထိုးလမ်းအဖြစ် စတင် ခဲ့ပါတယ်။ သို့သော် ၂၀၁၀ ရွေးကောက်ပွဲအပြီးမှာ လမ်း ဖောက်လုပ်မှု ပြန်လည်ရပ်ဆိုင်းသွားခဲ့ပါတယ်။  ဖောက်လုပ် ခဲ့တဲ့လမ်းကို မူလကဆိုင်ကယ်၊ နွားလှည်းစသည် မောင်းနှင် နိုင်ခဲ့သော် လည်းမိုးရွာသီမှာရွာသွန်းတဲ့မိုးကြောင့် ချောင်းရေ စားကာ လုံးဝသုံးမရတဲ့အဆင့်ထိသို့ ပြန်လည်လျောကျခဲ့ပါ သည်။  ၂၀၁၂ ကြားဖြတ်ရွေး ကောက်ပွဲအပြီး မင်းကင်း မဲဆန္ဒနယ်မှပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါ်ခင်မွှေးလွင် ရဲ့ တောင်းဆိုမှုကြောင့် လမ်းဖောက်လုပ်မှုပြန်လည် အသက် ဝင် လာခဲ့ပါ သည်။ ပြည်ထောင်စုဘတ်ဂျက်ဖြင့် လုပ်ဆောင်တဲ့ (ကနီ – မင်းကင်း – မြို့မ)လမ်းပိုင်းမှာ အခြားမြို့နယ်များနဲ့ မင်းကင်းမြို့အလျင် မြန်ဆုံးဆက်သွယ်သွားလာနိုင်ရန် ရည်ရွယ်လျက်မူလဖောက် လုပ်ထားတဲ့ မုံရွာ-ယာကြီး-မြို့မ၊လမ်းသို့ဆိုက်ရောက်စေရန် (မင်းကင်း-မြို့မ)လမ်းအပိုင်းကို ဦးစားပေးဖောက်လုပ်ပေးဘို့ တောင်းဆိုခဲ့ပါတယ်။ တွက်ချက် မှုအရ ကနီ-မင်းကင်းလမ်းသည် (၄၂)မိုင်(၆)ဖာလုံ ရှည်လျား ပြီး (ပုထိုးလုံးချောင်းတံတား)တစ်စင်းကို ဖောက်လုပ်ရဦးမည် ဖြစ်တာကြောင့် (၁၇)မိုင်အရှည် (မင်းကင်း-မြို့မ)လမ်းကို အလျင်အမြန်ပြီးစီးစေရေး ဦးစားပေးတောင်းဆိုခဲ့ခြင်းဖြစ်ပါ တယ်။၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်မှ ဆက်လက်ဖောက်လုပ်ခဲ့တဲ့ (၁၇) မိုင်အရှည်လမ်းဟာ ယနေ့ ၂၀၁၆ ခုနှစ်အထိ (၇)နှစ်တာ ကြာ မြင့်ခဲ့သော်လည်း ပြီးစီးမှုမရှိသေးပါဘူး။ (မင်းကင်း-မြို့မ) လမ်းမှာ စံချိန်စံညွှန်းဖြစ်တဲ့လမ်းအကျယ်(၃၄)ပေသို့ မရောက် ရှိသေးရုံမျှသာမက ကားငယ်များမောင်းနှင်ရန်ပါ အန္တရာယ် ဖြစ်စေနိုင်တဲ့အထိ ကျဉ်းမြောင်းတဲ့နေရာ (၄) နေရာရှိပါတယ်။ အလျင်အမြန်ပြုပြင်ပေးရန်လိုအပ်ပါ တယ်။

တွေ့ရှိရတဲ့လမ်းကျဉ်းများမှာ ဖို့မြေ/ဖြတ်မြေ ကျင်းပေါင်း သုံးသောင်းကျော်လုပ်ဆောင်ရန် ကျန်ရှိနေသေးကြောင်း သိရှိ ရပြီး ကုမ္ပဏီမှပျက်ကွက်ကြောင်းကြီးကြပ်ရန်နှင့် လမ်းအရည် အသွေးစစ်ဆေးရန် လမ်းအထူး(၇)အဖွဲ့မှာ တာဝန်ရှိကြောင်း တွေ့ရှိရပါတယ်။  လမ်းကို ဂျင်းခင်းရန် (၁၁၇)ကီလိုမီတာနဲ့(၁၁၈)ကီလိုမီတာအကြား စုပုံနေဆဲတွေ့ရှိရပါတယ်။ လမ်း အထူး(၇)အဖွဲ့မှကြီးကြပ်လုပ်ကိုင်နေကြောင်းကြားသိရသည့် လုပ်ငန်းများမှာ ယာကြီး-မြို့မ-ကလေးဝလမ်း၊ မင်းကင်း-မြို့ မလမ်း၊ ရေဦး-ကလေးဝလမ်း(မင်းကင်းမြို့နယ်+ကလေးဝ မြို့နယ်)လမ်းတို့ဖြစ်ပါတယ်။

ချင်းတောင်ဒေသလမ်းများဖြစ်ကြောင်းကြားသိရတဲ့အတွက် တာဝန်ယူသောလမ်းများရဲ့ အရည်အသွေးစစ်ဆေးမှုနဲ့ ကုမ္ပ ဏီများအား ကြီးကြပ်မှုအားနည်းနေရကြောင်း သုံးသပ်တွေ့ ရှိရပါတယ်။ ထိရောက်သောကြီးကြပ်မှုရရှိစေရန် တာဝန်များ ပြန်လည်ခွဲဝေလျော့ချပေးသင့်ကြောင်း တင်ပြအပ်ပါတယ်။

ယာကြီး-မြို့မ-ကလေးဝလမ်းကိုလည်း အတည်မပြုနိုင်သော သတင်းများအရ အိန္ဒိယနိုင်ငံမှတာဝန်ယူလုပ်ဆောင်မှာဆိုတဲ့ သတင်းကိုမျှော်ပြီး လမ်းဖောက်လုပ်ရေး တာဝန်ရှိသူများမှ  လုပ်ဆောင်မှုမရှိသည့်အတွက် ဒေသခံများက ကုလားမျှော် လမ်း ရယ်လို့ အမည်ပေးနေတာကြားခဲ့ရပါတယ်။ ပြုပြင်ခြင်း မရှိဘဲ ဉပက္ခာပြုခံထားရခြင်းကြောင့် လာဘို့- ကျော်ရွာ-မြို့မလမ်းအပိုင်းသည် အလွန်ဆိုးဝါးတဲ့အဆင့်သို့ ရောက်ရှိနေပါ တယ်။ ခရီးသွားလာမှုလျင်မြန်ချောမွေ့အဆင် ပြေစေရေး အတွက်ရည်ရွယ်ဖောက်လုပ်ထားသောလမ်းမှာမော်တော်ယာဉ် များအား တန်းစီပြီးဘုရားပွဲလှည့်သလောက် မျှပင်ရွေ့လျားနိုင် ခြင်း မရှိတာပါ။ယခုအခါ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရ ဘတ်ဂျက်ဖြင့် ဖောက်လုပ်တဲ့ မင်းကင်း-လာဘို့လမ်း (၂၆)မိုင်၊ (၅)ဖာလုံကို ဖောက်လုပ်ခဲ့တဲ့အတွက် (၃၆)မိုင်အရှည်ရှိ လာဘို့-ကျော်ရွာ-မြို့မလမ်းပိုင်းကို ရှောင်ကွင်းနိုင်တဲ့ လမ်း ကြောင်း တစ်ခုရရှိပြီးဖြစ်ပါသည်။ လာဘို့-မင်းကင်းလမ်းပိုင်း ကို တာဝန်ယူဖောက်လုပ်ကြတဲ့ကုမ္ပဏီများ စေတနာထား ကြိုးစားဖောက်လုပ်ကြတာ ထင်ရှားစွာတွေ့မြင်ရပါတယ်။ လမ်းအကျယ်(၃၄)ပေအထိ ဖောက်လုပ်ထားတာမို့ မောင်းနှင် ရသူများ စိတ်ချမ်းသာဖွယ်ဖြစ်ပါတယ်။ မြင်းကန်တောင် အတက်မတ်စောက်မှုကို ယခုထက်ပိုမို ပြေလျောအောင် ဖြတ်ချ ဖို့နဲ့ မင်းကင်းဘက်ခြမ်းမှာ မျက်နှာ ချင်းဆိုင်ယာဉ်များ မမြင်ရ တဲ့အထိ မြင့်မားနေတဲ့တောင်ကုန်းများဖြတ်ပိုင်းခြင်း မပြုခဲ့တဲ့ အတွက်လမ်းအင်ဂျင်နီယာလုပ်ငန်းကိုမထေမဲ့မြင်ပြုသည်နှယ်မြင်တွေ့ရပါတယ်။ ညောင်ကိုင်းတံတား(၆၀၀)ပေကို အလျင်အမြန် အကောင်အထည် ဖော်နေကြပါတယ်။ ရေရှည်စိတ်ချရ သောလမ်းအဖြစ်မျှော်မှန်းနိုင်တဲ့အရည်အချင်းလဲရှိတာကြောင့် ကွန်ကရစ်လမ်းခင်းခြင်းအလျင်အမြန် ချမှတ်ပေးရန်လိုအပ် ပါတယ်။ မုံရွာ-ယာကြီး-မြို့မ-ကလေးဝလမ်းကို စံချိန်မီလမ်း အဖြစ် ဖော်ဆောင်နိုင်ခြင်းမရှိသေးချိန်မှာ မော်တော်ယာဉ်များ အန္တရာယ်ကင်းရှင်းစွာကွင်းရှောင်မောင်းနှင်နိုင်ဘို့ တံတား(၄) စင်း ဆောက်လုပ်ရန်လိုအပ်ပါတယ်။၂၀၁၀ ခုနှစ်မှ စတင်ပြီး ပြည်ထောင်စုဘတ်ဂျက်ဖြင့် တစ်ကြောင်းထိုး လမ်းကြောင်း အဖြစ် ဖောက်လုပ်ထားတဲ့ ကနီ-မင်းကင်းလမ်းရဲ့ အားသာ ချက်များအဖြစ် တောင်အမြင့်များခုတ်ဖြတ်ရနည်းပါးခြင်း၊ တောင်ပေါ်မြေသားမာကြောခြင်း၊ ပြင်ညီလမ်းကြောင်းများ သာဖြစ်ခြင်း၊ မုံရွာ-မင်းကင်း-အတိုဆုံးလမ်းခရီးဖြစ်ခြင်းတို့ ဖြစ်ပါတယ်။ အကောင်အထည်ဖော်ရန်ကြီးမားပြင်းထန်သော အခက်အခဲများ လွတ်ကင်းနိုင်ခြင်းတို့ကြောင့် ကနီး-မင်းကင်း လမ်းပိုင်းကို ဦးစားပေးလုပ်ဆောင်ရန် အစီအစဉ်ရှိ/မရှိ၊ မည်သည့် ဘတ်ဂျက်တွင် လုပ်ကိုင်ဆောင်ရွက်ပေးမည်။ လာဘို့-ကျော်ရွာ-မြို့မ အပိုင်းကို မှီခိုအားထားနေရသော ကျေးရွာများမှာလည်း များပြားတာကြောင့်လုံခြုံစိတ်ချရသော လမ်းအဆင့်သို့ဆက်လက်ပြုပြင်ရန် အစီအစဉ် ရှိ/မရှိ၊ အစီ အစဉ်ရှိပါက မည်သည့်အချိန်အခါကို လုပ်ကိုင်ဆောင်ရွက်ပေး မည်ကို သိရှိလိုပါကြောင်း။

[/symple_accordion_section][symple_accordion_section title=”ဖြေကြားချက်”]

မင်းကင်းမြို့နယ်အနေဖြင့် အခြားမြို့နယ်များသို့ သွားလာ ရာတွင် ချင်းတွင်းမြစ်အား အဓိကထား၍ ရေလမ်းခရီးကိုသာ သုံးစွဲနေခဲ့ရသည်မှာမှန်ပါသည်။ ကားလမ်းရှိသော်လည်း မိုး အခါသွားလာ၍မရဘဲပွင့်လင်း ရာသီချိန်တွင်“ချင်းတွင်းကင်း” မော်တော်ယာဉ်အသင်းမှ မုံရွာ-မင်းကင်းသို့ ခရီးသည် တစ်ဦးလျှင် (၇ဝဝဝိ/-) ၊ ဦးခေါင်းခန်းမှ လိုက်ပါလိုလျှင် (၇၅ဝဝိ/-) ဖြင့် ကောက်ခံပြေးဆွဲပါသည်။ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်တွင်းရေကြောင်းပို့ဆောင် ရေး၊ ချင်းတွင်းဌာနခွဲမှ မိုးရာသီရေများချိန်ကာလအတွင်း မုံရွာမှ ကလေးဝအထိ (၁)ပတ်လျှင် (၁)ကြိမ်ကြာသပတေးနေ့ တိုင်း မုံရွာမှထွက်ခွာပြီး ကြားဆိပ်ကမ်းဖြစ်သည့်မင်းကင်းမြို့ သို့ ဆိုက်ကပ် ပို့ဆောင်လျှက်ရှိပါသည်။ ပုဂ္ဂလိက အမြန် ရေယာဉ်များအနေဖြင့် မင်းကင်းမြို့နယ်ရှိ ခရီးသွားပြည်သူ များသွားလာမှု အများဆုံးရာသီမှာ သင်္ကြန်ကာလမတိုင်မီ အချိန်နှင့် သင်္ကြန်ကာလအပြီးအချိန်နှင့် သီတင်းကျွတ်ရာသီ ချိန်များတွင် အများဆုံးဖြစ်ပြီးကျန်သည့်ပုံမှန်အချိန်ကာလ များတွင်ခရီးသည်လိုက်ပါမှုမှာရေယာဉ်စင်းလုံးပြည့် မပါရှိပါကြောင်း ရေယာဉ်ပိုင်ရှင်များ၏ ဖြေကြားချက်အရ သိရှိရပါသည်။  အခါကြီးရက်ကြီး ကာလများတွင်ခရီးသည်များပြွတ်သိပ် ကြပ်ညပ်မှုမရှိစေရန်နှင့် ခရီးသည်များသက်သာချောင်ချိစွာသွား လာနိုင်ရေးအတွက်၎င်းနေ့ရက်များတွင် ရေယာဉ်(၂)စီးမှ (၃)စီး အထိ ထွက်ခွာနိုင်ရေးရေယာဉ်အသင်းများသို့ မှာကြားဆောင်ရွက် ပေးပါသည်။ ခရီးသည်များ စနစ်တကျအဆင်းအတက် ပြုလုပ် နိုင်ရန်အတွက် ကုန်းဘောင်ပြားအကြီးကို အသုံးပြုရန်ရေကြောင်း ပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ရေယာဉ်များသို့ စာဖြင့် ညွှန်ကြားထားပြီးဖြစ်ပါသည်။ အချို့သောရေယာဉ်များသည် လိုက် နာဆောင်ရွက်မှုရှိသော်လည်း အချို့သောရေယာဉ်များမှာလိုက်နာ ဆောင်ရွက်မှုမရှိကြောင်း ရေယာဉ်ပိုင်ရှင်များ၏ ပြောကြားချက် အရ သိရှိရပါသည်။ ညွှန်ကြားချက်ထပ်မံထုတ်ပြန်၍ ဆောင်ရွက် သွားမည်ဖြစ်ပါသည်။ ရေယာဉ်စီးနင်းခမှာ ကုန်းလမ်း (မော်တော်ကား)ဖြင့် နှိုင်းယှဉ်ပါက သက်သာမှုရှိပါသည်။ မင်းကင်း-မုံရွာ ခရီးသည်(၁)ဦး (၅ဝဝဝိ/-) ပေးဆောင်ရသဖြင့် သက်သာမှုရှိကြောင်းတွေ့ရှိရပါသည်။ ရေယာဉ်ပိုင်ရှင်များတင်ပြ ချက်အရ ဒီဇယ်ဈေး အတက်အကျ အပေါ်မူတည်၍ ယခင် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ သတ်မှတ်ခွင့်ပြုပေးထားခြင်း ဖြစ်ပါကြောင်းနှင့်သက်ဆိုင်ရာမြို့နယ်များဖြစ်သည့် မုံရွာ၊ကနီ၊မင်းကင်း၊ကလေးဝ၊မော်လိုက်၊ ဖေါင်းပြင်၊ ဟုမ္မလင်း ၊ ခန္တီးမြို့ တို့၌  ပုဂ္ဂလိကရေယာဉ်များ စနစ်တကျပြေးဆွဲနိုင်ရေး ကော်မတီ (ရ.စ.က)အဖွဲ့များ ဖွဲ့စည်းပေးပြီးဖြစ်၍ ဝိုင်းဝန်းကြီးကြပ်ဆောင် ရွက်မှသာ အဆင်ပြေမည်ဖြစ်ပါသည်။

ကနီ-မင်းကင်း-တောင်တွင်းချောင်းလမ်းတွင် ၂၀၁၀-၂၀၁၁၁ ဘဏ္ဍာနှစ်တွင်စတင်၍ မိုင် ၀/၀ (ကနီ) မှ မိုင် ၆၃/၃ (မင်းကင်း) အထိ(၆၃မိုင်၃ဖာလုံ)ပြင်ပ ကုမ္ပဏီများဖြင့် မြေသားလမ်းဖောက် လုပ်ခြင်းစတင်ဆောင်ရွက်ခဲ့ရာ ကနီမှမင်းကင်းအထိ တစ်ကြောင်း ထိုးလမ်း ပေါက်ခဲ့ပါသည်။

၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်တွင် ၄င်းလမ်းအတွက် ခွင့်ပြုရန်ပုံငွေ မရရှိခဲ့ပါ။ ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုငွေလုံး ငွေရင်းရန်ပုံငွေရရှိခဲ့သည့်အတွက် လမ်းဖောက်လုပ်ခြင်း လုပ်ငန်း ကိုပြန်လည်စတင်ခဲ့ပါသည်။ လမ်းဖောက်လုပ်ရာတွင် ကနီနှင့် မင်းကင်း ကြား ဆက်လက်မဆောင်ရွက်တော့ဘဲ မင်းကင်းမြို့သို့

မုံရွာ – ယာကြီး – ကလေးဝလမ်းမှ တစ်ဆင့်  ဆက်သွယ်ရာတွင် အတိုဆုံးအပိုင်းဖြစ်သည့် (၁၇မိုင် ၃ဖာလုံ)သာရှိသော မြို့မ (တောင်တွင်းချောင်)-မင်းကင်းအပိုင်းအားဆက်လက်ဖောက်လုပ်ရန် လမ်းဦးစီးဌာနမှ ဆုံးဖြတ်ခဲ့ပါသည်။ အကြောင်းမှာ ကနီ-မင်းကင်းအပိုင်းသည် (၆၃မိုင် ၃ဖာလုံ)ရှိ၍ လမ်းမိုင်ရှည်ခြင်း၊ ဆောင်ရွက်ရမည့် လုပ်ငန်းပမာဏ များပြား ပါသဖြင့် ဘတ်ဂျက်ပိုမိုကုန်ကျနိုင်ခြင်း၊ ဖောက်လုပ်ချိန် ကြာမြင့် နိုင်ခြင်းတို့ကြောင့်လည်းကောင်း၊ မြို့မ-မင်းကင်းအပိုင်း အတိုဆုံး လမ်းကို ရွေးချယ်ခြင်းဖြင့် အချိန်တိုခြင်း၊ ကုန်ကျစရိတ်သက်သာ ခြင်းတို့ကြောင့် မင်းကင်းမြို့နယ်၊ ပြည်သူလူထုအတွက် အမြန်ဆုံး အကျိုးရှိနိုင်ခြင်းတို့ကြောင့်လည်းကောင်း၊ ရွေးချယ်ရန်ဆုံးဖြတ် ရခြင်းဖြစ်ပါသည်။ မြို့မ-မင်းကင်းလမ်းကို ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်မှစတင်၍ဖောက်လုပ်ခဲ့ရာ ၂၀၁၅-၂၀၁၆ဘဏ္ဍာရေး နှစ်အထိဆောင်ရွက်ပြီးစီးမှုမှာ

(၁)မြေသားလုပ်ငန်းဆောင်ရွက်ခြင်း
(က) ဖြတ်မြေလုပ်ငန်း (၁၄၄၀၅၁၀)ကျင်းတွင် (၁၂၉၈၈၇၆)ကျင်း ဆောင်ရွက်ပြီး၊
(ခ) ဖို့မြေလုပ်ငန်း(၂၄၉၅၁၀)ကျင်းတွင်
ဆောင်ရွက်ပြီး (၂၀၅၅၃၂)ကျင်းဖြစ်ပါသည်။

(၂) (၁၈)ပေအကျယ်(၉)လက်မ ထုကျောက်စရစ်ရော မြေဖြန့်ခင်းခြင်းလုပ်ငန်း(၁၇)မိုင်(၃) ဖာလုံတွင် (၉)မိုင်(၀)ဖာလုံ ဆောင်ရွက်ပြီးဖြစ်ပါသည်။

(၃) တံတားနှင့် ရေထွက်ပေါက်တည်ဆောက်ခြင်း၊
(က) (၁၀၀)ပေ
အရှည် RC တံတား (၂)စင်တည်ဆောက်ပြီး၊
(ခ) (၄၀ပေx၂၈ပေ) RC တံတား (၁)စင်းတည်ဆောက်ပြီး၊
(ဂ) (၃၀ပေx၂၈ပေ) RC တံတား (၁)စင်းတည်ဆောက်ပြီး၊
(ဃ) (၂၀ပေx၂၈ပေ) RC တံတား  (၃)စင်းတည်ဆောက်ပြီး၊
(င) (၂၀ပေx၂၀ပေ) RC Box Culvert  (၂)ခုတည်ဆောက်ပြီး၊
(စ) (၁၀ပေ) RC Box Culvert  (၇)ခုတွင် (၄)ခုတည်ဆောက်ပြီး၊
(ဆ) (၅ပေ) RC Box Culvert  (၁၄)ခုတွင် (၈)ခုတည်ဆောက်ပြီး၊
(ဇ) (၁၈၀ပေ) အရှည်RCတံတား(၁)စင်းကျန်ရှိခြင်း၊
(စျ) (၁၂၀ပေ)အရှည် RCတံတား(၂)စင်းကျန်ရှိပါသည်။

(၄) မြေထိန်းနံရံတည်ဆောက်ခြင်း (၆၀၀)ပေကျန်ရှိခြင်း၊

(၅)Pucca Side Drainတည်ဆောက်ခြင်း(၂၆၀၀၀)ပေ ကျန်ရှိခြင်း၊

(၆)(၁၈ပေ)အကျယ်ကွန်ကရစ်လမ်းခင်းခြင်း(၁၇)မိုင် (၃)ဖာလုံ ကျန်ရှိပါသည်။

၂၀၁၆၂၀၁၇ ဘဏ္ဍာနှစ် ပြည်ထောင်စုငွေလုံးငွေရင်းရန်ပုံငွေဖြင့် အောက်ပါလုပ်ငန်းများဆောင်ရွက်မည်ဖြစ်ပါသည်-

(၁) မိုင်(၅၇/၃-၈၀/၆)အတွင်းမြေသားလမ်းဖောက်လုပ်ရန်မိုင်(၆၃/၃-၈၀/၆)အတွင်း ကီလိုမီတာတိုင်(၂၇)တိုင်စိုက်ထူရန် အတွက် ရန်ပုံငွေကျပ် (၆၁၉.၈၆၂)သန်း၊

(၂) မိုင် (၆၃/၃-၈၀/၆)အတွင်း (၅ပေx၅ပေx၄၀ပေ) Box Culvert  (၅)စင်းတည်ဆောက်ရန် ကျပ်(၄၂)သန်း၊

(၃) မိုင်(၆၃/၃-၈၀/၆)အတွင်း (၅၀ပေx၁၂ပေ)ကျောက်စီမြေ ကာနံရံနှင့်တွဲလျှက် (၅ပေx၅ပေ) Box Culvert  (၁)စင်း တည်ဆောက်ရန် ကျပ်(၁၆)သန်း၊

(၄) မိုင်(၆၃/၃-၈၀/၆)အတွင်း (၁၅၀ပေ)အရှည်မြေထိန်းနံရံ Gabion Wall တည်ဆောက်ရန် ကျပ်(၅၀)သန်း၊

(၅) မိုင်(၆၃/၃-၈၀/၆)အတွင်း (၁၅၀ပေ)အရှည်မြေထိန်းနံရံ Gabion Wall တည်ဆောက်ရန် ကျပ်(၂၄)သန်း၊

(၆) မိုင်(၆၃/၃-၈၀/၆)အတွင်း (၁၀ပေx၁၀ပေx၃၀ပေ) Box Culvert  တည်ဆောက်ရန် ကျပ်(၅၀)သန်း၊

(၇) မိုင်(၆၃/၃-၈၀/၆)အတွင်း (၅၀ပေ)အရှည်မြေထိန်းနံရံ Gabion Wall တည်ဆောက်ရန် ကျပ်(၁၅)သန်း စုစုပေါင်း (၈၀၉.၈၆၂)သန်း ကုန်ကျမည်ဖြစ်ပြီး လုပ်ငန်းများဆောင်ရွက် ပြီးစီးပါက မင်းကင်း-မြို့မလမ်းသည် မြေသားဖောက်လုပ်ခြင်းလုပ်ငန်း ပြီးသလောက်ဖြစ်နေပြီး ကျောက်စရစ်ရောမြေခင်း ခြင်းလုပ်ငန်း (၈)မိုင် (၃)ဖာလုံသာကျန်ရှိမည်ဖြစ်ပါသည်။

၂၀၁၆၂၀၁၇ ဘဏ္ဍာနှစ်တွင် ခွင့်ပြုရန်ပုံငွေရရှိရန် အောက်ပါ လုပ်ငန်းများထပ်မံတင်ပြထားပါသည်-

(၁) မင်းကင်းမြို့နယ် အပိုင်းအတွက် မိုင်(၇၂/၅-၇၅/၅)အထိ (၃)မိုင်၊ မိုင် (၇၈/၆-၈၀/၆)အထိ (၂) မိုင် စုစုပေါင်း(၅)မိုင်အား လမ်းပုံပြန်လည်ဖော်ခြင်း၊ ကျောက်စရစ်ရောမြေဖြင့် (၁၈)ပေ အကျယ်(၆)လက်မထုခင်းခြင်းအတွက် ကျပ်သန်း(၃၂၀) တင်ပြတောင်းခံထားပါသည်။

မြို့မ-မင်းကင်းလမ်း (၁၇)မိုင် (၃)ဖာလုံသည် ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်တွင် စတင်ဖောက်လုပ်ခဲ့ရာ ယခုဘဏ္ဍာရေးနှစ် ၂၀၁၆-၂၀၁၇ မပါ (၄)နှစ်ရှိပြီဖြစ်ပါသည်။ ရွှေသမင်တောင်တန်း ကိုဖြတ်သန်းဖောက်လုပ်ရသည့်အတွက်    လမ်းဒီဇိုင်းလိုအပ်ချက် အရမြေသားလုပ်ငန်းပမာဏများပြားသည်ကို အထက်ဖော်ပြပါ လုပ်ငန်းများအရ သိရှိရမည်ဖြစ်ပါသည်။ လုပ်ငန်းဆောင်ရွက်ရာ တွင် ခွင့်ပြုရန်ပုံငွေ(ဘတ်ဂျက်)ဘောင်အတွင်းသာ ဆောင်ရွက် သည်ဖြစ်၍ အမြန်ပြီးစီးလိုပါက ဘတ်ဂျက်ရရှိရန်ထပ်မံလိုအပ်ပါ မည်။ ရာသီမရွေးသွားလာနိုင်သော လမ်းအဖြစ်သို့ရောက်ရှိရေး အတွက် အောက်ဖော်ပြပါလုပ်ငန်းများအား ထပ်မံဆောင် ရွက်ရန်လိုအပ်မည်ဖြစ်ပါသည်-

(၁) (၁၈)ပေအကျယ် (၉)လက်မထု ကျောက်စရစ်ရော မြေခင်းခြင်း (၈)မိုင်(၃)ဖာလုံ၊ လိုအပ်ရန်ပုံငွေကျပ်(၂၈၀)သန်း၊

(၂) (၁၈)ပေအကျယ် ကွန်ကရစ်လမ်းခင်းခြင်း (၁၇)မိုင် (၃)ဖာလုံ လိုအပ်ရန်ပုံငွေကျပ် (၂၂၉၃.၅)သန်း၊

(၃) တံတားများတည်ဆောက်ခြင်း (၃)စင်း လိုအပ်ရန်ပုံငွေ ကျပ်(၅၀၀)သန်း၊

(၄) Guard Rail များဆောင်ရွက်ခြင်း(၂)မိုင်လိုအပ်ရန်ပုံငွေ ကျပ်(၈၅)သန်း၊

(၅) မြေထိန်းနံရံတည်ဆောက်ခြင်း (၃၁၅)ပေ လိုအပ်ရန်ပုံငွေကျပ် (၉၅)သန်း၊

(၆)  Pucca Drain များတည်ဆောက်ခြင်း (၂၆၀၀၀)ပေ လိုအပ်ရန်ပုံငွေကျပ်(၃၅)သန်း၊ စုစုပေါင်း ကျပ်(၃၂၈၈.၅၀၀) သန်းလိုအပ်မည်ဖြစ်ပါသည်။

အန္တရာယ်ဖြစ်စေနိုင်သော ကျဉ်းမြောင်းသည့် (၃)နေရာအား ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် အတွင်း မြေထိန်းနံရံတည်ဆောက်မည်ဖြစ်ပါသည်။ ပွင့်လင်းရာသီတွင် လမ်းကျဉ်းမြောင်းသည့် နေရာများကို  ယာယီမြေဖို့၍ လမ်းအကျယ်ရရှိစေရန် ဆောင်ရွက် ခြင်းဖြင့်ယာဉ်သွားယာဉ်လာအဆက်မပြတ်ရှိပါသည်။မြို့မ−မင်းကင်း လမ်းဖောက်လုပ်ခြင်းကို လမ်းအထူးအဖွဲ့(၇)၊ ကလေးဝမြို့သည် ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်မှစတင်၍ ကြီးကြပ် ဆောင်ရွက်ခဲ့ပါ သည်။ နှစ်စဉ် ကုမ္ပဏီများမှ မြေသားလမ်း ဆောင် ရွက်မှုများကို ဘဏ္ဍာနှစ်မကုန်မီ ရုံးချုပ်မှ Surveyor များ၏ အကူအညီဖြင့် ပြီးစီး မှုကို တိုင်းတာစစ်ဆေးခဲ့ပါသည်။ ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ် အတွက် လုပ်ငန်းပြီးစီးမှုကို တိုင်းတာစစ်ဆေးရာလျာထားသည့် အတိုင်း ဆောင်ရွက်ပြီးစီးပြီဖြစ်ပါသည်။ Survey Report များအား လမ်းအထူးအဖွဲ့(၇)ရုံးတွင် မှတ်တမ်းအဖြစ် ဖိုင်တွဲထားရှိပါသည်။ လမ်းအထူးအဖွဲ့(၇)တွင်၀န်ကြီးဌာန မှ ဖွဲ့စည်းပုံအရခန့်အပ်ထား သော အင်ဂျင်နီယာများသာရှိပြီး နိုင်ငံတော်နှင့် ဌာန၏လိုအပ်ချက် အရ တာ၀န်ပေးအပ်သောလမ်းလုပ်ငန်းများကို ထမ်းဆောင်လျှက်ရှိ ပါသည်။ လမ်းအရည်အသွေးစစ်ဆေးရန်ပွင့်လင်းရာသီတွင် အနည်း ဆုံး ပျမ်းမျှတစ်ပတ်လျှင် (၃ကြိမ်)သွားရောက် စစ်ဆေးပါသည်။ လုပ်ငန်း တင်ဒါဆောင်ရွက်သောကြောင့် ကုမ္ပဏီများတွင်လည်း ကြီးကြပ် အင်ဂျင်နီယာဖြင့် တာ၀န်ပေး ဆောင်ရွက်လျှက်ရှိပါသည်။

မြို့မ-မင်းကင်းလမ်းအတွက် လမ်းသာမန်ပြင်ဆင် ထိန်းသိမ်းခြင်း ရန်ပုံငွေကို ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်အထိ မရရှိခဲ့ပါ။ ၂၀၁၆- ၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် လမ်းသာမန်ပြင်ဆင်ထိန်းသိမ်းခြင်း ရန်ပုံငွေစတင် ရရှိသောကြောင့်(၁၁၇ ကီလိုမီတာ)နှင့်(၁၁၈ ကီလိုမီတာ)ကြား ကျောက်စရစ်ရောမြေခင်းရန် စုပုံထားရှိခြင်းဖြစ်ပါသည်။ ၄င်းသည် ယခင်ဘဏ္ဍာနှစ်လုပ်ငန်းများနှင့် မသက်ဆိုင်ပါ။

မုံရွာ-ယာကြီး-ကလေး၀လမ်း (၁၁၅မိုင် ၅ဖာလုံ)သည် ၂၀၀၀-ခုနှစ်မှစတင်ပြီးတပ်မတော်အင်ဂျင်နီယာအဖွဲ့များဖြင့် ဖောက်လုပ်ခဲ့ရာ ၂၀၀၃-၂၀၀၄ ဘဏ္ဍာရေးနှစ်တွင် ဖွင့်လှစ်ခဲ့ပါသည်။ ၂၀၁၀- ၂၀၁၁ ဘဏ္ဍာရေးနှစ်တွင် ဆောက်လုပ်ရေး၀န်ကြီးဌာနသို့လွှဲပြောင်းပေးခဲ့ပြီး မုံရွာအခြေစိုက် ပုဂ္ဂလိကကုမ္ပဏီ(၁ခု)ဖြစ်သော မုံရွာအုပ်စု ကုမ္ပဏီသို့ B.O.T စနစ်ဖြင့် လုပ်ဆောင်ခွင့်အပ်နှင်းခဲ့ပါသည်။ ၄င်းကုမ္ပဏီသည် ဘဏ္ဍာနှစ်(၁ နှစ်)သာ ဆောင်ရွက်ခဲ့ပြီး ၂၀၁၁- ၂၀၁၂ ဘဏ္ဍာရေး နှစ်တွင် မိုင် ၄၀/၀(ယာကြီး)မှ မိုင် ၁၁၅/၅(ကလေးဝ)အပိုင်းအား လမ်းဦးစီးဌာနသို့ ပြန်လည်လွှဲပြောင်းပေးခဲ့ပါသည်။ ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ် နို၀င်ဘာလမှစတင်ပြီးလမ်းအထူးအဖွဲ့(၇)မှ ဆက်လက် ပြုပြင်ထိန်းသိမ်းခဲ့ပါသည်။မုံရွာ-ယာကြီး-ကလေးဝလမ်းသည် အိန္ဒိယ-မြန်မာ-ထိုင်း (၃)နိုင်ငံ လမ်းမကြီး၏ အစိတ်အပိုင်း(၁ခု)ဖြစ်ပြီး အိန္ဒိယနိုင်ငံ၏ ကူညီ ထောက်ပံ့မှု (Grant Aid )ဖြင့် အဆင့်မြှင့်တင်ရန် အစီအစဉ်ရှိ၍ Feasibility Study ဆောင်ရွက်ပြီးဖြစ်ပါသည်။ အဆိုပါ(Grant Aid)အစီအစဉ်ရှိသောကြောင့်လည်းကောင်း၊ အမှန်တကယ်ဆောင် ရွက်လျှင် လမ်းအူကြောင်းပြောင်းလဲမှု ရှိနိုင်သောကြောင့်လည်းကောင်း ၀န်ကြီးဌာန အနေဖြင့် ဘတ်ဂျက် အကုန်အကျများမည့် အကြီးစားပြုပြင်တည်ဆောက်မှုများကို မဆောင်ရွက်ခဲ့ဘဲ အသေးစားပြုပြင်မှု (Small Scale Maintenace)များကိုသာ ဆောင်ရွက်ခဲ့ပါသည်။ (၁၀.၁၁.၂၀၁၃)ရက်နေ့ ဆောက်လုပ်ရေး၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီးခရီးစဉ်တွင် ဤလမ်းကို အိန္ဒိယနိုင်ငံအကူအညီဖြင့် မဆောင် ရွက်မီပွင့်လင်းရာသီသွားလမ်းအဖြစ်သာ ဆောင်ရွက်ရန်၊ မိုးတွင်းကာလတွင် မုံရွာ သို့ ဂန့်ဂေါလမ်းနှင့် ရေဦးလမ်းကို အသုံးပြုရန် လမ်းညွှန်မှာကြားခဲ့ပါသည်။ မုံရွာ- ယာကြီး-ကလေး၀လမ်းသည် မုံရွာမြို့မှ ကလေးမြို့သို့ ဆက်သွယ် သွားလာသည့် လမ်းများအနက် အတိုဆုံးလမ်းဖြစ်ပါ သည်။ ဤလမ်းသည် မုံရွာ-ရေဦး-ကလေး၀-ကလေးလမ်းထက် (၄၃မိုင် ၇ဖာလုံ)၊ မုံရွာ-ပုလဲ-ဂန့်ဂေါ-ကလေးလမ်းထက် (၆၉မိုင် ၅ဖာလုံ)အသီးသီးပို၍လမ်းကြောင်းတိုပါသည်။ဤလမ်းမကြီးသည် မိုင် ၆၀/၀ မှ စတင်၍ အရှေ့ဘက်တွင် ရွှေသမင်တောင်တန်း၊အနောက်ဖက်တွင် ပုံတောင်ပုံညာ တောင်တန်းနှင့်တောင်တန်း(၂ခု)ကြားတွင်တည်ရှိပါသည်။အဆိုပါတောင်တန်း(၂ခု) (၂.၅ ကီလိုမီတာ)ကွာဝေးပါသည်။ မိုင် ၆၀/၀-၈၃/၀ အပိုင်းများသည် ရွှေသမင်တောင်တန်းမှ ပြိုကျထားသော တောင်ပြိုမြေစီဆင်းမှုဒဏ်အား (အထူးသဖြင့်)မိုးတွင်း ကာလတွင်ခံရပါသည်။သို့ဖြစ်ပါ၍ တောင်ပြိုမြေများ ဖယ်ရှားခြင်း၊ ဗွက်တန်းများ ခြစ်ထုတ်ခြင်းလုပ်ငန်းများကို နှစ်စဉ်ဆောင် ရွက်ရပါသည်။ ရွှေသမင်တောင်တန်း၏ အနှစ်နှစ်အလလ ပြိုကျထားခဲ့ သောတောင်ပြိုမြေ(DepositedSoil)ပေါ်တွင် တည်ဆောက်ထားခဲ့ခြင်းဖြစ် ပါသည်။နှစ်အလိုက်အသေးစားပြုပြင်မှုများသာဆောင်ရွက်ခဲ့ရသောကြောင့် လမ်း၏အရည်အသွေးချောမွေ့မှု အားနည်းလျှက်ရှိပါသည်။ တပ်မတော် အင်ဂျင်နီယာအဖွဲ့မှ ဆောက်လုပ်ရေး၀န်ကြီးဌာနသို့ လွှဲပြောင်းသည့် အချိန် တွင် မိုင် ၆၀/၀-၈၃/၀ အပိုင်းအား ပုံမှန်ပြုပြင်ထိန်းသိမ်းမှုဆောင်ရွက်ခြင်း ထက်အသစ်ပြန်လည်တည်ဆောက်ရန်  လိုအပ်ကြောင်း တွေ့ရှိရပါသည်။

လာဘို့-မင်းကင်းလမ်း (၂၆မိုင် ၅ဖာလုံ+၃၈၀ ပေ)သည် တိုင်းဒေသကြီး အစိုးရအဖွဲ့မှ စီမံခန့်ခွဲသည့်လမ်းဖြစ်ပါသည်။ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်ကုန် တွင်ရှိသော လမ်းအခြေအနေမှာ ကွန်ကရစ်လမ်း (၆မိုင်၂ဖာလုံ)၊အမာခံလမ်း (၈မိုင်၂ဖာလုံ+၃၈၀’) နှင့် မြေလမ်း (၁၂မိုင် ၁ဖာလုံ)ဖြစ်ပါသည်။ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တိုင်းဒေသကြီး ပြင်ဆင် ထိန်းသိမ်းခြင်းရန်ပုံငွေ(၂၆၃၈.၇၅၀ သန်း)ဖြင့် −

(၁) (၁၂’) အကျယ် ကွန်ကရစ်လမ်းခင်းခြင်း (၇ဖာလုံ)၊

(၂) ဘီးလမ်းနှစ်ဖက်အား တစ်ဖက်(၄’)အကျယ် ကွန်ကရစ်လမ်းခင်းခြင်း (၁၂မိုင်)၊

(၃) ကွန်ကရစ်တံတားတည်ဆောက်ခြင်း (၂၁ စင်း)၊

(၄) ကျောက်စီကမ်းကပ်ခုံနှင့်သစ်သားကြမ်းခင်းတံတားတည်ဆောက်ခြင်း (၄စင်း)၊

 (၅) အောက်ထည်သံကူကွန်ကရစ်နှင့် အပေါ်ထည်ဘေလီတံတားတည်ဆောက်ခြင်း(၁ စင်း)၊

(၆) ကီလိုမီတာတိုင်စိုက်ထူခြင်း(၁၂မိုင်)ဆောင်ရွက်မည်ဖြစ်ပါသည်။ နှစ်စဉ်ဘဏ္ဍာငွေရရှိမှုအပေါ်မူတည်၍ လမ်း-တံတား အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများ ဆောင်ရွက်ပေးလျှက ရှိပါကြောင်း ဖြေကြားအပ်ပါသည်။  [/symple_accordion_section][/symple_accordion]

 

ဖြေကြားသည့်ဌာန                     –   ——

မေးမြန်းသည့်လွှတ်တော်အမတ် −    ဦးကျော်ဆွေ၊ တန့်ဆည်မဲဆန္ဒနယ် အမှတ်(၁)

[symple_accordion][symple_accordion_section title=”အကြောင်းအရာ”] တန့်ဆည်မြို့နယ်မှာ ကိုယ့်အားကိုယ်ကိုးမူလတန်းကျောင်း (၃)ကျောင်းရှိပါတယ်။ (၁)စိန်းနန်းအုပ်စု၊ ရန်ကင်းတောင် ကျေးရွာမူလတန်းကျောင်း၊ (၂) ညောင်ဇီးကုန်းအုပ်စု၊ မကျီး ရွာကျေးရွာမူလတန်းကျောင်း၊ (၃) ရွာမအုပ်စု၊ လက်ဆည် ကန်ကျေးရွာမူလတန်းကျောင်းတို့ဖြစ်ပါတယ်။ ဒီရွာလေး တွေသည် အင်မတန်နွမ်းပါးကြပါသည်။ ဆင်းရဲနွမ်းပါး တဲ့ကြားထဲကဘဲ ကျောင်းလဲဆောက်ရတယ်၊ ဆရာ/ဆရာမ တွေကိုလည်း ငှားပြီးသင်ကြားရတယ်၊ မြို့နယ်ပညာရေး မှူးရုံးကလည်း ၂၀၁၆/၂၀၁၇ ပညာသင်နှစ်အတွက် ဒီ(၃) ကျောင်းကို ကိုယ့်အားကိုယ်ကိုးကျောင်းမှ မူလတန်းခွဲ ကျောင်း(မူခွဲ) အဖြစ် ဖွင့်လှစ်ပေးပါရန် လျာထားပြီး သက်ဆိုင်ရာအထက်အဖွဲ့အစည်းဖြစ်တဲ့ခရိုင်ပညာရေးမှူးရုံး တိုင်းပညာရေးမှူးရုံးကိုလည်း အမှုတွဲများနှင့် တန်းစီဇယား ပေးပို့ထားပြီးဖြစ်ပါတယ်။ တကယ်ဖွင့်လာတော့ ဒီ(၃) ကျောင်း ပါမလာဘူး။ မိမိတို့ရဲ့သား/သမီးပညာရေး အတွက် ပြည်သူတွေဘက်က ဒီလောက်တာဝန်ပေး နေပါတယ်။ ဒီကျောင်းတွေလောက် ကျောင်းသားမရှိတဲ့ ကျောင်းတွေ တောင် မှ တရားဝင်မူလ တန်းကျောင်းတွေဖွင့်နေပါလျက်နဲ့ဒီ(၃)ကျောင်းကို ဘာကြောင့်(မူခွဲ)ကျောင်းလေးတောင် မပေးတာလဲဆိုတာကိုသိချင်ပါတယ်။ ဒီကျောင်း (၃) ကျောင်းကိစ္စကို မည်သို့လုပ်ကိုင်မည် ဆောင်ရွက်ပေးမည် ကိုသိရှိလိုပါကြောင်း။

[/symple_accordion_section][symple_accordion_section title=”ဖြေကြားချက်”] စစ်ကိုင်းတိုင်းဒေသကြီး၊ တန့်ဆည်မြို့နယ် စိန်နန်းအုပ်စု ရန်ကင်းတောင်ကျေးရွာကိုယ်အားကိုယ်ကိုးမူလတန်းကျောင်း ကို ၂၀၁၆-၂၀၁၇ပညာသင်နှစ်တွင် အခြေခံပညာမူလတန်း ကျောင်းအဖြစ် အဆင့်တိုးမြှင့်ရန် ပထမဦးစားပေးအဆင့်ဖြင့် တင်ပြတောင်းခံခဲ့ပါသည်။ ၂၀၁၅-၂၀၁၆ ပညာသင်နှစ် ကျောင်းသားစာရင်းမှာ စတုတ္ထတန်း(၅)ဦး၊ တတိယတန်း (၆)ဦး၊ဒုတိယတန်း(၉)ဦး၊ပထမတန်း(၆)ဦး၊သူငယ်တန်း(၆)ဦး နှင့်စုစုပေါင်းကျောင်းသား(၃၂)ဦးဖြစ်ပါသည်။ စစ်ကိုင်းတိုင်း ဒေသကြီး၊ တန့်ဆည်မြို့နယ် ညောင်ဇီးကုန်းအုပ်စု၊ မကျီးရွာ ကျေးရွာကိုယ့်အားကိုယ် ကိုးမူလတန်းကျောင်းကို ၂၀၁၆-၂၀၁၇ ပညာသင်နှစ်တွင်အခြေခံပညာမူလတန်းကျောင်းအဖြစ် အဆင့်တိုးမြှင့်နိုင်ရန် ဒုတိယဦးစားပေးအဆင့်တင်ပြတောင်းခံ ခဲ့ပါသည်။ ၂၀၁၅-၂၀၁၆ ပညာသင်နှစ်ကျောင်းသားစာရင်းမှာ စတုတ္ထတန်း(၉)ဦး၊တတိယတန်း(၆)ဦး၊ဒုတိယတန်း(၆)ဦး၊ ပထမတန်း(၆)ဦး၊သူငယ်တန်း(၁၂)ဦးနှင့်စုစုပေါင်းကျောင်းသား (၃၉)ဦးရှိပါသည်။ စစ်ကိုင်းတိုင်းဒေသကြီး၊ တန့်ဆည်မြို့နယ် ရွာမအုပ်စု လက်ဆည်ကန် ကိုယ့်အားကိုယ်ကိုး မူလတန်း ကျောင်းကို  ၂၀၁၆-၂၀၁၇ ပညာသင်နှစ်တွင်  အခြေခံပညာ မူလတန်းကျောင်းအဖြစ်အဆင့်တိုးမြှင့်ရန်တတိယဦးစားပေးအဆင့် ဖြင့် တင်ပြတောင်းခံခဲ့ပါသည်။ ၂၀၁၅-၂၀၁၆ ပညာသင်နှစ်တွင် ကျောင်းသားစာရင်းမှာ စတုတ္ထတန်း(၅)ဦး၊ တတိယတန်း(၆)ဦး၊ ဒုတိယတန်း(၉)ဦး၊ပထမတန်း(၆)ဦး၊သူငယ်တန်း(၆)ဦးနှင့်စုစုပေါင် ကျောင်းသား (၃၂)ဦးရှိပါသည်။ ကိုယ့်အားကိုယ်ကိုးကျောင်းမှ အခြေခံပညာမူလတန်းကျောင်းအဖြစ် အဆင့်တိုးမြှင့်ခြင်း ကို မူလတန်းကျောင်းသား(၅၅)ဦးနှင့်အထက်ရှိပါမှမူလတန်းကျောင်း အဖြစ် အဆင့်တိုးမြှင့် ချထားပေးပါသည်။ အထက်ပါကျောင်း (၃)ကျောင်းလုံးသည်၂၀၁၆-၂၀၁၇ ပညာသင်နှစ်တွင် မူလတန်း ကျောင်းခွဲ(မူခွဲ)အဖြစ် လျှောက်ထားခြင်းမဟုတ်ပါ။ မူလတန်း ကျောင်းအဖြစ် လျှောက်ထားသည့်အတွက် ကျောင်းအဆင့်တိုး မူဘောင်နှင့် ကိုက်ညီမှုမရှိသည့်အတွက် ယခုစာသင်နှစ်တွင် မပါ လာခြင်းဖြစ်ပါသည်။သို့ဖြစ်ပါ၍ ၄င်းကျောင်း(၃)ကျောင်းလုံးအား မူဘောင်နှင့်ကိုက်ညီသည့် မူလတန်းကျောင်းခွဲအဖြစ် ဖွင့်လှစ်ခွင့် ရရှိရန် ၂၀၁၇-၂၀၁၈ပညာသင်နှစ်တွင် ကျောင်းအဆင့်တိုး လျာထားစာရင်းတွင် ဦးစားပေးအဆင့်အဖြစ် တင်ပြတောင်းခံ သွား မည်ဖြစ်ပါကြောင်းဖြေကြားအပ်ပါသည်။[/symple_accordion_section][/symple_accordion]

 

ဖြေကြားသည့်ဌာန                     –   ——

မေးမြန်းသည့်လွှတ်တော်အမတ် −    ဦးကျော်ဆွေ၊ တန့်ဆည်မဲဆန္ဒနယ် အမှတ်(၁)

[symple_accordion][symple_accordion_section title=”အကြောင်းအရာ”] တန့်ဆည်မြို့နယ်အတွင်း ရေဦး-ကလေးဝလမ်း တန့်ဆည် မြို့မိုင်တိုင်အမှတ်(၁၃)မိုင်မှမိုင်တိုင်အမှတ်(၃၂)မိုင်အတွင်း လမ်းပိုင်းတွင်ယခင်နှစ်က စတင်ခင်းခဲ့သော ကတ္တရာလမ်း မှာ အရည်အသွေးမပြည့်မီပါသောကြောင့် စတင်ပျက်စီး လာခြင်း၊ လမ်းပုခုံးသား(၃)ပေမပြည့်မီသောကြောင့် လမ်း ကျဉ်းပြီး ကားများနှင့်ဆိုင်ကယ်များ မကြာခဏယာဉ် တိမ်းမှောက်မှု၊ယာဉ်တိုက်မှုများဖြစ်ပွားလျက်ရှိသည့်အခြေ အနေကို ဓါတ်ပုံနှင့် တကွတင်ပြပါတယ်။ ဤလမ်းပိုင်း တွင် အခြေခံပညာကျောင်းများ၊ ကျေးရွာများ ဆက်စပ် လျက်တည်ရှိကာ လူနေထူထပ်ပြီး အသွားအလာ များပြား လာပါသဖြင့် ပြည်သူများအတွက် အလွန်အန္တရာယ် ရှိနေသောကြောင့် ဤလမ်းနှင့်ပတ်သက်၍ မည်ကဲ့သို့လုပ် ကိုင်ဆောင်ရွက်ပေးမည်ကို သိရှိလိုကြောင်း။

[/symple_accordion_section][symple_accordion_section title=”ဖြေကြားချက်”] ရေဦး-ကလေး၀လမ်းသည် ပြည်ထောင်စုအစိုးရအဖွဲ့မှ စီမံခန့်ခွဲ သော လမ်းဖြစ်သော်လည်း လမ်းပန်းဆက်သွယ်ရေး လျင်မြန်စွာ ပိုမိုကောင်းမွန်စေရန်အတွက် လမ်း/တံတား အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများအား တိုင်းဒေသကြီးခွင့်ပြုရန်ပုံငွေများဖြင့်ပါ တပြိုင် တည်းဆောင်ရွက်လျှက်ရှိပါသည်။ လမ်းအရည်အသွေး ပြည့်မီရေး စိစစ်ဆောင်ရွက်လျှက်ရှိပါသည်။ လမ်းပုခုံး အကျယ်ပြည့်မီရေး ဆောင်ရွက်လျှက်ရှိပါကြောင်းဖြေကြား အပ်ပါသည်။ [/symple_accordion_section][/symple_accordion]

 

ဖြေကြားသည့်ဌာန                     –   ——

မေးမြန်းသည့်လွှတ်တော်အမတ် −    ဦးမြင့်ထွေး၊ ရေဦးမဲဆန္ဒနယ် အမှတ်(၂)

[symple_accordion][symple_accordion_section title=”အကြောင်းအရာ”] ရေဦးမြို့နယ်သည် (၅၅၇.၈၅)စတုရန်းမိုင်ကျယ်ဝန်းပြီး ခင်ဦးမြို့နယ်၊ တန့်ဆည်မြို့နယ်၊ ဒီပဲယင်းမြို့နယ်များတို့၏ အလယ်ဗဟိုတွင်ရှိပြီး ကျေးရွာအုပ်စုပေါင်း (၆၇)အုပ်စု၊ ကျေးရွာပေါင်း (၁၉၁)ရွာတည်ရှိပါသည်။ စိုက်ပျိုးရေးကို အဓိကထားသော်လည်း ပညာရေးသည်လည်း စစ်ကိုင်းတိုင်း ဒေသကြီးအတွင်း ရှေ့တန်းမှဦးဆောင်ခဲ့၊ ဦးဆောင်နေဆဲ မြို့ နယ်ဖြစ်ပါတယ်။ အစိုးရအခြေခံပညာအထက်တန်းကျောင်း ပေါင်း (၄)ကျောင်း၊ ကိုယ်ပိုင်အထက်တန်းကျောင်းသည် လည်း (၅)ကျောင်းရှိပါသည်။ ဘော်ဒါနှင့်နေ့အထူးကျောင်း ပေါင်းကလည်း (၄၁)ကျောင်းထိရှိပါတယ်။ ပြည်သူ့ဆေးရုံ အဆင့်မှာလည်း ကုတင်(၁၀၀)ဆံ့ဆေးရုံဖြစ်ပါတယ်။ သံဃာ့ ဆေးရုံလည်းတည်ရှိပါတယ်။ အဆိုပါကျောင်းများတွင်အနယ် နယ်အရပ်ရပ်မှ တက်ရောက်ကြပါသည်။ ဆေးရုံကို အနီးနား ရှိမြို့နယ်များကလည်း တက်ရောက်ကြပါသည်။ ကိုယ်ပိုင် အထက်တန်းကျောင်းများနှင့် ဘော်ဒါနှင့်နေ့အထူး သင်တန်း ကျောင်းများရှိ ကျောင်းသား/သူများ၏ မိဘများက အပတ်စဉ် တနင်္ဂနွေနေ့တိုင်း လာရောက်တွေ့ဆုံကြပါသည်။ ထို့ကြောင့်ထိုရက်များသည်အခြားရက်များတွင်လည်း ဆေးရုံ တက်လူနာများ လာရောက်ခြင်းထွက်ခွာခြင်းကြောင့်လည်း ကောင်း၊ လမ်းဆုံမြို့ဖြစ်သည့်အတွက် ခရီးသည်တင်ကား အဝင်အထွက်ရှိပါသည်။ ထိုသို့ကားအဝင်အထွက် လူအဝင်အ ထွက်များလာခြင်းနှင့်အတူ အချိန်နှင့်တပြေးညီဖြေရှင်းရန် ပြဿနာများများလာပါသည်။ ထိုပြဿနာများကို ဦးတည်ဖြေ ရှင်းပေးရသည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှာ ခွင့်ပြုတပ်ဖွဲ့အင်အား မှာလည်း မပြည့်၊ အသုံးပြုနေရသောမော်တော်ယာဉ်များ လည်းမပြည့်စုံဖြစ်နေပါသည်။ ယခုအချိန်တွင် ရက်(၁၀၀) စီမံ ချက်အပြင် ခရိုင်ချင်းယှဉ်ပြိုင်ပြီး အပြစ်ပေးအရေးယူမှုများ စတင်မည်ကိုကျေနပ်ဖွယ်ဖြစ်သော်လည်း(၅၀)ပေးပြီး (၁၀၀) ဖိုးရချင်တာမျိုးသည် တခဏတာသာကောင်းပါတယ်။ ရေ ရှည်ဆိုင်လျင်ကျန်တဲ့(၅၀)ဖိုးအတွက် ဉပဒေချိုးဖောက်မှုများ၊ ကျူးလွန်မှုများကို အစိုးရအဖွဲ့ကိုယ်တိုင် အားပေးသလိုဖြစ်နေ မှာ အမှန်ပင်ဖြစ်နေပါသည်။ ဒါကြောင့် (၁၀၀)ဖိုးလိုချင်လျင် (၁၀၀)ပေးမှသာလျင် ထိုက်တန်သည့် တန်ဖိုးကိုရမှာဖြစ်ပါ တယ်။ ရေဦးမြို့နယ် မြို့နယ်ရဲစခန်းသည် မြို့လယ်တွင်ရှိပြီး စခန်းအဝင်လမ်း၊ စခန်းအတွင်းရှိပတ်လမ်းများသည် နွေအခါ အဆင်ပြေသော်လည်းမိုးတွင်းမှာ သွားလာရေးအတွက် ဗွက် ထကာအဆင်မပြေပါ။ မြို့နယ်အဆင့်စခန်းဖြစ်ပြီး ထိုက်တန် သောအခင်းအကျင်းမဟုတ်ပါသဖြင့် ကွန်ကရစ်ခင်းပတ်လမ်း အဖြစ် တိုးမြှင့်ပေးရန် မေးမြန်းရခြင်းဖြစ်ပါသည်။ ထို့အပြင် မြို့နယ်လုံခြုံရေး၊ တရားဉပဒေစိုးမိုးရေးအတွက် လှုပ်ရှားရာ တွင်လည်းကောင်း၊ လမ်းဆုံကျသောမြို့နယ်ဖြစ်သည့်အတွက် တာဝန်ရှိပုဂ္ဂိုလ်များ မကြာခဏဖြတ်သန်းရာလမ်းကြောင်း  ဖြစ်နေသည့်အတွက် ကြိုဆိုရေးကိစ္စများတွင်လည်းကောင်း၊ ဘက်စုံအသုံးပြုနိုင်ရန် Double cub အမျိုးအစား မော်တော်ယာဉ်များကို ဖြည့်ဆည်းခွင့်ပြုနိုင်ခြင်း ရှိ/မရှိသိရှိ လိုပါသည်။ ခွင့်ပြုဆောင်ရွက်ပေးနိုင်ပါက မည်သည့်အချိန် မည်သည့်အရေအတွက်ကို ဖြည့်ဆည်းလုပ်ကိုင်ဆောင်ရွက် ပေးမည်ကိုသိရှိလိုပါကြောင်း။

[/symple_accordion_section][symple_accordion_section title=”ဖြေကြားချက်”]

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ပြည်သူ (၅၀၁၀၃၂၂)နေထိုင်ပြီး လက်ရှိရဲတပ်ဖွဲ့ဝင်အင်အားအရ ရဲနှင့်ပြည်သူအချိုးမှာ (၁)အချိုး (၁၅၃၄)ဦး ဖြစ်ပါသည်။ ထိုအင်အားမှာ တိုင်း/ခရိုင်/ကွပ်ကဲမှုရုံး များမှ ရုံးတာဝန်ထမ်းဆောင်နေသူ များအပါအဝင်ဖြစ်ပါသည်။ ရေဦးမြို့နယ်အတွင်း လူဦးရေ(၁၄၉၈၈၇)ဦးနေထိုင်ပြီး  လက်ရှိရဲတပ်ဖွဲ့ ဝင်အင်အားအရ ရဲနှင့် ပြည်သူအချိုးမှာ (၁)အချိုး(၃၂၅၈)ဖြစ်ပါ သည်။ ရေဦးမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှာ ခွင့်ပြုအင်အား၏ (၃၂.၆၄) ရာခိုင်နှုန်းသာခန့်အပ်ထားနိုင်ခြင်းကြောင့်ရဲတပ်ဖွဲ့အင်အားတိုးမြှင့် ခန့်ထားနိုင်ရေး တိုင်းရဲတပ်ဖွဲ့မှူးရုံးမှတဆင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဌာနချုပ်သို့တင်ပြ၍ ခွင့်ပြုချက်ရရှိသည်နှင့် အင်အားဖြည့်တင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်။ ရေဦးမြို့နယ်ရဲတပ်ဖွဲ့မှူးရုံး အတွက် အသုံးပြုနိုင်သော Hilux မော်တော်ယာဉ်တစ်စီး ဖော်တွန် အချုပ်ကားတစ်စီး ထုတ်ပေးထားပြီး ဝီလီဂျစ်တစ်စီးမှာ ပြုပြင် သုံးစွဲနိုင်သည့်အဆင့်ဖြစ်ပါသည်။

ရွှေဘိုခရိုင်ရုံးမှတဆင့် ကွန်ကရစ်လမ်းအဆင့်တိုးမြှင့်ဆောင်ရွက် ရေးအသေးစိတ်တွက်ချက်မှုစာရင်းအား (၇.၆.၂၀၁၆) ရက်နေ့ (၁၀၀၀)အချိန်ပို့ ကြေးနန်းအမှတ် ၁ ထောက် ၃ ဖြင့် တောင်းခံ ထားပြီးဖြစ်ပါသည်။အသေးစိတ်တွက်ချက်မှုရရှိပါကမြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်သို့တင်ပြ၍ ခွင့်ပြုချက်ရသည်နှင့် မှီရာ ဘတ်ဂျက်တွင် ထည့်သွင်းဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် ပြည်ထောင်စုရန်ပုံငွေဖြင့် ဆောင်ရွက် ရသော အဖွဲ့အစည်းဖြစ်ပါသည်။ ထို့အတွက်ပြည်ထောင်စု ရန်ပုံငွေ ခွဲဝေရရှိမှုအပေါ် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးတို့မှရေဦးမြို့နယ် ရဲတပ်ဖွဲ့ အား အခြားမြို့နယ်များနှင့်အတူ ဆောင်ရွက်ပေးနိုင်ရေးအတွက် လျာထားစီမံဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်းဖြေကြားအပ် ပါသည်။ [/symple_accordion_section][/symple_accordion]

 

ဖြေကြားသည့်ဌာန                     –   ——

မေးမြန်းသည့်လွှတ်တော်အမတ် −    ဦးညီညီဟန်၊ ဗန်းမောက်မဲဆန္ဒနယ် အမှတ်(၂)

[symple_accordion][symple_accordion_section title=”အကြောင်းအရာ”]အမှတ်(၂)သတ္တုလုပ်ငန်းမှ ဧက(၂၀)အသေးစားရွှေလုပ် ကွက်များချထားပေးရာတွင် စာချုပ်ပါစည်းကမ်းချက် အပိုဒ်(၁၀)၁(ဋ)တွင် ရွှေသတ္တုတူးဖော်ပြီး မြေဧရိယာတွင် Mine Closure Plan ပါအတိုင်း Reclamation နှင့် Rehabilitation လုပ်ငန်းအစီအစဉ်ဆောင်ရွက် ရန်နှင့် သစ်ပင်စိုက်ပျိုးနိုင်သည်အထိ မြေပြန်လည်ဖို့ပေး ခြင်း၊ သစ်တောစိုက်ခင်း ပြန်လည်ထူထောင်ပေးခြင်း (သို့မဟုတ်)သစ် ပင်ပြန်လည်စိုက်ပျိုးမည့် ကုန်ကျစရိတ် ကို ကျခံပေးခြင်း(သို့မဟုတ်) လျော်ကြေးပေးခြင်းပြုလုပ် ရမည်ဟုလည်းကောင်း၊ အပိုဒ်(၁၀)၁(ဎ)တွင် ရွှေသတ္တု တူးဖော်ရာမှ ထွက်ရှိလာသောစွန့်ပစ်ပစ္စည်းများကြောင့် မြစ်၊ ချောင်း၊ အင်းအိုင်များကို ပိတ်ဆို့စေခြင်း၊ ရေစီး လမ်းပြောင်းလဲခြင်း၊ အများပြည်သူအသုံးပြုသော ရေရရှိ နိုင်မှုတို့ကို ထိခိုက်စေခြင်းများမရှိစေရ၊ ပျက်စီးမှုများဖြစ် ပေါ်ပါကလုပ်ကွက်များ ချက်ချင်းပိတ်သိမ်းအရေးယူ ခြင်းခံရမည်ဟု ဖော်ပြပါရှိသော်လည်း မိမိတို့ဗန်းမောက် မြို့နယ်တွင် မြေတူးစက် (ဘက်ဟိုး)ကြီးများဖြင့် တူးဖော်နေကြသဖြင့် သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ် ပျက်စီးမှုများ ကြုံတွေ့နေရပါသည်။ အချို့ကုမ္ပဏီ များ သည် မြေပြန်လည်ဖို့မှုမရှိခြင်း၊ အစားထိုး သစ်ပင်စိုက်ပျိုးမှုမရှိခြင်း (စိုက်ပါကလည်းဟန်ပြ သာစိုက်ပျိုးခြင်း)၊ချောင်းမြောင်းများတိမ်ကောပျက် စီးမှုများရှိနေခြင်းတို့ကြောင့်

(၁)လုပ်ကွက်များကိုမည်ကဲ့သို့စနစ်တကျခွင့်ပြုထိန်း ချုပ်မည်၊

(၂)အသေးစားလုပ်ကွက်များကိုမြေတူးစက်ကြီးများ အသုံးပြုခွင့်ရှိ/မရှိ၊

(၃)ဒေသခံမိသားစုများတစ်နိုင်တစ်ပိုင်ရွှေလုပ်ငန်း များချထားပေးမည့်အစီအစဉ်ရှိ/မရှိသိရှိလိုပါကြောင်း။

[/symple_accordion_section][symple_accordion_section title=”ဖြေကြားချက်”] (၁)သတ္တုတူးဖော်ရေးကုမ္ပဏီများအနေဖြင့် ၎င်းတို့ကိုခွင့်ပြုထား သည့်ခွင့်ပြုဧရိယာအတွင်း၌သာစည်းမျဉ်းစည်းကမ်းများနှင့်အညီလုပ်ကိုင်မှုရှိ/မရှိလစဉ်စစ်ဆေးနိုင်ရန်အတွက်လက်ရှိတာဝန်ထမ်းဆောင်လျက်ရှိသည့်လုပ်ကွက်ကြီးကြပ်များကို နယ်မြေအလိုက် လုပ်ကွက်ပမာဏနှင့်ကိုက်ညီအောင်အင်းအားထပ်မံဖြည့်တင်း၍ စောင့်ကြည့်ထိန်းကျောင်းသည့်စနစ်ဖြင့် ခွင့်ပြုဧရိယာကျော်လွန် လုပ်ကိုင်မှုမရှိစေရေးထိန်းချုပ်သွားရန်စီစဉ်လျက်ရှိပါသည်။သတ္တု တူးဖော်ခွင့်ရသည့်ကုမ္ပဏီအနေဖြင့် တူးဖော်မှုလုပ်ငန်းမစမီအပေါ် မြေလွှာ(Top Soil)ကိုမြေစာဖယ်ရှားခြင်း၊ (Over Burden) စတင်ချိန်ကပင်လုပ်ကွက်ပြန်အပ်စဉ်မြေဖို့ခြင်း၊နှစ်ရှည်ပင်စိုက်ပျိုးခြင်းများလွယ်ကူစွာပြုလုပ်နိုင်ရန်အတွက်သီးသန့်စနစ်တကျဖယ်ယူစုပုံထားသည့်စနစ်ကိုပြုလုပ် ကျင့်သုံးနိုင်ရေး တွန်းအားပေး ကြပ်မတ်ဆောင်ရွက်ရန်ပြင်ဆင်ဆောင်ရွက်လျက်ရှိပါသည်။အင်း မြေနေရာကဲ့သို့သောရေမြုပ်မြေနေရာများတွင်တူးဖော်ခွင့်ရရှိသည့်ကုမ္ပဏီများအနေဖြင့်၎င်းတို့ခွင့်ပြုလုပ်ကွက်အတွင်းမြေဖို့ခြင်း/နှစ်ရှည်ပင်စိုက်ပျိုးခြင်းများဆောင်ရွက်၍မရသည့်အခြေမျိုးတွင်အင်းမြေနေရာအတွင်းရေမြုပ်နေရာနှင့်လွတ်ကင်းပြီး၊လုပ်ကွက်အတွင်းသင့်လျော်သည့်မြေနေရာတွင်နှစ်ရှည်ပင်များအားသတ်မှတ်အရေအတွက်အတိုင်းစိုက်ပျိုးနိုင်ရေးစီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

အသေးစားရွှေ သတ္တုတူးဖော်ရေးကုမ္ပဏီများအနေဖြင့် ၎င်းတို့ခွင့်ပြုလုပ်ကွက်အား ပြန် လည်အပ်နှံစဉ်စိုက်ပျိုးခဲ့သည့်နှစ်ရှည်ပင်များအားရေရှည်ဖြစ်ထွန်းရှင်သန်သည့် စိုက်ခင်းတစ်ခုအဖြစ် ကာလရှည်ထိန်းသိမ်းစောင့်ရှောက်ရန်လိုအပ် ချက်ရှိနေသဖြင့် နှစ်ရှည်ပင်စိုက်ပျိုးမှုအပေါ်စိုက်ခင်းအဖြစ် တရားဝင်ပိုင် ဆိုင်ခွင့်ရရှိရေးသက်ဆိုင်ရာအဌာနများနှင့်ချိတ်ဆက်ပြီးတာဝန်ယူစိုက်ပျိုး /စောင့်ရှောက်မှုဖွံ့ဖြိုးတိုးတက်လာစေရေးစီစဉ်ဆောင်ရွက်လျက်ရှိပါသည်။  ပတ်ဝန်းကျင်ထိန်းသိမ်းရေး အာမခံစပေါ်ငွေကို အတည်ပြု သတ်မှတ်ပြီး နောက် လက်ရှိတူးဖော်နေသည့် ကုမ္ပဏီများအနေဖြင့်၎င်း စပေါ်ငွေကို လုပ်ကွက်အပ်နှံခြင်းမပြုမီကာလအတွင်းသက်ဆိုင်ရာတိုင်းဒေသကြီးအစိုး ရအဖွဲ့ထံအမြန်ဆုံးပေးသွင်းစေခြင်းဖြင့် လုပ်ကွက်ပြန်လည်အပ်နှံချိန်တွင် မြေဖို့ခြင်း/ သစ်ပင်စိုက်ခြင်းလုပ်ငန်းများ ပီပြင်စွာဆောင်ရွက်နိုင်ရန်စီစဉ် ဆောင်ရွက်လျက်ရှိပါသည်။ကုမ္ပဏီများအနေဖြင့်၎င်းတို့လုပ်ကွက်ဧရိယာ ပြင်ပကျော်လွန်လုပ်ကိုင်မှုမရှိစေရေးအတွက် လုပ်ကွက် ထောင့်တိုင်များ သတ်မှတ်စိုက်ထူထားသည့် နေရာတွင် ရှိ/မရှိ လုပ်ကွက်ကြီး ကြပ်များ အပတ်စဉ်ကွင်းဆင်းစစ်ဆေးအတည်ပြုနိုင်ရေးစီစဉ်ဆောင်ရွက်လျက်ရှိပါသည်။ကုမ္ပဏီများအနေဖြင့်၎င်းတို့လုပ်ကွက်ဧရိယာပြင် ပကျော်လွန်လုပ်ကိုင်မှုမရှိစေရေးအတွက် လုပ်ကွက် ထောင့်တိုင်များသတ်မှတ်စိုက်ထူထားသည့်နေရာတွင် ရှိ/မရှိ လုပ် ကွက်ကြီးကြပ်များ အပတ်စဉ်ကွင်းဆင်းစစ်ဆေးအတည်ပြုနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။      လုပ်ကွက်အပ်နှံခြင်း မရှိဘဲ အမှတ်(၂)သတ္တုတွင်းလုပ်ငန်းမှ တစ်ဖက်သတ်ပိတ်သိမ်းခဲ့ရသည့် လုပ်ကွက်များအတွက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းမရှိပါကသက်ဆိုင်ရာကုမ္ပဏီအား တရားဝင်နို့တစ် စာလက်ရောက်ပေးအပ်ပြီးနောက် ရက်ပေါင်း(၉၀)ပြည့် ပါက အမှုဖွင့်အရေးနိုင်ရေးစီစဉ်ဆောင်ရွက်လျက်ရှိပါသည်။သတ္တုထုတ်လုပ်မှုနည်းစနစ်/လုပ်ငန်းအဆင့်ဆင့်ကို လိုက်နာမှုပျက်ကွက်ခြင်း၊ ခွင့်ပြုဧရိယာကျော်လွန်လုပ်ကိုင်ခြင်း၊ လုပ်ကွက်ထောင့်တိုင်များ ပျက်စီး၊ပျောက်ဆုံးခြင်း၊လုပ်ကွက်ပြန်လည်အပ်နှံချိန်တွင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများဆောင်ရွက်ရန် ပျက်ကွက်သည့် ကုမ္ပဏီများအား တည်ဆဲမြန်မာ့သတ္တုတွင်းဥပဒေ/ နည်းဥပဒေ (သို့မဟုတ်) ပြင်ဆင်သည့်ဥပဒေ/ နည်းဥပဒေများနှင့်အညီအရေး ယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။(၂)တိုင်းဒေကြီးအစိုးရအဖွဲ့မှ သဘောထားမှတ်ချက်ရရှိရန် တင်ပြ စဉ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးအာမခံစပေါ်ငွေ(Environmental Conservation  Security Deposit)ကိုဧက(၂၀)စာကြိုတင် ပေးသွင်းစေပြီးမှသာလုပ်ကွက်လျှောက်ထားမှုကိုလက်ခံမည့်စနစ် စတင်ကျင့်သုံးနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။ ပတ်ဝန်း ကျင်ထိန်းသိမ်းရေးအာမခံစပေါ်ငွေ သတ်မှတ်ရန်ကိစ္စရပ်မှာ သယံ ဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့တို့၏ကြီးကြပ်စီမံမှုဖြင့်သတ္တုတွင်းလုပ်ငန်းရှင်များအသင်း (စစ်ကိုင်းတိုင်းဒေသကြီး၊သတ္တုတွင်းလုပ်ငန်း ရှင်များ၊ပတ်ဝန်ကျင်ထိန်းသိမ်းရေးဝန်ဆောင်မှု၊ကုမ္ပဏီများ၊အသိပညာရှင်များ/ အတတ်ပညာရှင်များမှဝိုင်းဝန်းပူးပေါင်းဆွေးနွေး ညှိနှိုင်းချက်များသဘောတူ၍ဧက(၂၀)စာ ပမာဏအတည်ပြုသတ် မှတ်မည့် လုပ်ငန်းဖြစ်နေသဖြင့် ၎င်းလုပ်ငန်းများ ပြီးစီးအောင် ဆောင်ရွက်ပြီးမှသာလုပ်ကွက်အသစ်လျှောက်ထားမှုကိုတိုင်းဒေသ ကြီးအစိုးရအဖွဲ့မှ လက်ခံစဉ်းစားနိုင်ရေးဆောင်ရွက်ထားပြီးဖြစ်ပါ သည်။လုပ်ကွက်အသစ်များအနေဖြင့် လုပ်ကွက်အတွင်းသတ်မှတ် စည်းကမ်းချက်များနှင့်အညီလုပ်ကိုင်မှုရှိ/မရှိ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနည်းစနစ်များကို စနစ်တကျထိန်းသိမ်းဆောင်ရွက်ခြင်းရှိ/မရှိ လုပ်ကွက်ကြီးကြပ်၊ မြို့နယ်တာဝန်ခံအရာရှိနှင့် အမှတ်(၂)သတ္တု တွင်းလုပ်ငန်း၊ရုံးချုပ်(နေပြည်တော်)တို့မှလစဉ်ကွင်းဆင်းစစ်ဆေးထိန်းကျောင်းရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။ သတ်မှတ် စည်းကမ်းချက်များနှင့် ကိုက်ညီမှုမရှိ၊ ကျော်လွန်လုပ်ကိုင်သည့် ကုမ္ပဏီများနှင့်လုပ်ကွက်များအား ဥပဒေ/နည်းဥပဒေနှင့်အညီ ထိ ရောက် ပြတ်သားစွာအရေးယူနိုင်ရေးပြင်ဆင်ဆောင်ရွက်လျက်ရှိပါ သည်။(၃)တည်ဆဲမြန်မာသတ္တုတွင်းဥပဒေ/နည်းဥပဒေအခန်း(၁၁) ပုဒ်မ၆၄(ခ)အရတူးဖော်ရေးဧရိယာသို့ မိမိကိုယ်တိုင်ဖြစ်စေ ကိုယ် စားလှယ်များ၊ ကန်ထရိုက်တာများ(သို့မဟုတ်) အလုပ်သမားများ ကဖြစ်စေ လိုအပ်သောယာဉ်ယန္တရားများ၊စက်ပစ္စည်းကရိယာများ၊ ဆောက်လုပ်ရေးပစ္စည်းများနှင့်အတူဝင်ရောက်ခွင့်ရှိကြောင်းဖော်ပြပါရှိပါသည်။ တည်ဆဲဥပဒေ/နည်းဥပဒေ၊ပြဌာန်းချက်ပါလုပ်ကိုင် ခွင့်ရအသေးစားလုပ်ငန်းများအတွက် ခွင့်ပြုလုပ်ကွက်အတွင်းဝင် ရောက်ခွင့်ရှိသော်လည်း၊ယခုတူးဖော်မှုလုပ်ငန်းများဆောင်ရွက်ရန်ဥပဒေ/နည်းဥပဒေအရခံစားခွင့်မရှိသည့်အတွက်မည့်သည့်တူးဖော်မှုလုပ်ငန်းကိုမျှဆောင်ရွက်ခွင့်မရှိပါ။ မြန်မာ့သတ္တုတွင်း ဥပဒ/ နည်းဥပဒေပေါ်ပြင်ဆင်သည့် ဥပဒေ/နည်းဥပဒေထွက်ရှိလာပါကဥပဒေ/နည်းဥပဒေပါ ပြဌာန်းချက်များနှင့်အညီစက်ယန္တရားများ သုံးစွဲခွင့်နှင့်ပတ်သက်၍သတ်မှတ်ချက်များနှင့်အညီသုံးစွဲခွင့်ရရှိနိုင် မည်ဖြစ်ပါသည်။ လက်ရှိအခြေအနေတွင် မြန်မာ့သတ္တုတွင်းဥပဒ ကို ပြင်ဆင်သည့်ဥပဒေကို (၂၄.၁၂.၂၀၁၅)ရက်နေ့တွင် ထုတ်ပြန် ထားရှိပြီး၊ ပြင်ဆင်သည့်နည်းဥပဒေကို ရက်ပေါင်း(၉၀)အတွင်း သတ္တုတွင်းဆိုင်ရာ ကျွမ်းကျင်အသိပညာရှင်/အတတ်ပညာရှင်များ ၏အကူအညီကိုရယူ၍ ပြင်ဆင်ရေးဆွဲလျက်ရှိပါသည်။ တည်ဆဲ မြန်မာ့သတ္တုတွင်းဥပဒေ/နည်းဥပဒေတွင်တစ်ပိုင်တစ်နိုင်ရွှေသတ္တုတူးဖော်မှုလုပ်ငန်းများနှင့်ပတ်သက်၍ ခွင့်ပြုပေးထားခြင်းမရှိသော် လည်း မြန်မာ့သတ္တုတွင်း ဥပဒေ/နည်းဥပဒေကို ပြင်ဆင်သည့် ဥပဒေ/နည်းဥပဒေတွင်မူတစ်ပိုင်တစ်နိုင်လုပ်ငန်းကို လုပ်ကိုင်ခွင့်ရ ရှိရေးထည့် သွင်းရေးဆွဲထားပြီးဖြစ်ကြောင်းဖြေကြားအပ်ပါသည်။

အခြေခံရမည့် အသေးစိတ်မူဝါဒလုပ်ငန်းစဉ်များနှင့် ပတ်သက်ပြီး ပြင်ဆင်သည့် ဥပဒေ/နည်းဥပဒေထုတ်ပြန်ချိန်တွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနနှင့် စစ်ကိုင်းတိုင်း ဒေသကြီးအစိုးရအဖွဲ့တို့မှ ဝိုင်းဝန်းဆွေးနွေးညှိနှိုင်းပြီး၊ သတ်မှတ် ချက်များနှင့်အညီ ခွင့်ပြုလုပ်ကိုင်နိုင်ရေးဆောင်ရွက်သွားရန်စီစဉ် လျက်ရှိပါကြောင်း ဖြေကြားအပ်ပါသည်။[/symple_accordion_section][/symple_accordion]