အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်၊ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် UNDPတို့မှ ပူးပေါင်းကျင်းပသော အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတွင် စစ်ကိုင်းတိုင်းလွှတ်တော်ဥက္ကဋ္ဌမှ အဖွင့်အမှာစကားပြောကြားပြီး ပါမောက္ခဒေါက်တာအောင်ထွန်းသက်မှ အဂတိလိုက်စားခြင်းနှင့် ပတ်သက်၍ ဆွေးနွေး

 

၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၂၄) ရက်

****************************

အာဏာကို အလွဲသုံးစားပြုခြင်း၊ ဦးစားပေးခြင်း၊ အခွင့်အရေးအလွဲသုံးစားလုပ်ခြင်း၊ မျက်နှာလိုက်ခြင်း၊ ၊ စီးပွားရေးလုပ်ငန်းတွေမှာကလေးအလုပ်သမားခန့်ခြင်း၊ ရာထူးရှိပြီး လုပ်ရည်ကိုင်ရည်မရှိရင်လည်း အဂတိလိုက်စားခြင်း ဖြစ်ကြောင်း၊ အဂတိဆိုသည်မှာ တစ်ကျပ်ယူယူ၊ တစ်သန်းယူယူ အဂတိလိုက်စားခြင်း ဖြစ်ကြောင်း၊ အဂတိလိုက်စားခြင်းမှာ ပုံစံအမျိုးမျိုးရှိကြောင်း၊ အဂတိလိုက်စားခြင်းနှင့် ပတ်သက်၍ တိုင်ကြားရာမှာလည်း ကိုယ်ပိုင် မကျေနပ်ချက်၊ ကိုယ်ကျိုးအတွက်နဲ့ မတိုင်သင့်ပဲ အများအကျိုးအတွက်၊ အမှန်တရားအတွက်၊ ဖြောင့်မတ်တည်ကြည်မှုကို ကာကွယ်ဖို့အတွက် ခရာမှုတ်ဖို့လိုကြောင်း၊ တိုင်ကြား သင့်ကြောင်းနှင့် လူတစ်သန်းမှာ တစ်ယောက်တည်းရှိနေရင်တောင် အမှန်တရားဘက်က ရပ်တည်ဖို့လိုကြောင်းနှင့် သတ္တိအလွန်ရှိဖို့ လိုကြောင်း၊ အဂတိလိုက်စားမှု ကာကွယ်ဖို့ ခရာမှုတ်သူကို ကာကွယ်စောင့်ရှောက်ပေးဖို့ ဥပဒေရှိဖို့ လိုကြောင်း ဆွေးနွေးခဲ့ပါသည်၊၊

အလုပ်ရုံဆွေးနွေးပွဲသို့ စစ်ကိုင်းတိုင်းလွှတ်တော် ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ လွှတ်တော်ရုံးဒုတိယညွှန်ကြားရေးမှူးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် ရုံးဝန်ထမ်းများ ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းများ တက်ရောက်ကြပါသည်။ မုံရွာမြို့၊ မြသလ္လာခန်းမ၌ အလုပ်ရုံ ဆွေးနွေးပွဲအခမ်းအနားကို နံနက် ၉နာရီ ၃၀မိနစ်တွင် စတင်၍ ညနေ ၃နာရီတွင် ကျင်းပပြီးစီးခဲ့ပါသည်၊၊

1 2 4 5 6 7 8 9