အင်းတော်မြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင် ရေပိုက်သွယ်တန်းခြင်း၊ ကျောင်းဆောင်ပြင်ဆင်ခြင်းတို့အတွက် လွှတ်တော်ဒုတိယဥက္ကဋ္ဌက အလှူငွေများလှူဒါန်း

ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးဘိုးသန်းညွန့်သည် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဒေါ်ပြုံး တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးသန်းဝင်း အင်းတော် မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ အဖွဲ့ဝင်များနှင့်အတူ ယနေ့ နံနက် ၁၀:၀၀ အချိန်တွင် အင်းတော်မြို့နယ်၊ နန့်သဲကျေးရွာတွင် ရေပိုက်သွယ်တန်းရန်အတွက် (၁၀)သိန်းကျပ်၊ မန်လည်ကျေးရွာတွင် KGကျောင်းဆောင်ပြင်ဆင်ရန်အတွက်(၁၀)သိန်းကျပ်၊ မော်လူးမြို့အခြေခံပညာအထက်တန်းကျောင်းတွင် လှူငွေ(၁၀)သိန်းကျပ် လှူဒါန်းခဲ့ပါသည်။

1 2 3 4 5 8 7