အစိုးရ၏အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေး ကော်မတီသည် ကတိဖြစ်သည့် ဆောင်ရွက်ဆဲနှင့် ဆောင်ရွက်ရန်ကျန်သည့် လုပ်ငန်းများနှင့်ပတ်သက်၍ တိုင်းအဆင့်ဌာနဆိုင်ရာများနှင့် ‌တွေ့ဆုံညှိနှိုင်း

(၁၆.၇.၂၀၂၀) ရက်နေ့၊ နံနက်(၁၀းဝဝ)နာရီ နှင့် နေ့လည်(၁၃း၀၀)နာရီအချိန်တွင် Banquet၌ အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီသည် ဒုတိယပုံမှန်အစည်းအဝေး မှ (၂၁)ကြိမ်မြောက်ပုံမှန် အစည်းအဝေးအထိ ကတိဖြစ်မေးခွန်းများနှင့် ပတ်သက်၍ ကလေး၊ တမူး၊ ခန္တီး၊ မော်လိုက်ခရိုင်များနှင့်နာဂဒေသအတွင်းရှိ မြို့နယ်များသို့ ကွင်းဆင်းစိစစ်ခဲ့ပြီး ဆောင်ရွက်ဆဲ၊ ဆောင်ရွက်ရန်ကျန် လုပ်ငန်းများနှင့်ပတ်သက်၍ အားကစားနှင့်ကာယပညာဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ လမ်းဦးစီးဌာန၊ တိုင်းဒေသကြီးပညာရေးမှူးရုံး၊ မြန်မာ့လျှပ်စစ်ဖြန့်ဖြူးရေးလုပ်ငန်း စသည့် တိုင်းအဆင့် ဌာနဆိုင်ရာများနှင့် တွေ့ဆုံညှိနှိုင်းဆွေးနွေးခဲ့ပါသည်။

1 2 35 6 7 8