အစိုးရ၏အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များစိစစ်ရေးကော်မတီ၏ဝက်လက်မြို့နယ်နှင့် ရွှေဘိုမြို့နယ်သို့ ကွင်းဆင်းဆောင်ရွက်မှုများ

၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ(၂)ရက်
——————————-
အစိုးရ၏အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များစိစစ်ရေးကော်မတီသည် ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်၊ ဒုတိယပုံမှန်အစည်းအဝေးမှ (၁၈)ကြိမ်မြောက်ပုံမှန်အစည်းအဝေးထိ ကတိဖြစ်မေးခွန်းများအပေါ် မြေပြင်တွင် ဆောင်ရွက်ထားရှိမှုအခြေအနေနှင့်ပတ်သက်၍ ဝက်လက်မြို့နယ်စီမံခန့်ခွဲမှုကော်မတီရုံးနှင့် ရွှေဘိုမြို့နယ်စီမံခန့်ခွဲမှုကော်မတီရုံး၌ သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် တွေ့ဆုံခဲ့ပြီး ပုဂ္ဂလိကနှင့်အစိုးရ ကျောင်းများအား သွားရောက်ကြည့်ရှုခဲ့သည်။

1 2 3 4 5 6 7 8