အစိုးရ၏အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များစိစစ်ရေးကော်မတီသည် ဒုတိယပုံမှန်အစည်းအဝေးမှ (၁၈)ကြိမ်မြောက်ပုံမှန်အစည်းအဝေးထိ ကတိဖြစ်မေးခွန်းများအပေါ် မြေပြင်တွင် ဆောင်ရွက်ထားရှိမှုအခြေအနေနှင့်ပတ်သက်၍ ယင်းမာပင်မြို့နယ်နှင့် ဆားလင်းကြီးမြို့နယ်သို့ ကွင်းဆင်း

၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ(၇)ရက်

————————————-

အစိုးရ၏အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များစိစစ်ရေးကော်မတီသည် ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်၊ ဒုတိယပုံမှန်အစည်းအဝေးမှ (၁၈)ကြိမ်မြောက်ပုံမှန်အစည်းအဝေးထိ ကတိဖြစ်မေးခွန်းများအပေါ် မြေပြင်တွင် ဆောင်ရွက်ထားရှိမှုအခြေအနေနှင့်ပတ်သက်၍ (၆-၁၀-၂၀၁၉ )ရက်နေ့ တွင် ယင်းမာပင်မြို့နယ်နှင့် ဆားလင်းကြီးမြို့နယ်စီမံခန့်ခွဲမှုကော်မတီရုံး၌ ဒေသခံလွှတ်တော်ကိုယ်စားလှယ်များ၊ သက်ဆိုင်ရာ ဌာနဆိုင်ရာများနှင့် တွေ့ဆုံခဲ့သည်။

2 3 4