အစိုးရ၏အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များစိစစ်ရေးကော်မတီသည် ကတိဖြစ်မေးခွန်းများနှင့်ပတ်သက်၍ မုံရွာမြို့နယ်သို့ ကွင်းဆင်းစစ်ဆေး

၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၈) ရက်

——————————–

အစိုးရ၏အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များစိစစ်ရေးကော်မတီသည် ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်၊ ဒုတိယပုံမှန်အစည်းအဝေးမှ (၁၈)ကြိမ်မြောက်ပုံမှန်အစည်းအဝေးထိ ကတိဖြစ်မေးခွန်းများအပေါ် မြေပြင်တွင် ဆောင်ရွက်ထားရှိမှုအခြေအနေနှင့်ပတ်သက်၍ ယနေ့ (၀၉:၀၀)နာရီအချိန်တွင် မုံရွာမြို့နယ် အထွေထွေအုပ်ချုပ်ရေးရုံး အစည်းအဝေးခန်းမ၌ ဒေသခံလွှတ်တော်ကိုယ်စားလှယ်များ၊ သက်ဆိုင်ရာ ဌာနဆိုင်ရာများနှင့် တွေ့ဆုံခဲ့သည်။

1 3