အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီ၏ ကွင်းဆင်းဆောင်ရွက်မှု

၂၀၁၉ခုနှစ်၊ စက်တင်ဘာလ ၄ရက်
***************************
ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီသည် လွှတ်တော်တွင် မေးမြန်းခဲ့သော (၁) အင်းတော်မြို့သို့ ဖြတ်သန်းစီးဆင်းသော မဲဇာချောင်းနှင့် လေးတန်ချောင်းရေ ကြည်လင်နိုင်ရေးနှင် စပ်လျဉ်းသော ကိစ္စ၊ (၂) အင်းတော်မြို့နယ်၊ မံဟဲအုပ်စု၊ ပေကုန်းကျေးရွာ ကမ်းပြိုကာကွယ်ရေးနှင့် စပ်လျဉ်းသော ကိစ္စ၊ (၃) ၁၂ပေအကျယ် ကသာ-နားရခေါင် လမ်းပိုင်းကို တစ်ဖက် ၃ပေအကျယ် တိုးချဲ့ပြီး ပြုပြင်ထိန်းသိမ်းပေးနိုင်ရေး စသည့်ကိစ္စရပ်များနှင့် စပ်လျဉ်း၍ အင်းတော်မြို့နယ်သို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပါသည်။

1 3 5 6