အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီ၏ ဗန်းမောက်မြို့နယ်သို့ ကွင်းဆင်းဆောင်ရွက်မှု

၂၀၁၉ခုနှစ်၊ စက်တင်ဘာလ ၅ ရက်နေ့တွင် ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီသည် လွှတ်တော်တွင် မေးမြန်းခဲ့သော(၁)ဖမ်းဆီးရမိသည့် သစ်များကို နိုင်ငံအတွက် အကျိုးရှိစွာ အသုံးချနိုင်ရေး၊ (၂) အင်းတော်-မံစီလမ်းပိုင်း ၂.၁ကီလိုမီတာကို အကျယ် ၇.၃မီတာ၊ ၂၂၅မီလီမီတာထု ကွန်ကရစ် လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပေးနိုင်ရေး၊ (၃) ဗန်းမောက်မြို့မ ရဲစခန်းဝင်းအတွင်းရှိ ကြံ့ခိုင်မှုအားနည်းသော နေအိမ်အဆောက်အအုံများ ပြုပြင် တည်ဆောက်ပေးနိုင်ရေး သို့မဟုတ် အဆောင်များ ချထားပေးနိုင်ရေးနှင့် စပ်လျဉ်းသော ကိစ္စရပ်များနှင့် ပတ်သက်၍ ဗန်းမောက်မြို့နယ်သို့ ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

1 3 4 9