အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီ၏ ကတိဖြစ်မေးခွန်းများနှင့်စပ်လျဉ်း၍ ကွင်းဆင်းစိစစ်ဆောင်ရွက်မှုများ

၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၁၆)ရက်

***************************

ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် အစိုးရ၏ အာမခံချက်များ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီသည် (၁၃.၉.၂၀၁၉) ရက်နေ့ နံနက် (၀၉၀၀) နာရီအချိန်တွင် စစ်ကိုင်းမြို့နယ် စီမံခန့်ခွဲမှုကော်မတီရုံး၌ ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် တတိယပုံမှန်အစည်းအဝေးမှ (၁၈)ကြိမ်မြောက်ပုံမှန် အစည်းအဝေးအထိ ကတိဖြစ်မေးခွန်းများအပေါ် သက်ဆိုင်ရာဌာနများမှ မြေပြင်တွင် ဆောင်ရွက်ထားရှိမှုအခြေအနေများကို ချပြရှင်းလင်းခဲ့ပြီး ကတိဖြစ်ပေါ်ခဲ့သည့် ဆားတောင်မြို့ နှင့် ညောင်ပင်ဝန်းကျေးရွာ၊ ကိုင်းပြင်၊  ဥယျာဉ်၊                   မြင်းဆည်၊ မြင်းသာကျေးရွာများသို့ လုပ်ငန်းဆောင်ရွက်မှုများ နှင့်စပ်လျဉ်းပြီး မြေပြင်ကွင်းဆင်း စိစစ်ဆောင်ရွက်ခဲ့ပါသည်။

1 2 3 5                     6                      8