အစိုးရ စက်မှုလွှတ်တော်ဥက္ကဋ္ဌမှ လက်မှုသိပ္ပံ(ကသာ) စာသင်ဆောင်နှင့် ဝန်ထမ်းအိမ်ရာများ ဆောက်လုပ်နေမှုကို သွားရောက်ကြည့်ရှု

စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌသည် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ကြည် ၊တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးညီညီထွန်း၊ ခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများနှင့်အတူ (၁၃-၆-၂၀၂၀) ရက်နေ့ (၀၉:၀၀)နာရီအချိန်တွင် ပေါမမြိုင်-နန့်လှိုင် လမ်းပိုင်း ရေကျော်၍ လမ်းပိုင်းပျက်ဆီးနိုင်မှုအခြေအနေအားကြည့်ရှုခဲ့ပြီး ရေကျော်ဆောင်ရွက်နိုင်ရန် ဌာနနှင့် ညှိနှိုင်းပေးခဲ့ပါသည်။ ၎င်းနောက် ဥက္ကဋ္ဌနှင့်အဖွဲ့သည် အစိုးရ စက်မှုလက်မှုသိပ္ပံ(ကသာ) စာသင်ဆောင်နှင့် ဝန်ထမ်းအိမ်ရာများ ဆောက်လုပ်နေမှုကို သွားရောက်ကြည့်ရှုခဲ့ပြီး သတ်မှတ်ကာလအတွင်း ပြီးစီးနိုင်ရေးနှင့် အရည်အသွေးကောင်းမွန်ရေးတို့ကို စေတနာထားဆောင်ရွက်ရန် တိုက်တွန်းမှာကြားခဲ့ပါသည်။

၃

၂