၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၁၈)ရက်
———————————
ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် အရအသုံးငွေစာရင်း၊ ဒေသန္တရစီမံကိန်း နှင့် ဘဏ္ဍာရေးဆိုင်ရာကော်မတီသည် ယနေ့ နံနက်(၀၉:၀၀) နာရီအချိန်တွင် ကနီမြို့နယ်စီမံခန့်ခွဲမှုကော်မတီရုံး၌ (၂၀၁၈-၂၀၁၉) ဘဏ္ဍာရေးနှစ် အတွင်း ဆောင်ရွက်ခဲ့သည့်လုပ်ငန်းများနှင့်ပတ်သက်၍ မြို့နယ်လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးရေးလုပ်ငန်း ၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးရေးဦးစီးဌာန ၊ ကျေးလက်လမ်းဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာနတို့နှင့် တွေ့ဆုံခဲ့ပြီး လုပ်ငန်းများအား သွားရောက် စစ်ဆေးခဲ့သည်။