ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် အရအသုံးငွေစာရင်း၊ ဒေသန္တရ စီမံကိန်းနှင့် ဘဏ္ဍာရေးဆိုင်ရာ ကော်မတီသည် (၁.၅.၂၀၂၀)ရက်နေ့မှ (၆.၅.၂၀၂၀)ရက်နေ့အထိ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် စစ်ကိုင်းတိုင်းဒေသကြီး ဘဏ္ဍာရန်ပုံငွေတွင် ပါဝင်သော ဌာန/ အဖွဲ့အစည်းများ၏ ငွေလုံးငွေရင်း အသုံးစရိတ်များ၊ သာမန်အသုံးစရိတ်များ တင်ပြလာမှုနှင့် ပတ်သက်၍ ဌာနဆိုင်ရာ အဖွဲ့အစည်းများနှင့်အတူ လွှတ်တော်ရုံး Banquet Room တွင် တွေ့ဆုံဆွေးနွေးညှိနှိုင်းခဲ့ပါသည်။