ဥပဒေပြုရေးဆိုင်ရာကော်မတီသည် သတ္တုတွင်းဥပဒေ(မူကြမ်း)နှင့် စပ်လျဉ်း၍ အစည်းအဝေးကျင်းပ

၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၂၄)ရက်
***************************
ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်၊ ဥပဒေပြုရေးဆိုင်ရာကော်မတီသည် ယနေ့ (၁၃၀၀)နာရီအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ရုံး၊ အစည်းအဝေးခန်းမ(၂)၌ အသေးစားနှင့် လက်လုပ်လက်စားသတ္တုတွင်းဥပဒေ(မူကြမ်း)နှင့် ပတ်သက်၍ အစည်းအဝေး ကျင်းပပြုလုပ်ခဲ့ပြီး ယင်းအစည်းအဝေးသို့ တိုင်းသတ္တုတွင်း၊ တိုင်းဦးစီးမှူး(တိုင်းသယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန)၊ တိုင်းဥပဒေအရာရှိ၊ ဥပဒေရုံး၊ မုံရွာတက္ကသိုလ်ဘူမိဗေဒဌာန နှင့် ဥက္ကဋ္ဌ(စိုက်ပျိုးရေး၊ မွေးမြူရေး၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာကော်မတီ) တို့မှ တက်ရောက်ခဲ့ကြပြီး ဝိုင်းဝန်းဆွေးနွေးအကြံပြုခဲ့ကြသည်။
*w2     W4