(၁၀၅)နှစ်ပြည့် ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့နှင့် မြန်မာနိုင်ငံကလေးများနေ့အထိမ်းအမှတ်ပွဲတော်သို့ လွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌတက်ရောက်

၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ (၁၃)ရက်နေ့တွင်ကျရောက်သော (၁၀၅)နှစ်ပြည့် ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့နှင့် မြန်မာနိုင်ငံကလေးများနေ့အထိမ်းအမှတ်ပွဲတော်ကို  မုံရွာမြို့ ကန်သာယာ၊ရွှေလိမ္မော်ကျွန်းတွင် ကျင်းပခဲ့ပြီး အခမ်းအနားသို့ ဒုတိယအကြိမ် စစ်ကိုင်းတိုင်း ဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ  နှင့် ဝန်ထမ်းများ၊ မိဘပြည်သူများ တက်ရောက်ခဲ့သည်။

b c