၂၀၁၈-၂၀၁၉ဘဏ္ဏာရေးနှစ် ရေကြီးနစ်မြုပ်မှုကြောင့် မိုးစပါးနှင့်သီးနှံများ ပျက်စီးဆုံးရှုံးမှုအတွက် ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားသို့ လွှတ်တော်ဥက္ကဋ္ဌတက်ရောက်

စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌသည် (၉-၇-၂၀၂၀)ရက်နေ့၊ (၁၀:၀၀)နရီအချိန်တွင် ကသာမြို့နယ် စီမံခန့်ခွဲမှုကော်မတီအစည်းအဝေးခန်းမ၌ ပြုလုပ်သော ၂၀၁၈-၂၀၁၉ဘဏ္ဏာရေးနှစ် ရေကြီးနစ်မြုပ်မှုကြောင့် မိုးစပါးနှင့်သီးနှံများ ပျက်စီးဆုံးရှုံးမှုအတွက် ထောက်ပံ့ငွေပေးအပ်ပွဲအခန်းအနားကို တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးညီညီထွန်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဌာနဆိုင်ရာများနှင့်အတူ တက်ရောက်ခဲ့ပါသည်။ ၎င်းနောက် ဥက္ကဋ္ဌနှင့် အဖွဲ့သည် ကသာမြို့  ပြည်သူ့အငှားအိမ်ရာစီမံကိန်းအတွက် ၈ခန်းတွဲ ၄ထပ်အဆောက်အဦ ဆောက်လုပ်နေမှု အား သွားရောက် ကြည့်ရှုခဲ့ပါသည်။
2 3 4