(၇၃)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အလေးပြုခြင်း၊ လွမ်းသူပန်းခွေချခြင်း အခမ်းအနားသို့ လွှတ်တော်ဥက္ကဋ္ဌ နှင့် ဒုတိယဥက္ကဋ္ဌတက်ရောက်

(၁၉-၇-၂၀၂၀)ရက်နေ့၊ မုံရွာမြို့၊ ရွှေစည်းခုံဘုရား၊ သာသနာ့ဘိမ္မာန်တွင် ယနေ့ကျရောက်သော (၇၃)နှစ်မြောက် အာဇာနည် ခေါင်းဆောင်ကြီးများအား ရည်စူး၍ သံဃာတော်များအား နေ့ဆွမ်းဆပ်ကပ်ခြင်း၊ လှူဖွယ်ပစ္စည်းများလှူဒါန်းခြင်း၊ အမျှအတန်းပေးဝေခြင်းအခမ်းအနားနှင့် မုံရွာမြို့၊ ဗိုလ်ချုပ်ရုပ်ထု အဝိုင်းပတ်တွင် ပြုလုပ်သော (၇၃)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အလေးပြုခြင်း၊ လွမ်းသူပန်းခွေချခြင်း အခမ်းအနားများကို စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယဥက္က္ကဋ္ဌတို့သည် တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့်အတူ တက်ရောက်ခဲ့သည်။

၁ ၂