sagainhluttawdb

ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၂၄)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (၁၃)ရက်မြောက်နေ့ ဆက်လက်ကျင်းပ

၁။ ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၂၄)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (၁၃)ရက်မြောက်နေ့ကို ၂၀၂၀ပြည့်နှစ်၊ စက်တင်ဘာလ(၂)ရက် (ဗုဒ္ဓဟူးနေ့)၊ (၁၀:၀၀)နာရီအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ တက်ရောက် ခွင့်ရှိသည့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်(၇၃)ဦး၊ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်(၂၅)ဦး စုစုပေါင်း(၉၈)ဦးအနက် (၈၅)ဦး တက်ရောက်ပါသည်။ (က) ကြယ်ပွင့်ပြထားသည့် မေးခွန်းများ မေးမြန်းခြင်းနှင့် ဖြေကြားခြင်းကဏ္ဍတွင် အောက်ပါအတိုင်း မေးမြန်းဖြေကြား ဆောင်ရွက်ခဲ့ကြပါသည်- (၁) ဒေါက်တာကျော်သူဟန်ထွန်း၊ ကန့်ဘလူမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ ”စစ်ကိုင်းတိုင်းဒေသကြီးအတွင်း MSMEsလုပ်ငန်းများအတွက်ပုံမှန်ချေးငွေနှင့် Covid-19 စီးပွားရေးကုစားမှုအစီအစဉ်အရ ချေးငွေများရရှိနိုင်ရေး မည်သို့ ကူညီဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း ”စပ်လျဉ်းသည့်မေးခွန်းကို စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးစိုးဦးမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။ (၂) ဦးခင်မောင်ထွန်း၊ ဖောင်းပြင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ အောက်ပါမေးခွန်း (၂)ခုအား လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်− (ကက) ”ဖောင်းပြင်မြို့နယ်၊ မောက်ပလင်အုပ်စု၊ ကွမ်းတော ကျေးရွာ …

Read More »

ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၂၄)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (၁၂)ရက်မြောက်နေ့ ဆက်လက်ကျင်းပ

၁။ ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၂၄)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (၁၂)ရက်မြောက်နေ့ကို ၂၀၂၀ပြည့်နှစ်၊ စက်တင်ဘာလ(၁)ရက် (အင်္ဂါနေ့)၊ (၁၀:၀၀)နာရီအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ တက်ရောက်ခွင့် ရှိသည့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်(၇၃)ဦး၊ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်(၂၅)ဦး စုစုပေါင်း(၉၈)ဦးအနက် (၈၂)ဦးတက်ရောက်ပါသည်။ (က) ကြယ်ပွင့်ပြထားသည့် မေးခွန်းများ မေးမြန်းခြင်းနှင့် ဖြေကြားခြင်းကဏ္ဍတွင် အောက်ပါအတိုင်း မေးမြန်းဖြေကြား ဆောင်ရွက်ခဲ့ကြပါသည်- (၁) ဦးခင်မောင်ထွန်း၊ ဖောင်းပြင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ အောက်ပါမေးခွန်း (၂)ခုအား လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်− (ကက) ”ဖောင်းပြင်မြို့နယ်၊ စစ်တောင်ရွာကိုကမ်းပြိုမှုမှကာကွယ်နိုင်ရေး ကမ်းထိန်းနံရံများ ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်း။ (ခခ) ”ဖောင်းပြင်မြို့နယ်၊ စံပြရေအောက်တောင်းရွာနှင့် မင်းဆက်ကျေးရွာလမ်း (၂)မိုင်အား ရာသီမရွေးသွားလာနိုင်သော လမ်းအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်း။ (၂) ဒေါ်ခိုင်ခိုင်ဝင်း၊ …

Read More »

စစ်ကိုင်းတိုင်းဒေသကြီး၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေ(မူကြမ်း)နှင့် ဒေသန္တရစီမံကိန်းဥပဒေ(မူကြမ်း)တို့နှင့်ပတ်သက်၍ လွှတ်တော်ကိုယ်စားလှယ်များနှင့် ဌာနဆိုင်ရာ(၈)ခုနှင့် တွေ့ဆုံ

ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် အရအသုံးငွေစာရင်း၊ ဒေသန္တရစီမံကိန်းနှင့် ဘဏ္ဍာရေးဆိုင်ရာကော်မတီသည် (၃၁-၈-၂၀၂၀)ရက်နေ့၊ နေ့လယ်(၁၂:၀၀)နာရီချိန်မှ (၁၃:၁၀)ချိန်ထိ စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်၊ Banquet Room ၌ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် စစ်ကိုင်းတိုင်းဒေသကြီး၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေ             (မူကြမ်း)နှင့် ဒေသန္တရစီမံကိန်းဥပဒေ(မူကြမ်း)တို့နှင့်ပတ်သက်၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များ ၊ ဌာနဆိုင်ရာ(၈)ခုတို့နှင့်တွေ့ဆုံ ဆွေးနွေးခဲ့သည်။

Read More »

လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးဘိုးသန်းညွန့်သည် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ အဖွဲ့ဝင်များနှင့်အတူ ကျောင်းများနှင့် ကျေးရွာများတွင်လိုအပ်သည့်နေရာများအတွက် အလှူငွေများ လှူဒါန်းပေးအပ်

ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးဘိုးသန်းညွန့်သည် ယနေ့ နံနက် (၀၉:၀၀) အချိန်တွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါတ်တာဒေါ်ပြုံး၊ အင်းတော်မြို့နယ် စီမံခန့်ခွဲမှုကော်မတီ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ အဖွဲ့ဝင်များနှင့်အတူ အခြေခံပညာ အထက်တန်းကျောင်း၊ အခြေခံပညာ မူလတန်းကျောင်းများနှင့် ကျေးရွာ များတွင်လိုအပ်သည့်နေရာများအတွက် အင်းတော်မြို့နယ် ပိန္နဲကုန်းကျေးရွာ (၁၀)သိန်းကျပ် ၊ လယ်ဇင်ကျေးရွာ(၁၀)သိန်းကျပ် ၊ ဆည်ရွာကျေးရွာ (၁၀)သိန်းကျပ်၊ နတ်မဟုတ်ကလေးကျေးရွာ (၈)သိန်းကျပ် နှင့် ပေပင်ကျေးရွာအား (၁၂)သိန်းကျပ် လှူဒါန်းခဲ့ပါသည်။

Read More »

ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၂၄)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (၁၁)ရက်မြောက်နေ့ ဆက်လက်ကျင်းပ

၁။ ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၂၄)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (၁၁)ရက်မြောက်နေ့ကို ၂၀၂၀ပြည့်နှစ်၊ သြဂုတ်လ(၃၁)ရက် (တနင်္လာနေ့)၊ (၁၀:၀၀)နာရီအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ တက်ရောက် ခွင့်ရှိသည့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်(၇၃)ဦး၊ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်(၂၅)ဦး စုစုပေါင်း(၉၈)ဦးအနက် (၈၅)ဦး တက်ရောက်ပါသည်။ (က) မှတ်တမ်းတင်ခြင်းကဏ္ဍတွင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင် ပြောကြားခဲ့သည့် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ”၂၀၁၆- ၂၀၁၇ ဘဏ္ဍာရေးနှစ်မှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အထိ (၄)နှစ်ခွဲတာ ကာလအတွင်း ဆောင်ရွက်ခဲ့သည့် လုပ်ငန်းများ”နှင့်စပ်လျဉ်းသည့် မိန့်ခွန်းကို ၂၀၁၃ ခုနှစ်၊ တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်လွှတ်တော်ဆိုင်ရာ ဥပဒေ ပုဒ်မ ၃၈၊ ပုဒ်မခွဲ(ဂ)အရ လွှတ်တော် ဥက္ကဋ္ဌက လွှတ်တော်၏ သဘောထားရယူကာ မှတ်တမ်းတင်ကြောင်း ကြေညာ ပါသည်။ (ခ) ကြယ်ပွင့်ပြထားသည့် မေးခွန်းများ မေးမြန်းခြင်းနှင့် ဖြေကြားခြင်းကဏ္ဍတွင် အောက်ပါအတိုင်း …

Read More »

စိုက်ပျိုးရေး၊မွေးမြူရေး၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာကော်မတီသည် ချောင်းဦးမြို့နယ်၊ တောကျောင်းကြီးကျေးရွာ၌ ခရိုင်လယ်/စီ၊ မြို့နယ်လယ်/စီတို့နှင့် အခြေခံပညာအထက်တန်းကျောင်းမြေနေရာအား တိုင်းတာကွင်းဆင်းစစ်ဆေးခဲ့

ဒုတိယအကြိမ်စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်၊ စိုက်ပျိုးရေး၊မွေးမြူရေး၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာကော်မတီသည် (၃၀-၈-၂၀၂၀)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီချိန် ချောင်းဦးမြို့နယ်၊ တောကျောင်းကြီးကျေးရွာ၌ ခရိုင်လယ်/စီ၊ မြို့နယ်လယ်/စီတို့နှင့် အခြေခံပညာအထက်တန်းကျောင်းမြေနေရာအား တိုင်းတာကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

Read More »

ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၂၄)ကြိမ်မြောက်ပုံမှန်အစည်းအဝေး ဒသမနေ့ဆက်လက်ကျင်းပ

၁။ ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၂၄)ကြိမ်မြောက်ပုံမှန်အစည်းအဝေး ဒသမနေ့ကို ၂၀၂၀ပြည့်နှစ်၊ သြဂုတ်လ(၂၈)ရက် (သောကြာနေ့)၊ (၁၀:၀၀)နာရီအချိန်တွင် စစ်ကိုင်း တိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ တက်ရောက်ခွင့်ရှိသည့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်(၇၃)ဦး၊ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် (၂၅)ဦး စုစုပေါင်း (၉၈)ဦးအနက် (၈၅)ဦးတက်ရောက်ပါသည်၊၊ (က) ကြယ်ပွင့်ပြထားသည့် မေးခွန်းများ မေးမြန်းခြင်းနှင့် ဖြေကြားခြင်းကဏ္ဍတွင် အောက်ပါအတိုင်း မေးမြန်းဖြေကြား ဆောင်ရွက်ခဲ့ကြပါသည်- (၁) ဦးရိထင်၊ လေရှီးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ ”လေရှီးမြို့နယ်၊ပန်ဆပ်ကျေးရွာ၊ အသေးစားရေအားလျှပ်စစ်(၂၀)ကီလို စက်ရုံပြန်လည် လည်ပတ်နိုင်ရေးအတွက် မည်ကဲ့သို့ဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း”စပ်လျဉ်းသည့်မေးခွန်းကို လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးသန်းညွန့်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။ (၂) ဒေါ်ခင်နှင်းရီ၊ ယင်းမာပင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ ” ချင်းတွင်းမြစ်ကူးတံတားစီမံကိန်းအတွင်း ပါရှိသောကြောင့် ပြောင်းရွှေ့ခံရသည့် ယင်းမာပင်မြို့နယ် ကန်ချောင်းအုပ်စု၊ လက်ခုပ်ပင်ရွာမှ နစ်နာသူမူလမြေပိုင်ရှင်များအတွက် မြေယာလျော်ကြေး (သို့မဟုတ်) မြေယာအစားထိုးပေးရန် အစီအစဉ်ရှိ/မရှိ …

Read More »

ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၂၄)ကြိမ်မြောက်ပုံမှန်အစည်းအဝေး နဝမနေ့ ဆက်လက်ကျင်းပ

၁။ ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၂၄)ကြိမ်မြောက်ပုံမှန်အစည်းအဝေး နဝမနေ့ကို ၂၀၂၀ပြည့်နှစ်၊ သြဂုတ်လ(၂၇)ရက် (ကြာသပတေးနေ့)၊ (၁၀:၀၀)နာရီအချိန်တွင် စစ်ကိုင်း တိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ တက်ရောက်ခွင့်ရှိသည့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်(၇၃)ဦး၊ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် (၂၅)ဦး စုစုပေါင်း (၉၈)ဦးအနက် (၈၃)ဦးတက်ရောက်ပါသည်။ (က) ကြယ်ပွင့်ပြထားသည့် မေးခွန်းများ မေးမြန်းခြင်းနှင့် ဖြေကြားခြင်းကဏ္ဍတွင် အောက်ပါအတိုင်း မေးမြန်းဖြေကြား ဆောင်ရွက်ခဲ့ကြပါသည်- (၁) ဦးမောင်မောင်ဝင်း၊ ဝက်လက်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ ”ဝက်လက် မြို့နယ်၌ အခွန်ပေးဆောင်မှုဖြစ်စဉ်တစ်ခုတွင် (၁၉)နှစ်ကျော် အချိန်လွန်ပြီးမှ အခွန်ဆောင်ခိုင်းမှုအပေါ် မည်သို့ဆောင်ရွက်ထားသည်ကို သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးစိုးဦးမှ ရှင်းလင်း ဖြေကြားခဲ့ပါသည်။ (၂) ဒေါ်သန့်ဝေကျော်၊ ကလေးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ ” ကလေး မြို့နယ်တွင် (၂ဝ၁၈-၂ဝ၁၉) (၂၀၁၉-၂၀၂၀) ဘဏ္ဍာနှစ်များတွင် တည်ဆောက်ခဲ့သည့် ပြည်သူ့အငှားအိမ်ရာ(၃)လုံးအား အငှားချထားရာတွင် မည်ကဲ့သို့သောစံနှုန်းများဖြင့်စီမံဆောင်ရွက်မည်၊ အမှန်တကယ် …

Read More »

စီးပွားရေး၊ ကူးသန်းရောင်းဝယ်ရေးနှင့် စည်ပင်သာယာရေးဆိုင်ရာ ကော်မတီသည် စစ်ကိုင်းတိုင်းဒေသကြီး သုဿာန်များစီမံခန့်ခွဲခြင်း နည်းဥပဒေ(မူကြမ်း)နှင့် စစ်ကိုင်းတိုင်းဒေသကြီး အဆောက်အအုံနှင့် မြေခွန်၊ မီးခွန်၊ ရေခွန်၊ အမှိုက်နှင့် အညစ်အကြေးခွန်များ နည်းဥပဒေ(မူကြမ်း) ပြင်ဆင်/ဖြည့်စွက်ချက်များနှင့် ပတ်သက်၍ တိုင်းစည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများနှင့် ညှိနှိုင်းဆွေးနွေး

ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် စီးပွားရေး၊ ကူးသန်းရောင်းဝယ်ရေးနှင့် စည်ပင်သာယာရေးဆိုင်ရာ ကော်မတီသည်(၂၆.၈.၂၀၂၀)ရက်နေ့ (၁၅:၀၀)နာရီအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး သုဿာန်များစီမံခန့်ခွဲခြင်း နည်းဥပဒေ(မူကြမ်း)နှင့် စစ်ကိုင်းတိုင်းဒေသကြီး အဆောက်အအုံနှင့် မြေခွန်၊ မီးခွန်၊ ရေခွန်၊ အမှိုက်နှင့် အညစ်အကြေးခွန်များ နည်းဥပဒေ(မူကြမ်း) ပြင်ဆင်/ဖြည့်စွက်ချက်များနှင့် ပတ်သက်၍ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ထွေး၊တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်သန်းကျော်နှင့် တိုင်းစည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများနှင့် ညှိနှိုင်းဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

Read More »

ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၂၄)ကြိမ်မြောက်ပုံမှန်အစည်းအဝေး အဋ္ဌမနေ့ဆက်လက်ကျင်းပ

၁။ ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၂၄)ကြိမ်မြောက်ပုံမှန်အစည်းအဝေး အဋ္ဌမနေ့ကို ၂၀၂၀ပြည့်နှစ်၊ သြဂုတ်လ(၂၆)ရက် (ဗုဒ္ဓဟူးနေ့)၊ (၁၀:၀၀)နာရီအချိန်တွင် စစ်ကိုင်းတိုင်း ဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ တက်ရောက်ခွင့်ရှိသည့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်(၇၃)ဦး၊ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် (၂၅)ဦး စုစုပေါင်း (၉၈)ဦးအနက် (၈၀)ဦး တက်ရောက်ပါသည်။ (က) ကြယ်ပွင့်ပြထားသည့် မေးခွန်းများ မေးမြန်းခြင်းနှင့် ဖြေကြားခြင်းကဏ္ဍတွင် အောက်ပါအတိုင်း မေးမြန်းဖြေကြား ဆောင်ရွက်ခဲ့ကြပါသည်- (၁) ဒေါ်ခင်နှင်းရီ၊ ယင်းမာပင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ ” ယင်းမာပင်မြို့နယ်အတွင်း ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၊ ဖြည့်စွက်ခွင့်ပြုငွေဖြင့် တင်ဒါအောင် ကုမ္ပဏီများဖြစ်သော Monywa Starနှင့် အောင်ဇင်လင်းကုမ္ပဏီတို့မှ တာဝန်ယူတည်ဆောက်သည့် အခြေခံပညာကျောင်းများအား မူလ Estimate ပါ သစ်သားတံခါးများ ပြန်လည်တပ်ဆင်ပေးရန်နှင့် အရည်အသွေးပြည့်မီသော အဆောက်အဦများရရှိနိုင်ရေး ခရိုင်/မြို့နယ် ပညာရေးဌာနမှ အနီးကပ်ကြီးကြပ် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို …

Read More »