တိုင်ကြားစာကဏ္ဍ

၂၀၁၈ ခုနှစ်၏ တိုင်ကြားစာအကျဉ်းချုပ်

၂၀၁၈ ခုနှစ်အတွင်း စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်သို့ ပေးပို့လာသည့်  တိုင်ကြားစာများအား တိုင်ကြားသူ၊ တိုင်ကြားထားသည့်အကြောင်းအရာအကျဉ်းချုပ်နှင့်တကွ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းတရားသူကြီးချုပ်၊ သက်ဆိုင်ရာကိုယ်စားလှယ်များနှင့် အခြားဌာနများသို့ ပေးပို့ထားသည့် စာရင်းအကျဉ်းချုပ်အား ပြည်သူများ သိရှိနိုင်ရန် ဖော်ပြထားခြင်းဖြစ်ပါသည်။ Dwonload Link အား အောက်တွင် ဖော်ပြထားပါသည်။   နေ့ရက်      ၂၈-၈-၂၀၁၉ အချိန်  ၁၀:၀၀ ဒေါင်းလော့ဆွဲရန်  Download Link Here

Read More »

ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် စက်မှုလက်မှု၊ စွမ်းအင်နှင့် လျှပ်စစ်ဆိုင်ရာကော်မတီ ရွှေဘိုမြို့နယ်၊ ခွန်းတောင်းကြီးကျေးရွာ ကျေးရွာမီးလင်းရေကိစ္စတင်ပြတိုင်ကြားစာနှင့် ပတ်သက်၍ ကွင်းဆင်း

ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် စက်မှုလက်မှု၊စွမ်းအင်နှင့်လျှပ်စစ်ဆိုင်ရာကော်မတီသည် (၄.၈.၂၀၁၉) ရက်နေ့တွင်ရွှေဘိုမြို့နယ် စီမံခန့်ခွဲမှုကော်မတီရုံး၊ အစည်းအဝေးခန်းမ၌ ရွှေဘိုမြို့နယ်၊ခွန်တောင်းကြီးကျေးရွာ မီးလင်းရေးကိစ္စ တင်ပြတိုင်ကြားစာနှင့်ပတ်သက်၍ မြို့နယ်စီခန့်၊ ဌာနဆိုင်ရာများ ခွန်တောင်းကြီးကျေးရွာမီးလင်းရေးကော်မတီများနှင့် တွေ့ဆုံကွင်းဆင်းညှိနှိုင်း ဆောင်ရွက်ခဲ့ပါသည်။

Read More »

၂၀၁၇ခုနှစ်အတွင်း စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်သို့ တိုင်ကြားထားသော တိုင်ကြားစာများ

၂၀၁၆၊ ၂၀၁၇ နှင့် ၂၀၁၈ ခုနှစ်အတွင်း စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်သို့ တိုင်ကြားထားသော တိုင်ကြားစာများနှင့်စပ်လျဉ်းပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် အခြားဌာနဆိုင်ရာများသို့ ပေးပို့သည့် တိုင်ကြားစားအကျဉ်းချုပ်အား ပြည်သူများ သိရှိနိုင်ရန် ဖော်ပြထားခြင်းဖြစ်ပါသည်။ Download Link အားအောက်တွင်ဖော်ပြထားပါသည်။ နေ့ရက် ၂၉−၇−၂၀၁၉ အချိန် ၁၃၀၀နာရီ ဒေါင်းလုပ်ဆွဲရန် Download Link Here  

Read More »

ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် တရားဥပဒေစိုးမိုးရေး၊ တရားစီရင်ရေးနှင့် ဥပဒေရေးရာ ကော်မတီမှ တိုင်ကြားစာအမှုတွဲများနှင့် ပတ်သက်၍ ညှိနှိုင်းအစည်းအဝေးပြုလုပ်ခဲ့

ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် တရားဥပဒေစိုးမိုးရေး၊ တရားစီရင်ရေးနှင့် ဥပဒေရေးရာ ကော်မတီမှ (၂၃-၇-၂၀၁၈)ရက်နေ့ နံနက်(၁၀:၀၀)အချိန်တွင် ရေးရာကော်မတီအခန်း( ၅ )၌ ကော်မတီသို့ တင်ပြတိုင်ကြားသည့်အမှုတွဲများအား ကော်မတီဝင်များနှင့် ညှိနှိုင်းဆွေးနွေးခဲ့သည့်မှတ်တမ်းဓါတ်ပုံများ

Read More »

တိုင်ကြားစာနှင့်ပတ်သက်၍ မုံရွာမြို့နယ်၊ ဒေါနခြံရပ်သို့ ကွင်းဆင်း

ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် စီးပွားရေး၊ ကူးသန်းရောင်းဝယ်ရေးနှင့်စည်ပင်သာယာရေးဆိုင်ရာကော်မတီသည် (၁၀-၇-၂၀၁၈)ရက်နေ့တွင် မုံရွာမြို့၊ ဒေါနခြံရပ်နေ ဦးအောင်ငွေပိုင် ထန်းတောအုပ်စု၊ ကွင်းအမှတ်(၂၄)၊ ဦးပိုင်အမှတ်(၆/က)ရှိ အလျား(၉၀)ပေ၊ အနံ(၉၀)ပေ၊ ဧရီယာ(၀.၁၆၈)ဧကရှိ မြေငှားဂရန်ရရှိထားသည့် အိမ်ဝန်းခြံမြေအား တံတိုင်းခတ်ခြင်း မပြုလုပ်ဘဲ ပန်းပင်၊ အရိပ်ရပင်များ လမ်းမြေပေါ်တွင် ကျူးကျော်စိုက်ပျိုးထားမှုအပေါ် မုံရွာမြို့နယ်စည်ပင်သာယာရေးကော်မတီမှ ဖယ်ရှားရှင်းလင်းဆောင်ရွက်ရန် တားမြစ်ခြင်းနှင့် ပတ်သက်၍ ကွင်းဆင်းဆောင်ရွက်ခဲ့သည့် မှတ်တမ်းဓါတ်ပုံများ။  

Read More »

တိုင်ကြားစာဆောင်ရွက်ပြီးစီးမှု

ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်သို့ (၁-၁-၂၀၁၈)ရက်နေ့မှ (၆-၇-၂၀၁၈)ရက်နေ့အထိ တိုင်ကြားထားသည့် တိုင်ကြားစာ (၃၁၅)စောင်ရှိသည်။ ထိုတိုင်ကြားစာများထဲမှ တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ လွှဲပြောင်းပေးပို့ခဲ့သည့် တိုင်ကြားစာ(၁၀၆)စောင်ရှိပြီး၊ တိုင်းတရားသူကြီးချုပ်သို့ လွှဲပြောင်းပေးပို့ခဲ့သည့်တိုင်ကြားစာ(၆)စောင်၊ တိုင်းဥပဒေချုပ်သို့ လွှဲပြောင်းပေး ပို့ခဲ့သည့် တိုင်ကြားစာ(၂)စောင်၊ အခြားဝန်ကြီးဌာနများနှင့် မြေစစ်ကော်မတီများသို့ လွှဲပြောင်းပေးခဲ့သည့် တိုင်ကြားစာ(၁၀)စောင်၊ တိုင်းအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ လွှဲပြောင်းပေးပို့ခဲ့သည့် တိုင်ကြားစာ(၁)စောင်၊ တိုင်းရဲတပ်ဖွဲ့မှူးရုံးသို့ လွှဲပြောင်းပေးပို့ခဲ့သည့်တိုင်ကြားစာ(၁)စောင်၊ တိုင်းဒေသကြီးလယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းဦးစီးဌာနသို့လွှဲပြောင်းပေးပို့ခဲ့သည့် တိုင်ကြားစာ (၃)စောင်၊ သက်ဆိုင်ရာကိုယ်စားလှယ်များထံသို့လွှဲပြောင်းပေးပို့ခဲ့သည့်တိုင်ကြားစာ(၇)စောင်၊ ကာယကံရှင်များထံသို့ ပြန်ကြားခဲ့သည့်တိုင်ကြားစာ(၄)စောင်၊ ရေးရာကော်မတီများထံသို့ လွှဲပြောင်းပေးပို့ခဲ့သည့်တိုင်ကြားစာ(၁၁)စောင်၊ စုစုပေါင်း လွှဲပြောင်းပေးပို့ခဲ့သည့် တိုက်ကြားစာ (၁၅၁)စောင်ဖြစ်သည်။ တိုင်ကြားစာများအနက် ပြန်ကြားရန်မလိုသည့် တိုင်ကြားစာပေါင်း(၁၆၄)စောင်ဖြစ်သည်။

Read More »