နေ့စဉ်သတင်းများ

ဒုတိယအကြိမ်စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၂၅)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (တတိယနေ့) ဆက်လက်ကျင်းပ

၁။      ဒုတိယအကြိမ်စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၂၅)ကြိမ်မြောက်ပုံမှန်အစည်းအဝေး တတိယ နေ့ကို ၂၀၂၀ပြည့်နှစ်၊ ဒီဇင်ဘာလ(၁၆)ရက် (ဗုဒ္ဓဟူးနေ့)၊ (၁၀:၀၀)နာရီအချိန်တွင် စစ်ကိုင်းတိုင်း ဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ တက်ရောက်ခွင့်ရှိသည့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်(၇၃)ဦး၊ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် (၂၅)ဦး စုစုပေါင်း (၉၈)ဦးအနက် (၈၉)ဦးတက်ရောက်ပါသည်။ (က)    မှတ်တမ်းတင်ခြင်းကဏ္ဍတွင် လွှတ်တော်ဥက္ကဋ္ဌက အောက်ပါ ကော်မတီ(၄)ခု၏ လုပ်ငန်းဆောင်ရွက်ချက်အစီရင်ခံစာများကို  လွှတ်တော်၏ သဘောထားရယူကာမှတ်တမ်းတင်ကြောင်းကြေညာပါသည်- အစိုးရ၏အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များစိစစ်ရေးကော်မတီ၏     ” ၂၀၁၆ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ (၅)နှစ်တာ လုပ်ငန်းဆောင်ရွက်ချက်အစီရင်ခံစာ”  လွှတ်တော်ကိုယ်စားလှယ်များ စိစစ်ရေးနှင့် လွှတ်တော်အခွင့်အရေးဆိုင်ရာကော်မတီ၏ ” ၂၀၁၆ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ (၅)နှစ်တာ လုပ်ငန်းဆောင်ရွက်ချက်အစီရင်ခံစာ”အထူးကိစ္စရပ်များလေ့လာစုံစမ်းစိစစ်ရေးနှင့် သုတေသနပြုရေးဆိုင်ရာကော်မတီ၏” ၂၀၁၉ ခုနှစ်မှ ၂၀၂၀ပြည့်နှစ်အထိ အနှစ်ချုပ်လုပ်ငန်းဆောင်ရွက်ချက် အစီရင်ခံစာ”အရအသုံး၊ ငွေစာရင်းဒေသန္တရစီမံကိန်းနှင့် ဘဏ္ဍာရေးဆိုင်ရာ ကော်မတီ၏     ” ၂၀၁၆ ခုနှစ်မှ ၂၀၂၀ပြည့်နှစ်အထိ …

Read More »

ဒုတိယအကြိမ်စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၂၅)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (ဒုတိယနေ့) ဆက်လက်ကျင်းပ

၁။      ဒုတိယအကြိမ်စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၂၅)ကြိမ်မြောက်ပုံမှန်အစည်းအဝေး ဒုတိယ နေ့ကို ၂၀၂၀ပြည့်နှစ်၊ ဒီဇင်ဘာလ(၁၅)ရက် (အင်္ဂါနေ့)၊ (၁၀:၀၀)နာရီအချိန်တွင် စစ်ကိုင်းတိုင်း ဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ တက်ရောက်ခွင့်ရှိသည့်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်(၇၃)ဦး၊ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် (၂၅)ဦး စုစုပေါင်း (၉၈)ဦးအနက် (၈၆)ဦးတက်ရောက်ပါသည်။   (က)    ကြယ်ပွင့်ပြထားသည့် မေးခွန်းများ မေးမြန်းခြင်းနှင့် ဖြေကြားခြင်းကဏ္ဍတွင် အောက်ပါအတိုင်း မေးမြန်းဖြေကြား ဆောင်ရွက်ခဲ့ကြပါသည်-            (၁) မော်လိုက်ကလေးကျေးရွာတွင် တိုင်းဒေသကြီးဘတ်ဂျက်ရန်ပုံငွေ ကျပ်သန်း (၇ဝဝ) ဖြင့် တည်ဆောက်ခဲ့သော မြစ်ကမ်းထိန်းရေကာနံရံအားပြန်လည်ကြည့်ရှု စစ်ဆေးပေးရန် တင်ပြထားမှုအပေါ် ဆောင်ရွက်ပေးခြင်းမရှိသေးသဖြင့် မည်သို့ဆောင်ရွက်သွားမည်ကို သိရှိလိုပါကြောင်း”စပ်လျဉ်းသည့်မေးခွန်းကို လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်းမှရှင်းလင်း ဖြေကြားခဲ့ပါသည်။              (ခ)ဆက်လက်၍ စစ်ကိုင်းတိုင်းဒေသကြီး စာရင်းစစ်ချုပ်မှ တင်သွင်းခဲ့သည့်”စစ်ကိုင်းတိုင်းဒေသကြီး စာရင်းစစ်ချုပ်၏ ၂၀၁၆ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ(၅)နှစ်တာ လုပ်ငန်းဆောင်ရွက်ချက်အစီရင်ခံစာ” နှင့်စပ်လျဉ်း၍ ဒေါက်တာကျော်ဇေလင်း     ဘုတလင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၊ ဦးကျော်ဆန်း၊ …

Read More »

ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၂၅)ကြိမ်မြောက်ပုံမှန်အစည်းအဝေး ပထမနေ့

၁။      ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၂၅)ကြိမ်မြောက်ပုံမှန်အစည်းအဝေး ပထမနေ့ကို ၂၀၂၀ပြည့်နှစ်၊ ဒီဇင်ဘာလ(၁၄)ရက် (တနင်္လာနေ့)၊ (၁၀:၀၀)နာရီအချိန်တွင် စစ်ကိုင်းတိုင်း ဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ တက်ရောက်ခွင့်ရှိသည့်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်(၇၃)ဦး၊ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် (၂၅)ဦး စုစုပေါင်း (၉၈)ဦးအနက် (၈၇)ဦးတက်ရောက်ပါသည်။           (က)    ကြယ်ပွင့်ပြထားသည့် မေးခွန်းများ မေးမြန်းခြင်းနှင့် ဖြေကြားခြင်းကဏ္ဍတွင် အောက်ပါ  အတိုင်း မေးမြန်းဖြေကြား ဆောင်ရွက်ခဲ့ကြပါသည်-                         (၁)     ပညာရေးကျန်းမာရေး၊ အားကစားနှင့် ယဉ်ကျေးမှုဆိုင်ရာ ကော်မတီ၏        ”ဝန်ထမ်းများ၏ တိုင်ကြားစာများအား မိမိသဘောဖြင့် ပြီးစလွယ် ဆောင်ရွက်၍                      အစိုးရအဖွဲ့တာဝန်ရှိသူများအား လိမ်လည်တင်ပြနေမှုအပေါ် မည်ကဲ့သို့           ထိန်းကျောင်းဆောင်ရွက်မည်ကို သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို                             လူမှုရေးရာဝန်ကြီး ဒေါက်တာဇော်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။                                                                (ခ)     အစိုးရ၏အာမခံချက်များ၊ ကတိများနှင့်တာဝန်ခံချက်များစိစစ်ရေးကော်မတီ ဥက္ကဋ္ဌ၊           ဦးကျော်ရွှေ၊ တန့်ဆည်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)မှ အစိုးရ၏အာမခံချက်များ၊          ကတိများနှင့်တာဝန်ခံ …

Read More »

ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်(၂၅)ကြိမ်‌မြောက်ပုံမှန်အစည်းအဝေး အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ(၈)ရက်နေ့ နံနက်(၁၀:၀၀) နာရီအချိန်တွင် လွှတ်တော်ရုံးအစည်းအဝေးခန်းမ၌ ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၂၅) ကြိမ်‌မြောက် ပုံမှန်အစည်းအဝေး အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ရုံးဝန်ထမ်းများ၊ လုပ်ငန်းကော်မတီဆိုင်ရာအကြီးအကဲများ တက်ရောက်ခဲ့ကြသည်။

Read More »

ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၂၄)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (၁၃)ရက်မြောက်နေ့ ဆက်လက်ကျင်းပ

၁။ ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၂၄)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (၁၃)ရက်မြောက်နေ့ကို ၂၀၂၀ပြည့်နှစ်၊ စက်တင်ဘာလ(၂)ရက် (ဗုဒ္ဓဟူးနေ့)၊ (၁၀:၀၀)နာရီအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ တက်ရောက် ခွင့်ရှိသည့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်(၇၃)ဦး၊ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်(၂၅)ဦး စုစုပေါင်း(၉၈)ဦးအနက် (၈၅)ဦး တက်ရောက်ပါသည်။ (က) ကြယ်ပွင့်ပြထားသည့် မေးခွန်းများ မေးမြန်းခြင်းနှင့် ဖြေကြားခြင်းကဏ္ဍတွင် အောက်ပါအတိုင်း မေးမြန်းဖြေကြား ဆောင်ရွက်ခဲ့ကြပါသည်- (၁) ဒေါက်တာကျော်သူဟန်ထွန်း၊ ကန့်ဘလူမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ ”စစ်ကိုင်းတိုင်းဒေသကြီးအတွင်း MSMEsလုပ်ငန်းများအတွက်ပုံမှန်ချေးငွေနှင့် Covid-19 စီးပွားရေးကုစားမှုအစီအစဉ်အရ ချေးငွေများရရှိနိုင်ရေး မည်သို့ ကူညီဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း ”စပ်လျဉ်းသည့်မေးခွန်းကို စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးစိုးဦးမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။ (၂) ဦးခင်မောင်ထွန်း၊ ဖောင်းပြင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ အောက်ပါမေးခွန်း (၂)ခုအား လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်− (ကက) ”ဖောင်းပြင်မြို့နယ်၊ မောက်ပလင်အုပ်စု၊ ကွမ်းတော ကျေးရွာ …

Read More »

ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၂၄)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (၁၂)ရက်မြောက်နေ့ ဆက်လက်ကျင်းပ

၁။ ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၂၄)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (၁၂)ရက်မြောက်နေ့ကို ၂၀၂၀ပြည့်နှစ်၊ စက်တင်ဘာလ(၁)ရက် (အင်္ဂါနေ့)၊ (၁၀:၀၀)နာရီအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ တက်ရောက်ခွင့် ရှိသည့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်(၇၃)ဦး၊ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်(၂၅)ဦး စုစုပေါင်း(၉၈)ဦးအနက် (၈၂)ဦးတက်ရောက်ပါသည်။ (က) ကြယ်ပွင့်ပြထားသည့် မေးခွန်းများ မေးမြန်းခြင်းနှင့် ဖြေကြားခြင်းကဏ္ဍတွင် အောက်ပါအတိုင်း မေးမြန်းဖြေကြား ဆောင်ရွက်ခဲ့ကြပါသည်- (၁) ဦးခင်မောင်ထွန်း၊ ဖောင်းပြင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ အောက်ပါမေးခွန်း (၂)ခုအား လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်− (ကက) ”ဖောင်းပြင်မြို့နယ်၊ စစ်တောင်ရွာကိုကမ်းပြိုမှုမှကာကွယ်နိုင်ရေး ကမ်းထိန်းနံရံများ ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်း။ (ခခ) ”ဖောင်းပြင်မြို့နယ်၊ စံပြရေအောက်တောင်းရွာနှင့် မင်းဆက်ကျေးရွာလမ်း (၂)မိုင်အား ရာသီမရွေးသွားလာနိုင်သော လမ်းအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်း။ (၂) ဒေါ်ခိုင်ခိုင်ဝင်း၊ …

Read More »

စစ်ကိုင်းတိုင်းဒေသကြီး၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေ(မူကြမ်း)နှင့် ဒေသန္တရစီမံကိန်းဥပဒေ(မူကြမ်း)တို့နှင့်ပတ်သက်၍ လွှတ်တော်ကိုယ်စားလှယ်များနှင့် ဌာနဆိုင်ရာ(၈)ခုနှင့် တွေ့ဆုံ

ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် အရအသုံးငွေစာရင်း၊ ဒေသန္တရစီမံကိန်းနှင့် ဘဏ္ဍာရေးဆိုင်ရာကော်မတီသည် (၃၁-၈-၂၀၂၀)ရက်နေ့၊ နေ့လယ်(၁၂:၀၀)နာရီချိန်မှ (၁၃:၁၀)ချိန်ထိ စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်၊ Banquet Room ၌ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် စစ်ကိုင်းတိုင်းဒေသကြီး၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေ             (မူကြမ်း)နှင့် ဒေသန္တရစီမံကိန်းဥပဒေ(မူကြမ်း)တို့နှင့်ပတ်သက်၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များ ၊ ဌာနဆိုင်ရာ(၈)ခုတို့နှင့်တွေ့ဆုံ ဆွေးနွေးခဲ့သည်။

Read More »

လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးဘိုးသန်းညွန့်သည် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ အဖွဲ့ဝင်များနှင့်အတူ ကျောင်းများနှင့် ကျေးရွာများတွင်လိုအပ်သည့်နေရာများအတွက် အလှူငွေများ လှူဒါန်းပေးအပ်

ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးဘိုးသန်းညွန့်သည် ယနေ့ နံနက် (၀၉:၀၀) အချိန်တွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါတ်တာဒေါ်ပြုံး၊ အင်းတော်မြို့နယ် စီမံခန့်ခွဲမှုကော်မတီ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ အဖွဲ့ဝင်များနှင့်အတူ အခြေခံပညာ အထက်တန်းကျောင်း၊ အခြေခံပညာ မူလတန်းကျောင်းများနှင့် ကျေးရွာ များတွင်လိုအပ်သည့်နေရာများအတွက် အင်းတော်မြို့နယ် ပိန္နဲကုန်းကျေးရွာ (၁၀)သိန်းကျပ် ၊ လယ်ဇင်ကျေးရွာ(၁၀)သိန်းကျပ် ၊ ဆည်ရွာကျေးရွာ (၁၀)သိန်းကျပ်၊ နတ်မဟုတ်ကလေးကျေးရွာ (၈)သိန်းကျပ် နှင့် ပေပင်ကျေးရွာအား (၁၂)သိန်းကျပ် လှူဒါန်းခဲ့ပါသည်။

Read More »

ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၂၄)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (၁၁)ရက်မြောက်နေ့ ဆက်လက်ကျင်းပ

၁။ ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၂၄)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (၁၁)ရက်မြောက်နေ့ကို ၂၀၂၀ပြည့်နှစ်၊ သြဂုတ်လ(၃၁)ရက် (တနင်္လာနေ့)၊ (၁၀:၀၀)နာရီအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ တက်ရောက် ခွင့်ရှိသည့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်(၇၃)ဦး၊ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်(၂၅)ဦး စုစုပေါင်း(၉၈)ဦးအနက် (၈၅)ဦး တက်ရောက်ပါသည်။ (က) မှတ်တမ်းတင်ခြင်းကဏ္ဍတွင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင် ပြောကြားခဲ့သည့် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ”၂၀၁၆- ၂၀၁၇ ဘဏ္ဍာရေးနှစ်မှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အထိ (၄)နှစ်ခွဲတာ ကာလအတွင်း ဆောင်ရွက်ခဲ့သည့် လုပ်ငန်းများ”နှင့်စပ်လျဉ်းသည့် မိန့်ခွန်းကို ၂၀၁၃ ခုနှစ်၊ တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်လွှတ်တော်ဆိုင်ရာ ဥပဒေ ပုဒ်မ ၃၈၊ ပုဒ်မခွဲ(ဂ)အရ လွှတ်တော် ဥက္ကဋ္ဌက လွှတ်တော်၏ သဘောထားရယူကာ မှတ်တမ်းတင်ကြောင်း ကြေညာ ပါသည်။ (ခ) ကြယ်ပွင့်ပြထားသည့် မေးခွန်းများ မေးမြန်းခြင်းနှင့် ဖြေကြားခြင်းကဏ္ဍတွင် အောက်ပါအတိုင်း …

Read More »

စိုက်ပျိုးရေး၊မွေးမြူရေး၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာကော်မတီသည် ချောင်းဦးမြို့နယ်၊ တောကျောင်းကြီးကျေးရွာ၌ ခရိုင်လယ်/စီ၊ မြို့နယ်လယ်/စီတို့နှင့် အခြေခံပညာအထက်တန်းကျောင်းမြေနေရာအား တိုင်းတာကွင်းဆင်းစစ်ဆေးခဲ့

ဒုတိယအကြိမ်စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်၊ စိုက်ပျိုးရေး၊မွေးမြူရေး၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာကော်မတီသည် (၃၀-၈-၂၀၂၀)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီချိန် ချောင်းဦးမြို့နယ်၊ တောကျောင်းကြီးကျေးရွာ၌ ခရိုင်လယ်/စီ၊ မြို့နယ်လယ်/စီတို့နှင့် အခြေခံပညာအထက်တန်းကျောင်းမြေနေရာအား တိုင်းတာကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

Read More »