မုံရွာ ဩဂုတ် ၅
(၅−၈−၂၀၂၆) ရက်နေ့ (၁၃း၀၀)နာရီအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ရုံး၊ အစည်းအဝေး ခန်းမ(၂)၌ လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် လွှတ်တော်ရေးရာကော်မတီ ဥက္ကဋ္ဌများ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်ခဲ့ပါသည်။
ရှေးဦးစွာ လွှတ်တော်ဥက္ကဋ္ဌ ဦးတင့်လှိုင်မြင့်၊ ဒုတိယဥက္ကဋ္ဌ ဦးမျိုးသန့်တို့မှ အဖွင့်အမှာစကားပြော ကြားခဲ့ပြီး တက်ရောက်လာသည့် ရေးရာကော်မတီဥက္ကဋ္ဌများမှ ကော်မတီအလိုက် လုပ်ဆောင်ချက်များကို တင်ပြရာ လွှတ်တော်ဥက္ကဋ္ဌမှ တင်ပြချက်များအပေါ် ပြန်လည်ဆွေးနွေးခဲ့ပါသည်။ အစည်းအဝေးကို (၁၅း၀၀)နာရီ အချိန်တွင် ရုပ်သိမ်းခဲ့ကြပါသည်။
