တိုင်းဒေသကြီးလွှတ်တော်ဖွဲ့စည်းမှု
စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ကို မြို့နယ် (၁) မြို့နယ်လျှင် (၂) ဦးကျစီ၊ (၂၇) မြို့နယ် အတွက် ရွေးကောက်တင်မြှောက်သည့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် (၇၄) ဦး၊ နိုင်ငံတော် ရှိလူဦးရေ စုစုပေါင်း၏ (၀.၁) ရာခိုင်နှုန်းနှင့် အထက်ရှိကြောင်း သက်ဆိုင်ရာက သတ်မှတ်ထားသော ရှမ်းတိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ် (၁) ဦး၊ ချင်းတိုင်းရင်း သားလွှတ်တော်ကိုယ်စား(၁)ဦး လွှတ်တော် ကိုယ်စားလှယ် စုစုပေါင်း၏ သုံးပုံတစ်ပုံနှင့် ညီမျှသော တပ်မတော်သား တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် (၂၅) ဦး၊ စုစုပေါင်း တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် (၁၀၁) ဦးဖြင့် ဖွဲ့စည်းထားပါသည်။
ပထမအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ (USDP) မှ ကိုယ်စားလှယ် (၆၈) ဦး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ မှ ကိုယ်စားလှယ် (၇) ဦး၊ ချင်းတိုးတက်ရေးပါတီ(၁) ဦး၊ တပ်မတော်သားလွှတ်တော် ကိုယ်စား လှယ် (၂၅) ဦး၊ စုစုပေါင်း (၁၀၁) ဦးဖြင့် ဖွဲ့စည်းခဲ့ပါသည်။
ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) မှ ကိုယ်စားလှယ် (၆၉) ဦး၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) မှ ကိုယ်စားလှယ်(၅) ဦး၊ တိုင်းလိုင်ရှမ်းနီအမျိုးသားများဖွံဖြိုးတိုးတက်ရေးပါတီ(၂)ဦး၊ တပ်မ တော်သား လွှတ်တော်ကိုယ်စားလှယ် (၂၅) ဦး၊ စုစုပေါင်း (၁၀၁) ဦးဖြင့် ဖွဲ့စည်းခဲ့ပါသည်။
တတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီမှ ကိုယ်စားလှယ် (၃၉) ဦး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီမှ (၁၀) ဦး၊ နာဂအမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ(၇)ဦး၊ တိုင်းလိုင်ရှမ်းနီအမျိုးသားများဖွံ့ဖြိုး တိုးတက်ရေးပါတီ (၄)ဦး၊ ရှမ်းနှင့် တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ(ကျားဖြူပါတီ)မှ(၃) ဦး၊ ပြည်သူ့ပါတီမှကိုယ်စားလှယ်(၁)ဦး၊ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် (၂၁) ဦး၊စုစုပေါင်း (၈၅) ဦးဖြင့် ဖွဲ့စည်းခဲ့ပါသည်။