မုံရွာ ဇူလိုင် ၂၄
စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ ဦးတင့်လှိုင်မြင့်၊ ဒုတိယဥက္ကဋ္ဌ ဦးမျိုးသန့်တို့သည် (၂၄-၇-၂၀၂၆) ရက်နေ့ (ဝ၇း၃၀)နာရီအချိန် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ရုံး လွှတ်တော်ကိုယ်စားလှယ်များရိပ်သာ၌ ကျင်းပပြုလုပ်သည့် ၂၀၂၆ခုနှစ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ရုံး မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ကြပါသည်။
အဆိုပါအခမ်းအနားသို့ လွှတ်တော်ရေးရာကော်မတီဥက္ကဋ္ဌများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ သစ်တော ဦးစီးဌာနမှ တာဝန်ရှိဝန်ထမ်းများ၊ လွှတ်တော်ရုံးဝန်ထမ်းအကြီးအမှူးနှင့် လွှတ်တော်ရုံးဝန်ထမ်းများ တက်ရောက်ခဲ့ကြပါသည်။