Skip to main content
071-2032765
အကြံပြုစာပို့ရန်
  • English
  • Myanmar
  • Home
  • လွှတ်တော်
    • လွှတ်တော်သမိုင်းကြောင်း
    • လွှတ်တော်ဖွဲ့စည်းမှု
    • လွှတ်တော်အစည်းအဝေးပြက္ခဒိန်
    • လွှတ်တော်အကြီးအကဲ
  • ကိုယ်စားလှယ်/ပါတီများ
    • လွှတ်တော်ကိုယ်စားလှယ်များ
    • တပ်မတော်သား ကိုယ်စားလှယ်များ
    • ပါတီများ
  • အစည်းအဝေးများ
    • ပုံမှန်အစည်းအဝေး
    • အထူးအစည်းအဝေး
    • အရေးပေါ်အစည်းအဝေး
    • တံခါးပိတ်အစည်းအဝေး
  • အဆိုမေးခွန်းများ
    • ကြယ်ပွင့်ပြ/မပြမေးခွန်းများ
    • အဆိုများ
  • ကော်မတီ/အဖွဲ့များ
    • ကော်မတီ/အဖွဲ့များ
    • အစီရင်ခံစာဖတ်ကြားတင်သွင်းခြင်း
  • ဥပဒေများ
    • ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ
    • တိုင်းဒေသကြီးသို့မဟုတ်ပြည်နယ်လွှတ်တော်ဆိုင်ရာဥပဒေ၊ နည်းဥပဒေ
    • ပြဌာန်းပြီးဥပဒေများ
    • ဥပဒေမူကြမ်းများ
  • သတင်းနှင့်ပြန်ကြားရေး
    • သတင်းများ
    • လွှတ်တော်သတင်းလွှာ
    • သဝဏ်လွှာများ
    • အစီရင်ခံစာများ
    • မိန့်ခွန်းများ
    • အဆိုများ
    • အမိန့်ကြေငြာစာများ
    • မှတ်တမ်းဓါတ်ပုံများ
    • ဗီဒီယိုများ
    • တင်ဒါခေါ်စာများ
    • အလုပ်ခေါ်စာများ
    • ကြေငြာချက်
  • ဝန်ဆောင်မှု
    • လွှတ်တော်လေ့လာရေး
    • တိုင်ကြားစာ
    • E-Books များ
ဆက်သွယ်ရန်

လွှတ်တော်သမိုင်းကြောင်း

ဝန်ထမ်းဖွဲ့စည်းပုံ

စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ရုံးကို(၃.၁.၂၀၁၁) ရက်နေ့မှစ၍ စစ်ကိုင်းတိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး(၁)ဦး ဦးဆောင်သည့် အရာထမ်း၊ အမှုထမ်း စုစုပေါင်း (၂၃) ဦးဖြင့် စတင်ဖွဲ့စည်း ဆောင်ရွက်ခဲ့ပြီး နိုင်ငံတော်သမ္မတ ရုံး၏ (၉.၇.၂၀၁၄)ရက်စွဲပါ စာအမှတ်၊၁၈၆(၁)/၈/သမ္မတရုံးဖြင့်  ညွှန်ကြားရေးမှူးဦးစီးသည့် ဝန်ထမ်း(၄၂)ဦးအစား ညွှန်ကြားရေးမှူးဦးစီး ဝန်ထမ်း(၅၅)ဦးပါ ဖွဲ့စည်းပုံဖြင့် ပြင်ဆင်ဖွဲ့စည်း ဆောင်ရွက်ခဲ့ပါသည်။ ပြည်ထောင်စုလွှတ်တော်ရုံး၏ (၁၇.၁.၂၀၁၇) ရက်စွဲပါ အမိန့်ကြော်ငြာ စာအမှတ် (၉/ ၂၀၁၇)၊ စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ရုံး၏ (၁.၄.၂၀၁၇) ရက်စွဲပါအမိန့် ကြော်ငြာစာအမှတ် (၂/ ၂၀၁၇)ဖြင့် စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ရုံးကို (၁.၄.၂၀၁၇) ရက်နေ့မှစတင်၍ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးဆောင်သည့် အရာထမ်း (၁၈) ဦး၊ အမှုထမ်း (၁၀၆) ဦး၊ စုစုပေါင်း (၁၂၄) ဦးဖြင့် သီးခြား ဖွဲ့စည်းခဲ့ပါသည်။

တည်နေရာအကျယ်အဝန်း

၁။ စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်နှင့်လွှတ်တော်ရုံးသည် ယခင်က မုံရွာမြို့၊ ရုံးကြီးရပ်ကွက်ရှိ တိုင်းဒေသကြီး အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီရုံးဝန်းအတွင်း တည်ရှိနေရာမှ ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်တွင် အိုးဘိုတောင်ရပ်ကွက်ရှိ တိုင်းထွေအုပ်ပိုင် မြေဧက(၆၀.၀၁)ကျော်အတွင်းမှ ပထမအကြိမ်မြေ ဧက(၈.၃၁)ရရှိသဖြင့် မြေဧက(၃.၀၈) ပေါ်၌ အထူးအဖွဲ့(၆)မှ RC(၂)ထပ် (၁၈၀'x၁၄၈'x၅၀') x၂၁.၈' (ပင်မဘုံအဆင့်ထိ) လွှတ်တော် အဆောက်အဦအသစ်အား တန်ဖိုးငွေကျပ် (၃၄၃၄.၃၃၆)သန်း (၄၄၂.၅၉+၂၉၉၁.၇၄၆) ကောင်းသန့်ကုမ္ပဏီမှ RC(၂)ထပ်(၁၁၆'x၅၆'x၂၆')လွှတ်တော်ရုံး အဆောက်အဦအသစ်အား တန်ဖိုး ငွေ(၆၆၅.၀၀)သန်း(၁၄၉.၄+၅၁၅.၆)ဖြင့် (၂၀-၁၁-၂၀၁၃) ရက်နေ့တွင် တစ်ပြိုင်တည်း တည်ဆောက်ခဲ့ရာ (၃၁-၃-၂၀၁၅) ရက်နေ့တွင် ပြီးစီးခဲ့သဖြင့် လွှတ်တော်နှင့် လွှတ်တော်ရုံးကို ပြောင်းရွှေ့ ဖွင့်လှစ် ခဲ့ပါသည်။

၂။ ပထမအကြိမ်ရရှိထားသည့်မြေထဲမှ(၃.၀၈)ဧကပေါ် တွင်(၉၀x၂၅x၂၄) (၄)ခန်းတွဲ RC(၂)ထပ် အဆောက်အဦ(၆)လုံး၊(၂၄'x၂၅')(အခန်း ၈ ခန်းပါ) ဧည့်လက်ခံဆောင် (၃၀'x၂၅')၊ RC(၁)ထပ်(၂)လုံး၊စားသောက်ဆောင်(၈၀'x၃၀')၊RC(၁)ထပ်(၁)လုံး၊မင်းခမ်းဆောင်(၁၀၀'x၂၅')၊ RC(၁)ထပ်(၁)လုံး၊ ဧည့်ဝန်ထမ်းဆောင်(၁၀၀'x၂၅')၊ RC(၁)ထပ်(၂)လုံး ၊ (၁၂/၂၀၁၇)လတွင် ဒုတိယအကြိမ် ထပ်မံရရှိသည့်မြေ(၂.၄၅)ဧကပေါ်တွင် (၉၀'x၂၅'x၂၄')(၄)ခန်းတွဲ RC(၂)ထပ် (၄)လုံး၊ ဧည့်လက်ခံဆောင်(၃၀'x၂၅')၊RC(၁)ထပ်(၂)လုံး၊ VIP ရိပ်သာအခန်း(၄)ခန်းပါ RC(၁) ထပ်(၁)လုံးတို့ ဆောက်လုပ်ထားပါသည်။

ဆက်သွယ်ရန်

စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်သို့ အထွေထွေနှင့်စပ်လျဉ်းသည့် အကြံပြုချက်များပေးပို့လိုပါက

စွယ်တော်လမ်း၊ အိုးဘိုတောင်ရပ်ကွက်၊ မုံရွာမြို့။
sagaingregionhluttaw52025@gmail.com
၀၇၁-၂၀၃၂၇၆၅

လွှတ်တော်ဝဘ်ဆိုဒ်များ

ပြည်ထောင်စုလွှတ်တော် 
ပြည်သူ့လွှတ်တော် 
အမျိုးသားလွှတ်တော် 
ပြည်နယ်နှင့်တိုင်းဒေသကြီးများလွှတ်တော်များ 
ဥပဒေသတင်းအချက်အလက်စနစ် 
Myanmar National Portal

Social Media

Facebook ၊ Twitter ၊ RSS feeds နှင့် အောက်ပါမေးလ် တို့ကို subscribing လုပ်ခြင်း အားဖြင့်စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်၏ up to date သတင်းများကို သိရှိနိုင်ပါသည်။

Copyright © 2026 စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်. All right reserved.

Footer

  • Copyright
  • Privacy Policy
  • Terms of use