စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတင့်လှိုင်မြင့်သည် လွှတ်တော်ရေးရာကော်မတီဥက္ကဋ္ဌများ၊ ကလေးမြိုနယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များနှင့်အတူ (၁၄-၇-၂၀၂၆)ရက်နေ့ (၀၉း၀၀) နာရီအချိန်တွင် ကလေးမြို့ ညောင်ပင်သာရပ်ကွက်နှင့် မင်္ဂလာဥယျာဉ်ရပ်ကွက်တိုကို ဆက်သွယ်ထားသည့် ရန်အောင်မြင်တံတား ဖွင့်ပွဲ အခမ်းအနားသို့တက်ရောက်ခဲ့ပါသည်။
အဆိုပါအခမ်းအနားသို ရပ်မိရပ်ဖများ၊ တံတားအလှူရှင်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။
ထို့နောက် (၁၃း၀၀)နာရီအချိန်တွင် မြို့သာရပ်ကွက် သာသနာ့ဂုဏ်ရည် ဓမ္မာရုံ၌ ကျင်းပပြုလုပ်သည့် လူထုတွေ့ဆုံပွဲအခမ်းအနားသို တက်ရောက်လာသော ရပ်ကွက်နေပြည်သူများ နှင့်ရင်းရင်းနှီးနှီးတွေ့ဆုံခဲ့ ကြပါသည်။ ရှေးဦးစွာ လွှတ်တော်ဥက္ကဋ္ဌမှ လွှတ်တော်အတွေ့အကြုံများကို ရှင်းလင်းခဲ့ပြီး ကလေးမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များမှ ဒေသလိုအပ်ချက်များအား လွှတ်တော်တွင် မေးခွန်း များမေးမြန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေပြန်လည်ရှင်းလင်းဖြေကြားခဲ့ပြီး ရပ်ကွက်နေပြည်သူများမှ ဒေသလိုအပ်ချက်များကို တင်ပြချက်များ အပေါ် ပြန်လည် ရှင်လင်း ဖြေကြားခဲ့ပါသည်။
ထို့နောက် လွှတ်တော်ဥက္ကဋ္ဌနှင့်အဖွဲသည် စကားလှဘုန်းတော်ကြီးကျောင်းသို သွားရောက်ပြီး ဆရာတော်ကြီးအား သွားရောက်ဖူးမြှော်၍ သင်္ကန်းအစရှိသောလှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းပြီး သြဝါဒခံ ယူခဲ့ပါသည်။
