စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတင့်လှိုင်မြင့်၊ ဒုတိယဥက္ကဋ္ဌ ဦးမျိုးသန့်၊ တိုင်းဒေသကြီး လွှတ်တော်လွှတ်တော်ရေးရာ ကော်မတီဥက္ကဋ္ဌများသည်
(၂၆-၆-၂၀၂၆)ရက်နေ့ (၀၈း၀၀)နာရီအချိန်တွင် မုံရွာမြို့၊ ပြည်သူ့ဉယျာဉ်၌ ကျင်းပပြုလုပ်သည့်
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ အသေးစား အငယ်စားနှင့် အလက်စား စီးပွားရေးလုပ်ငန်းထုတ်ကုန်များ ဈေးရောင်းပွဲတော်ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်၍
ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီး မှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးခဲ့ပါသည်။
ထို့နောက် လွှတ်တော်ဥက္ကဋ္ဌမှ ဆိုင်ခန်းများသို့ လှည့်လည်ကြည့်ရှုကာ သွားရောက်အားပေးခဲ့ပါသည်။
အခမ်းအနားတွင် လွှတ်တော်ဥက္ကဋ္ဌမှ ဘင်ခရာအဖွဲ့အား ဆုတော်ငွေ(၁)သိန်းကျပ်နှင့် ပန်းပွားအဖွဲ့အား ဆုတော်ငွေ(၁)သိန်းကျပ်ချီးမြှင့်ခဲ့ပါသည်။
အခမ်းအနားသို့ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီး ချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊
တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ တာဝန်ရှိသူများ နှင့် လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြပါသည်။
