မုံရွာ ဇူလိုင် ၃၁
စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးမျိုးသန့်သည် (၃၁-၇-၂၀၂၆) ရက်နေ့ (၁၄း၀၀) နာရီအချိန် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ရုံး၌ ကျင်းပပြုလုပ်သည့် မီးဘေးအန္တရာယ် ကြိုတင် ကာကွယ်ရေးနှင့် မီးငြိမ်းသတ်ခြင်းလက်တွေ့သရုပ်ပြမှု အခမ်းအနားအား တက်ရောက်ခဲ့ပါသည်။ ထိုနောက် မီးသတ်ဦးစီးဌာန တာဝန်ရှိသူများမှ မီးသတ်ဆေးဘူး အသုံးပြုပုံအဆင့်ဆင့်ကို လည်းကောင်း၊ မီးလောင်မှုဖြစ်ပွားရသည့် အကြောင်းရင်းများကိုလည်းကောင်း၊ ကာကွယ်ရန် နည်းလမ်းများကိုလည်းကောင်း အဆင့်ဆင့်အသိပညာပေးရှင်းလင်းခဲ့ပြီး မီးငြိမ်းသတ်ခြင်းကို လက်တွေ့သရုပ်ပြဆောင်ရွက်ခဲ့ကြပါသည်။ ထိုနောက် တက်ရောက်လာသူများနှင့်အတူ မီးငြိမ်းသတ် ဇာတ်တိုက်လေ့ကျင့်ခြင်း ဆောင်ရွက်နေမှုများအား ကြည့်ရှုအားပေးခဲ့ပါသည်။
အဆိုပါအခမ်းအနားသို လွှတ်တော်ကိုယ်စားလှယ်(၆)ဦး၊ တိုင်းဒေသကြီးမီးသတ်ဦးစီးဌာနမှ (၃)ဦး၊ ခရိုင်မီးသတ်ဦးစီးဌာနမှ(၈)ဦးနှင့် လွှတ်တော်ရုံးဝန်ထမ်း(၃၅)ဦးတို တက်ရောက်ခဲ့ကြပါသည်။
