(၁၃-၈-၂၀၂၆)ရက်နေ့ (၁၁း၃၀)နာရီအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် သဘင်ဆောင်၌ တတိယပုံမှန်အစည်အဝေး ပဉ္စမနေ့သို့ လာရောက်လေ့လာကြသည့် မုံရွာသူနာပြုသိပ္ပံမှ ဆရာမများ၊ ကျောင်းသား/သူများ တွေ့ဆုံပွဲ အခမ်အနား ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားသို့ လွှတ်တော်ဥက္ကဋ္ဌ ၊ ဒုတိယဥက္ကဋ္ဌ၊ လွှတ်တော်ရုံးအကြီးအမှူး၊ မုံရွာသူနာပြုသိပ္ပံမှ ဆရာမများ၊ ကျောင်းသား/သူ(၂၂)ဦးနှင့် လွှတ်တော်ရုံးဝန်ထမ်းများ တက်ရောက်ခဲ့ကြပါသည်။
ရှေးဦးစွာ လွှတ်တော်ဥက္ကဋ္ဌ၊ ဦးတင့်လှိုင်မြင့်၊ လွှတ်ဒုတိယဥက္ကဋ္ဌ ဦးမျိုးသန့်နှင့် လွှတ်တော်ရုံးအကြီးအမှူး တို့မှ လွှတ်တော်ဖွဲ့စည်းပုံ၊ ဥပဒေပြုရေးဆိုင်ရာကိစ္စများ၊ လွှတ်တော်ဆိုင်ရာဗဟုသုတများ ရှင်းလင်း ပြောကြားခဲ့ပြီး တက်ရောက်လာသည့် ဆရာမများ၊ ကျောင်သား/သူများမှလည်း ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော်များ ရွေးကောက်တင်မြှောက်ခြင်းများနှင့် ပတ်သက်၍ မေးမြန်းခြင်း၊ လွှတ်တော်တွင် အဆို၊ မေးခွန်းများ မေးမြန်ခြင်း ဖြေကြားခြင်းများနှင့်ပတ်သက်၍ သိလိုသည်များအား မေးမြန်းကြရာ လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌတို့မှ ပြန်လည်ရှင်းလင်း ဖြေကြား ခဲ့ပါသည်။
အခမ်းအနားကို (၁၂း၂၀)နာရီအချိန်တွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။
