ဥပဒေပြုရေးဆိုင်ရာကော်မတီသည်
(၂၅.၉.၂၀၂၆) ရက်နေ့ နံနက် ၁ဝး၀၀ နာရီ အချိန်တွင် ကော်မတီအစည်းအဝေးအခန်း အမှတ်(၁)၌ ပုဂ္ဂလိကမော်တော်ယာဉ်များစနစ်တကျပြေးဆွဲနိုင်ရေးဥပဒေ(မူကြမ်း)နှင့်စပ်လျဉ်း၍ ဥပဒေချုပ်ရုံးမှ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ ဆွေးနွေးခဲ့ကြပါသည်။အစည်းအဝေးသို့ လွှတ်တော်ဥက္ကဌ၊ ဒုတိယဥက္ကဌ၊ ဥပဒေပြုရေးဆိုင်ရာကော်မတီဥက္ကဌ၊အတွင်းရေးမှူးနှင့်
ကော်မတီအဖွဲ့ဝင် (၈)ဦးတက်ရောက်ခဲ့ကြပါသည်။အစည်းအဝေးကို ၁၂း၀၀ နာရီ အချိန်တွင်ရုပ်သိမ်းခဲ့ပါသည်။