စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးတင့်လှိုင်မြင့်သည် (၁၅-၁၀-၂၀၂၆) ရက်နေ့ နံနက် (၀၇၀၀) နာရီ အချိန်တွင် မုံရွာမြို့ စီးပွားရေးတက္ကသိုလ် ပရဝုဏ်အတွင်းရှိ ရှေးဟောင်း ဆုတောင်းပြည့် စေတီတော် မြတ်၏ ရတနာစိန်ဖူးတော်၊ ငှတ်မြတ်နားတော်နှင့် ရွှေထီးတော် တင်လှူပူဇော်ခြင်း ဗုဒ္ဓဘိသေက အနေကဇာတင် မဟာမင်္ဂလာအခမ်းအနားသို့ တက်ရာက်ခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ စစ်ကိုင်တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးမျိုးသန့်၊ လွှတ်တော်ရေးရာ ကော်မတီဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ လွှတ်တော်ရုံး အကြီးအမှူးနှင့် လွှတ်တော်ရုံးဝန်ထမ်းများ၊ မုံရွာစီးပွားရေးတက္ကသိုလ် ပါမောက္ခချုပ်၊ ပါမောက္ခဆရာ/ ဆရာမများ၊ မုံရွာစီးပွားရေးတက္ကသိုလ် ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြပါသည်။